သတင်း

အာဏာသိမ်း အစိုးရ ပြုလုပ်မည့်ရွေးကောက်ပွဲတွင် KSPP ယှဉ်ပြိုင်မည်ဟူသော ပါတီဥက္ကဋ္ဌ ပြောဆိုချက်မှာ ပါတီကိုယ်စားမပြုဟုဆို

တပ်မတော်ပြန်လည်ပြုလုပ်ပေးမည့် ရွေးကောက်ပွဲတွင် KSPP ပါတီအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ပါတီ ဥက္ကဋ္ဌ၏ ပြောဆိုမှုသည် ပါတီ၏ ဆုံးဖြတ်ချက်မဟုတ်ကြောင်း ပါတီ ဒု ဥက္ကဋ္ဌ -၂ က ပြောသည်။

“ဒါက သူ့သဘောထားသာဖြစ်တယ်။ ပါတီ CEC က ဘာမှ မဆုံးဖြတ်ရသေးဘူး” ဟု ဒု ဥက္ကဋ္ဌ -၂ ဦးကွမ်ကရောင်အောင်ခမ်းက ပြောသည်။

တပ်မတော်က အရေးပေါ်အခြေအနေအဖြစ် နိုင်ငံတော်အာဏာသိမ်းမှု ၁ နှစ်ကြေညာပြီးနောက် ရွေးကောက်ပွဲပြန်လည်ကျင်းပပြီးမှသာ ပြန်လည်လွဲပြောင်းပေးမည့်အကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် လူထုလက်ခံနိုင်သည့်ရွေးကောက်ပွဲဖြစ်ပါက KSPP အနေဖြင့် ပါဝင်သွားမည်ဖြစ်ကြောင်း ပါတီ ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာက မြစ်ကြီးနားသတင်းဂျာနယ်ကို ဖေဖော်ဝါရီ ၄ ရက်နေ့က ပြောဆိုထားကြောင်း ရေးသားထားသည်။

သို့သော်လည်း KSPP ပါတီအနေဖြင့် ပေါင်းစည်း ၅ ပြည်နယ် နိုင်ငံရေးပါတီများဖြင့် အစည်းအဝေးပြုလုပ်ပြီးမှသာ တပ်မတော်အာဏာသိမ်းမှုနှင့်ပတ်သက်သော သဘောထားကို ထုတ်ပြန်မည်ဖြစ်ကြောင်း ဆိုသည်။

တပ်မတော်အာဏာသိမ်းပြီး ပြည်လည်ဖွဲ့စည်းသော ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌမှာ ယခင်က KSPP ပါတီ၏ ဒု ဥက္ကဋ္ဌ-၁ တာဝန်ယူခဲ့သော ဦးခက်ထိန်နန်ဖြစ်သည်။

Show More

Related Articles

Back to top button