အင်းတော်တွင် ကလေးအပါအဝင် အရပ်သား ၁၀ ဦး စစ်ကောင်စီ က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်သို့ ဝင်ရောက်လာသော စစ်ကောင်စီ တပ်ဖွဲ့များသည် အရပ်သား ၁၀ ဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီး ထိုထဲတွင် ၁၅ နှစ်အောက်ကလေးငယ် လေးဦးအထိ ပါဝင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့တွင် ဝန်းသို့မြို့နယ် နမ်းခမ်း ကျေးရွာဘက်မှ အင်းတော် ကျောင်းကုန်းကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးလာသည် အင်အား ၆၀ ကျော်ပါ စစ်ကြောင်းသည် အင်းတော်မြို့နှင့် ကျောင်းကုန်းကြား တောလမ်းတွင်