ကာမိုင်း ပြည်သူ့စစ်အဖွဲ့တစ်ဦး ပစ်သတ်ခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကားမိုင်မြို့တွင် ယနေ့နံနက်ပိုင်း ၈နာရီဝန်းကျင်တွင် စစ်ကောင်စီလက်အောက်ခံ ကားမိုင်းဌာနေ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦး သေနတ်ပစ်သတ်ခံလိုက်ရကြောင်း သတင်းရရှိပါသည်။ ပစ်သတ်ခံရသူမှာ အသက် ၅၈နှစ်အရွယ်ရှိ ဦးဇော်ဌေး ခေါ်သူဖြစ်ပြီး ကားမိုင်းမြို့မရပ်ကွက်ရှိ မြန္ဒာလက်ဖက်ရည်ဆိုင်အတွင်း ထိုင်နေစဉ် ဆိုင်ကယ် မောင်နင်းလာသော လူ ၂ဦးက ဝင်ရောက်ပစ်သတ်သွားသည်ဟု ကားမိုင်းဒေသခံတစ်ဦးက KNG သတင်းဌာနကို အတည်ပြုပြောဆိုသည်။ “သူက ပြည်သူ့စစ်အဖွဲ့တစ်ဦးဖြစ်တယ်။ ဆိုင်ကယ်နဲ့ လူ ၂ယောက်ဝင်ပစ်သွားတယ်လို့ပြောပါတယ်။ သူထိုင်နေတဲ့ နေရာကနေ