,
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်ရန် ပါတီအနေဖြင့် ကမ်းလှမ်းခံခဲ့ရသော်လည်း ငြင်းဆိုခဲ့ကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ပါတီမှ ဒုဦးကွမ်ကရောင်အောင်ခမ်းကပြောသည်။ "ပထမ အာဏာသိမ်းပြီးချင်းကတော့ ဥက္ကဋ္ဌကိုကမ်းလှမ်းတာ ဒါကတော့နိုင်ငံတော်ကောင်စီအဆင့်အနေနဲ့ကမ်းလှမ်းလာတယ်။ ဒုတိယအဆင့်အနေနဲ့တော့ ပါတီတိုင်းကိုကမ်းလှမ်းလာခြင်းဖြစ်ပါတယ်။ နှစ်ခုစလုံးကို ကျနော်တို့အနေနဲ့လက်ခံခြင်းမရှိဘူး။ လက်မခံရတဲ့အကြောင်းရင်းကလဲ ခုလက်ရှိမှာအာဏာသိမ်းတဲ့အခြေနေမျိုးဖြစ်နေပါတယ်။ ကျနော်တို့အနေနဲ့ အာဏာသိမ်းတာဘဲဖြစ်ဖြစ် ထိန်းတာဘဲဖြစ်ဖြစ် လုံးဝလက်မခံနိုင်ပါဘူး။" ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ဒု ဥက္ကဋ္ဌ-၂ ဦးကွမ်ကရောင်အောင်ခမ်းကပြောသည်။ ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်တပ်မှ အာဏာသိမ်းပြီးနောက် တိုင်းရင်းသားပါတီများအား နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီတွင် ပါဝင်ရန်ကမ်းလှမ်းမူများရှိခဲ့သည်။
NLD အစိုးရလက်ထက် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ကိုဖျက်သိမ်းကြောင်း အာဏာသိမ်းတပ်မတော် က PCG မှတဆင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များထံ အကြောင်းကြားလိုက်သည်ဟု သိရသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို NRPC မှ မဟုတ်ပဲ တပ်မတော်ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီဖြင့်သာ ဆွေးနွေးသွားမည်ဟု ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) က ဖေဖော်ဝါရီလ ၂ ရက်နေ့က ခေါ်ယူပြီးပြောဆိုခဲ့ကြောင်း ဦးလမိုင်ဂွမ်ဂျာ က ပြောဆိုသည်။ “သူတို့အကြောင်းကြားလာတာက
တပ်မတော်ပြန်လည်ပြုလုပ်ပေးမည့် ရွေးကောက်ပွဲတွင် KSPP ပါတီအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ပါတီ ဥက္ကဋ္ဌ၏ ပြောဆိုမှုသည် ပါတီ၏ ဆုံးဖြတ်ချက်မဟုတ်ကြောင်း ပါတီ ဒု ဥက္ကဋ္ဌ -၂ က ပြောသည်။ (more…)