ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို
,
ပူတာအိုမြို့နယ် လုံရှာယန်အုပ်စု တန်ဂျာကျေးရွာတွင် စစ်ကောင်စီတပ် ၏ ထောက်ပို့ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ တိုက်ခိုက်ခဲ့သောကြောင့် ရိက္ခာတင် စစ်ကား ၃ စီး ပျက်စီးသွားပြီး တပ်ဖွဲ့ဝင် ၂၀ ဦး ထက်မနည်း ထိခိုက်ကျဆုံးမှု ရှိခဲ့ကြောင်း သိရသည်။ ပူတာအိုဘက်သို့ တက်လာသော အဆိုပါ စစ်ကောင်စီယာဉ်တန်းကို မေလ ၂၃ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် တန်ဂျာကျေးရွာအနီး အင်ဒေါင်ဘွမ်တွင် KIA
ပူတာအိုမြို့နယ် လုန်ရှာယန်၊ ဖတ်မာ နှင့် ဆွမ်ပီယန်ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့ စစ်ရေးတင်းမာနေဆဲဖြစ်သောကြောင့် ဒေသခံများမှာ နေရပ်မပြန်နိုင်ဘဲ တောထဲ ထွက်ပြေးနေရသည်ဟု သိရသည်။ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းတွင် လုန်ရှာယန်နှင့် ဖတ်မာကျေးရွာ ၂ခုကြားတွင် ပူတာအိုဘက်မှ ဆင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို KIA နှင့် PDF ပူးပေါင်းတပ်တို့ ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် ၂ ဖက်တပ် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်