သက်ငယ်မုဒိန်း
-
Dec- 2024 -10 Decemberသတင်း
အသက် ၂ နှစ်အရွယ်ကလေးငယ်ကို မုဒိမ်းမှုကျူးလွန်တဲ့ ကိုးကန့်အရာရှိကို သေဒဏ်စီရင်ပေးဖို့ ဒေသခံတွေတောင်းဆို
ရှမ်းမြောက် (ကြူကုတ်)ပန်ဆိုင်းမြို့မှာ အသက် ၂ နှစ်အရွယ် ကလေးငယ်ကို မုဒိမ်းကျင့်တဲ့ MNDAA အရာရှိကို သေဒဏ်ပေးဖို့ ဒေသခံတွေ တောင်းဆိုနေပါတယ်။ ပန်ဆိုင်းမြို့ ၊ ရပ်ကွက် ၇ မှာနေထိုင်သူ အသက် ၂ နှစ်အရွယ် သမီးငယ်ကို ကိုးကန့် (MNDAA )တပ်ဖွဲ့ အရာရှိတစ်ဦး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက် နေ့လည် ၁ နာရီဝန်းကျင် အိမ်စီးကားနဲ့ နေအိမ်ကနေလာခေါ်သွားပြီးနောက် တရုတ်နယ်စပ်ချောင်းဘေးတစ်နေရာမှာ မဒိမ်းကျင့်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ခဲ့တယ်လို့ ပန်ဆိုင်းဒေသခံအမျိုးသမီးတစ်ဦး ကချင်သတင်းဌာန KNG ကို အခုလိုပြောပါတယ်။ “နေ့လည် ၁ နာရီကတည်းက ကလေးကို ကားခေါ်စီးမယ်ဆိုပြီး ခေါ်သွားတာ မုန့်တွေ ဖျော်ရည်တွေလည်း ဝယ်ကျွေးတယ်တဲ့ ပြီးတော့ နယ်စပ်ချောင်းနားမှာ မဒိမ်းကျင့်ပြီး အိမ်ပြန်ခေါ်လာတာ။ ညနေ ၆ နာရီလောက်မှာ ကလေးအမေက သူ့ကလေးကို သွားပြန်ခေါ်တဲ့အချိန် ကလေးက နုံးနေပြီ။ ကလေးမိန်းမကိုယ်ကနေ သွေးတွေ တရပြွတ်ထွက်ပြီး အန်တဲ့အချိန်လည်း အမျိုးသားသုတ်ရည်တွေပါနေတဲ့ ကလေးအမေက ကိုးကန့်ကိုပြောတော့၊ ကိုးကန့်ဘက်က ဆေးရုံခေါ်သွားပေးတယ်၊ Rape case မလို့ ပန်ဆိုင်းမှာလက်မခံဘူး၊ လားရှိုးဆေးရုံကို ခေါ်သွားပေးတယ်။ ကလေးမိန်းမကိုယ်က အားလုံးစုတ်ပြဲသွားလို့ သုံးဆင့်ထပ်ပြီး ချူပ်ခဲ့ရတယ်လို့ပြောတယ်။”လို့ ပန်ဆိုင်းဒေသခံအမျိုးသမီးတစ်ဦး ပြောပါတယ်။ မုဒိမ်းပြုကျင့်ခံရသူ သမီးငယ်ဟာ အသက် ၂ နှစ် ၅ လအရွယ်သာရှိပြီး ပန်ဆိုင်းမြို့ဆေးရုံခေါ်သွားချိန် ကလေးကမေ့မျောနေပြီဖြစ်ကာ ပန်ဆိုင်းဆေးရုံမှာ လက်မခံတာကြောင့် ကိုးကန့်တပ်ဖွဲ့က လားရှိုးဆေးရုံကို ခေါ်သွားပေးတယ်လို့ ဆိုပါတယ်။ ဒေသခံတွေပြောချက်အရ မုဒိမ်းကျင့်ခံရတဲ့ ကလေးငယ်ရဲ့ ခါးနှစ်ဖက်မှာ လက်နဲ့ကိုင်ညစ်တဲ့ဒဏ်ရာအပြင် မိန်းမကိုယ်အင်္ဂါလည်း ဆိုးရွားစွာစုပ်ပြဲသွားတဲ့အတွက် သုံးဆင့်ထပ်ချူပ်လိုက်ရပြီး လားရှိုးမြို့ဆေးရုံမှာ ၃ ရက်ခန့်ဆေးကုသခံယူပြီးနောက် လက်ရှိ ပန်ဆိုင်းဆေးရုံမှာ ဆက်လက်ဆေးကုသနေတယ်လို့ ဆိုပါတယ်။ သက်ငယ်မုဒိမ်းပြစ်မှုကျူးလွန်သူဟာ ကိုးကန့် MNDAA တပ်ဖွဲ့ထဲက ကားဆရာ အသက် ၅၅ နှစ်အရွယ် ဦးရှောက်ချိဆိုသူဖြစ်ပြီး ဇနီး၊ သား၊သမီး၊မြေးတွေရှိတဲ့အပြင် MNDAA အရာရှိတစ်ဦးလည်းဖြစ်ပြီး ကလေးငယ်မိသားစုနေအိမ်နဲ့ အိမ်နီးချင်းကပ်ရပ်ဖြစ်တဲ့အပြင် ပုံမှန်ဝင်ထွက်လေ့ရှိကာ အချင်းချင်း ခင်မင်ရင်းနှီးကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကလေးငယ်ကိုကားလျှောက်ပတ်စီးဖို့ ခေါ်သွားတာဖြစ်ပြီး နေအိမ်ကနေ ၁ ဖာလုံလောက်အကွာရှိ တရုတ်နယ်စပ်ချောင်းဘေးမှာ မဒိမ်းကျင့်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ “ကလေးအမေက ကလေးကိုသွားခေါ်တဲ့အချိန် ကလေးအခြေအနေကြောင့် ထိတ်လန့်ပြီး ပြစ်မှုကျူးလွန်သူကို သွားပြောတယ်။ အဲဒီအချိန် အဲဒီပြစ်မှုကျူးလွန်တဲ့ကိုးကန့်အရာရှိက သူတာဝန်ယူမယ်လို့ပြောတယ်တဲ့။ ဒါပေမဲ့ ဘာမှတာဝန်မယူဘူးကလေးမိဘတွေက MNDAA တပ်ဖွဲ့ကို ပြန်တိုင်တယ်။ MNDAA က ကလေးမိခင်ကိုလည်း အိမ်မှာပဲနေဖို့ပြောပြီး ဆေးရုံကိုမလိုက်ခိုင်းဘူး။ ကလေးအဖေနဲ့ ကလေးကိုပဲ ဆေးရုံခေါ်သွားပေးတာဟုတ်တယ်။ ကလေးအမေက သူ့ကိုဆေးရုံလည်း မလိုက်ခိုင်းဘူးဆိုတော့ အချိန်ပြည့် ငိုပဲငိုပြီး ရွာက အမျိုးသမီးအဖွဲ့တွေကို ပြောပြမှ သိရတာဟုတ်တယ်။” လို့ ပန်ဆိုင်းအမျိုးသမီးကဆက်ပြောပြပါတယ်။ မုဒိမ်းမှုကျူးလွန်ခံရသူ ကလေးငယ်ဟာ လက်ရှိအနေအထားမှာ ကိုးကန့်တပ်သားတွေကို တွေ့ရင်လည်း ကြောက်ရွံ့ပြီး ငိုယိုတာတွေရှိတယ်လို့ ဆိုပါတယ်။ ကိုးကန့် MNDAA တပ်ဖွဲ့ ကလေးကို တာဝန်ယူပြီး ဆေးကုသပေးတာတွေလုပ်ပေးနေပေမဲ့ ဒီအမှုကို ပျောက်ကွယ်သွားအောင် ဖုံးဖိဖို့ကြိုးစားတာတွေလုပ်လာတာကြောင့် ဒေသခံအမျိုးသမီးအဖွဲ့တွေနဲ့ ရွာသားတွေ လူအင်အား ၂၀၀ (နှစ်ရာ) ဒီဇင်ဘာလ ၅ ရက်နေ့က ဆန္ဒပြလှုပ်ရှားခဲ့တာကြောင့် အမှုကျူးလွန်သူကို ကိုးကန့် MNDAA တပ်ဖွဲ့က တာဝန်ယူပြီး စုံစမ်းစစ်ဆေးနေပြီလို့ သူမကဆက်ပြောပါတယ်။ “အဲဒီပြစ်မှုကျူးလွန်သူကို သူ့တို့ကအစပိုင်းမှာ မဖမ်းဘူး။ ပြစ်မှုကျူးလွန်သူကို သူတို့က နေရာရွှေ့လိုက်မယ်၊ ထွက်ပြေးခိုင်းလိုက်မယ်ဆိုတဲ့ သတင်းတွေကြားတာနဲ့ ဒေသခံတွေ အမျိုးသမီးအဖွဲ့တွေ လူထုနဲ့ ဆန္ဒပြသွားပြောတော့မှ သူတို့က အခုလိုပြစ်မှုကျူးလွန်သူကို ပြန်စစ်ဆေးဖို့ ချူပ်နှောင်တာတွေ လုပ်လာတာ။ ကိုးကန့်က သတင်းလည်းဖုံးဖိလိုက်ဖို့ ကြိုးစားတယ်။ သတင်းမထွက်အောင်ကြိုးစားတယ်။ ဒေသခံတွေ လူထုနဲ့ အုံကြွပြီးဆန္ဒပြချိန်လည်း ဖုန်းတွေအားလုံးယူပြီး သက်သေတွေ၊ ပုံတွေ၊ဗီဒီယိုတွေ အကုန်ဖျက်ပေးလိုက်ကြတယ်။”လို့ ပန်ဆိုင်းဒေသခံအမျိုးသမီးက ပြောပါတယ်။ သက်ငယ်မုဒိမ်း ပြစ်မှုကျူးလွန်သူ ကိုးကန့်အရာရှိ ရှောက်ချီကတော့ ကိုးကန့်တပ်ဖွဲ့စစ်ဆေးတဲ့ချိန် သူမဟုတ်ကြောင်းငြင်းဆိုထားတယ်လို့သိရပြီး ကလေးရဲ့ ကိုယ်အင်္ဂါကို လက်နဲ့ခိုက်မိသွားတာလို့ လိမ်လည်ထွက်ဆိုတာရှိတယ်လို့ဆက်လက်သိရပါတယ်။ လက်ရှိမှာတော့ အမှုသက်သေအထောက်အထားတွေ စုစည်းပြီး ပြစ်မှုကျူးလွန်သူကိုလည်း စုံစမ်းစစ်ဆေးနေဆဲကာလဖြစ်ကာ တရားစီရင်ရေးနဲ့ စီရင်ချက်ချတာတွေတော့ မပြုလုပ်သေးတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာလည်း ပန်ဆိုင်းမြို့ရှိ မိဘမဲ့ဂေဟာကျောင်းလာဖွင့်တဲ့ တမူးဘက်က ချင်းအမျိုးသားတစ်ဦးက ကလေးတွေကို နှိပ်စက်ပြီး အဓမ္မပြုကျင့်တာတွေရှိခဲ့လို့ ဒေသခံအမျိုးသမီးအဖွဲ့နဲ့ ပြည်သူလူထုက ကိုးကန့် MNDAA ကိုတာဝန်ယူဖြေရှင်းပေးဖို့ အမှုအပ်ခဲ့တယ်လို့ သိရပါတယ်။ ကလေးငယ်ညှင်းပန်းနှိပ်စက်မှုနဲ့ သက်ငယ်မဒိမ်းမှုကျူးလွန်သူ အဲဒီချင်းအမျိုးသားကိုတော့ ကိုးကန့် MNDAA တပ်ဖွဲ့က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ လောက်ကိုင်မှာ ရာဇဝတ်မှုကျူးလွန်သူ ၂၁ ဦးကို သေဒဏ်စီရင်ခဲ့တဲ့ထဲ ပါဝင်စီရင်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒါကြောင့် ယခုမုဒိန်းမှုကျူးလွန်တဲ့ ကိုးကန့်အရာရှိကိုလည်း သေဒဏ်စီရင်ပေးဖို့ ကလေးမိဘ၊ ဒေသခံတွေနဲ့အမျိုးသမီးအဖွဲ့တွေက တောင်းဆိုနေကြပါတယ်။ “အမှုကျူးလွန်သူကို သေဒဏ်ပေးလိုက်မှ ဒီမှာရှိတဲ့ မိခင်တွေအားလုံးလည်း စိတ်အေးရမယ်။ စိတ်လုံခြုံမှုရမယ်။ သူသာအသက်ရှင်နေသရွေ့ ကလေးအတွက်လည်း အဆင်မပြေဘူး။ အားလုံးအတွက် စိတ်လုံခြုံမှုမရှိဘူး။”လို့ ပန်ဆိုင်းဒေသခံအမျိုးသမီးတစ်ဦး ဆက်ပြောပါတယ်။ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)…
Read More » -
May- 2024 -21 Mayသတင်း
မဂွမ်ရိမ်ဒူနော်အမှု တရားမျှတမှုရအောင်ဖြေရှင်းပေးမယ့် သက်ဆိုင်သူအားလုံးကိုစောင့်ကြည့်နေတယ်လို့ ပူတာအိုလူငယ်တွေပြော
ပူတာအိုမြို့မှာ သက်ငယ်မုဒိန်းမှုကျူးလွန်သူတွေကိုထိရောက်စွာ အရေးယူပေးဖို့ သက်ဆိုင်သူတွေကိုစောင့်ကြည့်နေမယ်လို့ ပူတာအိုလူငယ်တွေက ပြောပါတယ်။ မဂွမ်ရိမ်ဒူနော်ကို ရက်ရက်စက်စက်မုဒိန်းပြုကျင့်သတ်ဖြတ်ခဲ့သူ တရားခံတစ်ဦးဝန်ခံထားပြီဖြစ်ပြီး လက်ရှိမှာသက်ငယ်မဒိန်းမှုနဲ့ လူသတ်မှုပုဒ်မနှစ်ခုနဲ့ ခရိုင်အဆင့်စစ်ဆေးဖို့ ပြင်ဆင်နေပြီဖြစ်သလို ဒီပြစ်မှုနဲ့ပတ်သက်ဆက်နွယ်သူတွေကိုလည်း စုံစမ်းဖော်ထုတ်နေဆဲဖြစ်တယ်လို့ ဒေသခံလူငယ်တွေဆီကနေ သိရပါတယ်။ “မဒူနော်အမှုနဲ့ပတ်သက်ပြီး တရားခံကို လူသတ်မှုနဲ့ သက်ငယ်မဒိန်းမှု ဒီပုဒ်မ ၂ ခုနဲ့ ခရိုင်အဆင့် အမှုတည်ဆောက်ထားပြီသိရတယ်။ ဒါနဲ့ပတ်သက်ပြီး ခရိုင်က အကြီးဆုံး တရားသူကြီးလည်း ရောက်နေပြီလို့ ပြောတယ်။ အခုက မျက်မြင်သက်သေတွေကိုလည်း စုံစမ်းစစ်ဆေး ဖော်ထုတ်နေဆဲဖြစ်တယ်။” လို့ ပူတာအို ဒေသခံတစ်ဦးကပြောပါတယ်။ မုဒိန်းမှုကျူးလွန်သူကို တရားစီရင်ပေးဖို့၊ သေမိန့်ချပေးဖို့ဆိုပြီး ပြည်သူ့စစ်နဲ့ရဲတွေကို ပြောဆိုထားတာတွေရှိပေမဲ့ မေလ ၂၀ ရက်နေ့အထိတော့ ဒီအမှုဟာတရားရုံးထဲမရောက်ရှိသေးပဲ အမှုထဲပါဝင်ဆက်နွယ်သူတွေ၊ မျက်မြင်သက်သေတွေကို စုံစမ်းဖော်ထုတ်နေဆဲ အခြေအနေမှာရှိနေတယ်လို့ သိရပါတယ်။ ဒေသခံတွေကတော့ ဒီအမှုကို တရားမျှတမှုရအောင် ဖြေရှင်းပေးဖို့ ဆန္ဒရှိနေပြီး အမှုဖြေရှင်းပေးမဲ့ သက်ဆိုင်သူတွေစောင့်ကြည့်နေတယ်လို့ ပြောဆိုပါတယ်။ “ဟိုတစ်နှစ်က စစ်တပ်ကို ဆန့်ကျင်လို့ ပူတာအိုက ဒေသခံလူငယ်တွေကို ဖမ်းဆီးတုန်းကဆိုရင် လက်ထိပ်ခတ်တာတွေထိလုပ်ပြီး အခု ဒီမုဒိန်းကောင်ကို ဖမ်းထားရာမှာတော့ ဘာရိုက်နှက်တာတွေလည်း မရှိဘူး။ အပျော်ပဲ အချုပ်ထဲမှာရှိနေတာ။ ဘာဒဏ်ရာဒဏ်ချက်မှ မရှိဘူး။ လက်ထိပ်ခတ်တာလည်း မရှိဘူး။ ဒါကြောင့် ဒေသခံတွေ အရမ်းစိတ်တိုနေတယ်။ ဒါက ဒေသခံတွေကို စော်ကားတာနဲ့အတူတူပဲ။ ရဝမ်ရိုးရာလူကြီးတွေလည်း ဒီအမှုကို တရားမျှမျှတတ လုပ်ဆောင်မလား၊ မလုပ်ဘူးလားဆိုတာကို စောင့်ကြည့်နေမယ်။ ဒီရဲတွေကို စောင့်ကြည့်နေတယ်။ ကောင်းကောင်းမလုပ်ကြည့်ဆိုပြီး အားလုံးက ကျိန်းဝါးနေကြတယ်။” လို့ နောက်ထပ် ပူတာအိုဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်က အသက် ၁၅ နှစ်အရွယ် မဂွမ်ရိန်ဒူနော်ဟာ မိခင်ဖြစ်သူနဲ့အတူ မုန်ညှင်းဆီသွားကြိတ်ရာ မိခင်ဖြစ်သူက မုန်ညှင်းဆီကြိတ်တဲ့နေရာမှာနေခဲ့ပြီး သူမတစ်ယောက်တည်း နေအိမ်ကိုပြန်လာချိန် လူပြတ်တဲ့လမ်းခုလတ် သက်ကယ်တောတစ်နေရာမှာ မုဒိန်းကျင့်သတ်ဖြတ်ခံလိုက်ရတာဖြစ်ပါတယ်။ အဲဒီနောက် မေလ ၁၂ ရက်နေ့မှာတော့ ပြစ်မှုကျူးလွန်သူကို ဒေသခံလူငယ်တွေနဲ့ ရဝမ်ရိုးရာအဖွဲ့တွေ ခြေရာခံဖမ်းဆီးမိခဲ့ပြီး ရဲလက်ထဲချက်ချင်းအပ်ခဲ့တယ်လို့ ပြောပါတယ်။ မဂွမ်ရိန်ဒူနော်ကို မုဒိန်းကျင့်သတ်ဖြတ်သွားတဲ့သူဟာ အသက် ၂၄ နှစ်ဝန်းကျင်ရှိ ကိုကျော်သူရကို ဆိုသူဖြစ်ပြီး မန္တလေးကနေ ပူတာအိုမှာ စတီးသံပန်းနဲ့ပရိဘောဂဆိုင်မှာ အလုပ်လာရောက်လုပ်ကိုင်နေသူဖြစ်တယ်လို့ ပူတာအိုဒေသခံတွေက ပြောပါတယ်။ အဲဒီပြစ်မှုကျူးလွန်သူဟာ သေဆုံးသွားသူ မိန်းကလေးရဲ့ဖုန်းကို ဖုန်းဆိုင်တစ်ဆိုင်မှာ ရောင်းထားရာကနေ ဒေသခံတွေခြေရာခံမိသွားတာဖြစ်ပြီး သူရဲ့ဆိုင်ကယ်ခြေနင်းခုံမှာလည်း သွေးတွေပေနေတာ တွေ့ခဲ့တယ်လို့ ပြောပါတယ်။ ဒါကြောင့် မေလ ၁၂ ရက်နေ့မှာ ရှာတွေ့တဲ့ပြစ်မှုကျူးလွန်သူနဲ့အတူနေနေတဲ့ အမျိုးသားတွေကိုလည်း ရဲစခန်းကို ပို့ထားတာဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူရဲ့ပြောဆိုချက်အရ ဒီပြစ်မှုကို သူတစ်ယောက်တည်းသာ ကျူးလွန်ခဲ့ကြောင်း ထွက်ဆိုခဲ့ပေမဲ့ အမှုခင်းနေရာနဲ့ သေဆုံးသူရဲ့အခြေအနေကို ကြည့်ခြင်းအားဖြင့် လူတစ်ဦးတစ်ယောက်တည်း ကျူးလွန်ခဲ့တဲ့အခြေအနေမပေါ်လွင်တာကြောင့် အမှုဆက်လက်ဖော်ထုတ်ဖို့ လိုအပ်တယ်လို့ ရဝမ်လူငယ်ခေါင်းဆောင်တွေဘက်က ပြောဆိုပါတယ်။ မေလ ၁၃ ရက်နေ့မှာတော့ ပြစ်မှုကျူးလွန်သူကို ထိရောက်စွာ အရေးယူပေးရေးအပြင် ပူတာအိုမှာသက်ငယ်မုဒိန်းပပျောက်ရေးနဲ့ အမျိုးသမီးတွေဘေးကင်းလုံခြုံရေးအတွက် ဒေသခံလူဦးရေ ၅,၀၀၀ ခန့် လမ်းမပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ပြည်သူ့စစ်ဘက်ကလည်း အင်အား ၁၀၀ ခန့်နဲ့ လုံခြုံရေးယူပေးခဲ့ပါတယ်။ ပူတာအိုလိုနေရာမျိုးမှာ ဒေသခံတွေသီးသန့်နေခဲ့တဲ့အချိန်က အခုလိုမုဒိန်းမှုဖြစ်ရပ်တွေမရှိခဲ့ပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက် ရွှေ့ပြောင်းအလုပ်သမားတွေ ပေါ်များလာပြီးနောက် အခုလို မုဒိန်းမှုတွေများပြားလာတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ဒီအကြိမ်ဟာ မိန်းကလေးငယ်ကို ရက်ရက်စက်စက် မုဒိန်းကျင့်ထားတယ်။ ခြေထောက်တွေလည်း ရိုက်ချိုးထားတယ်။ လည်ပင်းမှာ ကြိုးတုတ်ရာတွေနဲ့ သနားစရာလေး။ ရက်ရက်စက်စက် သတ်ဖြတ်ထားတာ ဟုတ်တယ်။ ဒီအကြိမ်က လုံး၀ ယူကျူံးမရ ခံစားကြရတာဖြစ်တယ်။ အရှေ့တစ်ခေါက်တွေမှာလည်း သက်ငယ်မုဒိမ်းအမှုတွေရှိတယ်။ ဒါပေမဲ့ ထောင်ချတယ် ဒီလောက်နဲ့ ပြီးစီးတယ်။ ဒေသခံတွေပဲ သီးသန့်နေခဲ့ချိန်က ဒီလိုဖြစ်ရပ်မျိုးတွေမရှိခဲ့ဘူး။” လို့ ပူတာအိုဒေသခံလူငယ်တစ်ဦးက ဆက်ပြောပါတယ်။ ပူတာအိုမှာ သက်ငယ်မုဒိန်းမှုဆက်တိုက်ဖြစ်လာနေပြီး ရှေ့တစ်ခေါက်တွေမှာလည်း တရားခံတွေကို ထောင်ဒဏ်ချခဲ့တာတွေရှိပါတယ်။ ဒါပေမဲ့ အခုတစ်ကြိမ်ရဲ့ဖြစ်စဉ်ဟာ ပူတာအိုမှာ ပထမဆုံး ရက်စက်စွာ သတ်ဖြတ်မှုနဲ့ မုဒိန်းပြုကျင့်မှုလုပ်ရပ်ဖြစ်ခဲ့ပါတယ်။ လက်ရှိ ပူတာအိုမှာ စစ်ရေးအခြေအနေအရ ကားလမ်းပိတ်ထားတာကြောင့် ထွက်စရာလမ်းမရှိ၊ ပြန်စရာလမ်းမရှိဘဲ ပူတာအိုမှာပိတ်မိပြီး အလုပ်အကိုင်မရှိသူတွေများစွာရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ By – ဂျာဘောက်ရာ
Read More »