စစ်ကိုင်းတိုင်း

  • Oct- 2024 -
    21 October
    လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်း

    ကောလင်းမှာ လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၃ ဦးသေဆုံး

    စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ရွာ ၂ ရွာကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၁ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင် လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၃ ဦး သေဆုံးခဲ့ရတယ်လို့ Kawlin Revolution-KR က သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ ကောလင်းမြို့နယ် အနောက်ခြမ်းက ဥက္ကံကျေးရွာ၊ ချောင်းနားကျေးရွာတို့ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက် ခဲ့တာဖြစ်ပြီးတော့ ဒီကျေးရွာတစ်ဝှိုက်တိုက်ပွဲဖြစ်တာလည်းမရှိဘူးလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။ “အဲ့နားမှာ ဘာတိုက်ပွဲလည်းမဖြစ်ဘူးလို့သိရပါတယ်။သေဆုံးသူက ကနဦးတော့ ၂ ယောက်လို့သိရပါတယ်။ နောက်ထပ် သေဆုံးသူတွေရှိတယ်လို့လည်းကြားရတယ်။အခုကတော့ ရှင်းလင်းရေးတွေလုပ်နေကြတယ်”လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ လက်ရှိနောက်ဆုံးသိရှိရတဲ့အခြေနေအရတော့ လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးသူ ၃ ဦးအထိရှိပြီ ဖြစ်ပြီး သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါဆိုတာတော့ KNG ကအတည်ပြုနိုင်တာမရှိသေးပါဘူး။ ဥက္ကံကျေးရွာကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့ကလည်း လေကြောင်းတိုက်ခိုက်ခဲ့ သေးပြီး အမျိုးသမီး ၂ ယောက်အပါအဝင် အရပ်သား ၇ ဦးသေဆုံးခဲ့ရပါသေးတယ်။ ကောလင်းမြို့နယ်ကိုလေကြောင်းတိုက်ခိုက်ခဲ့တဲ့ဂျက်ဖိုက်တာဟာ တံတားဦးလေတပ်ကနေ ကန့်ဘလူမြို့ကို ဖြတ်ပြီးတော့ ကောလင်းနယ်အနောက်ခြမ်းကကျေးရွာတွေကို ဦးတည်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လေကြောင်း တိုက်ခိုက်ပြီး မိနစ် ၂၀ အကြာမှာပဲ လာရာလမ်းအတိုင်း ပြန်လည်ဆင်းသက်သွားတယ်လို့ သိရပါတယ်။ အခုလိုလေကြောင်းတိုက်ခိုက်တာကြောင့် ကောလင်းမြို့နယ်အနောက်ခြမ်းထဲက ကျေးရွာတစ်ချို့က ဒေသခံ တွေဟာ ဘေးလွှတ်ရာတွေမှာအရေးပေါ်တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေ ကြောင့် အရပ်သားစုစုပေါင်း ၅၇၁၂ ဦးသေဆုံးခဲ့ရပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီ စောင့်ရှောက်ရေးအသင်း AAPP က စက်တင်ဘာလ ၃၀ ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်။ By – အမိုး

    Read More »
  • 18 October
    သတင်း

    ဟုမ္မလင်းနယ်ထဲက SNA ဂိတ်တွေမှာ အခွန်အဆမတန်ကောက်ခံနေ

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်း ရှမ်းနီအမျိုးသားတပ်မတော် SNA စစ်ဆေးရေးဂိတ် ၄ နေရာလောက်မှာ အခွန်အဆမတန်ကောက်ခံနေတဲ့အတွက် သွားလာတဲ့ ဒေသခံပြည်သူတွေ အခက်တွေ့နေတယ်လို့ သိရပါတယ်။ ရှမ်းနီ SNA တပ်တွေ န်းချုပ်ထားတဲ့ ဟုမ္မလင်းအရှေ့ဘက်ခြမ်း နောင်ပိုအောင်၊ နောင်တော၊ မိုင်းကိုင်း၊ဆပ်ကယား စတဲ့ကျေးရွာတွေမှာ SNA ဂိတ်ထိုင်ထားပြီး…

    Read More »
  • 16 October
    သတင်း

    ဟုမ္မလင်းနယ်မှာ လူငယ်အများအပြားဖမ်းဆီးခံနေရ

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲမှာ လူငယ်တွေအများအပြားဖမ်းဆီးခံနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်ရဲ့ တပ်သားသစ်စုဆောင်းမှုတွေကြောင့် လူငယ်တွေမကြာခန ဖမ်းဆီးခံနေရပြီး ဒီနှစ်ဝက်အတွင်း ရာနဲ့ချီဖမ်းဆီးခံရတယ်လို့ တော်လှန်ရေးမှာပါဝင်လှုပ်ရှားနေတဲ့ ဟုမ္မလင်းမြို့ဒေသခံ အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “အရင်ကမဖမ်းပါဘူး အခုနောက်ပိုင်းမှာမှဖမ်းလာတာ စစတုန်းကတော့ ခရီးသွားတဲ့လူငယ်တွေပြီးတော့ညဘက် လမ်းပေါ်ထွက်တဲ့လူငယ်တွေလောက်ဖမ်းတာ။ အခုနောက်ပိုင်းက အိမ်ထဲထိကိုခြင်ထောင်ထဲထိကိုဝင်ဖမ်းတော့တာ မကတော့ဘူးနော် သုံး–လေး ရာတောင်မကလောက်ဘူးတစ်နယ်လုံးဆိုရင်”လို့ အသက် ၅၀…

    Read More »
  • 8 October
    တိုက်ပွဲ

    ပင်လည်ဘူးမြို့ လက်လွှတ်လိုက်ရတဲ့ စစ်တပ် လေကြောင်းနဲ့အပြင်းထန် ပစ်ခတ်တိုက်ခိုက်နေ

    စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ လက်လွှတ်လိုက်ရတဲ့ စစ်တပ်က ဂျက်ဖိုက်တာ ၄ စီးအသုံးပြုပြီး လေကြာင်းပစ်ခတ်တိုက်ခိုက်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။ “ခုလေယာဉ် ၄ စီးနဲ့ လာပစ်နေတယ် ၇ ကြိမ်ရှိသွားပြီ။ ပေါင် ၃၀၀ ရှ်ိတဲ့ဗုံးတွေနဲ့ချနေတယ်”လို့ ပြောပါတယ်။…

    Read More »
  • Sep- 2024 -
    6 September
    တိုက်ပွဲ

    ပင်လည်ဘူးတိုက်ပွဲမှာ အင်အား ၈၀ ကျော်ရှိတဲ့ စစ်ကြောင်း လက်နက်ချအညံ့ခံ

    စစ်ကိုင်းတိုင်း ပင်လည်ဘူးတိုက်ပွဲမှာ အင်အား ၈၀ ကျော်ရှိတဲ့ စစ်ကောင်စိီ စစ်ကြောင်းတစ်ကြောင်း ကာကွယ်ရေးတပ်ဘက်ကို လက်နက်ချအညံ့ခံလာတယ်လို့ ပင်လည်ဘူးကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။ ဩဂုတ်လ ၁၅ ရက်နေ့ကနေ တစ်ကျော့ပြန်စတင်လာတဲ့ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲဟာ စက်တင်ဘာလ ၆ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို စက်တင်ဘာလ ၅ ရက်နေ့မှာတော့ အင်အား ၈၀ ကျော်ရှိတဲ့ စစ်ကြောင်း လက်နက်ချအညံ့ခံလိုက်တာဖြစ်တယ်လို့ ပင်လည်ဘူးကာကွယ်ရေးတပ်က တာဝန်ရှိသူတစ်ဦး KNG ကိုပြောပါတယ်။ “ဖမ်းမိတာမဟုတ်ပါဘူး အလင်းဝင်တာလို့ပဲသုံးရမယ် စက်တင်ဘာ ၅ ရက်နေ့က လာချတဲ့စစ်ကြောင်း ဒုတိယအကြိမ် လေယာဉ်နဲ့ချလာတဲ့စစ်ကြောင်း”လို့ ပြောပါတယ်။ လက်နက်ချအညံ့ခံလာတဲ့ စစ်ကောင်စီတပ်သား ၈၁ ဦးဖြစ်ပြီး ရာထူးနဲ့ အမည်နာမအသေးစိတ်ကိုတော့ စာရင်းပြုစုနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကို ဩဂုတ်လ ၁၅ ရက်နေ့စပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တို့ တစ်ကျော့ပြန်ထိုးစစ်ဆင်နေတာဖြစ်ပြီး စက်တင်ဘာလ ၆ ရက်နေ့အထိ မြို့တွင်း ရဲစခန်းနဲ့ အာရှဘဏ်ကုန်းဘက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ စစ်တပ်ဘက်ကလည်း ပင်လည်ဘူးမြို့မကျရေး  နေ့တိုင်းလေကြောင်းနဲ့ပစ်ခတ်တိုက်ခတ်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ “ရဲစခန်းနဲ့ အာရှဘဏ်ကုန်ကျန်သေးတယ် မသိမ်းသေးဘူး မြို့ပေါ်ကော ကောလင်း ၀န်သိုးဘက်ခွေးစစ်ကြောင်းရှိသေးတယ်။ လေယာဉ်နေ့တိုင်းလာပစ်တယ် အာရှဘဏ်ကုန်းဘက်ပြင်းထန်နေပါတယ်”လို့ နောက်ထပ် ကာကွယ်ရေးတပ်ဖွဲ့တစ်ဦးက ပြောပါတယ်။ ပင်လည်ဘူးမြို့ဟာ ကောလင်းခရိုင်ထဲမှာရှိပြီး စစ်ကိုင်း– ကချင်အစပ်မှာရှိသလို ခြေမြန်တပ်ရင်း ခမရ (၃၆၆) နဲ့ (၃၇၀) လက်အောက်ခံ တပ်သားနဲ့ ရဲတပ်သား နှစ်ရာဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ ဩဂုတ်လ ၁၅ ရက်နေ့ကနေ တစ်ကျော့ပြန်စတင်လာတဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က စစ်အင်အား ၂ ကြိမ်တိတိလာရောက်ပို့ဆောင်ထားပြီလို့ သိရပြီး  ဒုတိယအကြိမ်လာပို့တဲ့စစ်ကြောင်း တစ်ကြောင်းလုံးလက်နက်ချအညံ့ခံလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် ပင်လည်ဘူးမြို့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်အကြား နှစ်စဉ်နှစ်တိုင်းတိုက်ပွဲပြင်းထန်နေတဲ့မြို့ဖြစ်ပြီး  ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာတစ်ကြိမ်တိုက်ပွဲပြင်းထန်ခဲ့သလို ဒီတစ်ကြိမ်ဟာ ဒီနှစ်အတွင်း ဒုတိယအကြိမ်တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။  ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ဖြစ်ခဲ့တဲ့ မြို့ပေါ်တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ချိန်ကတည်းက ပြန်မလာတဲ့သူတွေများတယ်လို့ ဆိုပါတယ်။ ပင်လည်ဘူးမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ တပ်ခစန်းတွေကို KIA နဲ့ ကာကွယ်ရေးတပ်တွေ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့ကနေ ၇ ရက်နေ့အထိ တိုက်ခိုက်ခဲ့ပေမယ့် မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်တာတော့ မရှိခဲ့ပါဘူး။ By – အမိုး

    Read More »
  • Jul- 2024 -
    15 July
    စစ်ပြေးဒုက္ခသည်များ

    အင်းတော်နယ်ထဲက ၂ နှစ်ကျော်ကြာစစ်ဘေးရှောင်ခဲ့တဲ့ ရွာပေါင်း ၁၀ ရွာကျော်နေရပ်ပြန်

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်ထဲက ၂ နှစ်ကျော်စစ်ဘေးရှောင်ခဲ့တဲ့ ရွာပေါင်း ၁၀ ရွာက ပြည်သူတွေနေရပ်ပြန်နေပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ အင်းတော်မြို့နယ် မော်တိတ်ဒေသထဲကို စစ်ကောင်စီတပ်အင်းအားအလုံးအရင်းဝင်ရောက်လာပြီး မော်တိတ်ကျေးရွာအုပ်စု နန့်သာရွာမှာအထိုင်ချကာ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာ၊အရပ်သားတွေကိုဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် မော်တိတ်ဒေသတစ်ခုလုံးက ပြည်သူတွေ တောတောင်ထဲစစ်ဘေးရှောင်ခဲ့ကြရတာ ဖြစ်ပါတယ်။ အဲဒီနောက် ၂ နှစ်ကျော်အကြာ ပြီးခဲ့တဲ့ ဇွန်လမှာ တော်လှန်အင်အားစုတွေက မော်တိတ်ဒေသတစ်ခုလုံးကို ဝင်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တာကြောင့် ရွာပေါင်း ၁၀ ရွာက ပြည်သူတွေ ဇူလိုင် ၁၁ ရက်နေ့ကစပြီး နေရပ်ကိုပြန်ဝင်နေကြပြီလို့ အောင်းကုန်းကျေးရွာ စစ်ရှောင်အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “အားလုံးကိုယ့်အိမ်ကိုယ့်ယာထဲကိုပြန်ဝင်နေကြပြီ ကာကွယ်ရေးတွေဘက်ကလည်းဝင်ကြတော့ကိုယ့်အိမ်ကိုယ့်ယာထဲဝင်ပြီးလုပ်စရာရှိတာလုပ်ကြတော့လို့ပြောလို့ အားလုံးကပြန်ဝင်စပြုနေပြီ ။အရင်ဦးဆုံးတော့သန့်ရှင်းရေးတွေဘာတွေလုပ်ရအုံးမှာ“လို့ သူကပြောပါတယ်။ ၂ နှစ်ကျော်ကြာစစ်ဘေးရှောင်ခဲ့ကြတဲ့ ကျေးရွာတွေဟာ နန့်သာ၊ အောင်းကုန်း၊အင်ပင်၊ကျွန်းတော၊တုံ့တော်၊မော်တိတ် ၊ပေဘင်ကျေးရွာတွေအပါအဝင် စုစုပေါင်းရွာပေါင်း ၁၀ ရွာဖြစ်ပြီး လက်ရှိ မော်တိတ်ဒေသတစ်ခုလုံးစစ်ကောင်စီတပ်တွေကင်းစင်သွားပြီဖြစ်တာကြောင့် နေရပ်ပြန်ဝင်နိုင်တာဖြစ်တယ်လို့ အင်ပင်ကျေးရွာထဲက စစ်ရှောင်အမျိုးသားတစ်ဦးကပြောပါတယ်။  တောတောင်တွေထဲမှာ ၂ နှစ်ကျော်ကြာစစ်ဘေးရှောင်ပြီး အခုလိုနေရပ်ပြန်ဝင်တဲ့အချိန် စစ်ဘေးရှောင်တွေအတွက် အဓိကအခက်အခဲကစားဝတ်နေရေးနဲ့ နေရာထိုင်ခင်းအခက်အခဲတွေကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင်တွေကဆိုပါတယ်။ “အဓိကအခက်အခဲက ဘာဖြစ်သလဲဆိုတော့ စားရေးသောက်ရေးပဲပါ့ တလျှောက် လုံးလည်းမရှိ ရှိအောင်ကြံဖန်စားသောက်လာခဲ့ကြတာ အခုကအိမ်တွေလည်းပြန်ဆောက်ရမှာနဲ့ဆိုတော့ပိုခက်ခဲမှာပေါ့ပြီးတော့တချို့က နေစရာအိမ်မရှိကြဘူး မီးလောင်ကုန်တာ“လို့ နန့်သာကျေးရွာနေစစ်ရှောင်အမျိုးသားတစ်ဦးကပြောပါတယ်။ မော်တိတ်ဒေသထဲက နေရပ်ပြန်မယ့်စစ်ဘေးရှောင်တွေအတွက် အစားအသောက်အကူအညီတွေလိုအပ်နေသလို အောင်ကုန်း၊နန့်သာနဲ့အင်ပင်ရွာတွေထဲက နေအိမ်မီးရှို့ခံရတဲ့ အိမ်ခြေ ၅၀ ကျော်ပြန်လည်ထူထောင်ရေးအတွက်လည်းအကူအညီတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကပြောပါတယ်။ လက်ရှိနေရပ်ပြန်နေကြတဲ့ ကျေးရွာတွေဟာ အင်းတော်မြို့နဲ့ ၁၀ မိုင်နီးပါးဝေးတဲ့နေရာမှာတည်ရှိပြီး စစ်ကောင်စီအတွက်ကုန်းကြောင်းအရအရေးပါတဲ့ အင်းတော်–ဗန်းမောက် မဟာဗျူဟာမြောက်တဲ့ကားလမ်းပိုင်းမှာတည်ရှိတာ ဖြစ်ပါတယ်။ အင်းတော်တစ်နယ်လုံးမှာ စစ်ကောင်စီတပ်တွေ အင်းတော်မြို့တွင်းအထိုင်တပ်တစ်ခုနဲ့ နဘားလမ်းဆုံ ဒေသအခေါ် (ဂျပန်လိူင်ဂူ)စတဲ့ နှစ်နေရာမှာသာကျန်ရှိတော့တာကြောင့် အင်းတော်မြို့ခံတွေလည်း တိုက်ပွဲဖြစ်လာမှာကိုစိုးရိမ်ပြီး ကြိုတင်ရှောင်တိမ်းတာမျိုးရှိနေတယ်လို့ သိရပါတယ်။ “အခုကမကျန်တော့ဘူးလေ အဓိကအင်းတော်မြို့တွင်းတစ်ခုပဲ ကျန်မှာ အဲ့ကြောင့်မြို့ထဲကလူတွေကတချို့အစိုးရိမ်လွန်ပြီးပြောင်းနေကြတယ်တချို့လည်းမြို့ကိုသိမ်းလာတော့မယ်ဆိုတဲ့ ကောလဟာလသတင်းတွေကြောင့်ကြိုတင်ရှောင်နေကြတာရှိတယ်“လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ ၂၀၂၂ခုနှစ် မတ်လ တုန်းကမော်တိတ်ဒေသထဲ ဝင်ရောက်လာတဲ့စစ်ကြောင်းတွေဟာ တပ််မ ၇၇ နဲ့ တပ်မ ၈၈ လက်အောက်ခံ ခြေလျှင်တပ်ရင်းတွေ ဖြစ်ပါတယ်။ အင်းတော်မြို့နယ်ဟာ ကချင််နဲ့စစ်ကိုင်းအစပ် မန္တလေး –မြစ်ကြီးနားကားလမ်းပိုင်းမှာတည်ရှိတာ ဖြစ်ပြီး စစ်ကောင်စီတပ်အတွက် ကချင်ပြည်နယ်ဘက်ကို ကုန်းကြောင်းနဲ့ ထောက်ပို့လမ်းကြောင်းသုံးဖို့အရေးပါတဲ့လမ်းကြောင်းပေါ်မှာ တည်ရှိနေတာ ဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • 9 July
    သတင်း

    ဟုမ္မလင်းမြို့မှာ ရေကြီးရေလျှံမှုတစ်ပတ်ကျော်ကြာမြင့်လာပြီး ပြည်သူသောင်းချီ ရေဘေးသင့်နေ

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ပေါ်မှာ တစ်ပတ်ကျော်ကြာရေကြီးရေလျှံမှုတွေဖြစ်နေပြီး ပြည်သူ‌သောင်းချီရေ‌ဘေးသင့်‌‌နေတယ်လို့သိရပါတယ်။ ဇွန်လ ကုန်ပိုင်းလောက်ကစလို့ ဟုမ္မလင်းမြို့ပေါ်နဲ့ ချင်းတွင်းမြစ်ဖျားပိုင်းတွေမှာမိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ချင်းတွင်းမြစ်ရေကြီးနေတာကြောင့် ဒေသခံတွေ အဘက်ဘက် ကခက်ခဲနေတာလို့ ဟုမ္မလင်း‌ ဒေသခံတစ်ဦးက KNGကိုပြောပါတယ်။ “အခြေအနေကတော့အတော်ဆိုးနေတယ်ဗျ။မြို့ပေါ်ကနေရာအများပိုင်းလည်းမြုပ်နေတယ် သွားလာရခက်ခဲတာ ဟိုဘက်နောင်ပိုအောင်ဘက်တွေကိုလည်းရှောင်လို့မရဘူးရေတိုးနေတာ”လို့ ပြောပါတယ်။ ဟုမ္မလင်းမြို့ပေါ်ကမြေနှိမ့်ပိုင်းရပ်ကွက်‌တွေနဲ့ မြို့အနီးဝန်းကျင်က…

    Read More »
  • Jun- 2024 -
    27 June
    သတင်း

    နန့်သာရွာထဲ ပိတ်မိနေတဲ့ပြည်သူ ၁၅ ဦးထဲက ၉ ဦးကယ်ခဲ့နိုင်ပေမယ့် ဒဏ်ရာပြင်းထန်သူ နှစ်ဦးအပါ ၆ ဦးပိတ်မိနေဆဲ

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နန့်သာကျေးရွာထဲမှာပိတ်မိနေခဲ့တဲ့အရပ်သား ၁၅ ဦးထဲက ၉ ဦးကယ်ထုတ်နိုင်ခဲ့ပေမယ့် ဒဏ်ရာပြင်းထန်သူ ၂ဦးအပါအဝင်  ၆ ဦးပိတ်မိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ အရပ်သား ၃၀ ဦးဝန်းကျင်ကို  နန့်သာရွာဘုန်းတော်ကြီးကျောင်းထဲမှာလူသားဒိုင်းအဖြစ်ဖမ်းဆီးထားချိန် ဇွန်လ ၂၂ရက်နေ့မှာ လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၅ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ စစ်တပ်က ဖမ်းဆီးထားတဲ့ အရပ်သား ၃၀ ဦးထဲက လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၅ ဦးသေဆုံးပြီး နောက်ထပ် ၉ ဦးဒဏ်ရာရရှိကာ ကျန်အရပ်သား ၆ ဦး ၃ ရက်ကြာပိတ်မိနေခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဇွန်လ ၂၅ ရက်နေ့ မှာတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးတဲ့အရပ်သားတွေကို လာမြုပ်ပေးကြဖို့ စစ်ကောင်စီတပ်တွေက နန့်သာရွာအနီးတစ်ဝိုက်ကပြည်သူတွေကို ခေါ်ယူခဲ့တယ်လို့လည်း သိရပါတယ်။ “အလောင်းတွေကိုမနေ့ကမှမြှပ်လို့ရသွားတာလေး စစ်သားတွေက အလောင်းလာမြုပ်ကြပါခေါ်လို့ ၅ ယောက်သွားပြီး မြှပ်ကြတာ။ အဲဒီချိန်ပိတ်မိနေတဲ့ထဲက လမ်းလျောက်နိုင်တဲ့သူတွေကို စစ်သားတွေ ကတုတ်ကျင်းမှာရှိနေတဲ့အချိန်အနောက်တောလမ်းကနေခေါ်ထုတ်လာခဲ့ကြတာ”လို့ အောင်ကုန်းဒေသခံတစ်ဦးက ပြောပါတယ်။ သေဆုံးသွားတဲ့ထဲမှာတော့ အမျိုးသား ၅ ဦးနဲ့ အမျိူးသမီး ၁၀ ဦးဖြစ်ပြီး ရုပ်အလောင်းကိုလည်း ဇွန်လ ၂၅ ရက်နေ့ နန့်သာသုသာန်မှာ သဂြိုလ်ပေးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ လက်ရှိပိတ်မိနေသူတွေထဲမှာ ဒဏ်ရာရအမျိုးသမီး ၂ဦး မသန်စွမ်းတစ်ဦးနဲ့လူစာစောင့်အမျိုးသား ၃ဦးတို့ဖြစ်တယ်လို့သိရပါတယ်။ “နန့်သာလေယာဥ်ကျဲလို့သေသွားတဲ့ ၁၅ ဦးကိုမနေ့က နန့်သာသုဿန်ထဲမှာသဂြိုလ်ပေးခဲ့တယ် အားလုံးကို တစ်ကျင်းထဲမှာပဲသဂြိုလ်ပေးခဲ့လိုက်တယ်ဗျ။ ခုပိတ်မိသွားတဲ့ ၁၅ ယောက်ထဲက ၉ ယောက်ကတော့ပြန်လွတ်ခဲ့ပြီ ကျန်နေတာကလမ်းလုံးဝမလျှောက်နိုင်တဲ့ ဒဏ်ရာရ နှစ်ယောက်ရယ် မသန်စွမ်းတစ်ယောက် ပြီးတော့လူနာစောင့် ၃ ယောက်ရယ်ကျန်နေခဲ့တယ်”လို့ သူကပြောပါတယ်။ နန့်သာလေကြောင်းတိုက်ခိုက်ခံရမှုမှာ ကနဦးက သေဆုံးသူ ၁၇ ဦးအထိရှိခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် မနေ့ ကရုပ်အလောင်းသွားရောက်သဂြိုလ်သူတွေအတည်ပြုချက်အရ သေဆုံးရုပ်အလောင်း ၁၅ ဦးအထိပဲရှိတယ်လို့ဆိုပါတယ်။ နန့်သာကျေးရွာထဲမှာ အင်အား ၃၀ ကျော်ပါတဲ့စစ်ကြောင်းဟာ ၂၀၂၃ ခုနှစ်မတ်လထဲက ဝင်ရောက်တပ်စွဲနေတာဖြစ်ပြီး အဲ့ဒီစစ်ကြောင်းကအရပ်သားတွေကိုဖိနှိပ်နေတာတွေကြောင့် တော်လှန်ရေးအင်အားစုတွေက ဇွန်လ ၂၂ ရက်နေ့ ည၇နာရီမှာဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ စစ်ကောင်စီစစ်သားတွေဘက်ကအထိနာနေတာကြောင့် ည ၁၁ နာရီအချိန်မှာ ဘုန်းကြီးကျောင်းကိုဗုံးကြဲခဲ့တာဖြစ်ပါတယ်။ ဘုန်းတော်ကြီးကျောင်းထဲအတင်းအဓမ္မခေါ်ဆောင်ထားခံရသူတွေဟာ လက်ရှိနန့်သာရွာမှာတပ်စွဲနေတဲ့စစ်ကြောင်း ရွာထဲဝင်ရောက်လာစဥ်ထွက်ပြေးခွင့်မရလိုက်ပဲ ပိတ်မိနေခဲ့တဲ့သူတွေဖြစ်ပါတယ်။ နန့်သာကျေးရွာထဲကို အင်းတော်မြို့တွင်းတပ်ကနေ အင်အား ၁၀၀ ဝန်ကျင်းပါတဲ့စစ်ကြောင်းတစ်ကြောင်းစစ်ကူလာနေပြီး နန့်သာ ရွာနဲ့ သုံးမိုင်ကျော်ဝေးတဲ့ သက္ကယ်ကျင်းရွာမှာရောက်နေတယ်လို့သိရပါတယ်။ By – Zaw Zaw

    Read More »
  • 25 June
    လူ့အခွင့်အရေးချိုးဖောက်မှု

    လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရရှိထားတဲ့ နန့်သာဒေသခံများ ကယ်ထုတ်ဖို့ခက်ခဲနေဆဲ

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်ထဲက နန့်သာကျေးရွာဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်ညမှာ လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားသေဆုံးမှုတွေဟာ မနေ့က အထိဆက်ရှိနေဆဲဖြစ်ပြီး ဒဏ်ရာရပြည်သူတွေလည်း ကယ်ထုတ်လို့မရပဲ ပိတ်မိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ နန့်သာကျေးရွာဘုန်းတော်ကြီးကျောင်းထဲမှာတပ်စွဲနေထိုင်နေတဲ့ အင်အား ၃၀ ကျော်ပါ စစ်ကြောင်းဟာ ၂၀၂၃ ခုနှစ် နှစ်ဆန်းကတည်းကဝင်ရောက်တပ်စွဲနေတာဖြစ်ပြီး စစ်ကြောင်းလာချိန်ထွက်ပြေးတိမ်းရှောင်လို့မရဘဲ ရွာထဲပိတ်မိသွားတဲ့အရပ်သားတွေကိုနာမည်စာရင်းကောက်ယူကာ ညတိုင်းဘုန်းကြီးကျောင်းထဲမှာခေါ်စုပြီးလူသားဒိုင်းအဖြစ်အသုံးချနေတာ ခုဆိုရင်တစ်နှစ်ဝန်းကျင်ရှိလာပြီဖြစ်ပါတယ်။  ၂၀၂၄ ခုနှစ် ဇွန်လ ၂၂ ရက်နေ့မနက် စစ်ကောင်စီစစ်သားတွေရှိနေတဲ့ နန့်သာရွာဘက်ကို တော်လှန်ရေးအင်အားစုတွေထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်တပ်ဘက်ကအထိနာသွားတာကြောင့် ည ၁၂ နာရီဝန်းကျင် လေကြောင်းနဲ့လာရောက်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။ စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းမှာရှိနေတဲ့ အရပ်သား ၁၇ ဦးသေဆုံးခဲ့ပြီး နောက်ထပ်ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိနေပြီး ထိခိုက်ဒဏ်ရာရသူတွေကိုလည်း ဆေးကုခွင့်မရဘဲပိတ်မိနေဆဲဖြစ်တယ်လို့  စစ်ဘေးရှောင်နေတဲ့နန့်သာကျေးရွာနေအမျိုးသားတစ်ဦးကပြောပါတယ်။ “စစ်သားတွေက ရွာသားတွေကို ဘုန်းကြီးကျောင်းထဲမှာ ခေါ်နေထားတာလေး သူတို့(စစ်ကောင်စီစစ်သား)တွေ ကမသေပါဘူး လေလာဉ်လာတဲ့ချိန်သူတို့က ကတုံးကျင်းတွေ၊ဗုံးခိုကျင်းတွေထဲဝင်ပြေးသွားကြတယ်တဲ့ ရွာသားတွေက အဆောက်အဦးထဲမှာပဲရှိနေတဲ့အဲ့အဆောက်အဦးပေါ်ကျဲလိုက်တော့ ဦးပဇင်းတစ်ပါးနဲ့ရွာသားခြောက်ယောက် ဟာပွဲချင်းပြီးဖြစ်သွားတာ”လို့သူကပြောပါတယ်။ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ ကျဲချခဲ့တဲ့ ဗုံးသီးတစ်လုံးဟာ အရပ်သားတွေစုနေတဲ့ ဘုန်းတော်ကြီးကျောင်းဆောင်တည့်တည့်ကိုကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဖြစ်စဉ်ဖြစ်သွားတဲ့ညက အသက် ၄၀ ကျော်ဦးပဇင်းတစ်ပါးနဲ့ရွာသား ၇ ဦးပွဲချင်းပြီးသေဆုံးခဲ့ပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒဏ်ရာပြင်းထန်သူတွေကိုကယ်ထုတ်လို့မရတာကြောင့် တစ်ချို့သွေးလွန်သေဆုံးတာတွေရှိသွားပြီး မနေ့ကအထိ သေဆုံးသူ ၁၇ ဦးအထိရှိလာပြီလို့ အင်ပင်ကျေးရွာနေအမျိုးသားတစ်ဦးကပြောပါတယ်။ “ပြည်သူက ၁၇ ယောက်ရှိပြီ ရဟန်းသာတစ်ပါးပါတယ် အဲ့ဒါကတော့သေသွားတယ်အဲ့လိုဆိုတော့အခါကျတော့ အခု ဒဏ်ရာရတာက ၃၀ ဝန်းကျင်လောက်ရှိတယ် အခုလည်းကယ်ထုတ်ဖို့ရာကျွန်တော်တို့အခု ချိတ်ဆက်ပြီးမှ နည်းနည်းကြိုးစားနေတယ်ပေါ့လေ ပိတ်မိနေတဲ့ပြည်သူတွေကအခု ထမင်းလည်းမစားရဘူး ရေလည်းမသောက်ရဘူး”လို့ ပိတ်မိပြည်သူတွေကိုကယ်ထုတ်ဖို့ကြိုးပမ်းနေတဲ့ အထက်ပါအမျိုးသားကပြောပါတယ်။ နန့်သာရွာလေ ကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသူတွေဟာ ဦးဇင်းဝင်းဇော်၊ ဒေါ်ကျင်စော ၅၇ နှစ်၊ မပို ၄၀ နှစ်၊ ဦးသန်းစိန် ၅၅ နှစ်၊ ဦးအုန်းကျော် ၆၀ နှစ်၊ ဦးပိန်သေး ၅၉ နှစ်၊ ဒေါ်မနှစ် ၆၂နှစ်၊ မစနလင်း ၃၂နှစ်၊ မသူဇာမော် ၃၄နှစ်၊ ဦးကျော်မျိုး ၃၇နှစ်၊ မခင်စံပယ် ဉီး ၃၀နှစ် ၊ ဒေါ်ဂျမ်းပုံ ၈၀နှစ်၊ ဒေါ်အေးတင် ၅၀နှစ်၊ မကြူကြူ ၄၅နှစ် ကိုတင်စိုးလွင် ၄၂ နှစ်နှင့် အသက် ၅နှစ်အရွယ် ကလေးတစ်ဦး၊ အသက် ၆၀အရွယ်အမျိုးသမီးတစ်ဦးတို့ဖြစ်ကြောင်းသိရပါတယ်။ လေကြောင်းတိုက်ခိုက်ခံရတဲ့ ဇွန်လ ၂၂ ရက်နေ့က ပွဲချင်းပြီးသေဆုံးသူ ၇ဦးသာရှိခဲ့ပေမယ့် အချိန်မှီမကယ်ထုတ်နိုင်တာကြောင့် ဆေးဝါးကုသခွင့်မရတဲ့အတွက် ဇွန်လ ၂၃ရက်နေ့ နဲ့၂၄ ရက်နေ့အတွင်းနောက်ထပ်သေဆုံးသူ ၁၀ ဦးအထိတိုးလာတယ်လို့သိရပါတယ်။ လက်ရှိ နန့်သာဘုန်ကြီးကျောင်းထဲမှာ ဒဏ်ရာရပြည်သူ ၂၀ ကျော်နဲ့ဒဏ်ရာမရထားတဲ့ပြည်သူ ၁၀ ဦးကျော် စုစုပေါင်းပြည်သူ ၃၀ ကျော်ပိတ်မိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ “သူတို့ကဘုန်းကြီးကျောင်းမှာတပ်စွဲတာလေး အဲ့တော့ဘုန်းကြီးကျောင်းနဲ့နီးတဲ့အိမ်တွေထဲက ပြည်သူတွေကို ညဘက်ဘုန်းကြီးကျောင်းမှာခေါ်စုပြီးအိပ်ခိုင်းတာ ပုံမှန် လူဦးရေ၄၀ ကျော် ၅၀ အထိကိုခေါ်အိပ်ခိုင်းတယ်။ အခုလည်း ဒဏ်ရတဲ့သူတွေက ၂၀ ကျော်ဆို အားလုံး ၅၀ ဝန်းကျင်လောက်တော့ပိတ်မိနေတယ် ဖုန်းကလည်း ၂၃ ရက်နေ့အထိတော့ဆက်သွယ်လို့ရတယ် ဘယ်လို့မှသွားကယ်ထုတ်လို့မရဖြစ်နေတယ်“လို့သူကပြောပါတယ်။ နန့်သာကျေးရွာထဲက ပိတ်မိပြည်သူတွေကို ကယ်ထုတ်နိုင်ဖို့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေဘက်ကို တာဝန်ရှိသူတွေက ညှိုနိုင်းနေဆဲပဲလို့သိရပြီး ပိတ်မိနေတဲ့ဒဏ်ရာရပြည်သူတွေကိုအချိန်မှီမကယ်ထုတ်နိုင်ရင် သေဆုံးသူတွေထပ်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။…

    Read More »
  • 19 June
    သတင်း

    နန်းယွန်းမြို့နယ်မှာ ရာသီတုပ်ကွေးအဖြစ်များနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေ

    စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်ထဲမှာ ရာသီတုပ်ကွေးအဖြစ်များနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံဆီကနေ သိရပါတယ်။ နန်းယွန်းမြို့နယ်ထဲမှာ ဇွန်လပိုင်းကစလို့ ရာသီတုပ်ကွေးအဖြစ်များလာပြီး ဆေးရုံ၊ဆေးခန်းတွေမှာ ဆေးဝါးတွေလုံလုံလောက်လောက်မရှိတာကြောင့် အကူအညီတွေလိုအပ်နေတာလို့ နန်းယွန်းမြို့ခံ အသက် ၃၀ နှစ်အရွယ်အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အခြေအနေအရမ်းဆိုးတဲ့လူထဲမှာတောင်…

    Read More »
Back to top button