လုံခန်စစ်တပ်

  • Nov- 2023 -
    27 November
    သတင်း

    မူဆယ် လုံခန်စစ်တပ်စခန်းကို MNDAA တိုက်ခိုက်သိမ်းပိုက်

    ရှမ်းမြောက် မူဆယ် ၁၀၅ မိုင်နဲ့ နမ့်တောင်းကျေးရွာကြားမှာရှိတဲ့ လုံခန်စစ်ကောင်စီ တပ်စခန်းကို ကိုးကန့် MNDAA သိမ်းပိုက်လိုက်ပြီလို့ မူဆယ်ဒေသခံတွေဆီကနေ သိရပါတယ်။ အဲ့ဒီလုံခန်စစ်ကောင်စီတပ်စခန်းကို  နိုဝင်ဘာ ၂၅ ရက်နေ့ကစပြီး  ကိုးကန့် MNDAA နဲ့ မဟာ မိတ်ပူးပေါင်းတပ်ဖွဲ့တွေ ဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာချိန် ၂ ရက်မြောက်နေ့နိုဝင်ဘာ ၂၆ ညနေပိုင်းမှာတော့ သိမ်းပိုက်ရရှိလိုက်ပြီဖြစ်ကြောင်း  The Kokang သတင်း page ကထုတ်ပြန်ထားသလို ဒေသခံတစ်ဦး ကလည်း အခုလို ပြောပါတယ်။ “မနေ့ကတော့ ကျမတို့ မုံးပေါ်သွားလမ်း နမ့်တောင်းမရောက်ခင် လုံခန်ရွာအလွန် တောင်ကုန်းမှာ စစ်တပ်စခန်းတစ်ခုရှိတယ်။ အဲ့ဒီတပ်စခန်းကိုတော့ မနေ့က ကိုးကန့်တွေ သိမ်းပိုက်လိုက်ပြဆိုတော့မနေ့ည ၁၀၅ မိုင်ထဲ တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်ဝင်ရောက်လာသလိုပဲ။အဲ့ဒါနဲ့ မူဆယ်မြို့အထွက် စစ်တပ်က တစ်ညလုံး လက်နက်ကြီးနဲ့ ပစ်နေတာ။ ကျမတို့ တစ်ညလုံးတောင်မအိပ်ဘူး သတိနဲ့ပဲနေနေတယ်။” လို့ မူဆယ်ဒေသခံအမျိုးသမီးက ပြောပါတယ်။  လုံခန်စစ်တပ်စခန်းဟာ မူဆယ်ကနေ ဆိုင်ကယ်နဲ့ မိနစ် ၂၀ လောက်မောင်း ရတဲ့အကွာမှာရှိတဲ့ စခန်းကြီးတစ်ခုဖြစ်ပြီး မူဆယ်နဲ့ မုံးပေါ်ကြား ဒေသတဝိုက်ကို အဓိကချူပ်ကိုင်ထားတဲ့ စစ်ကောင်စီစခန်းတွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။   အဲ့ဒီတပ်စခန်းကို လက်လွတ်လိုက်ရတဲ့ စစ်ကောင်စီဟာ နိုဝင်ဘာ ၂၆ မနေ့ည ၁၀ နာရီကနေ ၁၂ နာရီလောက်ထိ လေယာဉ် ၄ စီးနဲ့ ၁၀၅ မိုင်အကျော် လုံခန်ရွာနီးတစ်ဝိုက် ဗုံးကြဲခဲ့တဲ့အတွက် ၁၀၅ မိုင်က အသက် ၂၀အရွယ် လူငယ်တစ်ဦး လက်နက်ထိမှန် သေဆုံးသွားပြီး အသက် ၇၀ ကျော်အရွယ် အဘွားအိုတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးက ကားကြီးကွင်းအနီးတစ်လျှောက်ကိုလည်း စစ်တပ်က လေကြောင်းနဲ့ ပစ်ခတ်တာတွေကြောင့် ကုန်ကားတချို့ ထိခိုက်ပျက်စီးသွားတာ ရှိသလို ဆိုင်ခန်းတချို့အပါအဝင်…

    Read More »
Back to top button