ဆယ်ဇင်းတွင် စစ်ကောင်စီ ဖမ်းထားသည့် ပြည်သူ ၅ ဦးအနက် လူငယ်နှစ်ဦး ပြန်မလွတ်သေး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာတွင် ဇူလိုင်လ ၂၃ ရက်နေ့ အဖမ်းခံလိုက်ရသည့် အရပ်သား ၅ ဦး အနက် ၃ ဦး ပြန်လွတ်လာသော်လည်း အသက် ၂၀ ကျော်အရွယ် လူငယ် နှစ်ဦး ပြန်မလွတ်သေးကြောင်း ဒေသခံများထံ မှ သိရသည်။ စစ်ကောင်စီသည် ဇူလိုင် ၂၃ ရက်နေ့က ဆယ်ဇင်းကျေးရွာကို တစ်အိမ်ဝင်တစ် အိမ်ထွက် စစ်ဆေးမှုများပြုလုပ်ပြီးနောက် အမျိုးသားငါးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ သုံးဦးကို ယမန်နေ့က