နာဖော့

  • Jan- 2024 -
    16 January
    သတင်း

    ဇန်နဝါရီ ၂ ပတ်အတွင်း စစ်ကောင်စီရဲ့ လေယာဉ် ၂ စီးကို KIA ပစ်ချ

    ကချင်လွတ်လပ်ရေးတပ်မတော် KIA က နှစ်သစ်ကူး ဇန်နဝါရီ လဝက်အတွင်းမှာဘဲ စစ်ကောင်စီတပ်ရဲ့ လေယာဉ် ၂ စီးကို ပစ်ချလိုက်ပါတယ်။ ပစ်ချလိုက်တဲ့ လေယာဉ် ၂ စီးဟာ ဇန်နဝါရီလ ၃ ရက်နေ့ မြစ်ကြီးနားလေတပ်စခန်းကနေ ဝိုင်းမော်မြို့နယ် နာဖော့ စစ်ကောင်စီတပ်စခန်းကို ရိက္ခာလာပို့တဲ့ ရဟတ်ယာဉ်တစ်စင်းနဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ မန္တလေးတံတားဦး လေဆိပ်ကနေ ရှမ်းမြောက် နမ့်ဖတ်ကာတိုက်ပွဲဘက်ကို ဗုံးလာကြဲတဲ့ ဂျက်လေယာဉ်တစ်စီးတို့ ဖြစ်ပါတယ်။ နမ့်ဖတ်ကာမှာ လေယာဉ်ပစ်ချလိုက်နိုင်တဲ့ သတင်းနဲ့ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး အင်ဖန်နော်ဘူ KNG ကို အတည်ပြုပြောဆိုခဲ့ပါတယ်။ “ပစ်ချတာမှန်တယ် ဂျက်လေယာဉ်တစ်စီးပစ်ချတာ အတည်ပြုပါတယ်။ ဒါပေမယ့် ဘယ်လိုဘယ်ပုံပစ်ချလိုက်နိုင်တယ် ဆိုတာတော့ အခြေနေအသေးစိတ်တော့မသိရသေးဘူး”လို့ပြောပါတယ်။ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှာရှိတဲ့ ခလရ ၁၂၃ တပ်ရင်းကို KIA က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ကနေ ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး ၁၈ ရက်အကြာ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ စခန်းထဲထိ ဝင်ရောက်သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ လက်လွတ်ခဲ့ရတဲ့စခန်းကို လေယာဉ်နဲ့ ပစ်ခတ်နေတဲ့အချိန် ပစ်ချခံလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် နမ့်ဖတ်ကာမှာ ပစ်ချလိုက်တဲ့ တိုက်လေယာဉ်နဲ့ပတ်သက်ပြီး အခြေနေအသေးစိတ်ကို မသိရသေးပါဘူး။ ပြီးခဲ့တဲ့ KIO ဌာနချုပ်အနီး နာဖော့စခန်းမှာ ပစ်ချခံရတဲ့ စစ်ရဟတ်ယာဉ်မှာတော့ အသက် ၄၂ နှစ် လေယာဉ်မှူး ဗိုလ်မှူးဇော်မျိုးသန့်အပါအဝင် ဗိုလ်ကြီး ကောင်းစံ၊ ဗိုလ်ကြီး စိုးပိုင်၊ ဒုအရာခံဗိုလ် ဝင်းမျိုးထွန်း၊ဦးစီးတပ်ကြပ်ကြီး စိုးလွင်ဦး၊ ဦးစီးတပ်ကြပ်ကြီး မျိုးမင်းဦး၊ ဦးစီး တပ်ကြပ်ကြီး ဝေယံသက်ဦး နဲ့ ဦးစီး တပ်ကြပ်ကြီး စွမ်းထက်အောင်တို့ ၈ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ၃ လအကြာ မေလ ၃ ရက်နေ့ မနက် ၁၀ နာရီခွဲမှာလည်း ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဆီဟက်ကျေးရွာမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စီးကို ပစ်ချခဲ့ပါတယ်။ ဒါကြောင့် အာဏာသိမ်းပြီးနောက် KIA က ပစ်ချလိုက်တဲ့ စစ်လေယာဉ် ၃ စီးထိ ရှိပြီဖြစ်ပါတယ်။ By – ဇမီ

    Read More »
  • Feb- 2023 -
    28 February
    တိုက်ပွဲ

    KIO ဌာနချုပ်အနီး နမ့်ဆန်ယန်တွင် စစ်ကောင်စီ တပ်စခန်းထိုင်ရန် ပြင်ဆင်နေသဖြင့် စစ်ရေးတင်းမာနေ

    ဝိုင်းမော်မြို့နယ် မြစ်ကြီးနားမြို့နယ်– ဗန်းမော်ကားလမ်းမပေါ် နမ့်ဆန်ယန် (Namsan Yang) ကျေးရွာအနီးတွင် စစ်ကောင်စီတပ်မှ တပ်စွဲနေထိုင်ရန် ပြင်ဆင်နေသည့်အတွက် နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ် များထံမှ သိရသည်။ ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ကာ နာဖော့ဘက်မှ စစ်ရိက္ခာတင်ပို့ပြီးဆင်းလာသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် မြစ်ကြီးနားမြို့နယ် ဆင်ဘိုနယ်ဘက်မှ တက်လာသည့် စစ်ကြောင်းသည် နမ့်ဆန်ယန်ကျေးရွာအနီး နှစ်နေရာတွင် တပ်စွဲနေထိုင်ရန် အင်အားဖြည့်တင်းနေကြောင်း KIA ရှေ့တန်းရင်းမြစ်တစ်ဦးက KNG ကို ပြောသည်။ “ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းလောက်က နမ့်ဆန်ကနေ နာဖော့ကိုသွားမယ် ခြေလျင်နဲ့ဖြတ်မယ်ဆိုတာကို…

    Read More »
Back to top button