လောက်ကိုင်

  • Dec- 2023 -
    8 December
    သတင်း

    လောက်ကိုင်ကနေ နေရပ်ပြန်လာသူတစ်ချို့ MNDAA ရဲ့ တပ်သားသစ်အဖြစ်ဖမ်းဆီးခံနေရ

    ရှမ်းမြောက် လောက်ကိုင်ကနေ နေရပ်ပြန်လာတဲ့ပြည်သူတစ်ချို့ ကိုးကန့်တပ် MNDAA ရဲ့ တပ်သားသစ်အဖြစ်ဖမ်းဆီးခံနေရတာတွေရှိနေတယ်လို့ ဖမ်းဆီးခံရာကနေ ပြန်ပြီးလွတ်မြောက်လာသူတွေက ပြောပါတယ်။ အောက်တိုဘာ ၂၇ ရက်နေ့မှာစတင်လာတဲ့ ၁၀၂၇ စစ်ဆင်ရေး တစ်လကျော်အကြာ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ လောက်ကိုင်မြို့ကိုသိမ်းပိုက်တော့မယ်အကြောင်း ကိုးကန့် MNDAA က ထုတ်ပြန်ခဲ့တဲ့အပြင် လောက်ကိုင်မြို့ထဲမှာတော့ သောင်းနဲ့ချီတဲ့ပြည်သူတွေဟာ မြို့တွင်း ပိတ်မိနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မြောက်ပိုင်းညီနောင်မဟာမိတ်တွေက ပိတ်မိနေသူတွေအားလုံးကို နိုဝင်ဘာလ ၂၆ ရက်နေ့ကစပြီး နေရပ်ပြန်ခွင့်ပေးပြီးလမ်းဖွင့်ပေးခဲ့တဲ့အတွက် အနယ်နယ်အရပ်ရပ်ကနေ အလုပ်လာလုပ်ရင်း မြို့ထဲပိတ်မိနေတဲ့သောင်းနဲ့ချီပြည်သူတွေဟာ နေရပ်ပြန်လာခဲ့ကြပါတယ်။ သို့သော် အဲဒီနေရပ်ပြန်ပြည်သူတွေထဲက လူငယ်လူရွယ်တစ်ချို့ကတော့ ကိုးကန့် MNDAA ဘက်က လမ်းခုလတ်မှာတင် တပ်သားသစ်အဖြစ်ဖမ်းဆီးခေါ်ဆောင်တာတွေရှိနေတယ်လို့ ဖမ်းဆီးခံရာကနေ လွတ်မြောက်လာတဲ့ လားရှိုးဒေသခံတစ်ယောက်က ခုလိုပြောပါတယ်။ “ဂိတ်မှာ စစ်မေးပြီး လူမျိုးတွေခွဲလိုက်တယ် တိုင်းရင်းသားသပ်သပ် ဗမာသပ်သပ် တရုတ်သပ်သပ် သူတို့သုံးဖွဲ့ခွဲလိုက်တယ် တိုင်းရင်းသား ဆိုရင် တစ်ခါထဲအထဲဝင်ခိုင်းပြီးတော့ ဆိုင်ကယ်တွေသိမ်းပြီးတော့ ကားပေါ် တင်ပြီး ၁၂ ဘီးကားကြီးနှစ်စီးပေါ်တက်ခိုင်းတယ်။ အဲကားပေါ်တက်ပြီးကျွန်တော်တို့ကိုခေါ်သွားတာဘဲဗျ ကျွန်တော်တို့ကိုပြန်ပို့ပေးသလိုလို ဘာမှမပြောဘဲ သူတို့ရဲ့စခန်းကိုခေါ်သွားတာဗျ”လို့ပြောပါတယ်။ လောက်ကိုင်ကနေ နေရပ်ပြန်သူတွေဟာ  ဝပြည်ချင်းရွှေဟော်ဘက်ကနေ ဝပြည်နန့်သစ်ဘက်လမ်း၊ သိန္နီ– ကွမ်းလုံဘက်ကလမ်း နမ်းဇလပ်တောလမ်းကနေ လားရှိုးဘက်ကို ပြန်ကြရာကနေ လမ်းတစ်လျှောက်မှာ တပ်သားသစ် စုဆောင်းခံရတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ ဖမ်းဆီးခေါ်ဆောင်သူထဲမှာ အသက် ၂၀ နဲ့ အသက် ၃၀ ကြားမှာရှိတဲ့ လူငယ်လူရွယ်တွေအများဆုံးဖြစ်ပြီး ဖမ်းဆီးထားတဲ့သူတွေဟာ သောင်းချီရှိသလို မိန်းကလေးငယ်များလည်း ပါဝင်တယ်လို့ သိရပါတယ်။ ကိုးကန့် MNDAA တပ်တွေဟာ နေရပ်ပြန်တဲ့ပြည်သူတွေထဲက အသက်အရွယ်ကောင်းတဲ့ လူငယ်တွေကို အဓိကဖမ်းတာဖြစ်ပေမယ့် နာမကျန်းသူနဲ့ ဗမာတိုင်းရင်းသားတွေကို ပြန်လွတ်ပေးခဲ့တယ်လို့ လားရှိုးဒေသခံတစ်ယောက်က ဆိုပါတယ်။ “ကျွန်တော်…

    Read More »
  • Nov- 2022 -
    30 November
    သတင်း

    အွန်လိုင်း ငွေလိမ်လုပ်ငန်းမှာ လူကုန်ကူးခံနေရတဲ့ လူငယ်များ

    စစ်ကောင်စီအုပ်ချုပ်သည့်ကာလ အလုပ်အကိုင်ရှားပါးမှုကြောင့် လူငယ်တော်တော်များများ နယ်စပ်ဒေသ အွန်လိုင်းနဲ့ ငွေလိမ်လည်တဲ့ မှောင်ခိုလုပ်ငန်းတွေမှာ လွတ်လမ်း ရှာမတွေ့အောင် လူကုန်ကူးခံနေရပါတယ်။ မြန်မာ–တရုတ်နယ်စပ် လောက်ကိုင်၊ ပန်ဆန်း၊ မိုင်းပေါက်၊ မြန်မာ–ထိုင်းနယ်စပ် မြ၀တီ၊ ရွှေကုက္ကူဒေသတွေမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အွန်လိုင်းကတစ်ဆင့် ငွေလိမ်ပြီး စီးပွားရှာတဲ့လုပ်ငန်းတွေ ပိုမိုကျယ်ပြန့်ပြီး သိသိသာသာ ပြုလုပ်လာကြတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လက ပွဲစားတချို့က လုပ်ငန်းချိတ်ဆက်ပေးမယ်လို့ လိမ်လည်ပြီး လူငယ်…

    Read More »
Back to top button