အုပ်ချုပ်ရေးယန္တရား
-
Nov- 2024 -25 Novemberသတင်း
ကန်ပိုင်တည်မြို့ ယခင်ထက်ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်ဖော်ဆောင်မယ်လို့ မြို့ခံတွေနဲ့ တွေ့ဆုံမှုမှာ KIO တာဝန်ရှိသူတွေပြော
ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ တရုတ်နယ်စပ် ကန်ပိုင်တည်မြို့တစ်ခုလုံးကို KIO အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားတွေ စတင်လည်ပတ်တော့မယ့် ကိစ္စနဲ့ ပတ်သက်ပြီး KIO အရာရှိ တာဝန်ရှိသူတွေက ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မြို့အင်္ဂါရပ်နဲ့ ပြည်သူ့စုံတဲ့ အုပ်ချုပ်ရေးစနစ်တွေဖွဲ့စည်းပြီး…
Read More » -
Oct- 2024 -2 Octoberသတင်း
ချီဖွေမြို့ အစိုးရရုံးအားလုံးချိတ်ပိတ်ပြီး KIO အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်ဖို့ ပြင်ဆင်နေ
ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ ချီဖွေမြို့ကိုသိမ်းပိုက်ပြီးနောက် စစ်ကောင်စီလက်အောက်မှာရှိနေတဲ့ ဌာနဆိုင်ရာအစိုးရရုံးတွေကို ချိတ်ပိတ်ထားပြီးတော့ KIO အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားတွေလည်ပတ်ဖို့ စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။ ချီဖွေမြို့အပါ ရဲစခန်းနဲ့ စစ်တပ်ကုန်း အားလုံးကို ထိန်းချုပ်လိုက်ပြီးနောက် အောက်တိုဘာလ ၁ ရက်နေ့မှာ KIA ပူးပေါင်းတပ်တွေဟာ အစိုးရရုံးနဲ့ သက်ဆိုင်တဲ့ အုပ်ချုပ်ရေးရုံး၊ လဝကရုံး၊ တရားရုံး စတဲ့နေရာတွေကို ‘KIO/KIA’ စားသားလိုက်လံရေးသားပြီး ချိတ်ပိတ်ထားတယ်လို့ ချီဖွေဒေသခံ တစ်ဦးက KNG ကိုပြောပါတယ်။ “ချီဖွေမြို့မှာ သေနတ်သံတွေက မကြားရတော့ဘူး တိတ်သွားပြီ။ အခု KIA တွေက အုပ်ချုပ်ရေးယန္တရားစတင်ဖို့ အစိုးရရုံးနဲ့ သက်ဆိုင်တဲ့ ဌာနဆိုင်ရာ ရုံးအားလုံးကို မှုတ်ဆေးအနီနဲ့ KIO/KIA နားမည်တွေလိုက်ရေးပြီး ချိတ်ပိတ်ထားတယ်။ ကချင်အလံထောင်တာတော့မတွေ့ရသေးဘူး”လို့ပြောပါတယ်။ KIO အစိုးရအောက်မှာ အုပ်ချုပ်ရေးစနစ်တွေပြုပြင်ပြောင်းလဲပြီး ပညာရေးနဲ့ ကျန်းမာရေးလုပ်ငန်းတွေကို အမြန်ဆုံးအကောင်အထည်သွားဖို့ ရှိနေတယ်လို့လည်းသိရပါတယ်။ ဒါကြောင့် အောက်တိုဘာလ ၁ ရက်နေ့မှာ KIO အုပ်ချုပ်တာဝန်ခံအဖွဲ့တွေက ချီဖွေမြို့ပေါ်က ဘာသာရေးပေါင်းစုံက ဒေသခံပြည်သူတွေကို ခေါ်ယူပြီး ကျေးရွာအုပ်ချုပ်ရေးစနစ်နဲ့ ပတ်သက်ပြီး အလွတ်တန်းဆွေးနွေးပြောဆိုခဲ့တာတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။ KIO အနေနဲ့ ဒေသခံပြည်သူတွေနဲ့ အလွတ်တန်း တွေ့ဆုံဆွေးနွေးမှုမှာ ဒေသအတွင်း အုပ်ချုပ်ရေးစနစ်ပြုပြင်ပြောင်းလဲသွားဖို့နဲ့ ပြည်သူတွေအနေနဲ့ သွားချင်တဲ့ အုပ်ချုပ်ရေးစနစ်တွေ အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ ချီဖွေဒေသခံ တစ်ဦးက ဆက်ပြောပါတယ်။ “မနေ့ကတော့ အကုန်လုံးကို ခေါ်ပြီးတော့ အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီးတော့ ပြောကြတယ်။ အဓိက KIO သွားမယ့် အုပ်ချုပ်ရေးစနစ်နဲ့ ပြည်သူတွေသွားစေချင်တဲ့ ပုံစံတွေကို ပြောကြတာပေါ့လေ။ အတည်တကျလေးတော့မဟုတ်ဘူး။ အလွတ်သဘောဆွေးနွေးကြတဲ့သဘောပါ။ မြို့ရဲ့ အုပ်ချုပ်မယ့်စနစ်၊ ပညာရေး၊ ကျန်းမာရေးအကုန်ပါတယ်”လို့ပြောပါတယ်။ KIA ပူးပေါင်းတပ်တွေဟာ စက်တင်ဘာလ ၂၉ ရက်နေ့ကနေ ချီဖွေမြို့နေရာအားလုံးကို နေရာယူထိန်းချုပ်ထားပြီဖြစ်ပြီးတော့ အုပ်ချုပ်ရေးယန္တရားစတင်ဖို့ လုပ်ဆောင်နေပြီဖြစ်ပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့ ညနေပိုင်း KIO အုပ်ချုပ်ရေးပိုင်းနဲ့ ပြည်သူတွေ တွေ့မှုအပြီး ၄ နာရီလောက်မှာ စစ်ကောင်စီတပ်ဟာ ဂျက်လေယာဉ်တစ်စီးနဲ့ ချီဖွေမြို့ပေါ်ကို ဗုံး လေးကြိမ်ထက်မနည်းလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ KIA က အုပ်ချုပ်ရေးယန္တရားတွေလည်ပတ်ဖို့ လုပ်ဆောင်နေပြီဖြစ်ပေမယ့် တစ်ဖက်မှာ စစ်ကောင်စီတပ်တွေဟာ ချီဖွေမြို့တစ်ခုလုံးကို လက်လွတ်လိုက်ရတဲ့နောက် နေ့တိုင်းလိုလို လေယာဉ်နဲ့ လာရောက်ပျံဝဲပြီး ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်လုပ်သေးတာလည်းဖြစ်ပါတယ်။ အခုလို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာတွေ ဆက်ရှိနေတဲ့အတွက် ချီဖွေဒေသခံ အများပိုင်းဟာ လေကြောင်းရန် စိုးရိမ်ပြီး မြို့ထဲကို ပြန်မဝင်ရဲသေးဘဲ တောတွင်းနေရာတွေမှာ စစ်ရှောင်နေကြဆဲဖြစ်တယ်လို့ ဆက်သိရပါတယ်။ ဒါ့အပြင် ဒေသခံတစ်ချို့က စစ်ကောင်စီဘက်ကနေ တန်ပြန်တိုက်ခိုက်လာပြီး မြို့ပေါ်မှာ တိုက်ပွဲပြန်လည် ပြင်းထန်လာမှာကိုလည်း စိုးရိမ်နေကြတာဖြစ်တယ်လို့သိရပါတယ်။ ချီဖွေမြို့သိမ်းတိုက်ပွဲကြောင့် မြစ်ကြီးနား – ချီဖွေကားလမ်းပိုင်းနဲ့ ချီဖွေကနေ ပန်ဝါကို သွားတဲ့ ကားလမ်းပိုင်းတွေကို KIA က ယာယီပိတ်ဆို့ထားတာလည်းဖြစ်ပါတယ်။ ချီဖွေမြို့ဟာ မြစ်ကြီးနားကနေ ၈၈ မိုင်၊ပန်ဝါကနေ မိုင် ၄၀ အကွာမှာရှိပြီး ကချင်အထူးဒေသ ၁ ထိန်းချုပ်နယ်မြေတွင်းမှာရှိပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More »