လုံးခင်းတွင် ဆိုင်ကယ်စီးနှင်လာသည့် လူငယ်တစ် ဦး သေနတ်ပစ်သတ်ခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ၌ ဆိုင်ကယ်နောက်တွင် လိုက်ပါစီးနင်လာသည့် လူငယ်တစ်ဦး သေနတ်ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၂၂ ရက်နေ့ ည ၆ နာရီ ၂၀ မိနစ်အချိန်တွင် လုံးခင်းကျေးရွာ ပေါ်ဦး လက်ဘက်ရည်ဆိုင်ရှေ့တွင် လူငယ် ၂ ဦး ဆိုင်ကယ်စီးနင်း လာစဥ် အနောက် ၌ လိုက်ပါစီးနင်းလာသည့်လူငယ်တစ်ဦး ဆိုင်ကယ်ပေါ်မှသေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း မျက်မြင်တွေ့ရှိသူ လုံးခင်းဒေသခံ အမျိုးသားတစ်ဦးက KNG ကို