အင်ဂန်းရွာ

  • Apr- 2026 -
    1 April
    သတင်း

    ဝိုင်းမော်စစ်ဘေးရှောင်များ အလုပ်အကိုင်ရှားပါးပြီး စားဝတ်နေရေးပိုခက်ခဲလာ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က စစ်ရှောင်ပြည်သူတွေဟာ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် စားဝတ်နေရေးပိုခက်ခဲလာတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်း  ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စုထဲက လဘန်ကျေးရွာနဲ့အင်ဂန်းကျေးရွာဘက်မှာ တိမ်းရှောင်နေတဲ့ စစ်ရှောင်ပြည်သူတွေမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း အရပ်ဘက်အဖွဲ့အစည်းတစ်ချို့ဆီကနေ ကူညီထောက်ပံ့မှုအနည်းငယ်ရခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ၂၀၂၆ ခုနှစ်ကစပြီး လာရောက်လှူဒါန်းသူတွေမရှိတော့တဲ့အပြင် တစ်ဖက်မှာလည်း အလုပ်ကိုင်ရှားပါးမှုတွေကြောင့် စားဝတ်နေရေးပိုခက်ခဲလာတယ်လို့ နောင်ဟီးစစ်ရှောင်တာဝန်ခံအမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “လုပ်ကိုင်စားသောက်လို့ရမယ့် အလုပ်တွေလည်း မရှိဖြစ်နေတယ်။ စိုက်ပျိုးရေး လုပ်ဖို့လည်း မဖြစ်နိုင် အဲလို ခက်ခဲနေတာပေါ့။ ဆန်တွေဆိုရင်လည်း ရှိတဲ့သူတွေဆီကနေ ဝေမျှပြီး စားနေကြရတာပေါ့”လို့ ဆိုပါတယ်။ စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးအတွက် နေ့စားအလုပ်အလုပ် လုပ်ချင်သော်လည်း တစ်လမှာ သုံးလေးရက်လောက်သာ အလုပ်ရတာတွေကြောင့် ချေးငြားပြီး စားသောက်နေရသူလည်း များစွာရှိတယ်လို့ သူကဆက်ပြောပါတယ်။ လက်ရှိ လဘန်ကျေးရွာနဲ့ အင်ဂန်းကျေးရွာမှာရှိတဲ့ စစ်ရှောင်ပြည်သူတွေဟာ စစ်မရှောင်ခင်ကာလ ကိုယ်ပိုင်လယ်ယာစိုက်ပျိုးပြီး အသက်မွေးဝမ်းကျောင်းပြုသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် စစ်ဘေးရှောင်တဲ့နောက် စစ်ရေးအခြေနေကြောင့် နေရပ်ပြန်ပြီးလယ်စိုက်ဖို့ခက်ခဲသွားသလို လက်ရှိတိမ်းရှောင်တဲ့နေရာမှာ လုပ်ကိုင်စားသောက်ဖို့ခက်ခဲနေတယ်လို့ အောင်မြေ ၂ စစ်ရှောင်စခန်းက အမျိုးသမီး တစ်ဦးက ခုလိုပြောပြပါတယ်။ “ကျွဲနွားတိရစ္တာန်တွေ မွေးဖို့ဆိုရင်လည်း နိုင်ငံရေးသာမကောင်းလို့ရှိရင် ပြန်လို့မရတဲ့ပုံစံမျိုး ဖြစ်နေတာ။ ဒီမှာလည်း ကြက်၊ ဝက်တွေလည်း မွေးလို့မရတော့ ကျွန်မတို့လည်း ထိုင်ငေးနေတာကလွှဲပြီး ဘာမှမလုပ်တတ်တော့ဘူး”လို့ ဆိုပါတယ်။ နောင်ချိန်း၊လဘန်ကျေးရွာ နဲ့ အင်ဂန်းကျေးရွာ တစ်လျှောက်မှာတိမ်းရှောင်နေထိုင်နေကြတဲ့ စစ်ဘေးရှောင်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လကစပြီး စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြားတိုက်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်နေကြသူတွေဖြစ်ပြီး အောင်မြေ(၁)၊ အောင်မြေ(၂)၊ တာလောကြီး၊ နောင်ဟီး၊ စန်းကား၊ ဝူယန်၊ ခကွမ်၊ ဝါရှောင်စတဲ့ ကျေးရွာက ခန့်မှန်းချေ စစ်ရှောင်စခန်းပေါင်း ၂၀ ဝန်းကျင်ရှိတယ်လို့ စစ်ရှောင်တာဝန်ခံတွေဆီက သိရပါတယ်။ ကုလသမ္မဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)ရဲ့ ဖော်ပြချက်အရ ကချင်ပြည်နယ်မှာ တစ်ကြော့ပြန် တိုက်ပွဲ ဖြစ်ကတည်းကနေ ၂၀၂၁ စစ်ကောင်စီ အာဏာမသိမ်းခင်အထိ စစ်ရှောင် ဒုက္ခသည် ဦးရေဟာ ၇၅၀,၀၀ခန့်ရှိခဲ့တာ ဖြစ်ပေမယ့်လည်း ၂၀၁၁ခုနှစ်ကနေ လက်ရှိ ၂၀၂၆ ဇန်နဝါရီလ ၂၆ရက်နေထိ  စစ်ရှောင်ဦးရေဟာ၂၄၃,၂၀၀ ဦးထိ တိုးမြင့်လာ တယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် ၂၀၂၁စစ်ကောင်စီအာဏာသိမ်းပြီးကတည်းကနေ ၂၀၂၆ဇန်နဝါရီ ၂၆ရက်နေ့ထိဆိုရင်   ၅နှစ်အတွင်း ကချင်ပြည်နယ်မှာ စစ်ရှောင်ဒုက္ခသည် ဦးရေဟာ ၁၆၈,၄၀၀ ဦးထိ ရှိခဲ့တာဘဲ ဖြစ်ပါတယ်။ ခုလိုစစ်ရှောင်ဦးရေတိုးလာပေမယ့် ကူညီထောက်ပံ့မှုတစ်ချို့ရပ်တန့်သွားခဲ့တာကြောင့် စစ်ဘေးရှောင်တွေစားဝတ်နေရေး ပိုခက်ခဲလာတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်ဝန်းကျင် နိုင်ငံတကာအဖွဲ့အစည်းတွေကနေပြီးတော့ စစ်ရှောင်ပြည်သူတွေကို စားနပ်ရိက္ခာတချို့နဲ့ ဆေးဝါးအကူအညီတွေ ရရှိခဲ့ကြတယ်လို့ စစ်ရှောင်တွေပြောပါတယ်။ ဒါပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကနေပြီးတော့ ၄၇ကြိမ်မြောက် သမ္မတဖြစ်လာတဲ့နောက်ပိုင်း နိုင်ငံခြားအကူအညီတွေကို ဖြတ်တောက်လောက်တဲ့အတွက် World Food Program ကနေပြီးတော့ စစ်ရှောင်တွေကို ဆန်တွေ ကူညီပေးတာတွေလည်း ရပ်တန့်သွားခဲ့တာဖြစ်ပါတယ်။ Organization for Economic Co-operation…

    Read More »
  • Mar- 2026 -
    19 March
    သတင်း

    နောင်ဟီးစစ်ရှောင်စခန်းက မူကြိုကျောင်း‌ပြုပြင်ဖို့ အကူညီလိုအပ်နေ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နောင်ဟီးစစ်ရှောင်စခန်းက မူကြိုကျောင်း လေပြင်းတိုက်လို့ပျက်စီးသွားတဲ့အတွက် ပြန်လည်ပြုပြင်ဖို့ အကူအညီတွေလိုအပ်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ ဝိုင်းမော်မြို့နယ်ထဲ လေပြင်းကျရောက်ခဲ့တာကြောင့် အင်ဂန်းကျေးရွာမှာ စစ်ဘေးရှောင်နေကြတဲ့ နောင်ဟီးစစ်ရှောင်စခန်းက မူကြိုကျောင်း‌ဆောင်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။ “အခက်အခဲကတော့…

    Read More »
  • Jun- 2025 -
    2 June
    သတင်း

    မြစ်ရေတက်နေတဲ့ ဝိုင်းမော်မြို့နယ် ကျေးရွာတချို့မှာ သွားလာရေးအတွက် ငွေကျပ် ၆ သောင်းထိ ကုန်ကျနေရ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အင်ဂန်းကျေးရွာ လမ်းနေရာတချို့မှာ ‌ဧရာဝတီမြစ်ရေမြင့်တက်နေပြီး လမ်းတစ်ခါ ဖြတ်ကူးနိုင်ဖို့ ငွေကျပ် ၆ သောင်းခန့်အထိ ပေးနေရတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ လက်ရှိ အင်ဂန်းကျေးရွာကနေ ထွက်နိုင်ဖို့အတွက် ရေကြီးသွားတဲ့ နေရာ ငါးခုလောက်ရှိပြီး ဆိုင်ကယ်နဲ့ ဖြတ်မရတဲ့အတွက် စက်လှေတွေကို အသုံးပြုနေရတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း…

    Read More »
  • Jun- 2024 -
    24 June
    သတင်း

    ရေကြီးရေလျှံဖြစ်နေတဲ့ နောင်ဟီးကျေးရွာစစ်ဘေးရှောင်များ နေရာအခက်ခဲဖြစ်နေ

    ဝိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာအုပ်စု အင်ဂန်းကျေးရွာမှာစစ်ဘေးရှောင်နေတဲ့ နောင်ဟီးစစ်ဘေးရှောင်စခန်းထဲ မိုးရေဝင်ရောက်နေတာကြောင့် စစ်ရှောင်ပြည်သူတွေ နေရာထိုင်ခင်းအခက်ခဲကြုံနေရတယ်လို့ နောင်းဟီးစစ်ရှောင်ပြည်သူတွေကပြောပါတယ်။ ဇွန်လ ၂၄ ရက်နေ့ မနက် ၇ နာရီဝန်းကျင်ကနေ အင်ဂန်းရွာတစ်ဝိုက်မိုသည်းထန်စွာရွာသွန်းခဲ့ပြီး မိုးရေတွေက နောင်ဟီးပြည်သူတွေတိမ်းရှောင်နေတဲ့  စစ်ရှောင်စခန်းထဲအထိ ရေဝင်ရောက်ခဲ့တဲ့အပြင် မိုးကာတဲအမိုးကနေ မိုးရေတွေယိုစိမ့်ပြီး ထမင်းချက်စားတဲ့ နေရာအထိ ရေနစ်မြှုပ်တာတွေကြုံတွေ့နေရတယ်လို့ နောင်ဟီး စစ်ရှောင်ပြည်သူတစ်ဦးက ခုလိုပြောပါတယ်။ “မိုးတွေလည်းယိုတယ် မိုးကာနဲ့ဘဲ လုပ်ထားတော့ တချို့မိုးကာတွေက အရည်အသွေးမကောင်းတော့ အသစ်ဆိုရင်တောင်ယိုတယ် ကျွန်တော်တို့မှာ လိုအပ်နေတဲ့ အရာတွေဆိုပြောလိုတောင်ကုန်မှာမဟုတ်ဘူး”လို့ ဆိုပါတယ်။ လက်ရှိ နောင်ဟီးကျေးရွာပြည်သူတွေ ဆောက်လုပ်ထားတဲ့စစ်ရှောင်စခန်းဟာ ဘောလုံးကွင်းပြင်လိုမျိုးဖြစ်နေပြီး မြေနိမ့်ပိုင်းမှာဆောက်ထားတဲ့အတွက် အခုလိုမိုးရွာသွန်းချိန်တိုင်း ရေကြီးရေလျှံမှု မကြာခဏကြုံတွေ့နေရသလို ဒီတစ်ကြိမ်ဟာအဆိုးရွားဆုံးဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။  စစ်ဘေးရှောင်တွေဟာ မိုးရေတွေကြောင့် အမိုးအကာပျက်စီးတာ၊ နေရာထိုင်ခင်း၊ အစားသောက်အပြင် သောက်ရေ၊ သုံးရေကအစ ခက်ခဲနေကြတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့်…

    Read More »
Back to top button