ခေါင်လန်ဖူး
-
Nov- 2025 -29 Novemberသတင်း
ကချင်ဒေသထွက် ကျောက်ဂျပိုး စျေးကောင်းမရတော့ဘူးလို့ ဒေသခံတွေပြော
ကချင်ပြည်နယ်ရဲ့ အအေးပိုင်းဒေသတွေဖြစ်တဲ့ ပူတာအို၊ချီဖွေမြို့တွေမှာ ဆောင်းအဝင်ထွက်လေ့ရှိတဲ့ ကျောက်ဂျပိုးစျေးကောင်းမရတော့ဘူးလို့ ဒေသခံတွေပြောပါတယ်။ ပူတာအို၊ ခေါင်လန်ဖူးနဲ့ ချီဖွေတွေမှာ အောက်တိုဘာလကစပြီး ကျောက်ဂျပိုးအကောင်ထွက်တဲ့ရာသီဖြစ်တာကြောင့် ဒေသခံတွေက နှစ်စဉ်ကျောက်ဂျပိုးဖမ်းပြီး ဝင်ငွေရှာဖွေကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်ကတော့ အရင်နှစ်တွေလို ဝယ်သူနည်းလာတဲ့အတွက် ကျောက်ဂျပိုးစျေးကောင်းမရတော့ဘူးလို့ ဒေသခံတွေပြောပါတယ်။ “အရင်နှစ်ကတော့ စျေးအရမ်းကောင်းတယ်။ တစ်ပိဿာ ၆ သိန်း၊ ၇ သိန်း အလုအယက်ဝယ်ကြတယ်။ ပြီးရင် အဲလိုမခက်ခဲဘူး။ ဒီနှစ်ကတော့ စျေးမရှိဘူး။ ဘာကြောင့် စျေးကျသလဲဆိုရင် နိုင်ငံခြား တရုတ်၊ အိန္ဒိယပို့မယ်ဆိုရင် ဂိတ်ပေါင်းအများကြီးရှိတယ်။ ဟိုဂိတ်၊ ဒီဂိတ်နဲ့ နှုတ်လိုက်တဲအခါ ဟိုမှာရောက်ရင် အရင်းထိတယ်ဆိုပြီး သိပ်မဝယ်ကြဘူး။ သူတို့နေရာရောက်ရင်တော့ စျေးရတာပေါ့။ ဒီမှာက ဝယ်တဲ့သူမရှိလို့ ဟိုမှာရောက်ရင်တော့ စျေးကောင်းတယ်လို့ ပြောတယ်”ဟု ပူတာအိုဒေသခံတစ်ဦးက ပြောပါတယ်။ ကချင်ဒေသထွက် ကျောက်ဂျပိုးတွေကို တရုတ်၊ အိန္ဒိယ စတဲ့အိမ်နီးချင်းနိုင်ငံတွေကို အဓိကတင်ပို့ကြသလို ဒီဒေသတွေအထိ တရုတ်ဘက်က ဝယ်လက်တွေ လာရောက်ဝယ်ယူကြတာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ ပူတာအိုဒေသတွင်း ကျောက်ဂျပိုးတစ်ပိဿာကို ကျပ်ငွေ ၇ သိန်းအထိ စျေးပေါက်ခဲ့ပေမဲ့ ဒီနှစ်ကတော့ တစ်ပိဿာကို ၃ သိန်းနဲ့ ၄ သိန်းကြားသာရတယ်လို့ ဆိုပါတယ်။ တစ်ဖက်က ချီဖွေဒေသဘက်မှာတော့ ဒီနှစ် ကျောက်ဂျပိုးထွက်ခါစ အောက်တိုဘာလလောက်မှာ အစိုတစ်ပိဿာကို ၇ သိန်းလောက်စျေးပေါက်ခဲ့ပြီး အခြောက် တစ်ပိဿာကို ၉ သိန်းကျော်ထိ စျေးပေါက်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အခုလက်ရှိစျေးကတော့ ကျောက်ဂျပိုး တစ်ပိဿာကို ၆ သိန်းလောက် စျေးရှိနေတယ်လို့ ချီဖွေဘက်က ကျောက်ဂျပိုးဝယ်ရောင်းသူတွေ ပြောပါတယ်။ တရုတ်တွေဘက်က ကျောက်ဂျပိုးတွေ အရင်နှစ်တွေလို စျေးကောင်းပေးမဝယ်တော့တာဟာ တရုတ်ဘက်မှာလည်း မွေးမြူတတ်သွားသူတွေရှိသလို လက်ရှိနိုင်ငံရေးအခြေအနေအရ လမ်းပိုင်းအခက်အခဲအမျိုးမျိုးကြောင့်ဖြစ်တယ်လို့ တရုတ်ကျောက်ဂျပိုးကုန်သည်ကြီးတွေနဲ့ ချိတ်ဆက်ပြီး ကျောက်ဂျပိုးဝယ်ယူစုဆောင်းသူက ပြောပါတယ်။ “တရုတ်ဘက်မှာ မနှစ်တုန်းကဆိုရင် အကောင်ရှင်သေးတဲ့ အစိမ်းဆိုရင် နို့ဆီခွက်တစ်ခွက်ကို ကျပ်ငွေ ၅ သောင်းကနေ ၇ သောင်းအထိ ပေးကြတယ်။ စျေးကောင်းပေးပြီး ဝယ်ကြတယ်။ အခုတော့ သူတို့တရုတ်ဘက်မှာလည်း မွေးတတ်သွားကြပြီတဲ့။ ဘယ်လိုရာသီမျိုး၊နေရာမျိုးမှာရှိတယ်ဆိုတာကို လေ့လာယူပြီး သူတို့တရုတ်ဘက်မှာလည်း ရာသီဥတုကို လုပ်ယူဖန်တီးပြီး မွေးကြပုံပဲ။ ဒီကျောက်ဂျပိုးကို အဆုတ်နဲ့ဆိုင်တာ၊ နှလုံးသွေးကြောနဲ့ဆိုင်တာ၊ ကင်ဆာနဲ့ပတ်သက်တဲ့ ဆေးတွေ ဖော်စပ်တယ်လို့ ပြောတယ်။ ကျောက်ကပ်ဆေးလိုမျိုးတွေ ဖော်တယ်လို့ ပြောတယ်။ ကျနော်တို့လည်း အတိအကျတော့ မသိဘူး။”ဟု ချီဖွေဒေသ ကျောက်ဂျပိုးဝယ်သူတစ်ဦးက ပြောပါတယ်။ ကျောက်ဂျပိုးအကောင်တွေဟာ မြစ်၊ချောင်းဘေး ကျောက်ဆောင်၊ ကျောက်တုံးတွေနားမှာရှိကြတာဖြစ်ပါတယ်။ ဒေသခံတွေဟာ ကျောက်ဂျပိုးကို ခြင်ထောင်စတွေ၊ စကာပိတ်စတွေနဲ့ မေခမြစ်၊ မလိခမြစ်နားတွေ မြစ်၊ချောင်းဖျားပိုင်းတွေမှာ အဓိက ရှာဖွေကြတယ်လို့ သိရပါတယ်။ ကျောက်ဂျပိုးအကောင်တွေထဲမှာ အမည်းရောင်တန်းပြီး အကောင်သေးတဲ့ပုံစံမျိုးနဲ့ အနီရောင်တန်းပြီးအကောင်းနည်းနည်းကြီးတဲ့ပုံစံ စသဖြင့် အကောင်နှစ်မျိုးရှိရာ အနီရောင်တန်းပြီး နည်းနည်းကြီးတဲ့အကောင်မျိုး ဝယ်ယူတာမရှိဘူးလို့ သိရပါတယ်။ ဒီကျောက်ဂျပိုးတွေကို ပူတာအို၊ ချီဖွေ ဒေသခံတွေက ဟင်းပွဲအဖြစ်စားသုံးကြတာလည်း ရှိသလို အဓိကတော့ တရုတ်တွေ စျေးကောင်းပေးဝယ်တာကြောင့် စီးပွားဖြစ် ဝင်ငွေအတွက် ကျောက်ဂျပိုးအကောင်ကို ရှာဖွေကြတာ ပိုများပါတယ်။ တရုတ်ပြည်ဘက်မှာတော့ ဒါကို အဖိုးတန်တစ်ခုအဖြစ် စျေးကောင်းပေးဝယ်ပြီး အဆုတ်၊ ကျောက်ကပ်၊ နှလုံး၊ ကင်ဆာ စတဲ့ရောဂါတွေနဲ့ပတ်သက်တဲ့ ဆေးဝါးဖော်စပ်တဲ့နေရာမှာ အဓိကသုံးသလို ဟင်းခတ်အမွေးအကြိုင်အဖြစ် ဖေစပ်ထုတ်လုပ်တဲ့နေရာမှာ အသုံးပြုတယ်လို့ တရုတ်ကုန်သည်တွေ ပြောဆိုချက်အရ သိရတယ်လို့ ကျောက်ဂျပိုးဖောက်သည်တွေက ပြောဆိုပါတယ်။ By – ဂျာဘောက်ရာ
Read More » -
28 Novemberသတင်း
ပူတာအို – ခေါင်လမ်ဖူးလမ်းပိုင်းပျက်စီးနေဆဲဖြစ်တဲ့အတွက် ရှောက်ကောပါကော အရောင်းအဝယ်ရပ်တန့်နေ
ကချင်ပြည်နယ် ၊ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်းပြုပြင်နိုင်ခြင်းမရှိသေးတာကြောင့် ခေါင်လန်ဖူး ဒေသထွက် ရှောက်ကော ပါကောတွေ တင်ပို့ဖို့ခက်ခဲနေပြီးအရောင်းအဝယ်ရပ်တန့် နေကြောင်း ဒေသခံများထံမှ သိရပါတယ်။ ဟင်းခတ်အမွှေးအကြိုင်ထုတ်လုပ်ရာမှာ ကုန်ကြမ်းအဖြစ်သုံးတဲ့ ခေါင်လန်ဖူးဒေသထွက် ရှောက်ကောပါကောဟာ အဓိက အားဖြင့်တရုတ်ပြည်ကိုတင်ပို့ရောင်းချကြတာဖြစ်ပြီး လက်ရှိ ပူတာအိုခေါင်လန်ဖူးလမ်းပိုင်းပျက်စီးနေတာကြောင့် တင်ပို့လို့မရပဲ အရောင်းအဝယ်တွေရပ်တန့်နေတယ်လို့…
Read More » -
19 Novemberသတင်း
စစ်တပ်က လန်ဟီဆင်စခန်းဘက် ဗုံးကြဲလို့ကျေးရွာတစ်ချိူ့တိမ်းရှာင်နေရ
ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်ထဲက လန်ဟီဆင်စခန်းဘက်ကို စစ်တပ်ကဗုံးကြဲတိုက်ခိုက်မှုလုပ်နေတာကြောင့် ကျေးရွာတစ်ချို့လေကြောင်းရန်စိုးရိမ်ပြီးတိမ်းရှောင်နေရတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ မနေ့က နိုဝင်ဘာ ၁၈ ရက်နေ့ မွန်းလွဲပိုင်းမှာ KIA နဲ့ပူးပေါင်းတပ်သိမ်းပိုက်ထားတဲ့ ခေါင်လန်ဖူးနဲ့ ဆော့လော်မြို့နယ်အစပ်ထဲက လန်ဟီဆင်စခန်းကို ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးကြဲသွားတယ်လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နီးစပ်တဲ့အမျိုးသားတစ်ဦး KNG ပြောပါတယ်။ “လန်ဟီဆင်စခန်းကိုကြဲတာ ထိခိုက်မှုတော့မရှိပါဘူး မှန်းပြီးကြဲသွားတဲ့ပုံစံပါ မထင်ရင်မထင်သလိုလာကြဲတယ် နေ့တိုင်းနီးပါးလေယာဥ်လာတယ်။ လေကြောင်းနဲ့နေ့တိုင်းကင်းထောက်နေတာ”လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ ဒါ့အပြင် နိုဝင်ဘာ ၁၉ ရက်နေ့ ဒီနေ့မွန်းလွှဲ ၂ နာရီခွဲဝန်းကျင်မှာလည်း ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးသီး ၁၀ လုံးထက်မနည်းကြဲချသွားကြောင်းသိရပြီး ထိခိုက်မှုနဲ့အခြေအနေအသေးစိပ် မသိရသေးပါဘူး။ ခုလို စစ်ကောင်စီတပ်ဟာ လန်ဟီဆင်စခန်းဘက်ကို ဒိီရက်ပိုင်း နေ့စဉ်ပုံမှန်လေကြောင်းနဲ့ကင်းထောက်တာတွေပုံမှန်လုပ်နေတဲ့အတွက် လန်ဟီဆင်နဲ့ ခေါင်လန်ဖူးမြို့ကြားထဲက ကျေးရွာနေပြည်သူတွေလည်း တိမ်း ရှောင်တာတွေရှိနေတယ်လို့ သိရပါတယ်။ “လေယာဥ်ကပုံမှန်လိုလာနေတော့ အဲ့ဒီလန်ဟီဆင်စခန်းနဲ့ ခေါင်လန်ဖူးမြို့ကြားထဲက လေယာဥ်လမ်းကြောင်းနဲ့နီးတဲ့ရွာတွေကတော့ ပြေးလိုက်ပြန်ဝင်လာလိုက်လုပ်နေရတယ်လို့ သိရပါတယ်”လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ လက်ရှိလာဟီဆင်ဘက် ဗုံးကျဲတာ၊ဝေဟင်ကင်းထောက်တာတွေပြုလုပ်နေတဲ့ ဂျက်ဖိုက်တာဟာ ပူတာအိုလေဆိပ်ကနေတဆင့်သွားတာလို့ရပါတယ်။ “မြစ်ကြီးနားဘက်ကနေတက်လာပြီးတော့ပူတာအိုလေဆိပ်မှာနားတယ်ဒီကနေတဆင့်ခေါင်လန်ဖူးတက်ပြီးသွားသွားကြဲတယ်။ ဂျက်ဖိုက်တာတက်သွားရင်ဒီကနေသိရတယ် တစ်ခါတလေတစ်ရက်ကိုနှစ်ကြိမ်သုံးကြိမ်သွားတယ်နော်နေ့တိုင်းပဲ”လို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။ ပုံမှန်အားဖြင့် ပူတာအိုဒေသဘက် ဂျက်ဖိုက်တာလာ၊ ဆင်းသက်တာမျိုးမရှိပေမယ့် နိုဝင်ဘာလကစပြီး ခေါင်လန်းဖူးဘက်စစ်ရေးတင်းမားနေတာကြောင့် ပူတာအိုလေဆိပ်မှာဂျက်ဖိုက်တာဆင်းသက်ရတဲ့အထိရှိလာတယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်ဟာ KIAနဲ့ ပူးပေါင်းတပ်တွေ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာသိမ်းပိုက်ခဲ့တဲ့ဆော့လော်မြို့နယ်ထဲက လန်ဆယ်မြို့နဲ့ လန်ဟီဆင် ရှေ့တန်းစခန်းကို ပြန်ထိန်းချုပ်ဖို့အတွက် စက်တင်ဘာ ၁၉ ရက်နေ့ ကစပြီး ၂၄ ရက်နေ့အထိ အင်အား ၅၀၀ ဝန်းကျင်နဲ့ထိုးစစ်ဆင်လာခဲ့ပေမယ့် KIA ပူးပေါင်းတပ်တွေခြုံခိုတိုက်ခိုက်မှုကြောင့် အရေးရှုံးနိမ့်ပြီးတပ်ပြန်ဆုတ်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်နဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်ပူးပေါင်းတပ်တွေ ပြန်ဆုတ်သွားပြီးနောက် KIAနဲ့ပူးပေါင်းတပ်တွေဟာ လက်ရှိအချိန်အထိခေါင်လန်ဖူးဘက် ထိုးစစ်ဆင်နေတာဖြစ်ပြီး ပြည်သူ့စစ်စခန်းတွေတခုပြီးတစ်ခုသိမ်းခံနေရကြောင့် စစ်ကောင်စီဟာခေါင်လန်ဖူးမြို့ကိုစစ်အင်အားဖြည့်တာ၊လေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်တာတွေပြုလုပ်နေတာဖြစ်ပါတယ်။ ပူတာအိုခရိုင်မှာ နောင်မွန်၊ခေါင်လန်ဖူး၊ဆွမ်ပရာဘွမ်နဲ့မချမ်းဘော့ လေးမြို့နယ်ရှိပြီး ယင်းလေးမြို့နယ်ထဲက ဆွမ်ပရာဘွမ်မြို့ကို KIA နဲ့ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
Oct- 2025 -29 Octoberသတင်း
စစ်တပ်က ခေါင်လန်ဖူးကိုအင်အားဖြည့်တင်း
ကချင်ပြည်နယ် ပူတာအိုခရိုင်ထဲက ခေါင်လန်ဖူးမြို့ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြည့်နေပြီး ဗျူဟာမှူးထိုင်ဖို့အထိ စစ်ရေးပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရပါတယ်။ စစ်ကောင်စီတပ်က ယခုရက်ပိုင်းခေါင်လန်ဖူးမြို့ကို လေကြောင်းသုံးပြီး စစ်အင်အားအလုံးအရင်းဖြည့်နေတဲ့အကြောင်း ခေါင်လန်ဖူးဒေသခံအမျိုးသားတစ်ဦး KNGကိုပြောပါတယ်။ “ပူတာအိုကိုအရင်ပို့တယ် Y-8နဲ့ ပူတာအိုကနေတဆင့်မချမ်းဘော့ နောင်မွန်လမ်းအတိုင်းတက်လာပြီးတော့ မဂွေဇအထိပို့တယ်။ မဂွေဇကနေတော့…
Read More » -
29 Octoberတိုက်ပွဲ
ရှိန်းခေါင်ဘက်က ပြည်သူ့စစ်ခန်း ၂ ခု KIA တိုက်ခိုက်သိမ်းပိုက်
ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဘက်က ပြည်သူ့စစ်နဲ့ စစ်တပ်ပူးပေါင်းတပ်ရဲ့ ခံစစ်တပ်စခန်း ၂ ခုကို KIA ဘက်ကထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေသိရပါတယ်။ တရုတ်နယ်စပ် ရှိန်းခေါင်ဘက်ဦးတည်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ ထိုးစစ်ဆင်နေရာ…
Read More » -
24 Octoberသတင်း
စျေးကောင်းရပြီး ရှာဖွေသူများတဲ့ ဘေချီဥ
ကချင်ပြည်နယ်၊ ပူတာအိုဒေသရေခဲတောင်နဲ့ကျောက်ဆောင်တွေမှာ ခက်ခဲစွာရှာဖွေရတဲ့ ဘေချီဥဟာ ဒီနှစ်မှာအထွက်နည်းသွားပြီဖြစ်ပေမဲ့ ရှာဖွေသူတွေများတယ်လို့ ဘေချီဥရှာသူတွေက ပြောပါတယ်။ ဘေချီဥဆိုတဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးဟာ စျေးကောင်းရတာကြောင့် ဒေသခံတွေက ဒီရာသီရောက်တိုင်း အသက်နဲ့ရင်းပြီး ရှာဖွေကြတာဖြစ်ပြီး ဒီနှစ်မှာတော့ ခေါင်လန်ဖူး– တရုတ်နယ်စပ်ဘက်မှာ စျေးပိုရရှိနေတာကြောင့် ရှာဖွေသူတွေများနေတယ်လို့…
Read More » -
22 Octoberတိုက်ပွဲ
တပ်စခန်း ၂ ခုထပ်မံလက်လွှတ်လိုက်ရတဲ့နောက် လန်ဆယ်ရွာကို ၃ ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်
ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်ထဲက စစ်ကောင်စီပူးပေါင်းတပ်စခန်း ၂ ခုကို KIA နဲ့ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်တပ်က လန်ဆယ်ကို လေကြောင်းတိုက်ခိုက်မှုဆက်တိုက်လုပ်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ အောက်တိုဘာလ ၂၂ ရက်နေ့ ဒီနေ့ နေ့လည် ၁၂…
Read More » -
14 Octoberရွေးကောက်ပွဲဆိုင်ရာ
ပူတာအိုခရိုင်မှာ မဲစာရင်းကြည့်သူနည်းနေတဲ့အတွက် မဲစာရင်းကြေငြာတဲ့ရက်ထပ်တိုး
ကချင်ပြည်နယ် ပူတာအိုခရိုင်မှာ အောက်တိုဘာလ တစ်ရက်နေ့ကစပြီး မဲစာရင်းတွေကြေငြာထားပေမယ့် လာကြည့်တဲ့သူတွေနည်းတာကြောင့် မဲစာရင်းကြေငြာရက်ထပ်တိုးထားကြောင်း ဒေသခံများထံမှသိရပါတယ်။ ပူတာအိုခရိုင်ထဲက ပူတာအိုမြို့၊နောင်မွန်မြို့၊ ခေါင်လန်ဖူး၊ မချမ်းဘောမြို့နယ်တွေမှာ မဲစာရင်းတွေကို မူလက အောက်တို ဘာ ၁ ရက်နေ့ကနေ ဒီကနေ့ ၁၃…
Read More » -
7 Octoberသတင်း
ပူတာအိုမှာ လန်ဆယ်ထိုးစစ်ထောက်ခံကြောင်းနဲ့ KIA အလိုမရှ်ိကြောင်း လူတစ်စုဆန္ဒထုတ်ဖော်
စစ်ကောင်စီတပ်နဲ့ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်ပူးပေါင်းတပ်တွေက လက်ရှိဆင်နွှဲနေတဲ့ လန်ဆယ်ဒေသထိုးစစ်ကိုထောက်ခံကြောင်းနဲ့ ပူတာအိုဒေသမှာ KIA၊KPDF တွေအလိုမရှိကြောင်း လူတစ်စုက ဒီကနေ့ပူတာအိမြို့ပေါ်မှာဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်သွားပါတယ်။ စက်တင်ဘာ ၁၉ ရက်နေ့ကတည်းကနေစတင်နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ခေါင်လန်ဖူးပြည်သူ့စစ်၊တန်ဂူးတန်ပြည်သူ့စစ်ပူးပေါင်းတပ်တွေဆင်နွဲနေတဲ့ လန်ဆယ်ဒေသထိုးစစ်ကိုထောက်ခံကြောင်း၊ ရဝမ်လူမျိုးစုရဲ့ဘိုးဘွားပိုင်မြေဖြစ်တဲ့လန်ဆယ်ဒေသမှာKIA ထိန်းချုပ်မှုအလိုမရှိကြောင်း၊ပူတာအို၊ခေါင်လန်ဖူးဒေသတွေမှာ KIA၊KPDF အဖွဲ့တွေအလိုမရှိကြောင်းစတဲ့ကြွေးကြော်သံတွေနဲ့…
Read More » -
Sep- 2025 -29 Septemberတိုက်ပွဲ
လန်ဆယ်ကျေးရွာအနီးနဲ့ လဟယ်ဆင်တပ်စခန်းတွေကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်
ဆော့လော်မြို့နယ် လန်ဆယ်ကျေးရွာအနီး နဲ့ ရှေ့တန်းစခန်းတွေကို စစ်ကော်မရှင်တပ်က Y-12 လေယာဉ် နဲ့ ဗုံး ၃ ကြိမ် ကြဲချသွားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေကပြောပါတယ်။ ခေါင်လန်ဖူးမြို့နယ် နဲ့ ဆော့လော်မြို့နယ်ကြားမှာ တိုက်ပွဲငြိမ်သက်နေတာ ၅ ရက်ရှိလာပြီး စက်တင်ဘာ ၂၉ ရက်နေ့လည်မှာ စစ်တပ်ဘက်က Y12 လေယာဉ်နဲ့ ဗုံး ၃ လုံး လာချသွားတယ်လို့ သိရပါတယ်။ “ကျနော်တို့ဘက်ကို စစ်တပ်တွေ Y12 လေယာဉ်နဲ့ ဗုံး ၃ ကြိမ်လာကြဲသွားတယ်။ လန်ဆယ်တစ်ဝိုက်ရွှေမှော်နဲ့ လဟယ်ဆင်တွေမှာ လာကြဲသွားတယ်။ လူထိခိုက်မှုတော့ မရှိဘူး။” လို့ လန်ဆယ်ရောက်နေသူ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ လန်ဆယ်ကျေးရွာအနီးရှိရွှေမှော် နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူ့စစ်ထိုးစစ်ကို ခုခံခဲ့တဲ့ လဟယ်ဆင်နေရာမှာ ဗုံးကြဲခဲ့တာဖြစ်ပြီး လူထိခိုက်မှုတော့ မရှိဘူးလို့ KIA ဘက်က ပြောပါတယ် ခေါင်လန်ဖူး နဲ့ ဆော့ဆော်မြို့နယ်ကြားရှိ လဟယ်ဆင် KIA တပ်စခန်းကုန်းဖက်ကို ထိုးစစ်ဆင်လာတဲ့ ပြည်သူ့စစ်နဲ့ စစ်တပ်ပူးပေါင်းတပ်ဖွဲ့တွေကို KIA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ပြီးနောက် စက်တင်ဘာလ ၂၃ ရက်နေ့ကစပြီး ပြည်သူ့စစ်တပ်ပေါင်းစုတွေဘက်က ဆုတ်ခွာသွားတာဖြစ်ပါတယ်။ သို့ပေမယ့် ဆုတ်ခွာသွားတဲ့ ခေါင်လန်ဖူးဌာနေ ပြည်သူ့စစ်နဲ့ စစ်ကော်မရှင်တပ်တွေက KIA နဲ့ မီတာ ၂၀၀၀၊ ၃၀၀၀ ခန့်အကွာအဝေးမှာ စခန်းချနေဆဲ ဖြစ်တယ်လို့…
Read More »