အုပ်ချုပ်ရေးစနစ်

  • Jun- 2025 -
    13 June
    သတင်း

    ရေဘေးသင့် ချီဖွေစစ်ရှောင်တွေကို နေရပ်ပြန်နိုင်ရေး ဦးစားပေးဆောင်ရွက်ပေးမယ်လို့ ချီဖွေအုပ်ချုပ်ရေးအဖွဲ့ပြော

    ကချင်ပြည်နယ်၊ ချီဖွေမြို့တွင်း ရေဘေးသင့်ခဲ့တဲ့ စစ်ဘေးရှောင်ပြည်သူတွေကို မိမိနေရပ်ပြန်လည်နေထိုင်နိုင်ရေး ဦးစားပေးဆောင်ရွက်ပေးသွားမယ်လို့ ချီဖွေမြို့ KIO အုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့ကစပြီး ဇွန်လ ၂ ရက်နေ့အထိ ချီဖွေမြို့မှာ မေခမြစ်ရေကြီးရေလျှံမှုကြောင့် မြစ်ကမ်းဘေးတစ်လျှောက်ရှိ နေအိမ်တွေနဲ့စစ်ရှောင်စခန်းအားလုံးနီးပါး ရေထဲမျှောပါသွားတဲ့အတွက် စစ်ရှောင်အိမ်ခြေ ၁၇၁ အိမ်နဲ့လူဦးရေစုစုပေါင်း ၈၁၈ ဦးရှိရေဘေးသင့်ခဲ့တယ်လို့ သိရပြီး ဒီစစ်ရှောင်အားလုံးကို နေရပ်ပြန်လည်နေထိုင်နိုင်ရေး အဓိကလုပ်ဆောင်သွားမယ်လို့  ချီဖွေမြို့ KIO တာဝန်ရှိသူတစ်ဦး KNG ကို ပြောပါတယ်။ “နေစရာနဲ့ပတ်သက်ရင်တော့ ဒီဘက်မှာတော့ ဘာပဲဖြစ်ဖြစ် စစ်ရှောင်ဆိုပေမဲ့ အခြားစစ်နဲ့ပတ်သက်တာစိုးရိမ်စရာတွေမရှိတော့တာကြောင့် နဂိုမူလ မိမိနေရပ်ကျေးရွာကို ပြန်လို့ရတဲ့သူတွေများတာကြောင့်အဲဒီဘက်ကိုပဲ အားစိုက်ထောက်ပံ့ပေးသွားဖို့ ပြင်ဆင်ထားတယ်။ ဒီမိုးတွင်းတော့မဟုတ်ဘူး။မိုးတွင်းကုန် သွားလာရေးအဆင်ပြေလာပြီဆိုရင်တော့ မိမိမူလနေရပ်ကို ပြန်သွားကြဖို့ အဓိကအစီအစဉ်ဆွဲနေပါတယ်”လို့ ပြောပါတယ်။ လက်ရှိမှာ ရေဘေးသင့်စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာကို ချီဖွေမြို့သက်ဆိုင်ရာ KIO ကော်မတီအဖွဲ့က ထောက်ပံ့ပေးနေတယ်လို့သိရပြီး ရေဘေးသင့်စစ်ဘေးရှောင်ပြည်သူတွေအားလုံးက ချီဖွေမြို့ရှိ အသင်းတော်ဘုရားကျောင်းဝင်းတွေနဲ့ ဆွေမျိုးအသိအိမ်တွေမှာ ခိုလှုံနေကြရတယ်လို့ သိရပြီး KBC စစ်ဘေးရှောင်စခန်းနဲ့ လော်ဝေါ်နှစ်ခြင်း စစ်ရှောင်စခန်းထဲက စစ်ဘေးရှောင်ပြည်သူတွေအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ လတ်တလော ဒီရေဘေးသင့်ပြည်သူတွေကို ချီဖွေမြို့သက်ဆိုင်ရာ KIO အစိုးရက အရင်ဦးဆုံး တစ်ပတ်စာ စားနပ်ရိက္ခာ ထောက်ပံ့ပေးခဲ့ပြီး လက်ရှိမှာတော့ နေရပ်မပြန်သေးခင်ကာလမှာနေဖို့ စစ်ရှောင်တွေအတွက်ယာယီနေရာချထားရေးအတွက် ပြင်ဆင်သွားဖို့ရှိတယ်လို့ပြောပါတယ်။ ဒီနှစ်ရဲ့မေခမြစ်ရေမြင့်တက်မှုဟာ ယခင်နှစ်ထက် စံချိန်တင်မြင့်တက်ခဲ့တာကြောင့် စစ်ရှောင်စခန်းအားလုံးရေထဲမျောပါသွားတဲ့အတွက် စစ်ရှောင်တွေဟာ အခြေခံစားသောက် ကုန်နဲ့အသုံးအဆောင်၊အဝတ်အထည်တွေလည်း အားလုံးဆုံးရှုံးခဲ့ကြရတာလို့ဆိုပါတယ်။ ဒါကြောင့်…

    Read More »
  • Nov- 2024 -
    15 November
    သတင်း

    KIA သိမ်းပိုက်နယ်မြေတွေမှာ လူထုအသံနားထောင်တဲ့ အုပ်ချုပ်ရေးစနစ်နဲ့ တောင်းဆို

    ကချင်ပြည်နယ်အရှေ့ဘက်၊ တရုတ်နယ်စပ်ရှိ ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်နယ်မြေတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ KIO အစိုးရအနေဖြင့် အုပ်ချုပ်စနစ်ကို စတင်ထူထောင်တဲ့အခါ ဗဟိုအမိန့်နဲ့ တိုက်ရိုက်အုပ်ချုပ်တဲ့စနစ် မဟုတ်ဘဲ ဒေသခံအသံကို အခြေခံတဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်ဖို့ လိုအပ်ကြောင်း ဒေသခံတချို့ ပြောဆိုပါတယ်။…

    Read More »
  • Oct- 2024 -
    2 October
    သတင်း

    ချီဖွေမြို့ အစိုးရရုံးအားလုံးချိတ်ပိတ်ပြီး  KIO အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်ဖို့ ပြင်ဆင်နေ

    ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ ချီဖွေမြို့ကိုသိမ်းပိုက်ပြီးနောက် စစ်ကောင်စီလက်အောက်မှာရှိနေတဲ့ ဌာနဆိုင်ရာအစိုးရရုံးတွေကို ချိတ်ပိတ်ထားပြီးတော့ KIO အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားတွေလည်ပတ်ဖို့ စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။ ချီဖွေမြို့အပါ ရဲစခန်းနဲ့ စစ်တပ်ကုန်း အားလုံးကို ထိန်းချုပ်လိုက်ပြီးနောက်  အောက်တိုဘာလ ၁ ရက်နေ့မှာ KIA ပူးပေါင်းတပ်တွေဟာ အစိုးရရုံးနဲ့ သက်ဆိုင်တဲ့ အုပ်ချုပ်ရေးရုံး၊ လဝကရုံး၊ တရားရုံး စတဲ့နေရာတွေကို ‘KIO/KIA’ စားသားလိုက်လံရေးသားပြီး ချိတ်ပိတ်ထားတယ်လို့ ချီဖွေဒေသခံ တစ်ဦးက KNG ကိုပြောပါတယ်။ “ချီဖွေမြို့မှာ သေနတ်သံတွေက မကြားရတော့ဘူး တိတ်သွားပြီ။ အခု KIA တွေက အုပ်ချုပ်ရေးယန္တရားစတင်ဖို့ အစိုးရရုံးနဲ့ သက်ဆိုင်တဲ့ ဌာနဆိုင်ရာ ရုံးအားလုံးကို မှုတ်ဆေးအနီနဲ့ KIO/KIA နားမည်တွေလိုက်ရေးပြီး ချိတ်ပိတ်ထားတယ်။ ကချင်အလံထောင်တာတော့မတွေ့ရသေးဘူး”လို့ပြောပါတယ်။ KIO အစိုးရအောက်မှာ အုပ်ချုပ်ရေးစနစ်တွေပြုပြင်ပြောင်းလဲပြီး ပညာရေးနဲ့ ကျန်းမာရေးလုပ်ငန်းတွေကို အမြန်ဆုံးအကောင်အထည်သွားဖို့ ရှိနေတယ်လို့လည်းသိရပါတယ်။ ဒါကြောင့် အောက်တိုဘာလ ၁ ရက်နေ့မှာ KIO အုပ်ချုပ်တာဝန်ခံအဖွဲ့တွေက ချီဖွေမြို့ပေါ်က ဘာသာရေးပေါင်းစုံက ဒေသခံပြည်သူတွေကို ခေါ်ယူပြီး ကျေးရွာအုပ်ချုပ်ရေးစနစ်နဲ့ ပတ်သက်ပြီး အလွတ်တန်းဆွေးနွေးပြောဆိုခဲ့တာတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။ KIO အနေနဲ့ ဒေသခံပြည်သူတွေနဲ့ အလွတ်တန်း တွေ့ဆုံဆွေးနွေးမှုမှာ ဒေသအတွင်း အုပ်ချုပ်ရေးစနစ်ပြုပြင်ပြောင်းလဲသွားဖို့နဲ့  ပြည်သူတွေအနေနဲ့ သွားချင်တဲ့ အုပ်ချုပ်ရေးစနစ်တွေ အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ ချီဖွေဒေသခံ တစ်ဦးက ဆက်ပြောပါတယ်။ “မနေ့ကတော့ အကုန်လုံးကို ခေါ်ပြီးတော့ အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီးတော့ ပြောကြတယ်။ အဓိက KIO သွားမယ့် အုပ်ချုပ်ရေးစနစ်နဲ့ ပြည်သူတွေသွားစေချင်တဲ့ ပုံစံတွေကို ပြောကြတာပေါ့လေ။ အတည်တကျလေးတော့မဟုတ်ဘူး။ အလွတ်သဘောဆွေးနွေးကြတဲ့သဘောပါ။ မြို့ရဲ့ အုပ်ချုပ်မယ့်စနစ်၊ ပညာရေး၊ ကျန်းမာရေးအကုန်ပါတယ်”လို့ပြောပါတယ်။ KIA ပူးပေါင်းတပ်တွေဟာ စက်တင်ဘာလ ၂၉ ရက်နေ့ကနေ ချီဖွေမြို့နေရာအားလုံးကို နေရာယူထိန်းချုပ်ထားပြီဖြစ်ပြီးတော့ အုပ်ချုပ်ရေးယန္တရားစတင်ဖို့ လုပ်ဆောင်နေပြီဖြစ်ပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့ ညနေပိုင်း KIO အုပ်ချုပ်ရေးပိုင်းနဲ့ ပြည်သူတွေ တွေ့မှုအပြီး ၄ နာရီလောက်မှာ စစ်ကောင်စီတပ်ဟာ ဂျက်လေယာဉ်တစ်စီးနဲ့ ချီဖွေမြို့ပေါ်ကို ဗုံး လေးကြိမ်ထက်မနည်းလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ KIA က အုပ်ချုပ်ရေးယန္တရားတွေလည်ပတ်ဖို့ လုပ်ဆောင်နေပြီဖြစ်ပေမယ့် တစ်ဖက်မှာ စစ်ကောင်စီတပ်တွေဟာ ချီဖွေမြို့တစ်ခုလုံးကို လက်လွတ်လိုက်ရတဲ့နောက် နေ့တိုင်းလိုလို လေယာဉ်နဲ့ လာရောက်ပျံဝဲပြီး ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်လုပ်သေးတာလည်းဖြစ်ပါတယ်။ အခုလို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာတွေ ဆက်ရှိနေတဲ့အတွက် ချီဖွေဒေသခံ အများပိုင်းဟာ လေကြောင်းရန် စိုးရိမ်ပြီး မြို့ထဲကို ပြန်မဝင်ရဲသေးဘဲ တောတွင်းနေရာတွေမှာ စစ်ရှောင်နေကြဆဲဖြစ်တယ်လို့ ဆက်သိရပါတယ်။ ဒါ့အပြင် ဒေသခံတစ်ချို့က စစ်ကောင်စီဘက်ကနေ တန်ပြန်တိုက်ခိုက်လာပြီး မြို့ပေါ်မှာ တိုက်ပွဲပြန်လည် ပြင်းထန်လာမှာကိုလည်း စိုးရိမ်နေကြတာဖြစ်တယ်လို့သိရပါတယ်။ ချီဖွေမြို့သိမ်းတိုက်ပွဲကြောင့် မြစ်ကြီးနား – ချီဖွေကားလမ်းပိုင်းနဲ့ ချီဖွေကနေ ပန်ဝါကို သွားတဲ့ ကားလမ်းပိုင်းတွေကို KIA က ယာယီပိတ်ဆို့ထားတာလည်းဖြစ်ပါတယ်။ ချီဖွေမြို့ဟာ မြစ်ကြီးနားကနေ ၈၈ မိုင်၊ပန်ဝါကနေ မိုင် ၄၀ အကွာမှာရှိပြီး ကချင်အထူးဒေသ ၁ ထိန်းချုပ်နယ်မြေတွင်းမှာရှိပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
Back to top button