အင်းတော်ကြီးဒေသ

  • Apr- 2026 -
    20 April
    သတင်း

    လေပြင်းမုန်တိုင်းသင့်ခဲ့တဲ့ အင်းတော်ကြီးစစ်ဘေးရှောင်တွေ အကူညီလိုအပ်နေ

    မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှာ စစ်ဘေးရှောင်နေတဲ့ပြည်သူတွေမှာ လေပြင်းမုန်တိုင်းဒဏ်မကြာခဏကြုံတွေ့နေရတဲ့အတွက် အဆောင်တွေပျက်စီးပြီး နေစရာအခက်ကြုံနေတယ်လို့ စစ်ရှောင်တွေပြောပါတယ်။

    Read More »
  • 3 April
    သတင်း

    မိုင်းနောင်က ကားသမားတစ်ဦးသတ်ခံရ

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၊ မိုင်းနောင်ရွာက ကားသမားတစ်ဦး SNA ထိန်းချုပ်ထားတဲ့ကားလမ်းပိုင်းမှာသတ်ဖြတ်ခံထားရကြောင်း ဒေသခံများမှ သိရပါတယ်။ မိုင်းနောင်ကျေးရွာနေ ဦးပေါ်ထင် အသက် ၅၀ ကျော်အရွယ်ဟာ မနေ့က ဧပြီ ၁ ရက်နေ့မှာ SNA တပ်တွေအဓိကထိန်းချုပ်ထားတဲ့…

    Read More »
  • Mar- 2026 -
    23 March
    သတင်း

    အင်းတော်ကြီးဒေသမှာ ရွှေအလွန်အကျွံတူးဖော်မှုကြောင့်သောက်သုံးရေခက်ခဲတဲ့အထိဖြစ်လာ

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင် နဲ့ မမုံကိုင်ကျေးရွာတွေမှာ ရွှေအလွန်အကျွံတူးဖော်မှုကြောင့်ဒေသခံတွေသောက်သုံးရေ ခက်ခဲတဲ့အထိ ဖြစ်လာနေတယ်လို့ သိရပါတယ်။ အင်းတော်ကြီးသေထဲမှာ တရားမဝင် ရွှေတူးဖော်မှုတွေဟာ စစ်အာဏာသိမ်းနောက်ပိုင်းကစပြီး တနေ့တခြား ပိုမိုဆိုးရွားလာရာကနေ ၂၀၂၄–၂၀၂၅ ခုနှစ်တွေမှာ ကျေးရွာဧရိယာအထိ ရွှေတူးဖော်မှု…

    Read More »
  • Feb- 2026 -
    13 February
    သတင်း

    အင်း‌တော်ကြီးဒေသက စစ်ရှောင်ပြည်သူ တစ်ထောင်အတွက် စားနပ်ရိက္ခာအကူအညီလိုအပ်

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှာ တိမ်းရှောင်နေကြတဲ့ အင်းတော်ကြီးဒေသက စစ်ရှောင်ပြည်သူ တစ်ထောင်ဝန်းကျင်အတွက် စားနပ်ရိက္ခာအကူအညီ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။  ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစပြီး အင်းတော်ကြီးဒေသမှာတိုက်ပွဲတွေစတင်လာခဲ့တဲ့အတွက် နန့်မွန်းမြို့ ပြည်သူတွေဟာ ညောင်ပင်ကျေးရွာက ရိုးရာဝန်း (Htunghking…

    Read More »
  • 6 February
    သတင်း

    ကချင်ဒေသထဲ တစ်ပတ်အတွင်း ဗန်းမော်အပြင် နောက်ထပ် မြို့နယ် ၃ နေရာမှာတိုက်ပွဲဆက်ဖြစ်

    ကချင်ပြည်နယ်ထဲက ဗန်းမော်အပါအဝင် ဝိုင်းမော်၊ ဖားကန့်နဲ့ အင်းတော်ကြီးဒေသစတဲ့မြို့နယ် ၄ခုမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တပြိုင်နက်တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ မြို့နေရာ ၄ ခုမှာ အပြင်းထန်ဆုံးတိုက်ပွဲဖြစ်နေပြီး ဗန်းမော်နဲ့ ဝိုင်းမော်မြို့တွေမှာဖြစ်နေတဲ့ တိုက်ပွဲမှာ KIA…

    Read More »
  • Jan- 2026 -
    26 January
    သတင်း

    အင်းတော်ကြီးဒေသ စည်းကမ်းမဲ့ ရွှေတူးဖော်မှုကြောင့် ထိခိုက်ပျက်စီးမှု ပိုများလာ

    ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှာ စည်းကမ်းမဲ့ရွှေတူးဖော်မှု တစ်နေ့ထက်တစ်နေ့ ပိုဆိုးရွားလာတဲ့အတွက် ထိခိုက်ပျက်စီးမှုတွေများလာတယ်လို့ ဒေသခံတွေပြောပါတယ်။ အင်းတော်ကြီးဒေသ မမုန်ကိုင်ရွာနဲ့ မိုင်းနောင်၊လုံးတုံကျေးရွာတွေဘက်မှာ အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်ဝန်းကျင်ကစပြီး ရွှေတူးဖော်မှု သိသိသာသာများလာရာကနေ ၂၀၂၁ ခုနှစ်အာဏသိမ်းပြီးနောက်ပိုင်း တရားမဝင်ရွှေတူးဖော်မှုတွေဟာ အထိန်းအကွပ်မဲ့လာပြီး လတ်တလော မိုင်းနောင်ကျေးရွာမှာ ရွာဧရိယာအတွင်းထိ ရွှေတူးနေကြပြီလို့ မိုင်းနောင်ဒေသခံ အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “မိုင်းနောင်မှာ အခြေနေတော်တော်ဆိုးနေပြီ လူမနေတဲ့ အိမ်ဝင်းတွေလည်း လိုက်ဝယ်နေကြပြီ။ ပြီးတော့ သစ်တောရုံးလို အစိုးရရုံးနေရာတွေ၊ ပြီးရင် ကချင်တွေရဲ့ ဆုတောင်းတောင်အနီးအားလုံးရွှေတူးနေပြီ။“ လို့ပြောပါတယ်။ KNG သတင်းဌာနရရှိထားတဲ့အချက်လက်အရ အထက်ဖော်ပြပါ ကျေးရွာ (၃) ရွာအနက် မိုင်းနောင်ရွာဟာ အဆိုးရွားဆုံးဖြစ်ပြီး ရွာရဲ့ သုံးပုံ တစ်ပုံရွှေတူးဖော်လိုက်ပြီလို့…

    Read More »
  • Aug- 2025 -
    13 August
    သတင်း

    ကချင်ပြည်သူ ၁၄ ဦး အသတ်ခံရပြီးနောက် ရှမ်းနီ နဲ့ ကချင်အတူတကွယှဉ်တွဲနေထိုင်ရေး မြစ်ကြီးနားမှာ တွေ့ဆုံဆွေးနွေး

    အင်းတော်ကြီးဒေသမှာ ကချင်ပြည်သူ ၁၄ ဦးကို ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်က သတ်ဖြတ်လိုက်တဲ့ ဖြစ်စဉ်နဲ့ ကချင်လူထုကို နေထိုင်လို့ မရအောင် လုပ်ဆောင်နေတဲ့လုပ်ရပ်တွေအပေါ် လူမျိုးရေးပြဿနာ မဖြစ်စေရေးအတွက် နှစ်ဖက်လူထုကြား တွေဆုံမှုကို မြစ်ကြီးနားမြို့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။…

    Read More »
  • 2 August
    သတင်း

    ကချင်နေအိမ်အတွင်းမှ တန်ဖိုးရှိပစ္စည်းများခိုးယူခံ‌နေရတဲ့အပြင် သတ်ဖြတ်ခံရသူတွေလည်းရှိနေ

    ကချင်ပြည်နယ် အင်းတော်ကြီးဒေသမှာ နေထိုင်ကြတဲ့ ကချင်လူမျိုးတွေ လူမျိုးရေးခြိမ်းခြောက်ခံရတာကြောင့် နေရပ်စွန့်ခွာသွားတဲ့ လူနေအိမ်နဲ့ ဘုရားကျောင်းဝင်းနေရာအတွင်းက တန်ဖိုးရှိ ပစ္စည်းတွေကို ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်သားတွေ ခိုးယူဖျက်ဆီးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။ နန့်မွန်မြို့၊ မိုင်းနောင်ရွာနဲ့ မမုံကိုင်ကျေးရွာတွေကို စစ်တပ်နဲ့…

    Read More »
  • Jul- 2025 -
    23 July
    သတင်း

    အင်းတော်ကြီးဒေသမှာ SNA တပ်က လူမျိုးရေးအခြခံပြီး ခြိမ်းခြောက်မှု ပြုလုပ်နေ

    ကချင်ပြည်နယ် အင်းတော်ကြီးဒေသမှာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းနေတဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်က ဒေသခံ ကချင်နေအိမ်တွေကို ချိတ်ပိတ်ပြီး ဖမ်းဆီးသတ်ဖြတ်ဖို့အထိ ခြိမ်းခြောက်ပြောဆိုနေတဲ့အတွက် ကချင်လူမျိုးအများစုက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်ဟာ ကချင်မျိုးနွယ်စု အများဆုံးနေထိုင်တဲ့ မိုင်းနောင်နဲ့ မမုံကိုင်ကျေးရွာ ၂ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ နောက်ဆုတ်လိုက်ပြီးနောက် အင်းတော်ကြီးဒေသတစ်ခုလုံးကို SNA တပ်က စစ်ဆင်ရေးတစ်ခုအနေနဲ့…

    Read More »
  • 16 July
    သတင်း

    အင်းတော်ကြီး- ဖားကန့်လမ်းပိုင်းထိန်းချုပ်နိုင်ဖို့ စစ်တပ်အပြင်းထန်ကြိုးပမ်းနေ၊ ကျေးရွာနှစ်ခု KIA လက်လွှတ်လိုက်ရ

    ကချင်ပြည်နယ် အင်းတော်ကြီးဒေသ– ဖားကန့်လမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ စစ်တပ်ကအပြင်းထန်ကြိုးစားနေတဲ့အတွက် အင်းတော်ကြီးနေရာဒေသတစ်ချို့ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ကျေးရွာ ၂ ရွာကိုလည်း KIA ပူးပေါင်းတပ်က လက်လွှတ်လိုက်ရတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။ စစ်အင်အား ၅၀၀ ဝန်းကျင်ခန့်ရှိတဲ့ စစ်ကောင်စီပူးပေါင်းတပ် ဇူလိုင်လ ၁၂ ရက် မနက် ၂…

    Read More »
Back to top button