ဝိုင်းမော်

  • Apr- 2025 -
    11 April
    သတင်း

    ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ချို့ သောက်သုံး‌ရေရှားပါးတဲ့ပြဿနာ ကြုံနေရ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာရှိတဲ့ စစ်ရှောင်စခန်းတစ်ချို့မှာ သောက်သုံးရေ ရှားပါးတဲ့ပြဿနာကြုံ‌နေရတယ်လို့ စစ်ရှောင်ပြည်သူတွေ ဆီကနေ သိရပါတယ်။ အဓိကအားဖြင့် ဝိုင်းမော်မြို့နယ် ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိနောင်ချိန်း၊လဘန်ကျေးရွာတွေမှာ တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ သောက်ရေနဲ့ သုံးရေ ရှားပါးတဲ့ ပြဿနာကို ကြုံနေရတယ်လို့ KNG ကိုပြောပါတယ်။…

    Read More »
  • 3 April
    သတင်း

    ယာယီထိုးစစ်ရပ်မယ်လို့ကြေညာထားတဲ့ စစ်တပ် ဝိုင်းမော်မှာ လက်နက်ကြီးပစ်ခတ်နေ

    ငလျင်နောက်ဆက်တွဲ ကယ်ဆယ် ရေးအတွက် ရက်ပေါင်း ၂၀ ယာယီအပစ်ခတ်ရပ်ကြောင်း ကြေညာလိုက်တဲ့ စစ်ကောင်စီတပ်ဟာ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာတဝိုက်ကို ဒရုန်းပစ်ခတ်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒီကနေ့ ဧပြီလ ၃ ရက်နေ့ မနက်ပိုင်း ၈ နာရီဝန်းကျင်ကနေ…

    Read More »
  • 1 April
    သတင်း

    တိုက်ပွဲမရှိတဲ့ ဝိုင်းမော်မှာ စစ်ကောင်စီ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒီနေ့ ဧပြီလ ၁ ရက်နေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်ခန့်ကနေ လမြန်ကျေးရွာတဝိုက်ကို စစ်တပ်က ဒရုန်းနဲ့ ၅…

    Read More »
  • Mar- 2025 -
    26 March
    သတင်း

    ဝိုင်းမော်မှာ စစ်ကောင်စီ ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သားသေဆုံးမှုရှိ

    ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာ နဲ့ ၀ူယန်ဘက်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သားထိခိုက်သေဆုံးမှုလည်း ရှိနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့လောက်ကစပြီး လမြန်–…

    Read More »
  • 10 March
    အင်တာဗျူး

    မြစ်ကြီးနား၊ ဝိုင်းမော်မှာ အရပ်သား သတ်ဖြတ်ခံရသူ ၇ ဦးထိရှိလာတဲ့အတွက် ဘယ်လိုအခြအနေ ရှိနေလဲ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ဝိုင်းမော်မြို့မှာ တစ်လအတွင်းအရပ်သားသတ်ဖြတ်ခံရသူ ၇ ဦးထိရှိပြီး အဲဒီထဲမှာအမျိုးသမီး ၄ ဦးပါဝင်ကြောင်း လူမှုကယ်ဆယ်‌ရေးအသင်းတွေဆီကနေ စုံစမ်းသိရှိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ ဝိုင်းမော်မြို့ အမှတ် ၅ ရက်ကွက် အမျိုးသမီးတစ်ဦး လည်ပင်းဓားထိုးဒဏ်ရာနဲ့ သတ်ဖြတ်ခံရမှု၊ မတ်လ ၄ ရက် မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက်၊ အမှတ်၆ ကျောင်းရှေ့ အမှိုက်ပုံမှာ စွန့်ပစ်ထားတဲ့ အမျိုးသမီးရုပ်အလောင်းတွေ့ရှိမှု၊ မတ်လ ၃ ရက် မြစ်ကြီးနားမြို့ ရမ်ပူအောက်ချိုင့် ချမ်းသာကြီးဘုန်းကြီးကျောင်းအနီး နေအိမ်တစ်ခုမှာ လင်မယားနှစ်ဦးရန်ဖြစ်ပြီး အမျိုးသားဖြစ်သူက အမျိုးသမီးကို ပုဆိန်နဲ့ ခုတ်သတ်မှု၊ ဖေ‌ဖော်ဝါရီ ၂၈ ရက် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်  အမျိုးသမီးတစ်ဦး ဓားဖြင့်ခုတ်သတ်ခံရမှု၊ ဖေဖော်ဝါရီ ၁၉ ရက် ဝိုင်းမော်မြို့ အာလူးဘာရီကျေးရွာ အသက်…

    Read More »
  • 5 March
    သတင်း

    ဝိုင်းမော်မြို့ နေအိမ်တစ်အိမ်မှာ အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံထားရ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့ နေအိမ်တစ်အိမ်မှာ အမျိုးသမီးတစ်ဦး လည်ပင်းဓားထိုးဒဏ်ရာနဲ့သတ်ဖြတ်ခံထားရတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းဆီကနေ သိရပါတယ်။ မတ်လ ၅ ရက်၊ မနက် ၇ နာရီဝန်းကျင် ဝိုင်းမော်မြို့အမှတ် ၅ ရက်ကွက် နေအိမ်တစ်အိမ်မှာ အမျိုးသမီးရဲ့ တစ်ဦးသတ်ဖြတ်ခံရကြောင်း မိသားစုဝင်တွေက…

    Read More »
  • Feb- 2025 -
    19 February
    သတင်း

    ဝိုင်းမော်မြို့ မှာ အသက်၁၅ နှစ်အရွယ် လူငယ်တစ်ဦး နောက်ပြန်ကြိုးတုတ်ခံရပြီး ရေတွင်းထဲ သေဆုံးနေ

    ဝိုင်‌မော်မြို့ ၊ စန်းကားကျေးရွာအနီးရှိ အာလူးဘာရီကျေးရွာမှာ အသက် ၁၅ အရွယ် လူငယ်တစ်ဦး နောက်ပြန်ကြိုးတုပ်ခံရတဲ့ အနေအထားနဲ့ ရေတွင်းထဲ သေဆုံးနေတယ်လို့  မွန်မြတ်စေတနာလူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ နေအိမ် ရေတွင်းထဲလူတစ်ဦးသေဆုံးနေလို့ အိမ်ရှင်တွေက ဒီကနေ ၁ နာရီ ဝန်းကျင်မှာ အကူအညီတောင်းခံလာတယ်လို့ ဆိုပါတယ်။…

    Read More »
  • 6 February
    သတင်း

    ဝိုင်းမော်မြို့မှာ တစ်လအတွင်း ပိုင်ရှင်မဲ့ အလောင်း ၃ လောင်းတွေ့

    ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ တစ်လအတွင်း ပိုင်ရှင်မဲ့အလောင်း ၃ လောင်းအထိ တွေ့ရှိခဲ့တယ်လို့ ဝိုင်းမော်အခြေစိုက် မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်း ကနေ သိရပါတယ်။ သေဆုံးသူတွေဟာ အသက် ၃၀–၃၅ ဝန်းကျင် အမျိုးသားတွေဖြစ်ပြီး အများစုကတော့ မူးယစ်ဆေးဝါးသုံးစွဲသူတွေ ဖြစ်တယ်လို့ မွန်မြတ်စေတနာအသင်း…

    Read More »
  • Jan- 2025 -
    31 January
    သတင်း

    ဝိုင်းမော် စစ်ရှောင်စခန်း ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ဆက်လက်ဖွင့်လှစ်ဖို့ ခက်ခဲနေ

    ဝိုင်းမော်မြို့နယ်၊ လဘန်ကျေးရွာရှိ စစ်ရှောင်စခန်း ကိုယ်ထူကိုယ်ထကျောင်းကို ဆက်လက် လည်ပတ်သင်ကြားနိုင်ဖို့ ငွေကြေး အခက်အခဲဖြစ်နေတယ်လို့ အောင်မြေ၂ စစ်ရှောင်စခန်း ပညာရေးတာဝန်ခံက KNG ကိုပြောပါတယ်။ လဘန်ကျေးရွာရှိ စစ်ရှောင်စခန်း ကိုယ်ထူကိုယ်ထကျောင်းမှာ KG အတန်းကနေ ဒုတိယတန်း အထိ ဖွင့်လှစ်ထားတာဖြစ်ပြီး ကလေးသူငယ် ၃၅ ဦးထိ ရှိတယ်လို့ သိရပါတယ်။ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းဖြစ်တဲ့အတွက် ကလေးတစ်ဦးကို…

    Read More »
  • 27 January
    သတင်း

    တရုတ် ငှက်ပျောကား များလာမှုကြောင့် ဒေသခံကားသမားတွေ အလုပ်အကိုင် ရှားပါးမှုဖြစ်လာ

    ဝိုင်းမော်မြို့နယ် နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်ငှက်ပျောကားတွေ ဝိုင်းမော်မြို့အနီးအထိ ဝင်ရောက်နေရာယူလာတဲ့အတွက် ဒေသခံငှက်ပျောကားတွေ အလုပ်အကိုင် ရှားပါးလာတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်များ တရုတ် နယ်စပ် ကန်ပိုင်တီမြို့ကို သိမ်းပိုက် လိုက်ပြီးနောက် ဝိုင်းမော်မြို့ ငှက်ပျောခင်းတွေမှာ တရုတ်နိုင်ငံက ငှက်ပျောတင်ကား အများအပြား ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အရင်က ငှက်ပျောကားပြေးဆွဲနေတဲ့…

    Read More »
Back to top button