ဝိုင်းမော်မြို့တွင် မီးပွိုင့်တစ်ခုထပ်မံတပ်ဆင်ရန် အဆင်မပြေဟု ယာဉ်ထိန်းအဖွဲ့ပြော

ဝိုင်းမော်မြို့တွင် နောက်ထပ် မီးပွိုင့်တစ်ခု တပ်ဆင်ရန် လျှောက်ထားမှုများ ရှိသော်လည်း လမ်းကြောင်းအခြေအနေအရ ချပေးရန်အဆင်မပြေသေးကြောင်း အမှတ်(၁၅) ယာဉ်ထိန်းရဲ ဒုတပ်ခွဲမှူးရုံး မှသိရသည်။ “လမ်းမကြီး မိန်းလမ်းက အကျယ်ကြီးဘဲ ဒါပေမယ့် ကျောင်းဘက်သွားတဲ့ လမ်းသွယ်က သေးသေးလေးဖြစ်နေတော့ ပေးလို့အဆင်မပြေသေးဘူး။ တစ်ဖက်မှာ နီနေပြီဆိုရင် ကားတွေက အတန်းလိုက်ဖြစ်သွားမှာ လမ်းမကြီးပေါ်မှာတော့ ကားတွေက အဆင်ပြေပြေသွားလို့ ရနိုင်ပေမယ့် လမ်းကြားဘက်ကို ဝင်ဖို့ကျတော့ အခက်အခဲများကြီးဖြစ်သွားမယ်။ ကားတွေကွေ့ဖို့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ တစ်ချို့နေရာတွေကျတော့…