လဝါးရွာ

  • Apr- 2025 -
    30 April
    သတင်း

    စစ်ရေးအခြေနေကြောင့် လီဒိုလမ်းမပေါ်ရှိ ရွာများ လယ်လုပ်ဖို့အခက်ကြုံ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ် ရှိ လဝါးကျေးရွာနဲ့ ဝါရာဇွပ်ကျေးရွာတစ်လျှောက် စစ်ရေးတင်းမာနေတာကြောင့် ကျေးရွာဒေသခံတွေဟာ လယ်ယာလုပ်ငန်းလုပ်ကိုင်ဖို့ အခက်အခဲကြုံနေရတယ်လို့ ပြောပါတယ်။ မေလကစပြီး လယ်ယာဝင်ချိန်ဖြစ်နေပေမဲ့ တိုက်ပွဲနယ်မြေဖြစ်တဲ့ ဝါရာဇွပ်နဲ့ လဝါးကျေးရွာအပါအဝင်ကျေးရွာ ၄ ရွာက ပြည်သူတွေဟာ လုပ်ငန်သွားဖို့…

    Read More »
  • 16 April
    သတင်း

    လဝါးကျေးရွာ နေအိမ် ၁၀၀ ခန့် မီးရှို့ဖျက်ဆီးခံရပြီး အရပ်သား ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

    တစ်လဝန်းကျင် တိုက်ပွဲဖြစ်ပွားနေတဲ့ ဖားကန့်–တနိုင်းသွား လီဒိုလမ်းမပေါ်ရှိ လဝါးကျေးရွာက နေအိမ် ၁၀၀ ခန့်ကို စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်က မီးရှို့ဖျက်ဆီးလိုက်ပြီးအရပ်သား ၁၀ ဦးထက်မနည်းလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံ‌တွေဆီက သိရပါတယ်။ စစ်ကောင်စီတပ်နဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေက ဧပြီလ ၁၅ ရက်နေ့…

    Read More »
  • 2 April
    သတင်း

    လဝါးရွာဗုံးကြဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုများသလို တိုက်ပွဲကြောင့် ပြည်သူတွေ ပိတ်မိနေ

    စစ်ရေးတင်းမာမှုဖြစ်နေတဲ့ ကချင်ပြည်နယ် တနိုင်းသွား လီဒိုလမ်းမပေါ် လဝါးကျေးရွာ (Lawa Mare) မှာ စစ်ကောင်စီလေကြောင်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကျေးရွာအတွင်း ထိခိုက်ပျက်စီးမှုများပြီး တိုက်ပွဲကြောင့်ဒေသခံပြည်သူတစ်ချို့ ပိတ်မိနေတယ်လို့ သိရပါတယ်။ လဝါးကျေးရွာထဲမှာ တပ်စွဲနေရာယူထားတဲ့ စစ်ကောင်စီတပ်နဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေကို KIA…

    Read More »
  • 1 April
    သတင်း

    လဝါးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်ခံရပြီး ထွက်ပြေး

    စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ် တနိုင်းလီဒိုလမ်း လဝါးကျေးရွာမှာ(Lawa Mare) တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေကို KIA က သွားရောက်ပစ်ခတ်မောင်းထုတ်လိုက်တယ်လို့ သိရပါတယ်။ မတ်လ ၃၁ ရက်နေ့ မနက်ပိုင်း ၇ နာရီဝန်းကျင် တစ်ပတ်ခန့်အကြာ လဝါးကျေးရွာ…

    Read More »
  • May- 2024 -
    11 May
    သတင်း

    လဝါးရွာမှာ လေမုန်တိုင်းနဲ့ မိုးသီးကျလို့  ပျက်စီးသွားတဲ့ စစ်ရှောင်စခန်းအဆောင်များပြုပြင်ဖို့ အရေးပေါ်အကူအညီလိုအပ်နေ

    ဖားကန့်မြို့နယ် တနိုင်းမြို့သွားတဲ့ လမ်းမပေါ် ရှိ လဝါကျေးရွာမှာ လေမုန်တိုင်း နဲ့ မိုးသီးကျလို့ ပျက်စီးသွားတဲ့စစ်ရှောင်စခန်းပြုပြင်ဆောက်လုပ်ဖို့ အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံတွေကပြောပါတယ်။ လဝါးကျေးရွာမှာ ပြီးခဲ့တဲ့ မေလ ၅ရက်နေ့ ညနေ ၆ နာရီဝန်း လေမုန်တိုင်းတိုက်ခတ်ပြီး မိုးသီးအများအပြားကျလို့ ကတ်သလစ်ဘုရားကျောင်းဝန်းထဲက စစ်ရှောင်စခန်း အဆောင်၊ အိမ်သာနဲ့ ဘုရားကျောင်းအပြင် စပါးတွေသိုလောင်ထားတဲ့ စပါးကျီနဲ့ နေအိမ်တစ်ချိုလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် စစ်ရှောင်နေတဲ့ အဆောင်နဲ့ စပါးကျီတွေကို ပြန်ပြုပြင်ဖို့ အလှူငွေတွေလိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံ စစ်စတာ ထရေဇာက ခုလိုပြောပါတယ်။ “လောလောဆယ်တော့ အိမ်သာက ပျက်စီးသွားတော့ အသစ်ပြန်လုပ်ရမှာ ခေါင်မိုးတွေလည်း ပျက်စီးသွားလို့ ပိုက်ဆံမရှိရင်လည်း မလုပ်ရင် မရတဲ့ အတွက် ဆိုင်ကနေ အကြွေးနဲ့ဘဲ အရင်ဝယ်ထားပြီး အမိုးမိုးဖို့လုပ်နေတာ”လို့ ဆိုပါတယ်။ လက်ရှိ ပျက်ဆီးသွားတဲ့ စစ်ရှောင်စခန်းမှာ အိမ်ထောင်စု ၂၃ ခု စုပေါင်းပြီး နေထိုင်ကြတာဖြစ်ပြီး တနိုင်းမြို့နယ် ကားမိုင်းနဲ့ ရှဒူဇွပ်ရွာဘက်က ဒေသခံတွေလာရောက်တိမ်းရှောင်နေတာဖြစ်တယ်လို့ သိရပါတယ်။ လတ်တလော စစ်ရှောင်စခန်းအဆောင်တွေဟာ မိုးသီးကြောင့် လုံးဝနေလို့မရတဲ့အထိ အမိုး၊အကာ လန်ထွက်ပျက်စီးသွားတာကြောင့် စစ်ရှောင်တွေကို ဘုရားကျောင်းဝန်းထဲက ဆောက်လုပ်လို့ မပြီးစီးသေးတဲ့ အဆောင်တစ်ခုမှာ ယာယီရွေ့ပြောင်းပြီးနေနေကြတယ်လို့ သိရပါတယ်။ မတ်လ ၅ ရက်နေ့ ကျခဲ့တဲ့ မိုးသီးဟာ တစ်လက်မခန့်ရှိပြီး လဝါးကျေးရွာမှာ ဆယ်နှစ်အတွင်း မတွေ့ခဲ့ရဘူးလို့ စစ်စတာ ထရေဇာက ခုလို ဆက်ပြောပါတယ်။ “တစ်သက်လုံးမတွေ့ဖူးဘူး အခုမှတွေ့ဖူးတာ မိုးသီးက တစ်လက်မလောက်ရှိတယ် ပျက်ဆီးသွားတဲ့ အိမ်တွေသွားကြည့်တော့ ပျဉ်ပြားတွေတောင် ပိန့်ကုန်တာ “လို့ ဆိုပါတယ်။ ဒါ့အပြင် ဧပြီလ ၃ ရက်နေ့မှာလည်း တနိုင်းမြို့ရဲ့ ချောင်းတစ်ဖက်ကမ်းမှာရှိကြတဲ့ လမုန်၊ ပန္နက်၊ မကောနဲ့ ဓါတ်ဆီရွာစတဲ့ ကျေးရွာ ၄ မှာ မုန်တိုင်းထန်ပြီးမိုးသီးကျလို့ အိမ်ခြေ ၁၀၀ ကျော် အိမ်ခေါင်မိုး ပေါက်ပြဲသွားတဲ့အပြင်  မိုးညှင်းမြို့နယ်မှာ အိမ်ခြေ ၁၀၀ ကျော်၊မံစီမြို့နယ်မှာ အိမ်ခြေ ၂၀ ကျော် လေမုန်တိုင်းနဲ့မိုးသီးကြွေကျမှုကြောင့် လူနေအိမ်များအပြား ထိခိုက်ပျက်စီးခဲ့ပါတယ်။ By – Hope

    Read More »
Back to top button