,
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရှိ ဝက်သအင်းကျေးရွာတွင် ဒေသခံပြည်သူများ၏ လူနေအိမ်များ ၄၄ လုံးနှင့် စပါးကျီ ၃ ခုကို စစ်ကောင်စီအဖွဲ့ ယနေ့နံနက်ပိုင်း ၈ နာရီဝန်းကျင် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကျွန်းလှမြို့နယ် တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှသိရသည်။ စစ်အင်အား ၈၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီအဖွဲ့သည် ဒီဇင်ဘာလ ၈ ရက်နေ့ ပုဏ္ဏာကြီးကျေးရွာမှ ဝက်သအင်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာကာ ညအိပ်တပ်စွဲခဲ့ပြီးနောက် ယခုလို လူနေအိမ်များ မီးရှို့ဖျက်စီးခဲ့သည်ဟု ကျွန်းလှမြို့နယ်တက်ကြွလှုပ်ရှားသူအဖွဲ့မှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။
ကချင်ပြည်နယ် ရွှေကူမြို့နယ် စီမော်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သား ပြည်သူ ၂ဦး ကျည်ထိမှန်သေဆုံးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၆လုံးမီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှသိရသည်။ အောက်တိုဘာလ ၁၃ရက် နေ့လည်ပိုင်း ၁နာရီဝန်းကျင်တွင် စီမော်ကျေးရွာဘက်သို့ စစ်ကောင်စီတပ် စစ်အင်အား ၂၀၀ ခန့် စစ်ကြောင်းထိုးဝင်ရောက်လာစဉ် လမ်းခုလပ်တစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ် KPDF အဖွဲ့၏ စောင့်ကြိုတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်မှ ကျေးရွာရှိသည့်ဘက်သို့ တန်ပြန်ပစ်ခတ်ခဲ့သည်ဟု KPDF နှင့်နီးစပ်သူ တစ်ဦး
စစ်ကိုင်းတိုင်ဒေသကြီး အင်းတော်မြို့နယ် မင်းကုန်းကျေးရွာရှိ လူနေအိမ်အလုံး ၁၀၀ ကျော်ခန့် ကို စစ်ကောင်စီတပ်က မွှေနှောက် ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၂၃ ရက်နေ့က မော်တိတ်ဒေသဘက်မှ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီကြောင်းက ဇွန် ၂၄ ရက်နေ့တွင် မင်းကုန်းရွာကို ဝင်ရောက်ကာ လူနေအိမ်များကို မွှေနှောက်ဖျက်ဆီးခြင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် လူနေအိမ် ၁၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။