ကန့်ကွက်မှု
-
Jan- 2026 -16 Januaryမြေယာနှင့် သဘာဝပတ်ဝန်းကျင်
မြစ်ဆုံစီမံကိန်းရပ်တန့်ဖို့နဲ့ မြစ်ဆုံဒေသကိုဝိုင်းဝန်းကာကွယ်ပေးကြဖို့ ဒေသခံတွေတောင်းဆို
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြန်စဖို့စစ်တပ်ကလုပ်ဆောင်လာမှုအပေါ် ဝိုင်းဝန်းကာကွယ်တားဆီးပေးကြဖို့ မြစ်ကြီးနားမြို့ခံတွေ တောင်းဆိုနေပါတယ်။ မြန်မာပြည်ရဲ့အသက်သွေးကြောလို့ဆိုရမယ့် မေခမြစ်နဲ့ မလိခမြစ်ပေါင်းဆုံရာမြစ်ဆုံဒေသဟာ သဘာ၀အလျောက်ထိန်းသိမ်းထားသင့်တဲ့နေရာဖြစ်သလို သမိုင်းဝင်နေရာတစ်ခုဖြစ်တဲ့အတွက် ပျောက်ကွယ်မသွားဖို့သက်ဆိုင်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အနေနဲ့ဝိုင်းဝန်းကာကွယ်တားဆီးပေးကြဖို့ ဒေသခံတွေ တောင်းဆိုနေတာဖြစ်ပါတယ်။ “မလိခနဲ့အင်မိုင်ခဆိုတာ အခြားမြစ်တွေနဲ့မတူဘူး အရမ်းကြောက်စရာကောင်းတယ်။ ရေအားအရမ်းပြင်းတဲ့မြစ်တွေဖြစ်တယ်။ ဒါကြောင့် ဒီနေရာမှာ လုံး၀ရေကာတာဆောက်လို့ မဖြစ်ပါဘူး။ အန္တရာယ်ကြီးတဲ့နေရာဖြစ်တဲ့အတွက် ဒီနေရာမှာ ရေကာတာမဆောက်လုပ်ဖို့ အစိုးရအနေနဲ့ရော သက်ဆိုင်ရာကိုပြောပေးဖို့၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်အနေနဲ့၊ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ရော ဒါကို ကာကွယ်ပေးဖို့၊ သက်ဆိုင်ရာကို ပြောပေးဖို့၊တောင်းဆိုပေးဖို့ ဆန္ဒပြုချင်တာဟုတ်တယ်။” လို့ မြစ်ကြီးနားဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ မြစ်ကြီးနားမြို့ဒေသခံတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ကျရောက်တဲ့ ကချင်ပြည်နယ်နေ့မှာလည်း အင်အား ၆၀ ကျော်နဲ့ ဧရာ၀တီမြစ်ကမ်းဘေးတစ်နေရာမှာ မြစ်ဆုံရေကာတာစီမံကိန်းကို ကန့်ကွက်တဲ့လှုပ်ရှားမှု ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ကချင်ပြည်နယ်နေ့မှာ အဲဒီလိုလှုပ်ရှားမှုပြုလုပ်ရခြင်းရဲ့ ရည်ရွက်ချက်က ကချင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ မြစ်ဆုံရေကာတာစီမံကိန်းကို ဝိုင်းဝန်းတားဆီးပေးဖို့ အဓိကတောင်းဆိုချင်တာဖြစ်တယ်လို့ ပြောပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ပြည်သူလူထုရဲ့ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းခဲ့တဲ့ ဒီဧရာ၀တီမြစ်ဆုံ စီမံကိန်းရပ်နားခဲ့ပေမယ့် အာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ် ဧပြီ ၂၄ ရက်မှာ ဧရာဝတီမြစ်ဆုံ–မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ဖွဲ့စည်းကြောင်း ကနဦးအမိန့်ကြေညာစာထုတ်ပြန်လာပါတယ်။ အဲဒီနောက်မှာတော့ ၂၀၂၅ ခုနှစ် စက်တင်ဘာလ စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်ပြန်လာပြီးနောက် မြန်မာနဲ့ တရုတ် နှစ်နိုင်ငံအကြား မြစ်ဆုံစီမံကိန်းအပါအဝင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း၊ မန္တလေး–မူဆယ် ရထားလမ်းစီမံကိန်း အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထပ်မံထုတ်ပြန်လာပါတယ်။ ဒါကြောင့် ကချင်ပြည်နယ်ဝန်ကြီးချုပ်အပြင် ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့-KIO ဘက်ကလည်း တားဆီးပေးဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ဆက်လက်တောင်းဆိုသွားမယ်လို့ ဒေသခံတွေက ပြောပါတယ်။ “တစ်ခါငြိမ်သက်သွားပြီဆိုတဲ့အရာက ပြန်ရှင်လာပြီး ကျနော်တို့ကို စိတ်ဒုက္ခပြန်ပေးနေတာကြောင့် စိတ်ထိခိုက်နေတာတွေရှိတယ်။ တစ်ခုက ဒီမြစ်ဆုံရေကာတာစီမံကိန်း မဖြစ်မြောက်အောင် ကျနော်တို့ ပြင်းပြင်းထန်ထန် ဝိုင်းဝန်းကန့်ကွက်သွားကြရမှာဖြစ်တယ်။ ကျနော်တို့ပဲ အားမရှိတာကြောင့် ဒီနေ့တာဝန်ရှိနေတဲ့ ကချင်ပြည်နယ်အစိုးရနဲ့ ကချင်လွတ်လပ်ရေးအစိုးရ-KIO တွေကိုလည်း နည်းလမ်းအမျိုးမျိုးနဲ့ တောင်းဆိုသွားမှာဖြစ်ပါတယ်။”လို့ မြစ်ကြီးနားဒေသခံလူငယ်တစ်ဦးကလည်း ပြောပါတယ်။ စစ်ကော်မရှင်ဘက်ကတော့ လျှပ်စစ်စွမ်းအင်မလုံလောက်တဲ့အကြောင်းပြချက်တဲ့ တရုတ်အစိုးရဆီ မြစ်ဆုံကိုရောင်းလိုက်ဖို့ ကြံရွယ်နေပြီး ကန့်ကွက်တဲ့သူတွေကိုလည်း ဖမ်းဆီးအရေးယူမယ်လို့ ထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။ မြစ်ဆုံရေကာတာစီမံကိန်းရဲ့ အကျိုးအမြတ်ကို တရုတ်အစိုးရကသာ အဓိကခံစားရမှာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနဲ့ ဘေးထွက်ဆိုးကျိုးတွေက မြန်မာပြည်တစ်ပြည်လုံးကို သက်ရောက်မှုရှိနေတာကြောင့် ဒီမြစ်ဆုံစီမံကိန်းကို လူထုနဲ့ရပ်တည်ကာ NUG အစိုးရကလည်း တားဆီးသွားမယ်လို့ ဇန်နဝါရီလ ၆ ရက်နေ့က ထုတ်ပြန်ပြောဆိုထားပါတယ်။ မြစ်ဆုံစီမံကိန်းကြောင့် ဖြစ်ပေါ်လာမယ့်ဆိုးကျိုးတွေဟာ အစားထိုးမရအောင်ကြီးမားနေတဲ့အပြင် ဆည်မြောင်းနဲ့နှုန်းမြေစီးဆင်းမှုရပ်တန့်သွားရင် ဧရာ၀တီတိုင်းကလယ်ယာမြေတွေ မြေဆီလွှာပျက်စီးသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။…
Read More » -
Jul- 2025 -14 Julyမြေယာနှင့် သဘာဝပတ်ဝန်းကျင်
ဝါရာဇွပ်တွင်း ရွှေတူးဖော်နေမှုကို ဒေသခံတွေကန့်ကွက်
တနိုင်းသွားလီဒိုလမ်းပေါ် ဝါရာဇွပ်ကျေးရွာ၊ မိုးကောင်းချောင်းမြစ်ကမ်းနံဘေးမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အုပ်ချုပ်ရေးတာဝန်ခံတစ်ချို့နဲ့ လုပ်ငန်းရှင်တွေပူးပေါင်းပြီး ရွှေတူးဖော်နေတဲ့အတွက် ဒေသခံတွေပြည်တွေ ကန့်ကွက်နေပါတယ်။ ဝါရာဇွပ်ကျေးရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ဝါရာဇွပ်ပြည်သူ့စစ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIO တပ်ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် KIO တိုက်နယ်အရာရှိ ဦးဆန့်အောင်နဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှာပါဝင်တဲ့ ဦးလမုန်လဂျာ နှစ်ဦးပူးပေါင်းပြီး ရွှေတူးဖော်နေတယ်လို့ ဝါရာဇွပ်ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ကျေးရွာထဲက မြစ်ကမ်းနံဘေးမှာတင်…
Read More » -
May- 2024 -27 Mayပညာရေး
KIO ထိန်းချုပ်ထားတဲ့နယ်မြေမှာ NON-CDM ပညာရေးဝန်ထမ်းတွေကို အသုံးပြုမယ့်အပေါ် ကန့်ကွက်မှုတစ်ချို့ရှိနေ
ကချင်လွတ်လပ်ရေး အဖွဲ့ KIO သိမ်းပိုက်ထိန်းချုပ်နယ်မြေတွေမှာ NON-CDM ဆရာ/မ ပညာရေးဝန်ထမ်းတွေကို အသုံးပြုဖို့ ပြင်ဆင်နေတဲ့အပေါ် CDM ဆရာ/မတွေ ကန့်ကွက်နေကြပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော်KIA သိမ်းပိုက်ရရှိထားတဲ့ နေရာဒေသတွေဖြစ်တဲ့ လွယ်ဂျယ်၊ မိုးမောက်နဲ့ မန်ဝင်းကြီး တွေမှာ ရှိတဲ့ စာသင်ကျောင်းတွေမှာ NON- CDM ဆရာ/မတွေကို ပြန်လည် အသုံးပြုဖို့ ပြင်ဆင်နေတယ်လို့ ပညာရေးဘုတ်အဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေက ဆီကနေ CDM ဆရာ/မ တွေက သိကြရတာလို့ ဆိုပါတယ်။ အခုလို တာဝန်ရှိပညာရေးဌာနက လူကြီးတွေ အနေနဲ့ non-cdm ဆရာ/မတွေကို ပြန်လည် အသုံးပြုဖို့ ပြင်ဆင်နေမှု အပေါ် cdm ဆရာမ တစ်ဦးကခုလိုပြောပါတယ်။ “CDMတွေကိုဘာပစ်မှုပစ်ဒဏ်မှမပေးဘဲလက်တွဲလက်ဆောင်တာကတော့အချိန်မတန်သေးဘူးထင်ပါတယ်ဖြစ်လဲမဖြစ်သင့်ဘူပေါ့တော်လှန်ရေးအတွက်ပေးဆပ်ခဲ့သူတွေအတွက်တရားမျှတမှုပုံဖော်ပေးကြဖို့လိုပါတယ်။ဒီလိုNON CDMတွေကို ခုလိုခုချိန်မှာသင်ကြားရေးတွေမှာ အသုံးပြုခြင်းက CDMတွေရဲ့ပေးဆပ်မှုတွေ၊တော်လှန်ရေးမှာအနစ်နာခံမှုတွေတိုင်းပြည်အတွက်ထားတဲ့စေတနာတွေကိုမျက်ကွယ်ပြုလိုက်ခြင်းဖြစ်တဲ့အတွက်ပြည်နယ်တွင်းမှာရှိကြတဲ့CDMများက များစွာစိတ်မကောင်းဖြစ်ရပါတယ်” အာဏာသိမ်းတဲ့ အချိန်တွေကနေ စပြီး လွတ်မြောက်နယ်မြေတွေထဲက စာသင်ကျောင်းတွေမှာ CDM ဆရာ/မတွေကဘဲ အခက်အခဲအမျိုးမျိုးကြားက သင်ကြားပေးနေတာဘဲ ဖြစ်ပါတယ်။ အခုလို KIO ပညာရေးဌာနဘက်ကနေ NON- CDM ဆရာ/မတွေကို ပြန်လည်အသုံးပြုဖို့ ပြင်ဆင်နေတာနဲ့ ပက်သက်ပြီး KIO ပြန်ကြားရေး တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကို မေးမြန်းကြည့်ရာ အခုလိုပြောပါတယ်။ “စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ ကိစ္စကတော့ ပညာရေးဌာနကနေ စီစဉ်ပြီးမှ ဖွင့်ဖို့ ကျွန်တော်တို့ အစီအစဉ်ရှိပါတယ် ကျောင်းဆရာတွေကို ဘယ်လိုသုံးမယ် ဘယ်လို အဖွဲ့အစည်းတွေကို အကူအညီတောင်းမယ်ဆိုတာကိုတော့ ကျွန်တော်တို့သတင်းဌာနကနေပြီးတော့ မကြားသိရပါဘူး ဒါကတော့ ပညာရေးဌာနကနေပြီးတော့မှ စီစဉ်တာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။ စစ်ကောင်စီ အာဏာသိမ်းစဉ်ကတည်းကနေ CDM ဆရာ/မတွေ အပေါ် စစ်ကောင်စီအနေနဲ့ ပြည်ပထွက်ခွင့် ပိတ်ပင်မှုတွေအပြင် မတရားသဖြင့်လိုက်လံဖမ်းဆီး ထောင်ချတာတွေစတဲ့ လူအခွင့်အရေး ချိုးဖောက်တာတွေကို များစွာလုပ်ခဲ့တာဘဲ ဖြစ်ပါတယ်။ CDM ဆရာ/မတွေဟာ မိမိရဲ့ ဘဝအလုပ်အကိုင်တွေကို စွန့်ပြီးရောက်ရာအရပ်ကနေ လက်မလျှော့ဘဲ CDM လုပ်ပြီး စစ်ကောင်စီရဲH ယန္တယားတွေကို ရပ်တန့်စေဖို့ လုပ်ဆောင်ခဲ့ကြတဲ့အပြင် CDM ကျောင်းဆရာတွေထဲမှာ တချို့ကတော့ လက်နက်ကိုင်တော်လှန်တဲ့သူတွေရှိသလို တချို့ကြတော့လည်း လွတ်မြောက်နယ်မြေတွေထဲမှာ စစ်ရှောင်ပြည်သူတွေကို စာသင်ကြားပေးရင်းနဲ့ ပါဝင်နေကြတာဘဲ ဖြစ်ပါတယ်။ လက်ရှိချိန်ထိ ဖမ်းဆီးခံရတဲ့ CDM ဆရာ/မဟာ ၂၉၉ဦးထိရှိနေပြီ ဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကရဲ့ မတ်လ ၂၈ရက်နေ့အထိ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ By…
Read More » -
Jan- 2024 -23 Januaryမြေယာနှင့် သဘာဝပတ်ဝန်းကျင်
မြစ်ဆုံအနီးတစ်ဝိုက်မှာ ရွှေမတူးကြဖို့ ဒေသခံတွေ ကန့်ကွက်
မြစ်ဆုံအနီးကျေးရွာတွေမှာ ရွှေတူးဖို့မြေကွက်ဝယ်သူတွေများလာတာကြောင့် ဒေသခံတွေစိုးရိမ်ပြီးတားမြစ်ချက်ဆိုင်းဘုတ်တွေကို မြစ်နားတစ်လျှောက်နဲ့ ကျေးရွာတွေထဲ လိုက်လံကပ်တဲ့လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း မြစ်ဆုံဒေသခံတွေဆီကနေ သိရပါတယ်။
Read More »