ခေါင်လန်ဖူး
-
Jul- 2026 -24 Julyလူ့အခွင့်အရေးချိုးဖောက်မှု
စစ်ရှောင်တွေကို စစ်မှုထမ်းဖို့ ဖိအားပေးနေတယ်လို့ ဒေသခံတွေပြော
ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ကျေးရွာဘက်ကို စစ်ဘေးရှောင်လာတဲ့ အမတ်ပေါ်ကျေးရွာဒေသခံတွေ စစ်မှုထမ်းဖို့အတင်းအဓမ္မ ဖိအားပေးခံနေရတယ်လို့ ရှိန်းခေါင်ဒေသခံတွေက KNG ကို ပြောပါတယ်။
Read More » -
20 Julyသတင်း
ခေါင်လန်ဖူးဘက်ကို ကား ၆ စီးနဲ့ စစ်အင်အားဖြည့်နေလို့ဆို
ကချင်ပြည်နယ် ပူတာအိုမြို့အခြေစိုက် ခ.လ.ရ ၄၆ ဗျူဟာတပ်ကနေ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်အင်အားနဲ့ လက်နက်ခဲယမ်းတွေ အလုံးအရင်းနဲ့ ဖြည့်တင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More » -
16 Julyမြေယာနှင့် သဘာဝပတ်ဝန်းကျင်
ခေါင်လန်ဖူးမှာ တရုတ်လုပ်ငန်းရှင်တွေ သတ္တုတူးဖော်ဖို့ ပြင်ဆင်နေ
ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်ထဲမှာ မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် မြန်မာဘက်ခြမ်းမှာ တရုတ်လုပ်ငန်းရှင်တွေ သတ္တုတူးဖော်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More » -
13 Julyတိုက်ပွဲ
ခေါင်လန်းဖူးမြို့နယ်ထဲက စစ်တပ်စခန်းတစ်ချို့ KIA သိမ်းပိုက်
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်နဲ့ ဆော့လော်မြို့နယ်အစပ်၊ လာဟီဆင်–ခေါင်လန်ဖူးလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်နေပြီး ကာကင်းစခန်းတစ်ချို့ကို KIA ဘက်က သိမ်းပိုက်ရရှိထားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
Read More » -
Jun- 2026 -3 Juneသတင်း
ပူတာအို–ခေါင်လန်ဖူးလမ်း သစ်ပင်ပိပြီး အမျိုးသားတစ်ဦးသေဆုံး
ကချင်ပြည်နယ် ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်း တစ်နေရာမှာ သစ်ပင်အိုကြီးတစ်ပင် လှဲကျပြီး သစ်ပင်ပိမိခဲ့ရာကနေ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Read More » -
Apr- 2026 -20 Aprilသတင်း
ပူတာအို-ခေါင်လန်ဖူးလမ်းပိုင်း အမြန်ပြုပြင်ပေးဖို့ဒေသခံတွေတောင်းဆို
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးဒေသရှိ ရီဒမ်းမှ ခေါင်လန်ဖူးမြို့ကိုဆက်သွယ်ထားတဲ့ ကျောက်ချောလမ်းဟာ မိုးရွာသွန်းမှုကြောင့် လမ်းပိုင်းပြိုကျပျက်စီးနေတဲ့အတွက် သက်ဆိုင်ရာအာဏာာပိုင်တွေအနေနဲ့ အမြန်ဆုံးပြုပြင်ပေးကြဖို့ ဒေသခံတွေတောင်းဆိုနေပါတယ်။
Read More » -
Mar- 2026 -20 Marchသတင်း
ပူတာအို-ခေါင်လန်ဖူးကားလမ်းပိုင်း မြေထပ်ပြိုလို့ ဒေသခံတွေသွားလာရေးပိုခက်ခဲလာ
ကချင်ပြည်နယ် ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်း မနှစ်ကမြေပြိုတဲ့နေရာတွေမှာ မြေထပ်ပြိုသွားတာကြောင့် ဒေသခံတွေသွားလာရေးပိုခက်ခဲသွားကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်မှာတစ်ကြိမ်၊ ဇွန်လမှာတစ်ကြိမ် နှစ်ကြိမ်တိတိကားလမ်မြေပြိုမှုဖြစ်ခဲ့တဲ့ ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်းကို ဒီနေ့ထိလမ်းပြုပြင်နိုင်ခြင်းမရှိတဲ့အတွက် ဆိုင်ကယ်နဲ့သာသွားလာနေကြရတာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီနေရာမှာပဲ ဒီနှစ် မတ်လမှာ မြေထပ်ပြိုသွားတာကြောင့် ဒေသခံတွေသွားရေးလာရေးပိုမိုခက်ခဲသွားကြောင်း ခေါင်လန်ဖူးမြို့ခံအမျိုးသမီးတစ်ဦး KNGကိုပြောပါတယ်။ “မနှစ်ကပြိုသွားတဲ့ဟာ အခုထိိမပြင်ပေးဘူးလေ အစိုးရက အဲ့ကြောင့်ကားသွားလို့မရဘူး ဆိုင်ကယ်နဲ့ပဲသွားရတာ အခုဆိုင်ကယ်ပဲသွားလို့ရတဲ့နေရာတွေလည်းထပ်ပြိုသွားတယ် ဒီလမှာပဲ။ အဲ့ကြောင့်ဆိုင်ကယ်သမားတွေလည်းမသွားနိုင်ဘူး တချို့နေရာတွေကဆိုင်ကယ်ထမ်းရတယ်ဆိုတော့ ပူတာအိုဆင်းဖို့လည်းမလွယ်တော့ဘူး”လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသမီးကပြောပါတယ်။ ပုံမှန်အားဖြင့် နွေရာသီနဲ့ဆောင်းရာသီကာလတွေမှာ ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်းဟာ ကုန်ကားကြီးတွေအထိသွားလာလို့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်မှာ မြေပြိုမှု ၂ နှစ်ဆက်တိုက်ဖြစ်ခဲ့တဲ့အပြင် ဒီနှစ်မှာလည်း ထပ်ပြုသွားတာကြောင့် လတ်တလော ပူတာအို–ခေါင်လန်ဖူးလမ်းပိုင်းမှာ ဆိုင်ကယ်နဲ့ခက်ခက်ခဲခဲသွားလာနေရပြီး လမ်းခရီး ၃ ညထက်မနည်းကြန့်ကြာတယ်လို့ သိရပါတယ်။ “ဒီရက်ပိုင်းကတော့လမ်းမှာ သုံး၊လေးည ညအိပ်ရတယ် လမ်းကထပ်ပြိုထားလို့ ပိုဆိုးသွားတာ မနှစ်က နည်းနည်းသွားလို့ရတဲ့နေရာ ဒီနှစ်ဆိုင်ကယ်ထမ်းတင်ရတဲ့နေရာတွေဖြစ်လာတယ်။ အဲ့မှာကယ်ရီခကလည်းပိုစျေးတက် သွားတာပေါ့ လမ်းခရီးလည်းကြာ ငွေကြေးလည်းပိုကုန်ဖြစ်နေတာ”လို့နောက်ထပ် ဒေသခံတစ်ဦးပြောပါတယ်။ လက်ရှိပြိုထားတဲ့နေရာတွေဟာ မနှစ်ကပြိုထားတဲ့ ပူတာအို–ခေါင်လန်ဖူးကြားရှိ ရီဒမ်းဂိတ်အကျော်နေရာတွေနဲ့ ဆန်းလွန်းချက်တောင်ကြားတစ်လျှောက်နေရာတွေမှာထပ်ပြိုထားကြောင်းသိရပါတယ်။ ဒီလမ်းပိုင်းဟာ သုံးကြိမ်တိတိပြိုထားပေမယ့် ဒီနေ့ထိပြုပြင်ပေးခြင်းမရှိတဲ့အတွက် တာဝန်ရှိအဖွဲ့အစည်းတွေအနေနဲ့ အမြန်ပြုပြင်ပေးဖို့ ဒေသခံပြည်သူတွေ လူမှုကွန်ရက်စာမျက်နှာပေါ်မှာတောင်းဆိုမှုတွေရှိလည်းရှိနေပါတယ်။ ယင်းလမ်းပိုင်းဟာ ခေါင်လန်ဖူးဒေသအတွက် တစ်ခုတည်းသော ကုန်စည်စီးဆင်းရာလမ်းကြောင်းဖြစ်ပြီး အခုလိုအသွားအလာခက်ခဲတာ ကုန်ကားတွေအဝင်ပြတ်တောက်သွားတာတွေကြောင့် ခေါင်လန်ဖူးဒေသခံအတွင်း အခြေခံစားသောက်ကုန်၊လူသုံးကုန်တွေကို တရုတ်ပြည်နယ်စပ် ဝင်ပေါက်ဖြစ်တဲ့ရှိန်းခေါင်လမ်းပိုင်းကိုအသုံးပြုနေရတယ်လို့သိရပါတယ်။ ဒါပေမယ့် ရှိန်းခေါင်– ခေါင်လန်ဖူးလမ်းပိုင်းကလည်း ခက်ခဲတဲ့တွက် ကုန်တွေကို ခေါင်လန်ဖူးမြို့ထဲရောက်ဖို့ ဆိုင်ကယ်၊ လားတွေနဲ့အဆင့်ဆင့်သယ်ယူရတာကြောင့် ခေါင်လန်းဖူးမြို့ထဲကုန်စျေးကြီးတာ၊ကုန်စည်ရှားပါးတာတွေကြုံတွေ့နေရကြောင်းသိရပါတယ်။ ပူတာအို –ခေါင်လန်းဖူး ကားလမ်းပိုင်းဟာမြေသားလမ်းဖြစ်တာကြောင့် ပုံမှန်အချိန်တွေမှာလည်း ခက်ခက်ခဲခဲသွားလာနေရတဲ့လမ်းပိုင်းဖြစ်ပါတယ်။ ခေါင်လန်းဖူးနဲ့အလားတူ နောင်မွန်မြို့နယ်ထဲမှာလည်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇွန်လမှာ မိုးရွာသွန်းမှုကြောင့် ရွာချင်းဆက်တံတားကြီး ၅ စင်းနဲ့လမ်းပိုင်းအများအပြားပျက်စီးခဲ့ပြီး လနဲ့ချီ အသွားအလာပြတ်တောက်မှုတွေကြုံတွေ့ခဲ့ရကြောင်းသိရပါတယ်။ By – Zaw Zaw
Read More » -
11 Marchသတင်း
ရှိန်းခေါင်နယ်စပ်၊ ရှာကာတီရွာအနီး တိုက်ပွဲဖြစ်
ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်နယ်စပ် KIA ရှိတဲ့ဘက်ကို စစ်တပ်ကထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲဆက်တိုက်ဖြစ်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေကနေ သိရပါတယ်။ ရှိန်းခေါင်နယ်စပ် ရှာကာတီ ကျေးရွာ အမှတ် ၃၀ မှတ်တိုင်အနီးမှာ မတ်လ ၁၁ ရက်နေ့ ဒီနေ့လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး…
Read More » -
Jan- 2026 -14 Januaryသတင်း
ခေါင်လန်ဖူးဘက်ကို စစ်ကောင်စီတပ်ကကုန်ကြောင်း ၊လေကြောင်းသုံးပြီးအင်အားဆက်ဖြည့်နေ
ကချင်ပြည်နယ် ၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ကုန်းသုံးပြီး အင်အားဖြည့်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့အပတ် ဇန်နဝါရီလ ၈ ရက်နေ့နဲ့ ၉ ရက်နေ့ ၂ရက်တိုက်တက်တိုက် စစ်ကောင်စီတပ်က ခေါင်လန်ဖူးမြို့နယ်ဘက်ကို Y-8 ထောက်ပို့လေယာဥ်နဲ့ စစ်သည်အင်အား ၂၀၀…
Read More » -
Dec- 2025 -5 Decemberသတင်း
ပူတာအိုမြို့အထွက် ပြည်သူ့စစ်ဂိတ်ကို အချိန်ကန့်သတ်နဲ့ဖွင့်ပေးနေတာကြောင့် ဒေသခံတွေအခက်တွေ့
ကချင်ပြည်နယ် ပူတာအိုမြို့အထွက်မှာရှိတဲ့ ပြည်သူ့စစ်ဂိတ်မှာ ဂိတ်ဖြတ်သန်းသွားလာခွင့်ကန့်သတ်ထားတာကြောင့် ဒေသခံတွေသွားလာရေးမှာ အခက်တွေ့နေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။ ပူတာအိုမြို့အထွက် ဂျူဗလီရပ်ကွက်က ပူတာအို – နောင်မွန် – ခေါင်လန်ဖူးလမ်းဆုံမှာထိုင်ထားတဲ့ ပြည့်စစ်ဂိတ်မှာ ည ၉ နာရီအထိသာဖြတ်သန်းသွားလာခွင့်ပြုထားတဲ့အတွက် မြို့ခံပြည်သူများ လမ်းသွားလမ်းလာအခက်အခဲဖြစ်တယ်လို့ ဆိုပါတယ်။ “ဂိတ်ကမြို့ပြင်ဘက်ကျပေမယ့် ဟိုဘက်ကမှာ လူနေအိမ်တွေအများကြီးရှိတယ် ဟိုဘက်ရပ်ကွက်ဒီဘက်ရပ်ကွက်သွားသွားလာလာအခက်အခဲတော့ဖြစ်တာပေါ့။ ည ၉ နာရီဆိုရင် ဂိတ်ပိတ်တယ်။ မနက်လည်း ၅ နာရီနောက်ပိုင်းမှာဖွင့်တယ် တစ်ခါတလေ စစ်ဆေးမေးမြန်းတာမျိုးလည်းလုပ်တယ်”လို့ ပူတာအိုမြို့ခံအသက် ၄၀ ကျော် အရွယ် အမျိုးသားတစ်ဦးကပြောပါတယ်။ ဒါ့အပြင် အဲဒီပြည်သူ့စစ်ဂိတ်မှာ ပူတာအိုကနေ နောင်မွန်၊ခေါင်လန်ဖူး၊မချမ်းဘော့ဘက်တက်တဲ့ ကုန်ကားတွေနဲ့ ရွှေမှော်တက်သွားတဲ့ဆီကား၊ဆန်ကား၊သုံးဘီးကားတွေကအစ အခွန်ကောက်နေတာလို့သိရပါတယ်။ “မချမ်းဘော့ ဘက်ကရွှေမှော်တွေဘက်သွားတဲ့ ဆန်ကား၊ဆီကားတွေဆီကနေကောက်တယ်ပြီးနောက်ခေါင်လန်ဖူးနောင်မွန်ဘက်တက်တဲ့ကားတွေဆီကနေလည်းကောက်တယ် ကားတစ်စီးကို တင်တဲ့ကုန်ပေါ်မူတည်ပြီး သောင်းဂဏန်းကနေ သိန်းဂဏန်းအထိတော့ကောက်တယ်ပြောတယ်”သုံးဘီးပါမကျန်ဘူး အားလုံးကောက်တယ်”လို့ အထက်ဖော်ပြပါပူတာအိုဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ ပူတာအိုမြို့အထွက်မှာတန်ဂူးတန်ပြည်သူ့စစ်ဂိတ်ထိုင်ထားသလို ပူတာအိုမြို့အဝင်ဘက်မှာလည်း စစ်ကောင်စီတပ်က မူလာရှီးဒီးမှာ ဂိတ်ထိုင်ထားပြီးအခွန်ကောက်တာ၊ စစ်ဆေးမေးမြန်းတာတွေလုပ်နေတယ်လို့သိရပါတယ်။ ပူတာအိုမြို့အထွက် တန်ဂူးတန်ပြည်သူ့စစ်ဂိတ်ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှစထိုင်တာဖြစ်ပြီး ပူတာအိုမြို့ပေါ်က ပြည်သူ့စစ်ရဲ့တစ်ခုတည်းသောဂိတ်ဖြစ်ပါတယ်။ ပူတာအိုမြို့နယ်မှာအဓိကအားဖြင့် ရှမ်း၊ဂျိန်းဖော့၊ရဝမ်၊လီဆူလူမျိုးတွေအများဆုံးနေထိုင်ကြပြီး မြစ်ကြီးနားမြို့ရဲ့ မြောက်ဘက် မိုင်အရှည် ၂၀၇ မိုင်ခန့်အကွာမှာရှိတဲ့ မြို့ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ အစိုးရကပြည်နယ်/တိိုင်းဒေသအသီးသီးမှာရှိတဲ့ ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကိုပြည်သူ့စစ်အဖြစ်ပြောင်းလဲဖွဲ့စည်းပေးလိုက်ပြီးနောက် ဦးတန်ဂူးတန်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့စည်းပေါ်ပေါက်လာခြင်းဖြစ်ပြီး လက်ရှိ ပူတာအို၊ခေါင်လန်ဖူးအထိ ပြည်သူ့စစ်တွေရှိနေတာဖြစ်ပါတယ်။ By – Zaw Zaw
Read More »