သတင်း

ဇန်နဝါရီ ၂ ပတ်အတွင်း စစ်ကောင်စီရဲ့ လေယာဉ် ၂ စီးကို KIA ပစ်ချ

ကချင်လွတ်လပ်ရေးတပ်မတော် KIA က နှစ်သစ်ကူး ဇန်နဝါရီ လဝက်အတွင်းမှာဘဲ စစ်ကောင်စီတပ်ရဲ့ လေယာဉ်  စီးကို ပစ်ချလိုက်ပါတယ်။

ပစ်ချလိုက်တဲ့ လေယာဉ်  စီးဟာ ဇန်နဝါရီလ  ရက်နေ့ မြစ်ကြီးနားလေတပ်စခန်းကနေ ဝိုင်းမော်မြို့နယ် နာဖော့ စစ်ကောင်စီတပ်စခန်းကို ရိက္ခာလာပို့တဲ့ ရဟတ်ယာဉ်တစ်စင်းနဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ မန္တလေးတံတားဦး လေဆိပ်ကနေ ရှမ်းမြောက် နမ့်ဖတ်ကာတိုက်ပွဲဘက်ကို ဗုံးလာကြဲတဲ့ ဂျက်လေယာဉ်တစ်စီးတို့ ဖြစ်ပါတယ်။

နမ့်ဖတ်ကာမှာ လေယာဉ်ပစ်ချလိုက်နိုင်တဲ့ သတင်းနဲ့ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး အင်ဖန်နော်ဘူ KNG ကို အတည်ပြုပြောဆိုခဲ့ပါတယ်။

ပစ်ချတာမှန်တယ် ဂျက်လေယာဉ်တစ်စီးပစ်ချတာ အတည်ပြုပါတယ်။ ဒါပေမယ့် ဘယ်လိုဘယ်ပုံပစ်ချလိုက်နိုင်တယ် ဆိုတာတော့ အခြေနေအသေးစိတ်တော့မသိရသေးဘူးလို့ပြောပါတယ်။

ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှာရှိတဲ့ ခလရ ၁၂၃ တပ်ရင်းကို KIA က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ကနေ ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး ၁၈ ရက်အကြာ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ စခန်းထဲထိ ဝင်ရောက်သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ လက်လွတ်ခဲ့ရတဲ့စခန်းကို လေယာဉ်နဲ့ ပစ်ခတ်နေတဲ့အချိန် ပစ်ချခံလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် နမ့်ဖတ်ကာမှာ ပစ်ချလိုက်တဲ့ တိုက်လေယာဉ်နဲ့ပတ်သက်ပြီး အခြေနေအသေးစိတ်ကို မသိရသေးပါဘူး။

ပြီးခဲ့တဲ့ KIO ဌာနချုပ်အနီး နာဖော့စခန်းမှာ ပစ်ချခံရတဲ့ စစ်ရဟတ်ယာဉ်မှာတော့ အသက် ၄၂ နှစ် လေယာဉ်မှူး ဗိုလ်မှူးဇော်မျိုးသန့်အပါအဝင် ဗိုလ်ကြီး ကောင်းစံ၊ ဗိုလ်ကြီး စိုးပိုင်၊ ဒုအရာခံဗိုလ် ဝင်းမျိုးထွန်း၊ဦးစီးတပ်ကြပ်ကြီး စိုးလွင်ဦး၊ ဦးစီးတပ်ကြပ်ကြီး မျိုးမင်းဦး၊ ဦးစီး တပ်ကြပ်ကြီး ဝေယံသက်ဦး နဲ့ ဦးစီး တပ်ကြပ်ကြီး စွမ်းထက်အောင်တို့  ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်  လအကြာ မေလ  ရက်နေ့ မနက် ၁၀ နာရီခွဲမှာလည်း ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဆီဟက်ကျေးရွာမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စီးကို ပစ်ချခဲ့ပါတယ်။

ဒါကြောင့် အာဏာသိမ်းပြီးနောက် KIA က ပစ်ချလိုက်တဲ့ စစ်လေယာဉ်  စီးထိ ရှိပြီဖြစ်ပါတယ်။

By – ဇမီ

Show More

Related Articles

Back to top button