စစ်ပြေးဒုက္ခသည်များသတင်း

ဆွမ်ပရာဘွမ်ဒေသ စစ်ဘေးရှောင်တွေတွက် အစားသောက်နဲ့ နေရာထိုင်ခင်းပြင်ဆင်ပေးဖို့ကူညီလိုအပ်နေ

ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲကြောင့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတစ်ထောင်ကျော်တွက် နေရာထိုင်ခင်းနဲ့အစားသောက်ကူညီထောက်ပံ့ဖို့လိုအပ်နေတယ်လို့ ဆွမ်ပရာဘွမ်ဒေသခံအသင်းတော်တာဝန်ရှိသူတွေက ပြောပါတယ်။

မတ်လ  ရက်နေ့ကစတင်ခဲ့တဲ့ ဆွမ်ပရာဘွမ်မြို့စခန်းသိမ်းတိုက်ပွဲအတွင်း ဒေသခံပြည်သူစုစုပေါင်း ၁၃၀၀ ဝန်းကျင်ဟာ နီးစပ်ရာ တောတောင်တွေနဲ့ ကျေးရွာတွေဆီ ထွက်ပြေးတိမ်းရှောင်နေရတာ ခုဆိုရင် ၁၀ ရက်ကျော်ရှိလာပြီဖြစ်ပြီး ဆေးဝါးနဲ့အစားအသောက်လိုအပ်လာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တချို့က တောတောင်တွေထဲ တိမ်းရှောင်နေတယ်။ တချို့က ကျေးရွာတွေထဲ တိမ်းရှောင်နေတယ်။ အခုအရေးပေါ်က ရက်ကြာလာတာတော့ ဆေးဝါးနဲ့ အစားအသောက်တွေ လိုအပ်နေတယ်။ အခုက ရွာတွေထဲရှိတဲ့ စျေးဆိုင်တွေကနေပဲ ဖြစ်သလို ဝေစားမျှစားဖြေရှင်းနေတယ်။ ကားလမ်းလည်းပိတ်ထားတော့ အချိန်ကြာလာတာနဲ့ တော်တော်ဒုက္ခရောက်မဲ့ အနေအထားဖြစ်နေတယ်လို့ ဆွမ်ပရာဘွမ်ဒေသ အသင်းတော်တာဝန်ရှိသူ တစ်ဦး ကပြောပါတယ်။

တိုက်ပွဲအခြေအနေကြောင့် မြစ်ကြီးနား – ပူတာအိုကားလမ်းမကြီး ပိတ်ထားတဲ့အတွက် မြို့ဘက်ကနေကူညီမှုတွေ ပို့ပေးနိုင်ဖို့လည်းခက်ခဲနေတယ်လို့ ဆိုပါတယ်။ လက်ရှိ ဆွမ်ပရာဘွမ်မြို့ဒေသခံပြည်သူတွေထဲက တော၊တောင်တွေထဲ  တိမ်းရှောင်နေသူ  ၂၀၀ ကျော်ရှိပြီး မြစ်ကြီးနားအဆင်းဘက် ကားလမ်းမတစ်ကြောကျေးရွာတွေမှာ အများအပြားတိမ်းရှောင်နေတယ်လို့ သိရပါတယ်။

ဆွမ်ပရာဘွမ် – မြစ်ကြီးနား ကားလမ်းမတစ်ကြောရှိ ဆူယာန်(Su Yang)  မိုင်ထောင်း( Mai Htawng)  ခဂရန်းယန်(Hka garan Yang) အင်တားဂလိုကျေးရွာ( Nta galu mare) စတဲ့ ကျေးရွာ  ခုမှာ အများပိုင်းတိမ်းရှောင်နေတယ်လို့  သိရပါတယ်။

စစ်ရှောင်နေတဲ့ လူဦးများတဲ့အတွက် ကျေးရွာတွေထဲပျံ့ကြဲပြီး တိမ်းရှောင်နေသူတွေအတွက်လည်း ရက်ကြာလာရင်အဆင်မပြေသလို တောထဲတွေမှာ ထွက်ပြေးတိမ်းရှောင်နေသူတွေအတွက်လည်း နေရာသတ်မှတ်ပြီး နေရာထိုင်ခင်း ပြင်ဆင်ပေးဖို့လိုအပ်နေတယ်လို့ သိရပါတယ်။

မြို့မှာက အခုဘယ်သူမှမရှိတော့ဘူး။ ဆွမ်ပရာဘွမ်မြို့ထဲ ရှိရှိသမျှပြည်သူအားလုံး တိမ်းရှောင်နေတယ်။ တောထဲတိမ်းရှောင်နေသူတွေက ကိုယ်သိသလို မိုးကာတဲတွေ၊ ဝါးတဲတွေ ထိုးပြီး နေနေတယ်။ ကျေးရွာတွေထဲ တိမ်းရှောင်နေသူတွေက အသိအိမ်တွေ  မိတ်ဆွေတွေရဲ့ အိမ်တွေထဲ နှစ်အိမ်ထောင်၊  အိမ်ထောင်အဲ့လို ကြပ်ပြွတ်ပြီး နေနေတယ်။ ဒါကြောင့် အခုရက်ကြာလာရင်တော့ သူတို့အတွက် နေရာသတ်မှတ်ပြီး နေရာထိုင်ခင်းပြုလုပ်ပေးဖို့ လိုအပ်နေတယ်လို့  ဆွမ်ပရာဘွမ်ဒေသ အသင်းတော်တာဝန်ရှိသူ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ  ရက်နေ့ကစပြီး ဆွမ်ပရာဘွမ်မြို့နယ် မလိယာန်စစ်ကောင်စီတပ်စခန်းကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ဆွမ်ပရာဘွမ်မြို့မှာ တပ်စွဲတဲ့ စစ်ကောင်စီတပ်ရင်း ခလရ ၄၆ တပ်စခန်းကို သိမ်းပိုက်နိုင်ဖို့ ဆက်လက်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

တိုက်ပွဲပြင်းထန်နေတာ ၁၀ ရက်ကျော်လာပြီဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း စခန်းလက်မလွတ်ရေးအတွက် လေယာဉ်နဲ့ နေ့တိုင်းနီးပါး အပြင်းအထန်ဗုံးကြဲတိုက်ခိုက် ကာကွယ်နေတာဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိမှာတော့ စစ်ကောင်စီဘက်က စစ်ကူတွေ လေကြောင်းနဲ့အပါအဝင် မြေပြင်နဲ့ပါစစ်အင်အားထပ်ဖြည့်နေပြီး စစ်ရေးတင်းမာလျက်ရှိနေတာကြောင့် တိုက်ပွဲအတွင်း KIA ဘက်ကလည်း ထိခိုက်ကျဆုံးသူတွေရှိနေသလို စစ်ကောင်စီဘက်ကလည်း အများအပြားသေဆုံးမှုရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် မြစ်ကြီးနား – ပူတာအိုကားလမ်းမကြီးပိတ်ထားတာလည်း တစ်ပတ်ကျော်လာပြီဖြစ်ပြီး ဆွမ်ပရာဘွမ်မြို့ထဲက ဒေသခံပြည်သူ တစ်ဦးမကျန် ဘေးလွတ်ရာတွေတိမ်းရှောင်နေကြပြီဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button