အကူအညီလိုအပ်

  • Apr- 2026 -
    3 April
    သတင်း

    နမ္မတီးမှာ မိုးသက်လေပြင်းကျလို့ စစ်ရှောင်စခန်းအများပိုင်းထိခိုက်ပျက်စီး၊ ကူညီမှုလိုအပ်နေ

    ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့မှာ မိုးသက်လေပြင်းကြောင့် စစ်ဘေးရှောင်စခန်းတွေနဲ့ ဒေသခံနေအိမ်အများအပြားထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧပြီလ ၁ ရက်နေ့ ညနေပိုင်း ၆ နာရီလောက်မှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းကျရောက်ခဲ့တာကြောင့် နမ္မတီးမြို့၊ ရပ်ကွက်တစ်ချို့နေအိမ်ထိခိုက်ခဲ့တဲ့အပြင် စစ်ဘေးရှောင်စခန်းမှာလည်း အဆောင်တွေများစွာပျက်စီးခဲ့တယ်လို့…

    Read More »
  • Mar- 2026 -
    25 March
    သတင်း

    နေရပ်ပြန် နမ်ဆာရွာပြည်သူတွေအတွက် ကူညီထောက်ပံ့မှုလိုအပ်နေ

    ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ နမ်ဆာကျေးရွာက နေရပ်ပြန်ပြည်သူတွေအတွက် နေရာထိုင်ခင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံတွေဆီကနေ သိရပါတယ်။ နမ်ဆာကျေးရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကရောက်ရှိလာကြတဲ့ အိမ်ခြေ ၅၀ ကျော်နဲ့ မတ်လ ၁၈ရက်နေ့ ပြန်လည်ရောက်ရှိလာကြတဲ့ အိမ်ခြေ ၂၁ အိမ်၊ စုစုပေါင်း အိမ်ခြေ ၇၀ ကျော်နဲ့ လူဦးရေ ၃၀၀ ဝန်းကျင်ပြန်လည်ရောက်ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဆယ်စုနှစ်ကျော်စွန့်ခွာခဲ့ရတဲ့ ရွာဖြစ်တာကြောင့် နေအိမ်တွေ အကုန်ပျက်စီး ယိုယွင်းသွားခဲ့ပြီဖြစ်တဲ့အတွက် နေအိမ်တွေပြန်ဆောက်ဖို့ သွပ်၊ မိုးကာ အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင် တာဝန်ခံတစ်ဦး KNG ကို ခုလိုပြောပြပါတယ်။ “တဲအိမ်တွေဆောက်တဲ့နေရာမှာတော့ ကျွန်တော်တို့တောရွာမှာက သစ်၊ ဝါးတွေက အဆင်ပြေသလို ခုတ်ယူလို့ရတယ် ပိုက်ဆံပေးစရာမလိုဘူး ။ ဒါပေမယ့်လည်း အမိုးအတွက် သွပ်မရရင်တောင် ပလပ်စတစ် မိုးကာတွေ ကူညီပေးဖို့ တောင်းဆိုချင်တာပေါ”လို့ဆိုပါတယ်။ လက်ရှိ ကျေးရွာထဲပြန်လည်ရောက်ရှိလာတဲ့သူတွေထဲမှာ မသန်စွမ်းဖြစ်နေတဲ့ သက်ကြီးရွယ်အို ၅ ဦး၊ နို့တိုက်အရွယ် မိခင်နဲ့ကလေး ၄ ဦး နဲ့  စာသင်အရွယ်ကလေးသူငယ် ၇၀ ဝန်းကျင်ထိရှိတယ်လို့သိရပါတယ်။ ဒါပေမယ့် လက်ရှိနမ်ဆာကျေးရွာမှာနေရပ်ပြန်နေတဲ့ကျေးရွာဖြစ်ပြီး ဆေးပေးခန်း၊ ဆေးရုံတွေမရှိတဲ့သေးတဲ့အတွက် နေရပ်ပြန်ပြည်သူတွေဟာ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း လိုအပ်နေတယ်လို့ ဆက်ပြောပါတယ်။ “တောင်ပေါ်ပြန်ရောက်တော့ ဆေးခန်းတွေမရှိတဲ့အတွက် သူတို့အတွက်  စိုးရိမ်တာတွေလည်း ရှိတာပေါ့။ ဒါပေမယ့်လည်း သက်ဆိုင်တဲ့ တာဝန်ရှိသူတွေအနေနဲ့ အချိန်မှီ လုပ်ဆောင်ပေးမယ်လို့တော့ သူတို့ မျှော်လင့်နေကြတာပေါ့”လို့ စစ်ရှောင်တာဝန်ခံက ပြောပါတယ်။ နမ်ဆာကျေးရွာပြည်သူတွေဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်တစ်ကြော့ပြန် တိုက်ပွဲဖြစ်ကတည်းကနေ   မန့်ဝိန်းကြီးမြို့နယ်ခွဲ အင်ဘာပါကျေးရွာအနီး လနားဇွပ်ဂျာစစ်ဘေးရှောင်စခန်းမှာ တိမ်းရှောင်နေခဲ့တာ ဖြစ်ပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီကစပြီး နေရပ်ပြန်နေကြပြီဖြစ်ပါတယ်။…

    Read More »
  • Jul- 2025 -
    30 July
    သတင်း

    ရွာလုံးကျွတ် ရေထဲမျောပါသွားတဲ့ ထလာထုရွာပြည်သူများအတွက် အကူအညီလိုအပ်နေ

    ကချင်ပြည်နယ် ၊ပူတာအိုခရိုင် နောင်မွန်မြို့နယ်ထဲက ရေဘေးသင့်ခဲ့တဲ့ ထလာထုကျေးရွာနေပြည်သူတွေဟာ နောင်မွန်မြို့ပေါ်ကို ရွှေ့ပြောင်းလာကြပြီး အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။ အိမ်ခြေ ၁၄ အိမ်ရှိတဲ့ ထလာထု ကျေးရွာမှာ ဇွန်လ ပထမပတ်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိမ်ခြေအားလုံး ရေစီးထဲမျောပါသွားခဲ့တာဖြစ်ပြီး အဲ့ဒီရေဘေးသင့်ပြည်သူတွေဟာလက်ရှိနောင်မွန်မြို့ပေါ်ကိုပြောင်းရွေ့နေထိုင်လာကြတာကြောင့် အကူအညီတွေလိုအပ်နေတာလို့…

    Read More »
  • Jan- 2025 -
    14 January
    သတင်း

    ဝိုင်းမောင် နောင်းချိန်း စစ်ရှောင်များ အနွေးထည်နဲ့ စောင်မလုံလောက်ဘဲ ဆောင်းအအေးဒဏ်ကို ကျော်ဖြတ်နေရ

    ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာနဲ့ လဘန်ကထောင်ကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူတွေဟာ လက်ရှိ ဆောင်းရာသီအအေးဒဏ်ကို စောင်နဲ့ အနွေးထည်လုံလောက်မှုမရှိဘဲ ဖြတ်သန်းနေရတဲ့အတွက် အကူညီလိုအပ်နေပါတယ်။ ၂၀၂၄ တစ်နှစ်တာမှာ တိုက်ပွဲ၊ ရေဘေးဒဏ်ကြုံတွေ့ခဲ့ရပြီးနောက် ဆောင်းအအေးဒဏ်တွေကြား လက်ရှိချိန် အနွေးထည်တွေနဲ့ စောင်လုံလောက်မှု မရှိတဲ့အကြောင်း စစ်ရှောင်အမျိုးသမီးတစ်ဦးက KNG ကို ပြောဆိုပါတယ်။ “ကျမတို့က…

    Read More »
  • Sep- 2024 -
    18 September
    သတင်း

    ဆိုင်းတောင် စစ်ဘေးရှောင် ၄ ထောင်ကျော်အတွက် အကူအညီလိုအပ်နေ

    ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄ ထောင်ကျော်အတွက် အစားသောက်ဆေးဝါးနဲ့သောက်သုံးရေ အဓိကလိုအပ်နေတယ်လို့ ဖားကန့်ဒေသခံတွေပြောပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့နောက်ပိုင်း စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြားပြင်းထန်နေတဲ့ တိုက်ပွဲကြောင့် ဒေသခံပြည်သူတွေဟာ နေ့တိုင်းလိုလို ရွာကနေစွန့်ခွာပြီး ဖားကန့်မြို့ဘုန်းကြီးကျောင်းနေရာ၊ဘာသာရေးကျောင်းတွေအပြင်…

    Read More »
  • Jul- 2024 -
    22 July
    သတင်း

    အောင်မြေ ၂ စစ်ရှောင်များ ကိုယ်ထူကိုယ်ထဆောက်ထားတဲ့ ကျောင်းဆောင်ပျက်စီးသွားလို့ အကူအညီလိုအပ်နေ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အောင်မြေ ၂ စစ်ဘေးရှောင်များ ကိုယ်ထူကိုယ်ထဖွင့်ထားတဲ့ စာသင်ကျောင်းဆောင်ပျက်စီးသွားတဲ့အတွက် အကူညီလိုအပ်နေတယ်လို့ အောင်မြေ ၂ စစ်ရှောင်စခန်းပညာရေးတာဝန်ခံ အမျိုးသမီးတစ်ဦး ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်းပိုင်း မြစ်ကြီးနားမြို့နယ်နဲ့ ဝိုင်းမော်မြို့နယ်တွေ ဧရာဝတီမြစ်ရေကြီးရေလျှံမှုကြောင့် အောင်မြေ ၂ စစ်ရှောင်စခန်း ကိုယ်ထူကိုယ်ထဖွင့်ထားတဲ့ စာသင်ဆောင် ၄ ဆောင်ထဲက စာသင်ဆောင် ၂ ဆောင်ပျက်စီးသွားခဲ့တယ်လို့ အောင်မြေ ၂ စစ်ရှောင်စခန်းပညာရေးတာဝန်ခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။ “ကျောင်းသုံးပစ္စည်းတွေအကုန်ပျက်စီးသွားတယ် သုံးလို့မရတော့ဘူးပေါ့ အရင်ကတည်းကနေခက်ခဲနေတဲ့ကြားက မိဘပြည်သူတွေစုပေါင်းလုပ်ထားတဲ့အဆောင်တွေ ပျက်စီးသွားတော့ နောက်တစ်ခေါက်ပြန်ဆောက်ဖို့ခက်ခဲနေတာပေါ့”လို့ သူမကပြောပါတယ်။ ရေဘေးကြောင့် ပျက်စီးသွားတဲ့ ကျောင်းဆောင်ပြန်ပြီးတည်ဆောက်နိုင်ဖို့ ငွေကြေးအကူအညီလိုအပ်နေသလို တစ်ဖက်မှာလည်း ကလေးသူငယ်တွေရဲ့ ဖတ်စာအုပ်၊ရေးစာအုပ်၊လွယ်အိတ် အများအပြားပျက်စီးသွားတဲ့အတွက် ကျောင်းသုံးကိရိယာအမျိုးမျိုးကူညီတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ဆိုပါတယ်။ အောင်မြင် ၂ စစ်ရှောင်စခန်းက ပျက်စီးသွားတဲ့ စာသင်ကျောင်းဆောင်မှာတက်ရောက်နေကြတဲ့ ကျောင်းသား၊သူ စုစုပေါင်း ၆၀ ကျော်ရှိတယ်လို့ သိရပြီး  ဒုတိယတန်းအထက် ကလေးသူငယ်တွေဟာ လဘန်ကျေးရွာမှာဖွင့်ထားတဲ့ နီးစပ်ရာစာသင်ကျောင်းတွေမှာတက်ရောက်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဝိုင်းမော်မြို့နယ်  ဝူယန်ရွာကနေ ဒိန်ဂျာယန်ကျေးရွာဘက်ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ရှောင်စခန်းမှာလည်း ကျောင်းနေမယ့်အရွယ် ကလေးသူငယ် ၃၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ဒီကလေးသူငယ်တွေဟာ ဒိန်ဂျာယန်ကျေးရွာ အလယ်တန်းကျောင်းမှာတက်နေကြတာဖြစ်ပေမယ့် ဇွန်လကနေ ကျောင်းပိတ်လိုက်တဲ့အတွက် မိဘတွေအနေနဲ့ သားသမီးပညာရေးအတွက် စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ “ကျွန်တော်တို့စစ်ရှောင်က ကလေးတွေကလည်းကျောင်းတက်ချင်တဲ့အတွက် မိဘတွေအားလုံးကလည်း လိုအပ်တာတွေဝယ်ဖို့ကို လုပ်ဖို့ ပိုက်ဆံတွေလည်း ဝိုင်းထည့်ကြတာပေါ့ အဲဒီနေ့ပြီးတာနဲ့ နောက်တစ်နေ့ဆိုကျောင်းကပြန်ပိတ်သွားတာပေါ့”လို့  ဝူယန်စစ်ရှောင်စခန်းက တာဝန်ခံတစ်ဦးကပြောပါတယ်။ လက်ရှိအချိန်ထိလည်း စာသင်ကျောင်းကိုပိတ်ထားပြီး ပြန်ဖွင့်မယ့်အချိန်တိတိကျကျ မသိတဲ့အတွက် ဝူယန်စစ်ရှောင်များ ကလေးပညာရေးအတွက် ဒိန်ဂျာယန်ကျေးရွာကနေ လဘန်ကျေးရွာဘက် တစ်ဖန်ပြောင်းရွေ့ဖို့ပြင်ဆင်နေကြပြီဖြစ်တယ် ဝူယန်စစ်ရှောင်တာဝန်ခံဆီကနေသိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ KIA စစ်ဆင်ရေးစတင်လာတဲ့နောက်ပိုင်း ဝိုင်းမော်မြို့နယ်ထဲမှာ နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အတွက် ကျေးရွာ ၂၀ ရွာ ထက်မနည်းထွက်ပြေးတိမ်းရှောင်စစ်ဘေးရှောင်တွေဟာ နေရာဒေသအသီးသီးမှာ စစ်ရှောင်နေကြတာဖြစ်ပါတယ်။ စစ်ရှောင်ပြည်သူတွေ ကျေးရွာတွေကို စွန်ခွာပြီးထွက်ပြေးတိမ်းရှောင်လာတာဟာ  ၅လဝန်းကျင်ထိကြာမြင့်လာပြီဖြစ်ပြီး တစ်ဖက်မှာလည်း စစ်ဘေးကနေ ရေဘေးသင့်ဘဝကြုံတွေ့ခဲဲ့ကြလို့ အဖက်ဖက်ကနေ ခက်ခဲနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဝိုင်းမော်မြို့နယ်မှာ KIA /KPDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်တို့အကြား စစ်ရေးတင်းမာနေတာဆဲဖြစ်တာကြောင့် ဒေသခံတွေ နေရပ်ပြန်လို့မရသေးတဲ့အခြေနေမှာရှိနေတာလည်း ဖြစ် ပါတယ်။ By – Hope

    Read More »
  • 5 July
    သတင်း

    ဗန်းမော်မှာ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်ထက် ၄ ပေကျော်မြင့်တက်နေပြီး သောက်သုံးရေအကူညီလိုအပ်နေ

    ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေအမှတ်အထက် ဆက်လက်မြင့်တက်နေပြီးတော့ ရေဘေးပြည်သူတွေအတွက် သောက်သုံးရေအကူညီအဓိကလိုအပ်နေတယ်လို့ ဒေသခံတွေနဲ့လူမှုကူညီရေးအသင်းတွေကပြောပါ တယ်။ ဒီကနေ့ မနက်ပိုင်း ၇ နာရီခွဲတိုင်းထွာချက်အရတော့ ဗန်းမော်မြို့ရဲ့ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေအမှတ်အထက် ၄ ပေကျော်(၁၂၈ စင်တီမီတာ) ရောက်ရှိနေပြီးတော့ နောက်တစ်ရက်အတွင်း ပေဝက်လောက် ဆက်လက်မြင့်တက်နိုင်တယ်လို့ မိုး/ဇလက ထုတ်ပြန်ထားပါတယ်။ လက်ရှိဗန်းမော်မြို့နယ်ထဲက မြေနိမ့်ပိုင်းရပ်ကွက် ၅ ခုလောက်က အိမ်တစ်လုံးစာလောက်ရေနစ်မြုပ်နေပြီ ဖြစ်ပြီးတော့ ပိတ်မိသူတွေလည်းရှိသလို ကူညီကယ်ဆယ်ရေးတွေဆက်တိုက်လုပ်နေရတဲ့အခြေနေလို့ မိုးစက်ပွင့်လူမှုကူညီရေးအသင်းကတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “ကယ်ဆယ်ရေးကတော့ ဖြန့်ကျက်ပြီးတော့လုပ်နေပါတယ်။ ဒေသခံတွေအတွက် အဓိကကသောက်သုံးရေ ပါပဲ။ ဘာလို့လဲဆိုတော့ ရေတွင်းတွေ ရေစက်တွေက မြုပ်သွားတော့ သောက်သုံးရေကလိုအပ်နေပါတယ်။ ပိတ်မိတာတွေလည်းရှိပါတယ်။ ဒါပေမဲ့ လူမှုကူညီရေးအသင်းတွေကချိတ်ဆက်ပြီးတော့ ဆောင်ရွက်နေတဲ့ အခြေနေပါ”လို့ပြောပါတယ်။ ဗန်းမော်မြို့နယ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့က အထက်ပိုင်း မြစ်ကြီးနားမြို့‌ရေဘေးကြုံခဲ့ရတဲ့အတိုင်း ရေဘေးသင့်နိုင်တယ်ဆိုတဲ့အကြောင်း သေချာတဲ့ခန့်မှန်းချက်တွေကြောင့် ဒေသခံတွေနဲ့လူမှုကူညီရေးအသင်း အဖွဲ့တွေက ကြိုတင်ပြင်ဆင်မှုတွေလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဗန်းမော်မြို့နယ်မှာ လက်ရှိ လူမှုကူညီရေးအသင်း ၁၃ ဖွဲ့နဲ့ ကူညီကယ်ဆယ်ရေးတွေအဓိကလုပ်ဆောင်နေပြီး ရေဘေးရှောင်စခန်းက ၄ ခုဖွင့်လှစ်ထားသလို အဲ့ဒီစခန်းတွေမှာ ရေဘေးရှောင်လူဦးရေ ထောင်နဲ့ချီရှောင်နေ ကြတယ်လို့သိရပါတယ်။ လက်ရှိအချိန်ထိ အခြေနေဆိုးတွေမကြုံနေရပေမဲ့လည်း တရုတ်နိုင်ငံ ယူနယ်ပြည်နယ်ကနေ ဗန်းမော်မြို့နယ် ဧရာဝတီမြစ်ထဲ စီးဆင်းလာတဲ့ တာပိန်မြစ်ရေဒီထက်တက်လာမှာကိုတော့ စိုးရိမ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “လောလောဆယ်မြစ်ရေကတော့ချိန်လို့ရတဲ့အနေအထားပေါ့ တစ်ချက်စိုးရိမ်တာကတော့ တာပိန်ရေကနေ ဆင်းလာမှာကိုစိုးရိမ်တယ်။ ဒီထက်တိုးလာမှာကို ဒီရေမလာရင်တော့လည်း အခြေနေငြိမ်မှာပေါ့ တာပိန်ရေ ကလည်းမှန်းရခက်တယ်။ တရုတ်ပြည်ကလာတော့ မိုးများရင်များသလိုပဲ ဟိုဘက်အထက်မှာက ဆည်တွေ ရှိတယ်။ အဲ့ဒီဆည်တွေကနေ လျှော့ချရင် ဒီဘက်မှာတိုးလာမှာစိုးရိမ်တယ်”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ တစ်ဖက်မှာ လူမှုကယ်ဆယ်ရေးအသင်းတွေအနေနဲ့ ကယ်ဆယ်ရေးအတွက် စက်သုံးဆီတစ်လီတာကို ကျပ် ၄၀၀၀ ကနေ ၅၀၀၀ ဝန်းကျင်အထိဝယ်ယူသုံးစွဲကြရပြီး ရေကြီးရေလျှံမှုကြောင့် ရပ်ကွက်တစ်ချို့တော့ မီးပျက်နေတယ်လို့ သိရပါတယ်။ လက်ရှိ ဗန်းမော်မြို့နယ်ထဲက မြေနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ရွှေကြီးနား၊ ခွန်သာ၊ နမ့်ဖား စတဲ့မြို့ပေါ် ရပ်ကွက်တွေအပြင် ကောင်းစင့်၊ ရေလှဲ၊ မံမလင်း၊ ပါပေါင်း၊ လက်ပံတန်း စတဲ့ကျေးရွာတွေက ရေဘေး ကြုံနေကြရတတယ်လို့ သိရပါတယ်။ ဗန်းမော်မြို့နယ်ရဲ့ စိုးရိမ်ရေအမှတ်ဟာ ၁၁၅၀ စင်တီမီတာဖြစ်ပြီး အန္တရာယ်ရေအမှတ်ကတော့ ၁၂၄၅ စင်တီမီတာ ဖြစ်ပါတယ်။ လက်ရှိတော့ ဗန်းမော်မြို့ရဲ့ ဧရာဝတီမြစ်ရေဟာ ၁၂၇၆ စင်တီမီတာရှိပြီလို့ ဒီကနေ့ မနက်ပိုင်းမှာပဲ ထုတ်ပြန် ထားသလို ပြီးခဲ့တဲ့ နှစ်ပေါင်း၂၀ (၂၀၀၄ ခုနှစ်) တုန်းကတော့ ဗန်းမော်မြို့ရဲ့ ဧရာဝတီမြစ်ရေဟာ ၁၃၃၈ စင်တီမီတာအထိစံချိန်တင်မြင့်တက်ခဲ့ဖူးတာဖြစ်ပါတယ်။ By – အမိုး

    Read More »
  • Jun- 2024 -
    25 June
    သတင်း

    ကောလင်းမြို့နယ်က စစ်ဘေးရှောင်တွေ အကူညီတွေလိုအပ်နေ

    စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်ထဲက စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာ နဲ့ အမိုးအကာအကူညီတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီပေးရေးအဖွဲ့တွေဆီကသိရပါတယ်။ ဘေးလွှတ်ရာတောတောင်တွေထဲဖြစ်သလို တဲထိုးပြီးနေထိုင်နေရတဲ့ ကောလင်းစစ်ဘေးရှောင်တွေဟာ မိုးတွင်းရောက်လာတာနဲ့အတူ အကူညီတွေပိုပြီးလိုအပ်လာပြီး အစားအသောက်နဲ့ အမိုးအကာတွေက အဓိကလိုအပ်ချက်ဖြစ်တယ်လို့ ကောလင်းအနောက်ဘက်ခြမ်းက စစ်ဘေးရှောင်တစ်ယောက်ကပြော ပါတယ်။ “ဒီဘက်မှာက အကူညီပေးတဲ့အဖွဲ့တွေကမရောက်ခဲ့တဲ့အခါကျတော့ အကူအညီတွေကတော့ လိုအပ်ချက် တွေပဲဖြစ်နေတာပေါ့။ နောက်ဒီမှာက ဖြစ်သလိုပဲ အင်ဖက်တွေနဲ့မိုးပြီးနေရတဲ့အနေအထားဖြစ်တယ်။ ဒီနေရာမှာ စားရေးသောက်ရေးနဲ့ပတ်သက်ပြီး တကယ်ခက်ခဲတဲ့သူတွေလည်းရှိတယ် အကူညီတွေက တော်တော်ကြီးကိုလိုအပ်နေတာ”လို့ပြောပါတယ်။ ဒါ့အပြင် သောက်သုံးရေရရှိဖို့ခက်ခဲတဲ့အတွက် စစ်ဘေးရှောင်တွေ ကျန်းမာရေးထိခိုက်တာတွေအထိ ဖြစ်လာပြီး အဲ့ဒီအတွက်လည်း ဆေးဝါးအကူညီတွေလိုအပ်ချက်တွေရှိတယ်လို့ သိရပါတယ်။ တစ်ဖက်မှာ ကောလင်းဒေသခံတွေဟာ မြို့နယ်အတွင်းက စစ်ကောင်စီနဲ့လွှတ်ကင်းတဲ့နေရာတွေဆီ တိမ်းရှောင်ရတာဖြစ်တဲ့အတွက် ချောင်ကျတဲ့နေရာတွေကိုတိမ်းရှောင်ကြတဲ့ဒေသခံတွေဆိုရင် အကူအညီ မရတာမျိုးတွေရှိတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ယောက်ကအခုလိုပြောပါတယ်။ “ကျမတို့ပြေးတဲ့နေရာကျတော့ ချောင်လည်းကျတယ်။ ကျမတို့ဘက်မှာ ဆန်တော့တစ်ခေါက် ရဖူးပါ တယ်။ တော်တော်လေးအဆင်မပြေတဲ့မိသားစုတွေရှိတယ်။ ကျမတို့လည်းပါလာတဲ့ပစ္စည်းတွေကို ဝေငှရင်းနဲ့ မမျှ နိုင်တော့ဘူး ကိုယ့်ဟာကိုယ်အနိုင်နိုင်ပေါ့။ တစ်ခြားဘက်မှာလည်းလာလှူပေမယ့် ကျမတို့ဘက်မှာကျတော့ ချောင်လည်းကျတယ် လမ်းမကောင်းတော့မရောက်ရှိသေးတာပေါ့နော်”လို့ပြောပါတယ်။ ကောလင်းမြို့နယ်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ပထမအပတ်လောက်က KIA နဲ့ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ကာ ၃ လကြာထိန်းချုပ်ထားခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ် ဆီ ပြန်လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီလို လက်လွှတ်ခဲ့ရပြီးတဲ့နောက် စစ်ကောင်စီတပ်က ကောလင်းမြို့တွင်းရပ်ကွက်နဲ့ ရွာတစ်ချို့က ကနေအိမ်တွေကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဒေသခံတွေဒုနဲ့ဒေးဘေးလွှတ်ရာထွက်ပြေးခဲ့ ကြရပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ လက်ရှိ ကောလင်းမြို့နယ်မှာ ဘေးလွှတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတဲ့ လူဦးရေ ၄ သောင်း ဝန်းကျင်လောက်ရှိပြီး ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ စာရင်းအရ တစ်နိုင်ငံလုံးမှာ ဘေးလွှတ်ရာထွက်ပြေးနေရတဲ့ လူဦးရေ သုံးသန်းကျော်ရှိနေပြီလို့ဖော်ပြထားပါတယ်။ By – အမိုး

    Read More »
  • May- 2024 -
    29 May
    သတင်း

    ဝိုင်းမော်မြို့နယ်က စစ်ရှောင်ပြည်သူများ ဆေးဝါးနဲ့အမိုးအကာ အကူညီလိုအပ်နေ

    ဝိုင်းမော်မြို့နယ်ထဲက  စစ်ဘေးရှောင်ပြည်သူများ  စားနပ်ရိက္ခာတွေပြတ်လပ်လုနီးပါးဖြစ်နေတဲ့အပြင် ဆေးဝါးနဲ့အမိုးအကာတွေလည်း အရေးပေါ်အကူညီလိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်တွေရဲ့စခန်းသိမ်းတိုက်ပွဲစတင်လာတဲ့ချိန်ကနေ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ အောင်မြေ(၁)၊ အောင်မြေ(၂)၊ရွှေညောင်ပင်ကျေးရွာအပါအဝင် နောက်ထပ် မေလ ၂၁ ရက်နေ့ကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဝူယန်နဲ့ ခကွမ်၊ နမ့်ဝါ၊ လမြန်စတဲ့ ကျေးရွာတစ်လျှေက်ပြည်သူတွေဟာ မုတ်ကျိတ်(MUK Chyik)၊ နောင်ခယူး (Nawng Hkyu)၊ဒိန်ဂျာယန်(Ding Jayang) လဘန်ရွာစတဲ့ရွာတစ်လျှောက်မှာ ထွက်ပြေးခိုလုံနေကြတာဘဲဖြစ်ပါတယ်။ စစ်ရှောင်ပြည်သူတွေဟာ သယ်ယူလာတဲ့အစားအသောက်တွေလည်း ပြတ်လပ်လာတဲ့အပြင် စစ်ရေးတင်းမာနေဆဲချိန်ဖြစ်တာကြောင့် အလုပ်အကိုင်တွေရရှိဖို့လဲခဲယဉ်းတဲ့အတွက် စားဝတ်နေရေးစိုးရိမ်ပူပန်နေရတယ်လို့ ခကွမ်ကျေးရွာက စစ်ရှောင်အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “စားနပ်ရိက္ခာတွေကတော့ အရင်ကတည်းက အိမ်ကအနည်းယူလာတဲ့ဟာတွေကို စားနေကြတာပေါ့။ အဲတာတွေကုန်ရင်တော့ ဒုက္ခရောက်ပြီပေါ့ အိမ်ကိုလည်း သွားသွားလာလာလုပ်လို့မရ  စိုးရိမ်ရတော့ရှိနေတဲ့ ဆန်တွေတောင်မသွားယူရဲဘူးပေါ့”လို့ ဆိုပါတယ်။ ဒါ့အပြင် အခုစစ်ရှောင်နေတဲ့စစ်ရှောင်စခန်းတွေဟာ စားနပ်ရိက္ခာပြတ်လပ်လာရုံသာမက နေရာထိုင်ခင်းတွေလည်း ဝါး၊ မိုးကာတွေနဲ့သာဆောက်လုပ်ပြီးနေထိုင်နေတာဖြစ်တဲ့အတွက် မိုးသက်လေပြင်းကျရောက်ချိန်တိိုင်း နေရာ၊ထိုင်ခင်းအဆင်မပြေဖြစ်ရတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။ “အဆောင်တွေဆိုရင်လည်း မိုးကာတွေနဲ့ဘဲ တစ်ချို့ဆိုရင်နံရံတွေမှာ ဘာမှမကာထားဘူး မိုးရွာပြီဆိုရင် မိုးတွေယိုတယ်။ မိုးကာတွေကလည်း လှန်တော့ အဆင်မပြေဘူး”လို့ ဆိုပါတယ်။ စစ်ဘေးရှောင်တွေဟာ နေရာထိုင်ခင်းအဆင်မပြေမှုတွေနဲ့အတူ တစ်ဖက်မှာလည်း သောက်ရေသုံးရေ၊အိမ်သာအခက်အခဲနဲ့ ခြင်တွေပေါ်များမှုကြောင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတစ်ချို့ ဝမ်းလျှောဝမ်းပျက်ဖြစ်ပြီး ဖျားနေသူတွေလည်း ရှိနေတယ်လို့ စစ်ရှောင်ပြည်သူတွေ ဆီကနေ သိရပါတယ်။ စစ်ရှောင်စခန်းတွေမှာ ယာယီဆေးပေးခန်းတွေရှိပေမယ့် လူဦးရေများတဲ့အတွက် ဆေးဝါးလုံလောက်မှုမရှိဘဲ ဆေးဝါးလိုအပ်ချက်‌တွေရှိနေတယ်လို့ သိရပါတယ်။ စစ်ရှောင်တွေရဲ့ ဆေးဝါးလိုအပ်ချက်‌နဲ့ပက်သက်ပြီး ကချင်တောင်ပေါ်ဒေသက ပြည်သူတွေရဲ့ကျန်းမာရေးအတွက် လှည့်လည်ဆေးကုသပေးနေတဲ့ ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့(Kachin Backpack) အဖွဲ့ရဲ့တာဝန်ရှိသူကို မေးမြန်းကြည့်ရာမှာတော့ အခုလိုပြောပါတယ်။ “မနေ့လောက်ကတည်းကနေ ကျွန်တော်တို့လည်းဆေးဝါးတွေပြတ်သွားပြီ အကူအညီတောင်းလာတဲ့သူတွေကိုရော ရှိသလောက်ကူညီပေးလိုက်တော့  ဆေးကပြတ်သွားပြီ။ donorတွေ ကျွန်တော်တို့ကို ဆေးဝါးတွေ ပြန်ကူညီပေးတဲ့ချိန်မှဘဲ ကူညီပေးနိုင်တော့မယ်ထင်တယ်”လို့ ဆိုပါတယ်။ ဒါ့အပြင် အခုလက်ရှိစစ်ရှောင်ပြည်သူတွေမှာ ကလေးငယ်လေးတွေ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေအဖြစ်များနေတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ လက်ရှိ မုတ်ကျိတ်(MUK Chyik)၊ နောင်ခယူး (Nawng Hkyu)၊ဒိန်ဂျာယန်(Ding Jayang)၊ နဲ့ လဘန် ကျေးရွာ ဒေသတစ်လျှောက်မှာ ခိုလုံနေကြတဲ့ စစ်ရှောင်ပြည်သူတွေ ဟာ အိမ်ခြေ ၅၀၀ ကျော်ဝန်းကျင်ရှိတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံတွေဆီကနေ သိရပါတယ်။ အလားတူဘဲ ဝူယန်ကျေးရွာပြည်သူတွေကလည်း  ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့ကနေ KIA/KPDF တွေနဲ့ ဝူယန်ပြည်သူ့စစ်တွေကြား တိုက်ပွဲစတင်ဖြစ်လာချိန်ကတည်း  နီးစပ်ရာကျေးရွာတွေဆီ ထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်ပါတယ်။…

    Read More »
  • 11 May
    သတင်း

    လဝါးရွာမှာ လေမုန်တိုင်းနဲ့ မိုးသီးကျလို့  ပျက်စီးသွားတဲ့ စစ်ရှောင်စခန်းအဆောင်များပြုပြင်ဖို့ အရေးပေါ်အကူအညီလိုအပ်နေ

    ဖားကန့်မြို့နယ် တနိုင်းမြို့သွားတဲ့ လမ်းမပေါ် ရှိ လဝါကျေးရွာမှာ လေမုန်တိုင်း နဲ့ မိုးသီးကျလို့ ပျက်စီးသွားတဲ့စစ်ရှောင်စခန်းပြုပြင်ဆောက်လုပ်ဖို့ အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံတွေကပြောပါတယ်။ လဝါးကျေးရွာမှာ ပြီးခဲ့တဲ့ မေလ ၅ရက်နေ့ ညနေ ၆ နာရီဝန်း လေမုန်တိုင်းတိုက်ခတ်ပြီး မိုးသီးအများအပြားကျလို့ ကတ်သလစ်ဘုရားကျောင်းဝန်းထဲက စစ်ရှောင်စခန်း အဆောင်၊ အိမ်သာနဲ့ ဘုရားကျောင်းအပြင် စပါးတွေသိုလောင်ထားတဲ့ စပါးကျီနဲ့ နေအိမ်တစ်ချိုလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် စစ်ရှောင်နေတဲ့ အဆောင်နဲ့ စပါးကျီတွေကို ပြန်ပြုပြင်ဖို့ အလှူငွေတွေလိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံ စစ်စတာ ထရေဇာက ခုလိုပြောပါတယ်။ “လောလောဆယ်တော့ အိမ်သာက ပျက်စီးသွားတော့ အသစ်ပြန်လုပ်ရမှာ ခေါင်မိုးတွေလည်း ပျက်စီးသွားလို့ ပိုက်ဆံမရှိရင်လည်း မလုပ်ရင် မရတဲ့ အတွက် ဆိုင်ကနေ အကြွေးနဲ့ဘဲ အရင်ဝယ်ထားပြီး အမိုးမိုးဖို့လုပ်နေတာ”လို့ ဆိုပါတယ်။ လက်ရှိ ပျက်ဆီးသွားတဲ့ စစ်ရှောင်စခန်းမှာ အိမ်ထောင်စု ၂၃ ခု စုပေါင်းပြီး နေထိုင်ကြတာဖြစ်ပြီး တနိုင်းမြို့နယ် ကားမိုင်းနဲ့ ရှဒူဇွပ်ရွာဘက်က ဒေသခံတွေလာရောက်တိမ်းရှောင်နေတာဖြစ်တယ်လို့ သိရပါတယ်။ လတ်တလော စစ်ရှောင်စခန်းအဆောင်တွေဟာ မိုးသီးကြောင့် လုံးဝနေလို့မရတဲ့အထိ အမိုး၊အကာ လန်ထွက်ပျက်စီးသွားတာကြောင့် စစ်ရှောင်တွေကို ဘုရားကျောင်းဝန်းထဲက ဆောက်လုပ်လို့ မပြီးစီးသေးတဲ့ အဆောင်တစ်ခုမှာ ယာယီရွေ့ပြောင်းပြီးနေနေကြတယ်လို့ သိရပါတယ်။ မတ်လ ၅ ရက်နေ့ ကျခဲ့တဲ့ မိုးသီးဟာ တစ်လက်မခန့်ရှိပြီး လဝါးကျေးရွာမှာ ဆယ်နှစ်အတွင်း မတွေ့ခဲ့ရဘူးလို့ စစ်စတာ ထရေဇာက ခုလို ဆက်ပြောပါတယ်။ “တစ်သက်လုံးမတွေ့ဖူးဘူး အခုမှတွေ့ဖူးတာ မိုးသီးက တစ်လက်မလောက်ရှိတယ် ပျက်ဆီးသွားတဲ့ အိမ်တွေသွားကြည့်တော့ ပျဉ်ပြားတွေတောင် ပိန့်ကုန်တာ “လို့ ဆိုပါတယ်။ ဒါ့အပြင် ဧပြီလ ၃ ရက်နေ့မှာလည်း တနိုင်းမြို့ရဲ့ ချောင်းတစ်ဖက်ကမ်းမှာရှိကြတဲ့ လမုန်၊ ပန္နက်၊ မကောနဲ့ ဓါတ်ဆီရွာစတဲ့ ကျေးရွာ ၄ မှာ မုန်တိုင်းထန်ပြီးမိုးသီးကျလို့ အိမ်ခြေ ၁၀၀ ကျော် အိမ်ခေါင်မိုး ပေါက်ပြဲသွားတဲ့အပြင်  မိုးညှင်းမြို့နယ်မှာ အိမ်ခြေ ၁၀၀ ကျော်၊မံစီမြို့နယ်မှာ အိမ်ခြေ ၂၀ ကျော် လေမုန်တိုင်းနဲ့မိုးသီးကြွေကျမှုကြောင့် လူနေအိမ်များအပြား ထိခိုက်ပျက်စီးခဲ့ပါတယ်။ By – Hope

    Read More »
Back to top button