လေကြောင်း

  • Apr- 2024 -
    23 April
    သတင်း

    ခါမ်းပါတ်နဲ့ ကလေးမြို့မှာလေကြောင်းတိုက်ခိုက်ခံရပြီး အရပ်သား ၃ ယောက်သေဆုံး

    စစ်ကိုင်းတိုင်းဒေသကြီး ခါမ်းပါတ်မြို့နယ်နဲ့ကလေးမြို့နယ်တို့မှာ စစ်ကောင်စီတပ်က မနေ့က ဧပြီလ ၂၂ ရက် နေ့ မနက်အစောပိုင်းမှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၃ ယောက်သေဆုံးခဲ့ပြီး နောက်ထပ် အရပ်သား ၁၀ ယောက်ထက်မနည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ စစ်ကောင်စီတပ်က ကလေးမြို့နဲ့ခါမ်းပါတ်မြို့ နှစ်ခုအစပ်က စောဘွားရေရှင်ဆိုတဲ့ရွာနဲ့…

    Read More »
  • 19 April
    သတင်း

    စစ်တပ်ရဲ့လေကြောင်းရန်ကိုစိုးရိမ်နေရဆဲဖြစ်တာကြောင့် ဟုမ္မလင်းစစ်ဘေးရှောင်တစ်ချို့ နေရပ်ပြန်ဝင်ခွင့်မပြုသေး

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်မှာရှိတဲ့ ကျေးရွာတစ်ချို့မှာတိုက်ပွဲဖြစ်တာမရှိတော့ ပေမယ့် စစ်တပ်ရဲ့လေကြောင်းရန်ကိုစိုးရိမ်နေရဆဲဖြစ်တာကြောင့် ဒေသခံတစ်ချို့နေရပ်ပြန်ဝင် ခွင့်မပြုသေးဘူးလို့ ဟုမ္မလင်းကာကွယ်ရေးတပ်က ပြောပါတယ်။ ဟုမ္မလင်းမြို့နယ်အနောက်ဘက် ဟုမ္မလင်းနယ်နဲ့ဖောင်းပြင်နယ်ကြား PDF တွေထိန်းချုပ်ထားတဲ့ ကျွန်းကုန်း၊ မနော်သာ၊ အင်ကြင်းမော်ကျေးရွာတွေမှာ တိုက်ပွဲငြိမ်သက်နေပြီဖြစ်ပေမယ့် စစ်ဘေးရှောင်ပြည်သူတွေကိုတော့ နေရပ်ပြန်ဝင်ခွင့်မပေးထားသေးဘူးလို့ ဟုမ္မလင်း PDF တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။ “တိုက်ပွဲကတော့ငြိမ်နေတာကြာပြီ ကျွန်းကုန်းသိမ်းလိုက်တဲ့နောက်နေ့ကတည်းက နှစ်ဖက်တိုက်ပွဲတွေမရှိတော့ဘူး။ ဒါပေမယ့် ဒေသခံတွေကိုတော့ကျွန်တော်တို့(ဟုမ္မလင်း PDF)ဘက်ကနေဝင် ခွင့်မပေးသေးတာဗျ ဘာလို့ဆိုသူတို့က ဆုံးရှုံးထားတဲ့နေရာတွေကို တစ်လ နှစ်လကြာတဲ့ပြီးတဲ့အထိကိုလေကြောင်းနဲ့ပြန်ပြီးလာတိုက်ခိုက်တာတွေရှိတယ်။ အဲ့ကြောင့်ပြည်သူတွေထိမှစိုးရိမ်လို့မဝင်ခိုင်းသေးတာ”လို့ ကပြောပါတယ်။ ဟုမ္မလင်းနယ်အနောက်ဘက် ကျွန်းကုန်းကျေးရွာစခန်းကို ဟုမ္မလင်းကာကွယ်ရေးပူးပေါင်း တပ်တွေက ပြီးခဲ့တဲ့ ဧပြီ ၈…

    Read More »
  • 18 April
    သတင်းထီးချိုင့်

    ကချင်၊ စစ်ကိုင်း နဲ့ ရှမ်းပြည်နယ်အစပ်မှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုဆက်တိုက်လုပ်နေ

    ကချင်၊စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်အစပ်မှာရှိတဲ့ ရွာတွေကိုစစ်တပ်က ဒီရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုဆက်တိုက်လုပ်နေတာကြောင့် အရပ်သား ၆ ယောက်သေဆုံးပြီး နေအိမ်နဲ့အဆောက်အဦးတွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေး တပ်ဖွဲ့တွေဆီကသိရပါတယ်။ ကချင်နဲ့စစ်ကိုင်းအစပ်က ထီးချိုင့်မြို့နယ် တောမရွာကို ဧပြီလ ၁၅ ရက်နေ့မှာတစ်ကြိမ်၊ ဧပြီလ ၁၆ ရက်နေ့ တစ်ကြိမ် ၂ ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Tigyaing Revolution က သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ကသာမြို့နယ်ထဲကညောင်ပင်ဝင်းရွာကို ဧပြီလ ၁၇ ရက်နေ့ တစ်ရက်တည်းမှာပဲ ၂ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကသာဒေသခံတစ်ယောက်ကအခုလိုပြောပါတယ်။…

    Read More »
  • 10 April
    သတင်း

    နန့်ယားတိုက်ပွဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်တွေမီးလောင်နေပြီး တိုက်ပွဲပြင်းထန်နေဆဲ

    ဖားကန့်လမ်း နန့်ယားကျေးရွာ (Namya Mare)မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ကနေ လေကြောင်းနဲ့ ခုခံတိုက်ခိုက်နေတာကြောင့် ကျေးရွာအတွင်း လူနေအိမ်တွေမီးလောင်ပျက်စီးတာတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်တွေက ဧပြီလ ၁၀ ရက်နေ့ ဒီနေ့ နေ့လည် ၁၂ နာရီဝန်းကျင်လောက်မှာ တိုက်ပွဲဖြစ်ပွားနေတဲ့…

    Read More »
  • 3 April
    သတင်း

    မဘိမ်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးတစ်ပါးနဲ့အရပ်သား ၆ ဦးပွဲချင်းပြီးသေဆုံး ၇ ဦးဒဏ်ရာပြင်းထန်

    ကချင်နဲ့ ရှမ်းမြောက်အစပ် မဘိမ်းမြို့နယ် မိုးလုံးရွာကို မတ်လ ၂ ရက်နေ့ မနေ့ညနေပိုင်း ၆ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဘုန်းကြီးတစ်ပါးနဲ့ အမျိုးသမီးတစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ စစ်ကောင်စီတပ်ဘက်က တံတားဦးကတက်လာတဲ့…

    Read More »
  • Mar- 2024 -
    26 March
    သတင်း

    စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် အသက် ၆၀ ကျော်အရွယ် ပြည်သူ  ၂ ဦးထိခိုက်ဒဏ်ရာရ

    ကချင်ပြည်နယ် ဗန်းမော်မြို့နယ် နောင်လိုက်ကျေးရွာမှာ စစ်ကောင်စီတပ်ကလေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၆၀ ကျော်အရွယ် ဒေသခံပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်ကတော့ မတ်လ ၂၆ ရက်နေ့ ဒီမနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာ နောင်လိုက်ကျေးရွာထဲမှာ တိုက်ပွဲဖြစ်တာမရှိပေမယ့် စစ်တပ်ဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရရှိတဲ့ ပြည်သူ ၂ ဦးအနက် အမျိုးသမီးဖြစ်သူကတော့ ဦးခေါင်းမှာထိမှန်ထားတဲ့အတွက် စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ ဒေသခံတစ်ဦးက KNG ကိုခုလိုပြောပါတယ်။ “အဖွားကတော့ ခေါင်းနောက်အနောက်ပိုင်းမှာ ထိပြီး အဖိုးကတော့ ကျောအနောက်နားမှာဘဲ ပေါက်သွားတာ”လို့ ဆိုပါတယ်။ ဗုံးကျည်ထိမှန်ထားတဲ့ အသက် ၆၀ ကျော်အရွယ် အဖိုးနဲ့ အဖွားကိုတော့ ဒီနေ့ မနက် ၁၁ နာရီခွဲဝန်းကျင်မှာ  ဗန်းမော်အခြေစိုက်လူမှုကယ်ဆယ်ရေးအသင်းတွေကနေပြီးတော့  ဗန်းမော်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်ရှိမှာလည်း နောင်လိုက်ကျေးရွာမှာ ဒေသခံတစ်ချို့ ထွက်ပြေးတိမ်းရှောင်ဖို့ပြင်ဆင်နေပေမယ့်  ဗန်းမော်မြို့ စစ်ကောင်စီတပ် စကခ(၂၁) ကနေ လက်နက်ကြီးတွေနဲ့ ညနေ ၄နာရီ ၅မိနစ်ခြားတစ်ကြိမ် ပစ်ခတ်နေတာကြောင့် ဒေသခံတွေဟာ နေအိမ်ထဲမှာဘဲ ပိတ်မိနေကြတယ်လို့ တခြားဒေသခံတစ်ဦးက ခုလိုဆက်ပြောပါတယ်။ “ဒီမနက်ပြေးမယ်လုပ်တော့ လေယာဉ်နဲ့ ဗုံးလာကြဲလို့  ဒါကြောင့် အိမ်ထဲမှာဘဲ နေနေတယ် လက်နက်ကြီးတွေနဲ့ရောထုနေတာဘဲ ၄နာရီလောက်အထိ”လို့ ဆိုပါတယ်။ နောင်လိုက်ကျေးရွာဟာ မတ်လ ၁၄ရက်နေ့က KIA ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ထားတဲ့  ဒါဆိုင်းရွာအခြေစိုက် ခလရ  (၂၃၇)တပ်ရဲ့ တောင်ချေအောက်မှာရှိတဲ့ရွာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဗန်းမော်မြို့နယ် ကောင်ဂျာကျေးရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက် မနက် ၁၂ ကျော် ၁နာရီဝန်းကျင်မှာ စစ်ကောင်စီတပ် ခလရ ၄၇ တပ်တွေဟာ တိုက်ပွဲဖြစ်ပွားတာတွေမရှိဘဲနဲ့အကြောင်းမဲ့ လက်နက်ကြီး ၅ ကြိမ်ထက်မနည်းပစ်ခတ်ခဲ့တာကြောင့် ကောင်ဂျာကျေးရွာနေ ဦးလမာတူးရဲ့ ဇနီးဖြစ်သူ အသက် ၅၀ နှစ်အရွယ်အမျိုးသမီး တစ်ဦးလက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး နောက်ထပ် အသက် ၂၅ ဝန်းကျင်အရွယ် ကလေးအမေတစ်ဦးနဲ့ လက်နက်ကြီးထိမှန်ပြီးထိခိုက်ဒဏ်ရာ ရရှိခဲ့တာဘဲ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကနေစပြီး ထိုးစစ်ရှိန်မြင့်လာတာနဲ့အမျှ လက်ရှိ ဗန်းမော်ခရိုင်တွင်းမှာရှိတဲ့ မြို့နယ်တွေမှာဖြစ်တဲ့ ဗန်းမော်မြို့နယ်၊မိုးမောက်မြို့နယ်၊မံစီမြို့နယ်နဲ့ရွှေကူမြို့နယ်တွေမှာရှိတဲ့ စစ်တပ်အထိုင်တပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်တပ်စခန်းအများအပြားကိုလည်း သိမ်းပိုက်ရရှိထားပြီဖြစ်ပါတယ်။ By – Hope

    Read More »
  • 4 March
    သတင်း

    ကောလင်းမှာ တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် လူနေအိမ်များ မီးလောင်ပျက်စီး

    စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ အကြား ၂ ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်လို့ အထက်တန်းကျောင်းက ကျောင်းဆောင်တချို့နဲ့ လူနေအိမ်တချို့ပျက်ဆီးသွားတယ် လို့ ဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က ကျောက်တန်းရွာကိုမီးရှို့ပြီး ခံသာရွာဘက်ကို ထွက်လာတဲ့အချိန် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ မနေ့ကလည်း တိုက်ပွဲဆက်ဖြစ်ခဲ့တာပါ။ စစ်ကောင်စီတပ်ဘက်က တိုက်ပွဲဖြစ်တဲ့နှစ်ရက်လုံး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မတ်လ ၃ ရက်နေ့ မနေ့ကတိုက်ခိုက်မှုမှာ ခံသာရွာကနေအိမ်တချို့နဲ့ ကျောင်းဆောင်တွေကိုထိမှန်ခဲ့တာလို့ ကောလင်းခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “ကျောက်တန်းရွာတွေဘက်ကိုမီးတွေရှို့ကြတာပေါ့ အဲ့ဒီကနေ ခံသာရွာဘက်မှာတိုက်ပွဲဖြစ်တာ အဲ့တာ ခံသာဘက်ကိုလေကြောင်းလာပစ်လို့ ခံသာအထကကျောင်းတော့ပျက်သွားတယ်လို့ သိရပါတယ်။” လို့ပြောပါတယ်။ ဒါ့အပြင် အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ကာကွယ်ရေးပူးပေါင်းတပ်ဘက်က ရဲဘော် ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ တစ်ဖက်မှာ အဲ့ဒီတိုက်ပွဲကြောင့် ရွှေဘို–မြစ်ကြီးနားလမ်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ကတည်းက ပိတ်ထားခဲ့ရပြီး ကားစီးရေ ၁၅၀၀ နဲ့ လူဦးရေ ၁သောင်းခွဲလောက်ပိတ်မိခဲ့သေးတယ် လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “လမ်းကတော့ ပြီးခဲ့တဲ့ရက်တွေကတော့ပိတ်တော့ပိတ်နေတာ ဒီနေ့ နေ့လည်လောက်မှလမ်းပြန် ပွင့်တယ်ပြောတယ် သူတို့လည်းထွက်သွားလောက်ပါပြီ လမ်းဖွင့်တာကတော့သေချာပါတယ်”လို့ပြောပါတယ်။ တိုက်ပွဲကြောင့် ပိတ်မိခဲ့တဲ့ ခရီးသွားပြည်သူတွေကို ကောလင်းမြို့နယ်လူသားစာနာနဲ့ ကောလင်း ပြည်သူတွေက နေ့စဥ်ထမင်းထုပ်ပို့ဆောင်ပေးတာတွေလုပ်ပေးခဲ့တယ်လို့ သူကပြောပါတယ်။ ကောလင်းခရိုင်တပ်ရင်း ၁၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မဟာမိတ်ပူးပေါင်း စစ်ကြောင်း  ကောလင်းမြို့နဲ့ ၁၂ မိုင်အကွာမှာရှိတဲ့ သစ်ဖုလဘုရားကုန်းတပ်စခန်းကို သိမ်းပိုက် နိုင်ဖို့ကြိုးစားနေတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း အင်အားတွေထပ်ဖြည့်ထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က ကျောက်တန်းရွာနဲ့ ငါးကြီးအိုင်ရွာတို့ကို ဝင်ရောက်စစ်ကြောင်းထိုး မီးရှို့ချိန်မှာလည်း အရပ်သား ၃ ယောက်ကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေ ကပြောပါတယ်။ ကောလင်းမြို့နယ်ကို စစ်ကောင်စီတပ်က ပြန်လည်အလုံးစုံထိန်းချုပ်တဲ့နေ့ကစ ကောလင်းမြို့ပေါ် နဲ့ ဘေးပတ်ဝန်းကျင်က အရပ်သား သောင်းနဲ့ချီရှိနေပြီးတော့ အကူအညီတွေလည်းလိုအပ်နေတယ်လို့ သိရပါတယ်။ ကောလင်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့က KIA နဲ့ကာကွယ်ရေးပူးပေါင်းတပ်တွေ က သိမ်းပိုက်နိုင်ခဲ့ရာ ၃ လအကြာထိန်းချုပ်ပြီးတဲ့နောက် ပြည်သူ့အုပ်ချုပ်ရေးယန္တရားတွေ စတင် လည်ပတ်နေချိန် ဖေဖော်ဝါရီလ ဒုတိယအပတ်လောက်မှာ စစ်ကောင်စီတပ်က ကောလင်းမြို့ကို အလုံးစုံပြန်ထိန်းချုပ်ထားတာပါ။ အဲ့ဒီလိုထိန်းချုပ်ပြီးနောက် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကနေ ဒီကနေ့အထိကို စစ်ကောင်စီတပ်က ကောလင်းမြို့ပေါ်ရပ်ကွက်က နေအိမ်တွေကို နေ့စဥ်မီးပတ်ရှို့နေပြီးတော့ မြို့ရဲ့ ၈၀ ရာခိုင်နှုန်း မီးရှို့ဖျက်ဆီးခံထားရပြီဖြစ်ပါတယ်။ By – အမိုး

    Read More »
  • Dec- 2023 -
    5 December
    သတင်း

    ဘီးလူးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ လေကြောင်းကာကွယ်ရေးတပ်ကို လုံခြုံရေးယူပေးနေတဲ့ တပ်စခန်းတစ်ခုကို KIA တိုက်ခိုက်သိမ်းပိုက်

    ကချင်ပြည်နယ် ၊ မိုးညှင်းမြို့နယ် နန်းမွန်း(Na-Mawn)နဲ့ ဘီလူးကျေးရွာ ၂ခုကြားမှာရှိတဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ နန်းမွန်းသွားရာလမ်းဟောင်း ဘီလူးရေအားလျှပ်စစ်စက်ရုံအနီးမှာ စစ်အင်အား ၃၀ ဝန်းကျင်လောက် အခြေစိုက်ထားတဲ့ အဲဒီစစ်ကောင်စီတပ်စခန်းကို ဒီဇင်ဘာလ ၅…

    Read More »
  • Nov- 2023 -
    9 November
    သတင်း

    ထီးချိုင့်မှာတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်ကလေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး တစ်ယောက်သေဆုံး

    စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား ဒီကနေ့ နိုဝင်ဘာ ၉ ရက်နေ့မှာလည်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလေကြောင်းအသုံးပြုပြီးတိုက်ခိုက်ခဲ့လို့ အမျိုးသမီးတစ်ယောက်ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့မနေ့ကတည်းက ထီးချိုင့်မြို့ပေါ် ရပ်ကွက် ၂ ဥယျာဥ်ကုန်းရပ်ကွက်ထဲက ဘောလုံးကွင်း မှာ…

    Read More »
  • Aug- 2023 -
    11 August
    သတင်း

    တလိုင်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု ၈ လသားအရွယ်ကလေးငယ်နဲ့မိခင်ဖြစ်သူ အပါအဝင် ၃ ဦးသေဆုံး

    စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် တလိုင်းရွာမှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခံခဲ့ရ တဲ့အတွက် ၈လသား အရွယ်ကလေးငယ်နဲ့မိခင်ဖြစ်သူအပါအဝင် ၃ ဦးသေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ Wetlet Informational Network အဖွဲ့ထံမှသိရပါတယ်။ ဒီကနေ့ မနက်ပိုင်း ၄နာရီလောက်မှာ တံတားဦးလေဆိပ်ကနေတက်လာတဲ့ ဂျက်ဖိုက် တာတစ်စီးဟာ တလိုင်းရွာက…

    Read More »
Back to top button