ဆယ်ဇင်းကျေးရွာ နေအိမ် ၄၀၀ ကျော်ကို KIA နှင့် PDF တို့ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသာ သတင်းအမှား
,
လော်ဝေါ်လူမျိုးများ၏ လော်ဝေါ်စာပေ (၄၆) နှစ်ပြည့်နေ့ အထိမ်းအမှတ်နှင့်အတူ မနောကွင်း၊ မနောတိုင်ဖွင့်ပွဲ ရိုးရာဇမ်ဂေါ် (Zam G0") ကို မတ်လကုန်ပိုင်းတွင် ဝိုင်းမော်မြို့ရှိ လော်ဝေါ်စာပေနဲ့ ရိုးရာယဉ်ကျေးမူတည်ရှိရာ ( ကျောင်ယမ်)ဝင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ “ဒီဇမ်ဂေါ် (Zam Go") ပွဲတော်မှာ လော်ဝေါ်လူမျိုးများစာပေရရှိလာတာ (၄၆) နှစ်ပြည့်တဲ့ အထိမ်းအမှတ်အပြင် ခုဆောက်နေတဲ့ မနောကွင်း၊ မနောတိုင်ဖွင့်ပွဲပါ ကျင်းပမှာဖြစ်ပါတယ်။ လူသားတိုင်းဟာ ဘယ်နိုင်ငံမှာမွေးချင်တယ်။ ဘယ်လူမျိုးဖြစ်ချင်တယ်ဆိုပြီး ရွေးချယ်လို့မရပါဘူး။