စစ်ကောင်စီ

  • Feb- 2026 -
    27 February
    သတင်း

    မြစ်ကြီးနားမှာ KIA ကိုဆန္ဒပြမယ့်သတင်းပေါက်ကြားသွားတဲ့အတွက် အကျဉ်းချုံးသာကျင်းပသွား

    ကချင်ပြည်နယ် မြစ်ကြီးနားမှာ လေယာဉ်ကွင်းပစ်ခတ်ခံရတဲ့အပေါ် KIA ကိုအလိုမရှိကြောင်း ဆန္ဒပြမယ့်သတင်းပေါက်ကြားသွားတဲ့အတွက် အကျဉ်းချုံးသာကျင်းပသွားတယ်လို့ ဌာနဆိုင်ရာနီးစပ်သူတွေဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မနက်ပိုင်း မိုးလုံလေလုံကွင်းကနေစပြီး မြို့တွင်းရပ်ကွက်တွေမှာ စစ်ကောင်စီခန့်ကချင်ပြည်နယ်အစိုးရအဖွဲ့ ဦးဆောင်ပြီး စစ်တပ်ထောက်ခံတဲ့အင်အားတစ်ထောင်ခန့်အသုံးပြုကာ KIA ကိုအလိုမရှိကြောင်း ဆန္ဒပြဖို့စီစဉ်ထားတဲ့သတင်းပေါက်ကြားလာတဲ့တွက် အစီစဉ်ပျက်သွားခဲ့တယ်လို့ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦး KNG ကိုပြောပါတယ်။ “အစက ပြည်သူ့စစ်တွေရော၊ဌာနဆိုင်ရာက ဝန်ထမ်းတွေလည်းပါတယ်ပေါ့ ပြီးရင်ဘာသာရေးခေါင်းဆောင်တစ်ချို့ စီတန်းလှည့်လည်ပြီးပြဖို့ဟုတ်တယ်။ မနေ့ည KNG မှာသတင်းတက်လာတော့ အစီစဉ်တွေအကျဉ်းချုံးဖြစ်သွားတာ“လို့ ပြောပါတယ်။ ဆန္ဒပြမယ့်သတင်းပေါက်ကြားသွားတဲ့တွက် ဒီမနက်မှာတော့ ကြံ့ခိုင်ရေးပါတီဦးဆောင်ပြီး ကား ၃ စီးနဲ့ လူအင်အား ၅၀ ခန့်ကို မြစ်ကြီးနားလေယာဉ်ကွင်းရှေ့မှာပို့ဆောင်ပြီး မိနစ်ပိုင်းအတွင်းဆန္ဒပြပွဲလုပ်သွားတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ဒီနေ့ဆန္ဒပြပွဲမှာ “ မြစ်ကြီးနားလေဆိပ်အား FPV အသေခံဒရုန်းဖြင့်အကြမ်းဖက်တိုက်ခိုက်မှုအပေါ် မြစ်ကြီးနားမြို့ခံပြည်သူများမှငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်၊ အရပ်ဖက်ပစ်မှတ်ထား အဓိကထားတိုက်ခိုက်ခြင်းကို ကန့်ကွက်ပါသည်၊ ပြည်သူများကို နည်းမျိုးစုံနဲ့ဒုက္ခပေးနေသော အကြမ်းဖက်အဖွဲ့အား အလိုမရှိ”အစရှိတဲ့ကြွေးကြော်သံနဲ့ ခနတာကြွေးကြော်ပြီး မှတ်တမ်းဓါတ်ပုံရိုက်ကာ ကျင်းပသွားကြာဖြစ်တယ်လို့သိရပါတယ်။ “အဲသူတို့ဗီနိုင်းမှာက KIA/PDF ဆိုတဲ့စာတွေ ဆေးအနီရောင်နဲ့ဖျက်ထားကြတ အားလုံးတွေ့မှာပဲ။ အဓိက ကြံံ့ခိုင်ရေးပါတီက ဒီနေ့ဦးဆောင်သွားတာဟုတ်တယ်”လို့ အထက်မှာဖော်ပြတဲ့ အမည်မဖော်လိုတဲ့ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦး ဆက်ပြောပါတယ်။ စစ်ကောင်စီနဲ့စစ်တပ်ထောက်ခံတဲ့အဖွဲ့စည်းကကျင်းပသွားကြတဲ့ ဒီဆန္ဒပြပွဲနဲ့ပတ်သက်ပြီး လူမူကွန်ယက်ပေါ်မှာ ဝေဖန်မှုတွေမြင့်တက်နေပါတယ်။ “ဆန္ဒပြတာက မင်းအောင်လှိုင်ကိုပြရမှာလေ နေ့ည မနားလေယာဉ်နဲ့ပြည်သူတွေကို လိုက်သတ်နေတာ ခုပြောင်းပြန်ဖြစ်နေတယ် ဒါကအားလုံးသိပါတယ်။စစ်တပ်အသိုင်းအဝိုင်းလုပ်သွားတဲ့ ဆန္ဒပြပွဲပဲလေ”လို့ မြစ်ကြီးနားမှာနေထိုင်တဲ့အမျိုးသမီးတစ်ဦးက ပြောပါတယ်။ မြောက်ပိုင်းစစ်ဌာနချုပ်တည်ရှိရာ ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့မှာ အရပ်ဘက်သုံးလေယာဉ်ကွင်းနဲ့ စစ်တပ်သုံးနမ့်ပေါင်လေတပ်စခန်းနှစ်ခုရှိပြီး  အာဏာသိမ်းပြီးနောက် မကြာခနတိုက်ခိုက်ခံရတဲ့လေယာဉ်ကွင်းဟာ စစ်တပ်သုံး နမ့်ပေါင်လေတပ်စခန်းဖြစ်ပါတယ်။ ပြီးခဲတဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာ ပြုလုပ်တဲ့ ၆၅ နှစ် မြောက်ကချင်တော်လှန်ရေးနေ့ အခမ်းအနားမှာ KIO ဒုတိယဥက္ကဋ္ဌ ၁ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ကလည်း မြစ်ကြီးနားနမ့်ပေါင်လေတပ်စခန်း ဌာနချုပ်ရဲ့ ရေဒါစခန်းကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောငးပြောဆိုလာပါတယ်။ အဲဒီနောက် စစ်တပ်ဘက်က  ဗိုလ်ချုပ်ကြီး ဂွန်မော်စကားကို အကြောင်းပြုပြီး ပြီးတဲ့ ဖေဖော်ဝါရီလ ၁၂ရက်နေ့ မြစ်ကြီးနားလေဆိပ်အနီးကို အသေခံဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရကြောင်း၊ နောက်ထပ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာလည်း မြစ်ကြီးနားလေဆိပ် ရန်ကုန်–မန္တလေး–မြစ်ကြီးနား ပြေးဆွဲနေတဲ့ Myanmar National Airline(MNA) ရဲ့လေယာဉ်တိုက်ခိုက်ခံရကြောင်း ဆက်တိုက်ထုတ်ပြန်လာပါတယ်။ ဒါ့အပြင် စစ်ကောင်စီဘက်က ဒီလေယာဉ်ကွင်းကို KIA/PDF တပ်ဖွဲ့ကတိုက်ခိုက်တာဖြစ်ပြီး ဒီလုပ်ရပ်အပေါ်ပြင်းထန်စွာတုံဲ့ပြန်သွားမယ့်အကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားသလို မြစ်ကြီးနားမြို့ရဲ့အရပ်ဘက်သုံးလေယာဉ်ခရီးစဉ်အားလုံးလည်း ဒီနေ့ထိပိတ်ထားဆဲဖြစ်ပါတယ်။ By – Zami

    Read More »
  • 26 February
    သတင်း

    မြစ်ကြီးနားမှာ KIA ကို ဆန္ဒပြဖို့စစ်ကောင်စီပြင်ဆင်နေ

    ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့မှာ မြစ်ကြီးနားလေယာဉ်ကွင်းပစ်ခတ်မှုနဲ့ ပတ်သက်ပြီး KIA ကို ဆန္ဒပြဖို့ စစ်ကောင်စီကပြင်ဆင်နေတယ်လို့ ဌာနဆိုင်ရာနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ “ဟုတ်တယ် နက်ဖြန်ဆန္ဒပြဖို့ ပြည်နယ်အစိုးရအဖွဲ့ဦးဆောင်ပြီးပြမှာတဲ့ အားလုံးစီစဉ်ထားကြပြီ လေကြောင်းလိုင်းပစ်ခတ်မှု နဲ့ပတ်သက်ပြီးဆန္ဒပြဖို့လုပ်နေတာ”လို့ ပြောပါတယ်။ ဒီဆန္ဒပြပွဲကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မနက်ပိုင်းမှာကျင်းပဖို့စီစဉ်ထားပြီး စစ်တပ်ခန့်ကချင်ပြည်နယ်အစိုးရအောက် ဌာနပေါင်းစုံမှဝန်ထမ်းများ၊ ပြည်သူ့စစ်တပ်ဖွဲ့များ၊…

    Read More »
  • Jan- 2026 -
    15 January
    သတင်း

    မြစ်ကြီးနားမြို့က လောင်းကစားဝိုင်းတစ်ခု လူဦးရေ ၄၀ ဝန်းကျင်ကို စစ်တပ်ကဖမ်းဆီးသွား

    ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ရှိ လောင်ကစားဝိုင်းတစ်ခုကို စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေဝင်စီးပြီး လောင်းကစားဝိုင်းဝန်ထမ်းများအပါ စုစုပေါင်း လူဦးရေ ၄၀ ဝန်းကျင်ကိုဖမ်းဆီးသွားတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၄ ရက် ည ၉ နာရီဝန်းကျင်မှာ တပ်ကုန်းရပ်ကွက်ရှိ Sun City လောင်းကစားဝိုင်းထဲ ရှောင်တခင်ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူအမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။ “ည ၉နာရီလောက်မှာ ကားတွေနဲ့ရောက်လာပြီး တစ်ခါထဲဖမ်းသွားတာ လောင်းကစားဆော့နေတဲ့သူတွေရော၊ဝန်ထမ်းတွေရော အားလုံးဖမ်းသွားတယ် ဖမ်းသွားတာ တော်တော်များတယ် ၄၀ လောက်တော့ရှိအနည်းဆုံး”လို့ ပြောပါတယ်။ ဒါ့အပြင် လောင်းကစားဝိုင်းအတွင်းရှိ ပစ္စည်းများအားလုံးကိုသိမ်းသွားပြီး ဖမ်းဆီးခံရသူတွေလည်း ဒီညနေထိ ပြန်လွတ်လာသူတစ်ဦးမှ မရှိသေးကြောင်း သူကဆက်ပြောပါတယ်။ စစ်ကောင်စီတပ်တွေဝင်စီးတဲ့ အဲဒီ Sun City လောင်းကစားရုံမှာ ငါးပစ်ဂိမ်း၊ ရှမ်းကိုးမီး၊ လောင်းကစားအမျိုးပေါင်းစုံဆော့ကစားလို့ရပြီး ၂၄ နာရီလုံးကစားလို့ရတဲ့နေရာဖြစ်တယ်လို့ သိရပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း လောင်းကစားဝိုင်းပေါင်း ၄၀ ဝန်းကျင်ရှိပြီး လောင်းကစားဝိုင်းအများပိုင်းကိုတော့ စစ်တပ်က တရားဝင်ဖွင့်ခိုင်းတာတွေရှိတယ်လို့ သိရပါတယ်။ ခုလိုလောင်းကစားဝိုင်းပေါများလာာတာကြောင့် ခိုးဆိုးလုယက်မှု၊လူသတ်မှု၊ဓါးပြတိုက်မှုတွေခပ်စိပ်စိပ်ဖြစ်နေတဲ့အတွက် မြစ်ကြီးနားမြို့နေပြည်သူတွေကတော့ လောင်းကစားဝိုင်းတွေအားလုံးကို ဖမ်းဆီးအရေးယူသင့်ကြောင့် ပြောဆိုမှုတွေရှိနေပါတယ်။ “ဖမ်းသင့်တယ် အားလုံးဖမ်းသင့်တယ် အဲဒီလောင်းကစားဝိုင်းကြောင့်ပဲ ဘဝတွေပျက်နေကြတာ ဒီရက်ပိုင်းဆို လောင်းကစားဝိုင်းအပြင် လိုင်းကနေ အကောင့်ဟက်ပြီး ငွေလိုက်လိမ်တာတွေများလာတယ်”လို မြစ်ကြီးနားမြို့မှာနေထိုင်တဲ့အမျိုးသမီးငယ်တစ်ဦးကပြောပါတယ်။ ဒါ့အပြင် မြစ်ကြီးနားမြို့မှာ ခုလိုလောင်းကစားဝိုင်းတွေပေါများလာတာအပြင် နောက်ထပ် အွန်လိုင်းငွေလိမ်လှယ်မှုတွေကလည်း ခပ်စိပ်စိပ်ထွက်ပေါ်လာနေပါတယ်။ ဒါကြောင့် မြစ်ကြီးမြို့ခံတစ်ချ်ို့သုံးသပ်တာက မြစ်ကြီးနားမြို့မှာ အပြင်မှာဆော့လို့ရတဲ့လောင်းကစားရုံအပြင် အွန်လိုင်းကနေ ငွေလိမ်လှယ်တဲ့အဖွဲ့တွေရှိနေပြီလို့ သုံးသပ်နေကြပါတယ်။ By – Zami

    Read More »
  • Dec- 2025 -
    30 December
    သတင်း

    ကသာမြို့ပတ်လည်ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်၊ စစ်ဘေးရှောင်တွေထပ်တိုးလာနေ

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး မနေ့ညပိုင်းကစလို့ ဒီကနေ့နေ့လည်ပိုင်းအထိ စစ်ကောင်စီက မြို့ပတ်ပတ်လည်ကို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ယမန်နေ့ညပိုင်း ၉ နာရီဝန်းကျင်လောက်ကစလို့ စစ်ကောင်စီက Y12 အမျိုးအစားလေယာဥ်နဲ့ အကြိမ် ၆၀ ကျော်နီးပါး မြို့ပတ်ပတ်လည်ကိုဗုံးကြဲတိုက်ခိုက်ခဲ့ပြီး…

    Read More »
  • 27 December
    သတင်း

    စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို မလေးရှားအခြေစိုက် မြန်မာလူထု ပြင်းထန်စွာ ကန့်ကွက်ရှုံချ

    စစ်ကောင်စီ လက်ရှိ ပြုလုပ်မယ့် ရွေးကောက်ပွဲအပေါ်  မလေးရှားအခြေစိုက် မြန်မာတိုင်းရင်းသားများ ညီညွတ်ပေါင်းစည်းရေးအဖွဲ့ (COBEM) နှင့် မြန်မာရေးရာမဟာမိတ်အဖွဲ့ (MAA) တို့မှ ပြင်းထန်စွာ ကန့်ကွက် ရှုံးချကြောင်း ဒီဇင်ဘာ ၂၆ရက်နေ့မှာ ပူးတွဲ ထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ မတရားအာဏာသိမ်းမှုကို…

    Read More »
  • Nov- 2025 -
    18 November
    သတင်း

    ဆဒုံးမြို့တစ်နေရာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးလမ်းပေါ်ရှိ ဆဒုံးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်း ၁၀နာရီဝန်းကျင်လောက်မှာ Y 12 အမျိုးစားရဟတ်ယာဥ်နဲ့ ဗုံးသီး ၂ လုံးကြဲချခဲ့တာ ဖြစ်ပါတယ်။…

    Read More »
  • 12 November
    ရွေးကောက်ပွဲဆိုင်ရာ

    စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲကို တော်လှန်ရေးလမ်းစဉ်အတိုင်း ဆန့်ကျင်သွားမယ့်လို့ တော်လှန်ရေးတပ်ဖွဲ့တွေပြော

    ရွေးကောက်ပွဲကို အပိုင်း (၃)ခုနဲ့ ကျင်းပဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီက ကချင်ပြည်နယ်ထဲက မြို့နယ် (၉) နေရာလောက်မှာ ကျင်ပဖို့ ပြင်ဆင်နေတာဖြစ်ပြီး မြို့နယ်တစ်ချို့မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေထဲပါဝင်နေပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့ အပိုင်း(၁) ကြေညာချက်မှာ မြစ်ကြီးနား၊ တနိုင်း၊ မိုးညှင်း၊ ပူတာအို၊ နောင်မွန်၊ ခေါင်လန်ဖူး မြို့နယ်(၆)ခုပါဝင်ပြီး အောက်တိုဘာလ (၂၈) ရက်နေ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ရွေးကောက်ပွဲ အပိုင်း(၂) ကြေညာချက်ထဲမှာ မချမ်းဘော၊ မိုးကောင်းနဲ့ ဝိုင်းမော်မြို့နယ်တို့ပါဝင်လာပါတယ်။ ကချင်ပြည်နယ်မှာ မြို့နယ် ၁၈ မြို့နယ်ရှိတဲ့ ထဲကနေ မြို့နယ် ထက်ဝက်ခန့် ၉ နေရာလောက်မှာ ရွေးကောက်ပွဲကျင်းပဖို့ ကြေညာထားပြီးဖြစ်တဲ့ ခေါင်လန်ဖူးနဲ့ ဝိုင်းမော်မြို့နယ်တွေက KIA ထိန်းချုပ်ထားတဲ့ နယ်မြေတွေဖြစ်သလို အဓိကတိုက်ပွဲနေရာလည်းဖြစ်နေပါတယ်။ စစ်တပ်အာဏာသိမ်းပြီး အာဏာရှင်ကျဆုံးဖို့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း ဆက်လက်ပြီး ဆန့်ကျင်တော်လှန်သွားမှာဖြစ်တယ်လို့ ဖားကန့် KPDF တာဝန်ခံတစ်ဦးက KNG ကိုပြောပါတယ်။ “တော်လှန်ရေးတပ်ဖွဲ့တွေက တော်လှန်ရေးလမ်းစဉ်အတိုင်း ဆက်ပြီးသွားမှာဖြစ်တယ်။ စစ်တပ်က ရွေးကောက်ပွဲကို အပြလုပ်ပြီး အစိုးရတစ်ရပ်ဆိုပြီး အုပ်ချုပ်ရေးတွေဖွဲ့လာလိမ့်မယ်။ အဲဒီအခါမှာ ပြဿနာတွေ ကြီးကြီးမားမားတွေ ထွက်လာမယ်။ စစ်တပ်က ထွက်ပေါက်ရှာချင်တဲ့ သဘောအနေနဲ့၊ ပြီးရင် အာဏာရှင်ကို ဆွဲဆန့်နိုင်သလောက် ဆွဲဆန့်နေတယ်။ အဲထဲမှာ အုပ်ချုပ်ရေးမှူးတွေ၊ လွှတ်တော်အမတ်တွေကို ထိုးကျွေးတဲ့သဘောမျိုးပါပဲ။ ဒါကို ကျနော်တို့ဘက်က လုပ်စရာရှိတာဆက်လုပ်သွားမှာပါပဲ”လို့ပြောပါတယ်။ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေမှာက ရွေးကောက်ပွဲကျင်းပဖို့ ဖြစ်မလာနိုင်ဘူးလို့လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ချို့က မှတ်ချက်ပြုနေပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မြစ်ကြီးနား တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “ဖြစ်ခဲ့ရင်လည်း ခုလို တရားမဝင်တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကျနော်တို့ကော KIO/KIA ဥက္ကဋ္ဌ ကိုယ်တိုင်လည်းရှင်းရှင်းလင်းလင်းပြောထားပြီဖြစ်တယ်။ ဒီအပေါ်မှာ ပြည်သူတွေက ဘာလုပ်ရမလဲဆိုတာသိပြီးသားပါ”လို့ပြောပါတယ်။ ကချင်ပြည်နယ်ထဲမှာ နောက်ထပ် မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ ဗန်းမော်ခရိုင်ထဲက မိုးမောက်၊ မံစီ နဲ့ ဖားကန့် ဒေသတွေက လွှတ်တော်ကိုယ်စားလှယ်တစ်ချို့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတာလည်း တွေ့ရပါတယ်။ ဒါပေမယ့် စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပဖို့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ပါဝင်တာမတွေ့ရသေးပါဘူး။ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲက ဟန်ပြရွေးကောက်ပွဲတစ်ခုအနေနဲ့သာ ဖြစ်မြောက်သွားနိုင်ပေမယ့် တစ်ဖက်မှာ ကချင်ပြည်နယ်ရဲ့ စစ်ရေးကပိုပြီး ပြင်းထန်လာနိုင်တယ်လို့လည်း ကချင်နိုင်ငံရေးသုံးသပ်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။ “တကယ်လို့ ရွေးကောက်ပွဲပြီးသွားရင်တောင် အရင်တုန်းကလို လွှတ်တော်ကိုယ်စားလှယ်တွေ စုံစုံလင်လင်ထိုင်နိုင်တွေ့နိုင်ဖို့က ဒါကမဖြစ်နိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ ကချင်ထဲမှာဆိုရင် ၉ နေရာလောက်မှာ လုပ်ဖို့ ကြေညာထားတယ်။ တော်တော်များများနေရာတွေမှာက မလုပ်နိုင်တော့ တဝက်လောက်က လွှတ်တော်ကိုယ်စားလှယ်တွေ မရောက်နိုင်တော့ဘူး။ အဲ့လို မစုံမလင်နဲ့ လုပ်သွားဖို့ ပြင်ဆင်နေတယ်။ အဲ့တော့ဘာဖြစ်လာနိုင်သလဲဆိုတော့ အစိုးရတစ်ရပ်ဆိုပြီး ရှိလာမယ် ဒါပေမယ့် တိုက်ပွဲက ပိုပြီး ဖြစ်လာနိုင်ပါတယ်”လို့ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း အထူးစိုးရိမ်ကြောင်း အောက်တိုဘာလ ၂၅ ရက်နေ့ ကချင်လွတ်လပ်ရေးအဖွဲ့ (၆၉) နှစ်ပြည့် KIO အထိန်းအမှတ်နေ့မှာ KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ လည်းပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီလက်အောက် အုပ်ချုပ်ရေးယန္တရားအောက်မှာ ရှိနေတဲ့ပြည်သူတွေအနေနဲ့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ပူးပေါင်းပါဝင်လိုက်တာဟာ တစ်တိုင်းပြည်လုံးမှာ နေထိုင်ကြတဲ့ ပြည်သူလူထုအားရဲ့ ဘဝကံကြမ္မာကို အဆုံးအဖြတ်ပေးလိုက်တာဖြစ်တယ်လို့ သတိပေး တိုက်တွန်းပြောဆိုထားပါတယ်။ တစ်ဖက်မှာ စစ်တပ်အနေနဲ့လည်း ရွေးကောက်ပွဲကျင်းပဖို့ သတ်မှတ်ထားတဲ့ မြို့၊ ကျေးရွာနေရာတွေမှာ ရဲ၊ စစ်သားအင်အားတွေအသုံးပြုပြီး ပိတ်ဆို့ကန့်သတ်တာတွေ လုပ်ဆောင်ကာ ရွေးကောက်ပွဲဖြစ်မြောက်အောင် လုပ်ဆောင်သွားဖို့ ပြင်ဆင်နေတာလည်းတွေ့ရပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲ ဆန့်ကျင်နှောက်ယှက်သူတွေကို ကြီးလေးတဲ့ထောင်ဒဏ်အပြင် သေဒဏ်အထိပါချမှတ်နိုင်တဲ့ ဥပဒေတစ်ရပ်ကိုလည်း စစ်တပ်က ပြီးခဲ့တဲ့ ဇူလိုင်မှာ ထုတ်ပြန်ကြေညာထားပါတယ်။ ကချင်ပြည်နယ်အတိုင်းအတာနဲ့  စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ ပါတီ ၄ ခုတွေ့ရပြီး ရွေးကောက်တင်းမြောက်ခံရမယ့် ပါတီကိုယ်စားလှယ်လောင်းတွေရဲ့အမည်စားရင်းနဲ့ တကွ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတွေ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကချင်လူထုရဲ့ ထောက်ခံမှုအားကောင်းခဲ့တဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီ – KSPP ၊ ဒီမိုကရေစီပါတီသစ်(ကချင်)ပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ စတဲ့ ပါတီ ၄ ခုဖြစ်ပါတယ်။ ကချင်ပြည်နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ပြည်နယ်ပါတီ ၄ ခုအပြင် ပြည်ထောင်စုအဆင့်ဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ၊ ပြည်သူ့ရှေ့ဆောင်ပါတီ PPP ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ ပြည်သူ့ပါတီ စတဲ့ ပါတီစုစုပေါင်း ၈ ခုခန့်က ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ပြင်ဆင်နေတာတွေ့ရပါတယ်။ စစ်ကောင်စီကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွေကို မဲအများဆုံးရသူ အနိုင်ရသူစနစ်နဲ့ FPTP စနစ်ကိုကျင့်သုံးသွားမှာဖြစ်ပြီး အမျိုးသားလွှတ်တော်နဲ့ တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေမှာတော့ FPTP စနစ်အပြင် အချိုးကျစနစ် PR စနစ်နဲ့ ကျင့်သုံးသွားမှာဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ကြေညာထားပါတယ်။…

    Read More »
  • Oct- 2025 -
    25 October
    သတင်း

    စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲကို အထူးစိုးရိမ်ကြောင်း KIO/KIA ဥက္ကဋ္ဌပြော

    လာမယ့် ဒီဇင်ဘာလမှာ စစ်ကောင်စီကျင်းပြုလုပ်မယ့် ရွေးကောက်ပွဲဟာ လက်ရှိပြည်တွင်းစစ်ကို အတွန့်ရှည်သွားစေနိုင်တဲ့အတွက် အထူးစိုးရိမ်ကြောင်း ဒီကနေ့ အောက်တိုဘာလ ၂၅ ရက်နေ့ ကချင်လွတ်လပ်ရေးအဖွဲ့ (၆၅) နှစ်ပြည့် KIO အထိမ်းအမှတ်နေ့မှာ KIO/KIA ပြောဆိုလိုက်ပါတယ်။ ရွေးကောက်ပွဲကြောင့် ရွေးကောက်ပွဲကိုထောက်ခံသူနဲ့…

    Read More »
  • 7 October
    ဆောင်းပါး

    စစ်ကောင်စီကျင်းပသည့် သီတင်းကျွတ်လပြည့်ည လူသတ်ပွဲတော်

    သီတင်းကျွတ်လပြည်နေ့ဖြစ်သော်လည်း အလုပ်မအားလပ်ဘဲ ဖုန်းတစ်လုံးနဲ့ ကိုမြကြီးတစ်ယောက် ပျာယာခတ်နေသည်။ စစ်ကောင်စီ၏ဝေဟင်လှုပ်ရှားမှုများ၊ မြေပြင်လှုပ်ရှားမှုများကို စောင့်ကြည့်ကာ ဒေသခံလူထုအန္တရာယ်ကင်းဖို့တစ်ထောင့် တစ်နေရာမှာပါဝင်ပြီး ကိုမြကြီး တစ်ယောက်အလုပ်ရှုပ်နေခြင်းဖြစ်သည်။ ကိုမြကြီးတို့ဒေသခံအဖွဲ့သည် ၎င်းတို့နေထိုင်သည့်ဒေသအတွင်း စစ်ကောင်စီ၏ဝေဟင်လှုပ်ရှားမှုများ၊ မြေပြင်စစ်ရေးလှုပ်ရှားမှု များကို နေ့ဒဓူဝ စောင့်ကြည့်နေသူများဖြစ်သည်။ အောက်တိုဘာလ ၆ ရက်နေ့ သီတင်းကျွတ်လပြည့်ည ၇ နာရီဝန်းကျင်တွင် ဒေသခံလူထုအန္တရာယ်ကင်းဖို့စစ်ကောင်စီ၏ ဝေဟင် လှုပ်ရှားမှုများကို စောင့်ကြည့်နေချိန် ကိုမြကြီးတစ်ယောက် မထင်မှတ်ပဲ ကျယ်ကျယ်လောင်လောင်ပေါက်ကွဲသံနှစ်ချက်ကို ဆက်တိုက်ဆိုသလို ကြားလိုက်ရသည်။…

    Read More »
  • Aug- 2025 -
    21 August
    သတင်း

    စစ်တပ်ရဲ့ ရွေးကောက်ပွဲအပေါ်  ကချင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူများရဲ့သဘောထားအမြင် ဘယ်လိုရှိလဲ

    တစ်နိုင်ငံလုံးအတိုင်းတာနဲ့ လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့ရွေး‌ကောက်ပွဲကျင်းပဖို့နဲ့ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ်တွေကို စစ်ကောင်စီတပ်က ဒီရက်ပိုင်းဆက်တိုက်ကြေညာလာပါတယ်။ စစ်ကောင်စီတပ်‌က ကြေညာတဲ့ ရွေးကောက်ပွဲမဲဆန္ဒနယ်တွေထဲမှာ လက်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ သိမ်းပိုက်ထားတဲ့ မြေရှားထွက်ရှိရာ ချီဖွေ၊ဆော့လော်၊ပန်ဝါအပါအဝင် ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ မိုးမောက်၊ မံစီ၊…

    Read More »
Back to top button