လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

လက်နက်ကြီးကြောင့် သေဆုံးသွားသည့် လူငယ်တစ်ဦး၏ ရုပ်အလောင်း စစ်တပ်လုယူသွား

ကချင်ပြည်နယ် မိုးညှင်းခရိုင် နန်းမားမြို့တွင်း စစ်ကောင်စီတပ်မှပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် သေဆုံးသွားသည့် ဒေသခံလူငယ်တစ်ဦး၏ ရုပ်အလောင်းအား စစ်တပ်မှလုယူသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၂ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် စစ်ကောင်စီအမြှာက်တပ်၃၆၇ တပ်မှ ပစ်ခတ်သည့်  လက်နက်ကြီးသည် နန်းမားဆေးရုံးအနီး အောင်မင်္ဂလာရပ်ကွက်ရှိ ဦးစန်းလွင်၏ နေအိမ်ဝင်းတွင်း ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်အတွက်ကြောင့်  အိမ်ရှေ့၌ ဖုန်းပြောနေသည့် သားဖြစ်သူလက်နက်ကြီးကျည်စထိမှန်ကာ သေဆုံးခဲ့ရ‌ကြောင်း မိသားစုနှင့်နီးစပ်သူပြောသည်။

၃၆၇ ကပစ်လိုက်တာ ဦးစန်းလွင်အိမ်‌ရှေ့ကိုကျတာ အဲမှာအိမ်ရှေ့ထွက်ပြီး ဖုန်းပြော‌တဲ့သားကိုကျည်ထိပြီး ဆုံးသွားတယ်။ အဲဒါကို သင်္ဂြိုဟ်ဖို့ တရားနာနေတုန်း တရားတောင်ပြီးအောင် မနာရသေးဘူး စစ်တပ်ကအလောင်းကို အတင်းမထုတ်သွားတယ်ဟုပြောသည်။

သေဆုံးသွားသည့် လူငယ်၏ ရုပ်အလောင်းကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင် သဂြိုလ်ရန်တရားနာနေစဉ် စစ်ကောင်စီတပ်မှ ရုပ်အလောင်းအား ခွဲစိတ်စစ်ဆေးရန်လိုအပ်သည်ဟုဆိုကာ လုယူသွားကြောင်း ဒေသခံများက ပြောသည်။

လက်နက်ကြီးထိမှန်သေဆုံးခဲ့သူမှာ အသက် ၃၀ ဝန်းကျင်ရှိ ကိုဒီပါဆိုသူဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီအမြှာက်တပ်၃၆၇သည် ဖေဖော်ဝါရီ ၁၁ ရက်နေ့မှစကာ အမြှောက်တင်ဘီးတပ်လှည်းဖြင့် နန့်စော်လော်နှင့်နန်းခမ်းကြားရှိ စိုက်ခင်းဘက်နှင့် နန်းမားမြို့ နန့်ရင်းချောင်းအနောက်ဖက်ခြမ်းသို့ချိန်ရွယ်ပြောင်းလှည့်ထားကာ အကြောင်းမဲ့ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း သိရသည်။

Show More

Related Articles

Back to top button