လုပ်ခလစာ

  • Feb- 2026 -
    20 February
    သတင်း

    မြေရှားလုပ်ငန်းခွင်မှာ လုပ်ခလစာပိုလျော့နည်းလာတယ်လို့ အလုပ်သမားတွေပြော

    ကချင်ပြည်နယ်အထက်ပိုင်း ပန်ဝါ၊ချီဖွေ၊ဖရဲဒေသက မြေရှားလုပ်ကွက်တွေမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေ လုပ်ခလစာရရှိမှု ပိုပြီးလျော့နည်းလာတယ်လို့ မြေရှားလုပ်ကွက်မှာ လုပ်ကိုင်နေသူတွေပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကနေ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ်အထိ မြေရှားလုပ်ကွက်မှာ ထမင်းချက်တာ၊ ရေကြည့်တာ၊ ကျင်းတူးတာ၊ အထွေထွေလုပ်သားအားလုံး တစ်လလျှင် တရုတ်ယွင်ငွေ ၅၀၀၀ ဝန်းကျင်ရရှိကြပေမယ့် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး လုပ်ခလစာ တရုတ်ယွမ်ငွေ ၄၀၀၀ အောက်သာ ရရှိကြောင်း မြေရှားလုပ်ကွက်မှာအလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “အရင်က ဘယ်အလုပ်လုပ်ပဲဖြစ်ဖြစ် ယွင် ၅၀၀၀ ဝန်းကျင်ရတယ်။ ခုက မရတော့ဘူးလေ အများဆုံး ယွမ် ၃၉၀၀ လောက်ပဲရတယ် ဒါအများဆုံးပဲ။ လစာကပိုနည်းလာတယ်”လို့ ပြောပါတယ်။ မြေရှားဆိုတာ ဖုန်း၊ ကွန်ပျူတာ၊ လျှပ်စစ်ကားဘက်ထရီနဲ့ နည်းပညာပစ္စည်းအများအပြား ထုတ်လုပ်ရာမှာ အသုံးပြုရပြီး  နိုင်ငံတကာဈေးကွက်မှာ အရေးကြီးတဲ့ သယံဇာတတစ်ခုဖြစ်သလို ရွှေ၊ကျောက်စိမ်းထက်အဖိုးတန်တယ်လို့ သဘာဝပတ်ဝန်းကျင်လေ့လာသူတွေကဆိုပါတယ်။ ဒါပေမယ့် ဒီလို အရေးကြီး၊တန်ဖိုးကြီးတဲ့ သယံဇာတကို တူးဖော်ထုတ်လုပ်နေတဲ့အလုပ်သမားတွေကတော့ အကျိုးခံစားခွင့် လုပ်ခလစာ တစ်နေ့ထက်တစ်နေ့ ပိုပြီးနည်းလာနေတာလည်းဖြစ်ပါတယ်။ မြေရှားလုပ်ကွက်မှာလုပ်ကိုင်ရတဲ့အမျိုးအစားတွေက ကျင်းတူးတာ ၊ထမင်းချက်တာ၊ရေကြည့်တာအပြင် လုပ်ကွက်မှာလိုအပ်သမျှအလုပ်တွေကို လုပ်ပေးရတဲ့အထွေထွေလုပ်သားစသဖြင့် အလုပ်အမျိုးစားခွဲထားတယ်လို့ သိရပါတယ်။ ရေကြည့်တဲ့အလုပ်ကို နေ့ဆိုင်း၊ညဆိုင်းခွဲထားပြီး အဓိက မြေရှားစစ်ယူနိုင်ဖို့ အက်ဆစ်နဲ့ရေကိုဆတူရောထားတဲ့ (မြေသားအရည်ပျော်ဆေး) သိုလှောင်ကန်ကနေတစ်ဆင့် ရေပိုက်သွယ်တန်းတဲ့တစ်လျှောက် ရေပိတ်၊ မပိတ်လိုက်ကြည့်ရတဲ့အလုပ်ဖြစ်တယ်လို့ သိရပါတယ်။ ရေပိတ်နေတဲ့ ပိုက်တွေကို ရှင်းရတာ၊ ရေပိုက်သွယ်ထားတဲ့အတိုင်း တောင်ပေါ်၊တောင်စောင်း၊ တောင်အောက် ရေကန်အထိ လိုက်ကြည့်ရတာဖြစ်ပြီး မိုးတွင်းကာလဆို ပိုအန္တာရယ်များတယ်လို့ လုပ်ငန်းခွင်မှာလုပ်က်ိုင်နေသူတစ်ဦး ခုလိုပြောပါတယ်။ ဒီအလုပ်ဟာ ညအချိန်မတော် လိုက်ကြည့်ရပြီး မိုးတွင်းကာလဆို တောင်ပြိုတာကြုံနိုင်ပြီး အန္တရယ်ကြီးတဲ့အလုပ်ဖြစ်ပေမယ့် တရုတ်ယွင်ငွေ ၃၈၀၀ အထိ ရရှိတယ်လို့ သိရပါတယ်။ “ရေကြည့်တဲ့အလုပ်က လွယ်တယ်ထင်ကြတယ် တကယ်တော့မလွယ်ဘူး။ တောင်တွေတက်ပြိီး ရေပိုက်သွယ်ထားတဲ့တစ်လျှောက် တောင်တက်၊တောင်ဆင်းလိုက်ကြည့်ရတာဟုတ်တယ်။ မိုးတွင်းဆို တောင်တွေပြိုနိုင်တယ် အန္တရာယ်လည်းရှိတာ ညဆိုရင်လည်း ရေပိတ်နေပြီဆိုရင်သွားကြည့်ရတယ်။ ဒါတောင် လစာက အရင်လိုမရဘူး”လို့ ပြောပါတယ်။ နောက်ထပ် ကျင်းတူးတဲ့အလုပ်ဆိုတာက အပေါ်ကျင်း၊ဘေးကျင်းရှိပြီး အပေါ်ကျင်းဆိုတာ သံချောင်းတွေနဲ့ ၉ မီတာအထိဖောက်ရတဲ့အလုပ်ဖြစ်တယ်လို့သိရပြီး လစာက…

    Read More »
  • Dec- 2023 -
    18 December
    သတင်း

    ပြည်ပရောက် အလုပ်သမားတွေကို အခွန်ကောက်ခံမယ့် စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ကို ဘန်ကောက် UN ရုံးမှာ ဆန္ဒဖော်ထုတ်

    ထိုင်းရောက် မြန်မာအလုပ်သမားတွေရဲ့ လုပ်ခလစာထဲက ၂ ရာခိုင်နှုန်းကို အခွန်ကောက်ခံမယ့် အာဏာသိမ်းစစ်ကောင်စီရဲ့ ထုတ်ပြန်ကြေညာချက်အပေါ် ထိုင်းရောက်မြန်မာလုပ်သားတွေက ဘန်ကောက် UN ရုံးမှာ သွားရောက် ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ သိရပါတယ်။ အပြည်ပြည်ဆိုင်ရာ ရွေ့ပြောင်းအလုပ်သမားများနေ့မှာ တောက်ပတဲ့ အနာဂတ် အဖွဲ့အစည်းက ဦးဆောင်ပြီး ဆန္ဒပြခဲ့ကြတယ်လို့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ဘန်ကောက်ရောက်နေတဲ့ ကချင်ပြည်နယ်က လူငယ်တစ်ဦးက ပြောပါတယ်။…

    Read More »
Back to top button