သုံး ကြိမ်တိုင် မီးရှို့ဖျက်ဆီးခံရသည့် နတ်ချောင်းရွာတွင် ဒုက္ခသည် ၅ ထောင်နီးပါး ရှိလာ

စစ်ကိုင်းတိုင်း ကလေးမြို့ နယ်ရှိ နတ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က ၃ ကြိမ်တိုင် မီးရှို့ဖျက်ဆီးခဲ့သောကြောင့် လက်ရှိ အိုးအိမ် စွန့်ခွာနေသည့်ဒုက္ခသည် ၅ ထောင်နီးပါးရှိကြောင်း နတ်ချောင်းရွာ ဒေသခံများထံမှ သိရသည်။ နတ်ချောင်းကျေးရွာသည် ၂၀၂၁ ဒီဇင်ဘာလကစတင်ကာ ဧပြီလ ၁၀ ရက်နေ့အထိ သုံးကြိမ်တိုင် မီးရှို့ခံရပြီး ဖြစ်ပြီး ပထမအကြိမ်တွင် လူနေအိမ် ၄၃လုံး၊ ဒုတိယအကြိမ်တွင် ၇၈ လုံးနှင့် ယမန်နေ့က နေအိမ်အလုံး ၉၀ စုစုပေါင်း