စစ်ပြေးဒုက္ခသည်များသတင်း

ဆယ်ဇင်းရွာကစစ်ဘေးရှောင်တစ်ချို့ စားနပ်ရိက္ခာခက်ခဲနေ

ကချင်ပြည််နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာကနေ ဘကြီးကွင်းဘက် တိမ်းရှောင်နေတဲ့စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာခက်ခဲနေပြီး ကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့ သိရပါတယ်။

ဆယ်ဇင်းကျေးရွာအဝင်မှာရှိတဲ့ စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်ထိုင်တဲ့စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တွေဝင်တိုက်နေတာကြောင့် ဒေသခံရာချီစစ်ဘေးရှောင်နေရပြီး အစားသောက်ရေးအခက်အခဲဖြစ်နေတယ်လို့ ဆယ်ဇင်းကျေးရွာနေအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။

ဒီနေ့နဲ့ဆိုတော့  ရက်ရှိပြီပေါ့ တချို့ရှိတဲ့လူကတော့စုထားဆောင်းထားတာရှိတော့ လောလောဆယ်အထိတော့အဆင်ပြေကြတယ်မခက်ခဲသေးဘူး။ အခုအခက်အခဲဖြစ်နေတာကတစ်နေ့လုပ်မှတစ်န့စားရတဲ့မိသားစုဝင်တွေတော့ခက်ခဲတာပေါ့အဓိကကိုပြောရမယ်ဆိုရင်စားဖို့သောက်ဖို့မရှိကြဘူးပြီးတော့သူတို့ကတောတောင်တွေထဲ ဘကြီးကွင်းဘက်ကိုရှောင်နေကြတယ်လို့ အသက် ၅၀ ကျော်အရွယ်ရှိတဲ့အထက်ပါအမျိုးသမီးကပြောပါတယ်။

KIAKPDF နှင့်စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်တိုက်ပွဲတွေကြောင့် လက်ရှိဆယ်ဇင်းကျေးရွာထဲက ချမ်းသာကုန်းရပ်ကွက်၊ အမှတ်  ရပ်ကွက်၊အမှတ်  ရပ်ကွက်နှင့် အမှတ်  စတဲ့ရပ်ကွက်နေပြည်သူတွေ ဧပြီ  ရက်နေ့ကတည်းက စတင်တိမ်းရှောင်နေတာဖြစ်တယ်လို့သိရပါတယ်။

တချို့မရှောင်ကြတဲ့ရပ်ကွက်တွေလည်းရှိတယ် အများပိုင်းရှောင်ကြတာက စခန်းနဲ့နီးတဲ့ချမ်းသာကုန်ဘက်တွေရှောင်ကြတာအခုလောလောဆယ် ဘုန်းကြီးကျောင်းထဲမှာ ၂၀၀ ကျော် ၃၀၀ လောက်ရှိတယ် အများပိုင်းက တောတောင်တွေထဲ မှာရှောင်နေကြတယ်လို့ ဆယ်ဇင်းဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိတောတောင်တွေထဲမှာတိမ်းရှောင်နေတဲ့ တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ မိသားစုဝင် ၃၀၀ ဦးထက်မနည်းရှိနေတာဖြစ်ပြီး အစားအသောက်အကူအညီတွေအရေးပေါ်လိုအပ်နေတာဖြစ်တယ်လို့ စစ်ဘေးရှောင်တွေကဆိုပါတယ်။

KIA KPDF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေဟာ ဆယ်ဇင်းကျေးရွာထဲက ရဲစခန်းနဲ့စစ်တပ်ကုန်းကို ဧပြီ  ရက်နေ့မနက်အစောပိုင်းမှာဝင်တိုက်ခဲ့တာဖြစ်ပြီး ရဲစခန်းကတော့ စဝင်တိုက်တဲ့နေ့မှာပဲလက်ချအညံ့ခံသွားပေမယ့် စစ်တပ်စခန်းကုန်းလက်နက်မချသေးတာကြောင့် ဒီနေ့နေ့လည်ပိုင်းထိနှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button