မြင်းမူမြို့နယ်တွင် လူနေအိမ်မီးရှို့ခံရပြီး ပြည်သူ ၃၀ ဦးခန့် လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရ

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဂုရုကျေးရွာသို့ ယနေ့ နံနက် ၆ နာရီ ဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ် အင်အား ၁၄၀ခန့် သေနတ်ပစ်ဖောက် ဝင်ရောက်လာသည့်အတွက် နေအိမ် ၃ လုံး မီးလောင်၊ သေနတ်ကျည်ထိမှန်သူ ၂ဦးအပြင် ပြည်သူ ၃၀ ဦးခန့်အား လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း‌ ဒေသခံကာကွယ်ရေးတပ်မှ သိရသည်။ "ရွာသားနှစ်ဦးသေနတ်နဲ့ပစ်ခံထားရတာတော့ အတည်ပြုနိုင်ပါတယ်။ ရွာထဲမှာကဓားစာခံ ဖမ်းဆီးခံထားရတဲ့ ရွာသား၃၀လောက်ရှိတယ်ဗျ။ ကျန်တဲ့ရွာသားတွေကလည်းဘေးပတ်ဝန်းကျင်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်ဗျ" ဟု သူက