သတင်း

သုံး ကြိမ်တိုင် မီးရှို့ဖျက်ဆီးခံရသည့် နတ်ချောင်းရွာတွင် ဒုက္ခသည် ၅ ထောင်နီးပါး ရှိလာ

စစ်ကိုင်းတိုင်း ကလေးမြို့ နယ်ရှိ နတ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က ၃ ကြိမ်တိုင် မီးရှို့ဖျက်ဆီးခဲ့သောကြောင့် လက်ရှိ အိုးအိမ် စွန့်ခွာနေသည့်ဒုက္ခသည် ၅ ထောင်နီးပါးရှိကြောင်း နတ်ချောင်းရွာ ဒေသခံများထံမှ သိရသည်။

နတ်ချောင်းကျေးရွာသည် ၂၀၂၁ ဒီဇင်ဘာလကစတင်ကာ ဧပြီလ ၁၀ ရက်နေ့အထိ သုံးကြိမ်တိုင် မီးရှို့ခံရပြီး ဖြစ်ပြီး ပထမအကြိမ်တွင် လူနေအိမ် ၄၃လုံး၊ ဒုတိယအကြိမ်တွင် ၇၈ လုံးနှင့် ယမန်နေ့က နေအိမ်အလုံး ၉၀ စုစုပေါင်း နေအိမ်၂၁၁ လုံး အထိ မီရှို့ဖျက်ဆီးခံလိုက်ရပြီဖြစ်ကြောင်း ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အခုတိမ်း ရှောင်နေရတာကတော့ တစ်ရွာလုံးလိုပါပဲ။ လက်ရှိကတော့သူတို့ကို ဒုက္ခည်စခန်းထိုးပေးထားတယ်။ စခန်းထိုးပေးတာက အားလုံး ၃ ထောင်ကျော်တယ်ဗျ။ တစ်ချို့က လယ်ခင်းယာခင်းနဲ့တောထဲမှာ တိမ်းရှောင်နေကြတယ်။ အားလုံးဆိုရင် ငါးထောင်နီးပါးလောက်ရှိမယ်” ဟုယင်းဒုက္ခသည်များကို ကူညီဆောင်ရွက်ပေးနေသူက ပြောသည်။

နတ်ချောင်းကျေးရွာသည် အိမ်ခြေနှစ်ထောင်ကျော်ရှိသည့် ကျေးရွာဖြစ်ပြီး လတ်တလော မီးဘေးသင့် ပြည်သူ နှင့် ဒုက္ခသည် ၅ ထောင်နီးပါးရှိနေပြီး ၎င်းတို့အတွက် အကူအညီလိုအပ်နေကြောင်းလည်း သိရသည်။

“သူတို့အတွက်အဓိကတော့ ဆန်ဆီဆားတွေလိုတယ် ပြီးတော့ မိုးကာလိုတယ်အခုဆိုရင် မိုးကာ အခက်အခဲ ဖြစ်နေတယ်။ ရွာထဲမှာမနေပဲတောင်ပေါ်တက်နေရတာဆိုတော့ တဲကတော့ဝါးတွေခုတ်ပြီး ထိုးပေးတာမိုးကာကတော့ ဝယ်ရတာ စျေးကလည်းကြီးဆိုတော့ အခက်အခဖြစ်နေတယ် အားလုံးကမဝယ်နိုင်ဘူး။ ဒုက္ခဆင်းရဲကတော့ခံရတာပေါ့”ဟု ယင်း ဒုက္ခသည်များ ကိုကူညီပေးနေသည့်အမျိုးသားတစ်ဦးက ပြောသည်။

နတ်ချောင်း ကျေးရွာကိုအကြိမ်ကြိမ် မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီစစ်ကြောင်းသည် အင်အား ၂၀၀ ခန့်ရှိပြီး ယင်း တပ်ရင်းတစ်ခုတည်းကပင် အကြိမ်ကြိမ်မီးရှို့နေကြောင်း ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

“နတ်ချောင်းကို မီးရှို့နေတဲ့တပ်ရင်းကတူမယ်လို့ထင်တယ်ဗျ။ အရင်ရှို့နေတဲ့ အဖွဲ့ကပဲ ထပ်ရှို့တယ်လို့မြင်တယ်။ ဘာလို့ဆိုရင် တချို့အိမ်တွေမှာကျတော့ ပထမတုန်းကသ ိမ်းယူသွားတဲ့ပစ္စည်းကို နောက်တစ်ခေါက်မှာ ပြန်ထားခဲ့တာတွေရှိတယ် ပထမခေါက်ယူသွားတဲ့ပစည်းတွေ တချို့အိမ်တွေမှာ ပြန်တွေ့ရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် နတ်ချောင်းကျေးရွာအတွင်းမှ လူနေအိမ်များကို မီးရှို့ဖျက်ဆီးနေသည့်အပင် စပါးကျီများကို မီးရှို့ခြင်း၊ အိမ်မွေးတိရိစ္ဆာများ သတ်ဖြတ်ခြင်းများ ပြုလုပ်နေခြင်းကြောင်း ဒေသခံများဆုံးရှုံးနစ်နာဆုံးရှူံးမှု ပိုများနေသည်။

ယခုကဲ့သို့ နတ်ချောင်းကျေးရွာတွင် ထပ်ခါ ထပ်ခါ မီးရှိူ့ခံရမှုနှင့်ပတ်သက်၍ ဒေသခံတစ်ဦးက ယခုကဲ့သို့ သုံးသပ် ပြောဆိုသည်။

“တိုက်ပွဲတော်တော်များများက နတ်ချောင်း ရွာနားမှာဖြစ်တာများတယ် ပြီးတော့စစ်ကိုင်းတိုင်း ချင်းပြည်နယ်နဲ့လည်း နီးတော့ ဒီဝန်းကျင်မှာက ချင်းအမျိုးသား လက်နက်ကိုင်တွေ တခြားအဖွဲ့တွေ လည်းတော်တော်လည်းများတယ်။ ဒီနားဝန်းကျင်မှာက အဲ့ကြောင့်ဘယ်အဖွဲ့က ပဲ တိုက်တိုက်နတ်ချောင်းရွာက ပဲထင်နေတာ။ အဲ့ဒါကြောင့်ထင်တယ်”ဟုဒေသခံတစ်ဦးကပြောသည်။

နတ်ချောင်းကျေးရွာတွင်းတွင် စစ်ကြောင်းထိုးလာပါက အရပ်သားပြည်သူ ဖမ်းဆီးခံရမှုနှင့် သတ်ဖြတ်ခံရမှု မကြာခဏရှိခဲ့ပြီး ဧပြီ ၁၀ ရက်နေ့တွင်လည်း အမျိုးသား ၄ ဦး ဖမ်းဆီးခေါ်ဆောင်သွားရာ ၂ဦး သတ်ဖြတ်ခံလိုက်ရကြောင်း သိရသည်။

Data for Myanmar၏ ဖော်ပြချက်အရ ဖေဖော်ဝါရီလ ၁ရက်နေ့မှ မတ်လ ၃၁ရက်နေ့ထိ တစ်နိုင်ငံလုံး မီးရှို့ခံရသည့် နေအိမ်ပေါင်း ၇၉၇၃ အိမ်ထိရှိရာ စစ်ကိုင်းတိုင်းသည် အိမ်ခြေ ၄၉၅၄ အိမ်ပါဝင်သည်။

Show More

Related Articles

Back to top button