ဖားကန့်တွင် လူထုသပိတ် နှင့် PDF အဖွဲ့တို့ စစ်တပ်ထုတ်ကုန်များ ဖမ်းဆီး ဖျက်ဆီးခဲ့ကြ

ဖားကန့်မြို့နယ်တွင် ဆန္ဒပြထုတ်ဖော်နေသည့် ပြည်သူလူထုများနှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့တို့ပူးပေါင်းကာ စစ်တပ်ထုတ်ကုန်များဖြစ်သည့် ABC နှင့် Dragon စီဘီယာများ အဖာတစ်ရာကျော်ခန့်ကို ဖမ်းဆီးဖျက်ဆီးပေးနိုင်ခဲ့ကြောင်း ဖားကန့်မြို့နယ်လုံးဆိုင်ရာ လူထုသပိတ်စစ်ကြောင်းမှ သိရသည်။ ယနေ့ ဇွန်လ ၁၇ ရက်နေ့တွင် လူထုသပိတ်စစ်ကြောင်းနှင့် PDF အဖွဲ့တို့က ဆိုင်းတောင်းကျေးရွာအုပ်စုရှိ စျေးဆိုင်တစ်ချို့နှင့် ရောင်းဝယ်ဖောက်ကားမှုများပြုလုပ်နေသော နေရာများတွင် လိုက်လံစစ်ဆေးမှုများပြုလုပ်ကာ ဖမ်းဆီးရရှိသော စီဘီယာများကို သိမ်းယူဖျက်ဆီးခဲ့ကြသည်ဟု ဖားကန့်မြို့နယ်လုံးဆိုင်ရာ လူထုသပိတ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက KNGသတင်းဌာနသို့ပြောသည်။