စစ်ပြေးဒုက္ခသည်များသတင်း

ကျောက်စခန်းရွာစစ်ဘေးရှောင်များအတွက် စားသောက်ကူညီထောက်ပံ့မှုလိုအပ်နေ

မိုးမောက်မြို့နယ် ကျောက်စခန်းကျေးရွာအနီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ရှောင်ပြည်သူတွေအတွက် အစားသောက်ကူညီထောက်ပံ့မှုလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ  ရက်နေ့ ကျောက်စခန်းရွာနားမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တဲ့အပြင်  စစ်တပ်ဘက်ကမိုးမောက်ဘက်ကနေလက်နက်ကြီးအပြင် လေကြောင်းတွေနဲ့ပစ်ခတ်ခဲ့တဲ့အတွက် ဧပြီလ  ရက်နေ့ ဒေသခံပြည်သူတွေမိုးမောက်မြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်လာခဲ့ကြတာ ဖြစ်ပါတယ်။

 ကျောက်စခန်း ဒေသခံပြည်သူတွေအနေနဲ့ ကိုယ်လွတ်ရုန်းထွက်ပြေးတိမ်းရှောင်လာခဲ့ ကြတာဖြစ်တဲ့အတွက် စားနရိက္ခာ၊ ဆေးဝါးနဲ့ အဝတ်အထည် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ယောက်က KNG ကိုပြောပါတယ်။

ကျွန်မတို့က ထွက်ပြေးလာတဲ့ချိန် ပစ္စည်းတွေဘာတွေယူဖို့ ဘာမှအချိန်မရခဲ့ဘူး၊ ကိုယ်လွတ်ထွက်ပြေးလာခဲ့ရတာ၊ အဝတ်အစားတွေလည်းမပါ၊ စားစရာတွေလည်းမယူလာခဲ့ရဘူး၊ အိပ်တဲ့အချိန် စောင်တွေလည်းမလောက်၊ အခင်းတွေလည်းမလောက်ဘူး၊ ခြင်တွေက ပြန်ကိုက်နဲ့ အခက်အခဲတွေအများကြီးကြုံနေရတယ်လို့ပြောပါတယ်။

ဒါ့အပြင် သက်ကြီးရွယ်အို၊ နားမကျန်းဖြစ်တဲ့သူတွေ၊ ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေအတွက် ဆေးဝါးအကူအညီတွေလိုအပ်နေတဲ့အပြင် သောက်သုံးရေမလောက်တာကြောင့် ချောင်းရေသုံးတဲ့အခါတွေဆိုရင်လည်း ရေမသန့်တဲ့အတွက် အရေပြားယားယံတာတွေလည်း ဖြစ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၆ရက်၊ ၇ရက်၊  ရက်မှာတော့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်  လူမှုဝန်ထမ်းနှင့် ဖွံဖြိုးရေးဌာန(KBC HDD ) တွေအနေနဲ့ တစ်ယောက် ၁၀၀၀၀ ကျပ်၊ မေတ္တာဖောင်ဒေးရှင်းက တစ်အိမ်ထောင် ၃၀၀၀၀ကျပ်နဲ့ မိုးမောက် စိန်လုံရေသန့်ကုမ္ပဏီကတစ်အိမ်ထောင် ကြက်ဥ ၁၀လုံး၊ ဆား၊ ဆီ တွေလာရောက်ကူညီပေးခဲ့တယ်လို့လည်း သိရပါတယ်။

ကျောက်စခန်းဒေသခံတွေထဲက အိမ်ထောင်စု ၅၀ ကျော်ဟာ နီးစပ်ရာတောတွေမှာထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် ကူညီထောက်ပံ့မှုတွေမရတဲ့အပြင် အဆက်အသွယ်ပြုလို့ဖို့ ဖုန်းလိုင်းတွေလည်းအဆင်မပြေဖြစ်နေတယ်လို့ စစ်ရှောင်အမျိုးသားတစ်ယောက်က KNG ကိုအခုလို ပြောပါတယ်။

ကျွန်တော်တို့ အပိုင်းကျတော့ အိမ်ထောင်စု ၂၀ ကျော်လောက်ဘဲ မြို့ပေါ် မှာထွက်ပြေးပေမဲ့ အများပိုင်းက တောဘက်ကို ထွက်ပြေးသွားကြတာပေါ့၊ သူတို့ကတော့ ပိုခက်ခဲနေမှာ အခုဆို ဖုန်းလိုင်းက ဖြတ်ထားတာနဲ့ ဆို အဆက်အသွယ်လုပ်ဖို့ကလည်း ခက်ခဲနေတယ်လို့ဆိုပါတယ်။

လက်ရှိမှာတော့ ဒေသခံအများစု မိုးမောက်မြို့ ပေါ် မန္တလေးကျောင်းတိုက်၊ နိသောဂကျောင်းတိုက်၊ ကြေးနန်းရပ်ကွက်၊ အောက်ချိုင့် ရပ်ကွက်နဲ့ ဆွေမျိုးအိမ်တွေမှာ တိမ်းရှောင်နေကြတာဖြစ်ပြီး တစ်ချို့ကတော့ တောဘက်ကိုထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ  ရက်နေ့  နာရီလောက်မှာ ကျောက်စခန်းရွာ ဆုတောင်းကုန်းပေါ်မှာတပ်ချထားတဲ့ တပ်စခန်းကို KIA တပ်တွေထိုးစစ်ဆင်ပြီးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့် ရွာနီးမှာတိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။

 ဧပြီလ  ရက်နေ့မှာတော့ ကျောက်စခန်းရွာမှာစစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲတာအပြင် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ရွာထဲကနေအိမ် တော်တော်များများလည်းပျက်စီးသွားခဲ့ပြီး ဒေသခံ  ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

 မိုးမောက်မြို့နဲ့ ၃မိုင်အကွာမှာရှိတဲ့ ကျောက်စခန်းကျေးရွာမှာ အိမ်ခြေ ၁၆၀၊ လူဦးရေ ၇၀၀ ဝန်းကျင်ရှိပြီး ရှမ်းနဲ့ ကချင်လူမျိုးများအများဆုံးနေထိုင်ကြတာဖြစ်ပြီး စားဝတ်နေရေးအတွက်လယ်ယာစိုက်ခင်းကို အဓိကလုပ်ကိုင်ကြတာလည်းဖြစ်ပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button