ဖမ်းဆီးမှု
-
Jul- 2026 -10 Julyဖမ်းဆီးခံရမှု
ဆားမှော်ကျေးရွာက ဖမ်းဆီးခံရသူတွေအားလုံး ပြန်လည် လွတ်မြောက်လာ
ကချင်ပြည်နယ် မိုးကောင်းမြို့ ဆားမှော် ကျေးရွာက ဖမ်းဆီးခံရတဲ့ ပြည်သူတွေအားလုံး ပြန်လည် လွတ်မြောက်လာပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဇူလိုင်လ ၈ရက် ည ၈ခွဲအချိန် ကလေးသူငယ်နဲ့ ကျောင်းသား ၈ဦး၊ ၉ရက်နေ့ ၆ဦး၊ ဒီကနေ့…
Read More » -
8 Julyဖမ်းဆီးသတ်ဖြတ်ခံနေရတဲ့သတင်း
ဆားမှော်ကျေးရွာမှာ ကလေးငယ်သုံးဦး နဲ့ ဘာသာရေးဆရာတစ်ဦးအပါအဝင် လူ ၃၀ ဝန်းကျင်ကို ဖမ်းဆီးခေါ်ဆောင်ခံရ
ကချင်ပြည်နယ် မိုးကောင်းမြို့ ဆားမှော်ကျေးရွာမှာ ကလေးငယ် ၃ ဦး၊ ခရစ်ယာန်ဘာသာရေး သင်းအုပ်ဆရာတစ်ဦး အပါအဝင် လူ ၃၀ ဝန်းကျင်ကို စစ်ကောင်စီ လက်အောက် ပြည်သူ့စစ် တပ်ဖွဲ့က ယနေ့ ညနေပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
Read More » -
6 Julyသတင်း
ဟုမ္မလင်းမြို့ပေါ်မှာ စစ်တပ်က အဖမ်းဆီးကြမ်းနေတယ်လို့ဆို
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ပေါ် မှာ စစ်ကောင်စီပူးပေါင်းတပ်က နေ့ခင်းဘက်အဖမ်းဆီးကြမ်းနေတာကြောင့် လူငယ်တွေသွားရေးလာရေးအခက်အခဲဖြစ်လာနေတယ်လို့သိရပါတယ်။
Read More » -
Jun- 2026 -27 Juneဖမ်းဆီးခံရမှု
ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ အမျိုးသမီး အုပ်ချုပ်ရေးမှူးအရွေးမခံရတဲ့အတွက် ရွေးကောက်ခံရသူကို ဖမ်းဆီး
မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက်မှာ ရပ်ကွက်နေ ဒေသခံပြည်သူတွေက ရွေးကောက်တင်မြှောက်ထားတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးအား မကျေမနပ်ဖြစ်ပြီး ပြည်သူ့စစ်အဖွဲ့က ရိုက်နှက်ဖမ်းဆီးသွားတယ်လို့သိရပါတယ်။
Read More » -
10 Juneဖမ်းဆီးခံရမှု
SNA တပ်ဖမ်းဆီးထားတဲ့ ကျောင်းထိုင်ဘုန်းကြီးလွှတ်မြောက်ခြင်းမရှိသေး
မိုးကောင်းမြို့နယ်၊ အင်ကြင်းကုန်းကျေးရွာက SNA တပ်ဖမ်းဆီးသွားတဲ့ ကျောင်းထိုင်ဘုန်းကြီးနဲ့အုပ်ချုပ်ရေးမှူးတို့ ၃ ရက်မြောက်နေ့ရောက်လာတဲ့အထိ လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ မိုးကောင်းမြို့ခံတွေပြောပါတယ်။
Read More » -
10 Juneဖမ်းဆီးခံရမှု
SNA တပ်ဖမ်းဆီးထားတဲ့ ကျောင်းထိုင်ဘုန်းကြီးလွှတ်မြောက်ခြင်းမရှိသေး
မိုးကောင်းမြို့နယ်၊ အင်ကြင်းကုန်းကျေးရွာက SNA တပ်ဖမ်းဆီးသွားတဲ့ ကျောင်းထိုင်ဘုန်းကြီးနဲ့အုပ်ချုပ်ရေးမှူးတို့ ၃ ရက်မြောက်နေ့ရောက်လာတဲ့အထိ လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ မိုးကောင်းမြို့ခံတွေပြောပါတယ်။ “မလွှတ်သေးဘူး အုပ်ချုပ်ရေးမှူးရောဖမ်းသွားတာဟုတ်တယ် ဒီနေ့ထိတော့ မလွှတ်သေးဘူး”လို့ မိုးကောင်းဒေသခံတစ်ဦး ပြောပါတယ်။ အာဏာသိမ်းစစ်တပ်လက်အောက်ခံဖြစ်တဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်ဟာ အင်ကြင်းကုန်းရွာက ကျောင်းထိုင်ဘုန်းကြီး ဦးကေသရ ကို PDF ထောက်ပို့တွေကိုထီရောင်းတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ဖမ်းဆီးသွားတာဖြစ်တယ်လို့သိရပါတယ်။ အဲဒီနောက် မိုးကောင်းအခြေစိုက် အမှတ်(၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ–၃)ထဲဖမ်းဆီးသွားပြီး လူဝတ်လှဲခိုင်းကာ ရိုက်နှက်စစ်ဆေးတာတွေလုပ်နေတယ်လို့သိရပါတယ်။ ဒီနေ့နောက်ဆုံးရရှိထားတဲ့အချက်လက်အရ ရိုက်နှက်စစ်ဆေးမှုတွေကြောင့် ဘုန်းကြီးဦးကေသရဟာ သတိမေ့မြောနေတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပေမယ့် အတည်ပြုဖို့ခက်ခဲနေတာပါ။ “နောက်ဆုံးသိရတာတော့ စစ်ကြောရေးမှာသတိမေ့နေတယ်ဆိုတာ သိရတယ်။ ဒီကနေ့အထိ အခြေနေမသိရသေးဘူး”လို့ မိုးကောင်းဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ SNA တပ်ရဲ့ဖမ်းဆီးခြင်းခံလိုက်ရတဲ့ ကျောင်းထိုင်ဘုန်းကြီး ဦးကေသရဟာ သက်တော် ၅၄ နှစ်ရှိပြီး ဝါတော်(၃၄)ဝါရှိတဲ့ ဘုန်းကြီးတစ်ပါးဖြစ်တယ်လို့လည်းသိရပါတယ်။ အလားတူ SNA တပ်ဟာ ကျောင်းထိုင်ဘုန်းကြီးနဲ့အတူ အင်ကြင်းကုန်းရွာ အုပ်ချုပ်ရေးမှူး ဦးစိုးစိုးကိုလည်းဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။ မိုးကောင်းမြို့နယ်ထဲမှာရှိတဲ့ အင်ကြင်းကုန်းကျေးရွာဟာ အိမ်ခြေ(၃၀၀)ဝန်းကျင်ရှိတယ်လို့သိရပြီး ကျေးရွာဖြစ်ပြီး SNA တပ်တို့အဓိကစစ်ရေးလှုပ်ရှားတဲ့နေရာဖြစ်ပြီး တော်လှန်ရေးတပ်တွေနဲ့လည်း မကြာခနတိုက်ပွဲဖြစ်နေတာလည်းဖြစ်ပါတယ်။ By – Zami
Read More » -
May- 2026 -13 Mayဖမ်းဆီးခံရမှု
ဖမ်းဆီးခံထားရတဲ့ ‘မိုင်’ ဆေးခန်းက ဒေါက်တာနဲ့ လူနာတွေကို တရားစွဲဆိုဖို့ပြင်ဆင်နေ
ဖားကန့်မှာ ဧပြီလအတွင်း စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင် (Mai) ဆေးခန်းက ဒေါက်တာရာဇာထွန်းအပါအဝင် ဆရာဝန်တစ်ချို့နဲ့ ဦးဇော်မိုးတို့ လွတ်မြောက်လာခြင်းမရှိသေးဘဲ သူတို့ကို စစ်တပ်က တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဧပြီလ ၂၁ ရက်နေ့ စစ်ကြောင်းထိုးလာချိန် လုံးခင်း…
Read More » -
13 Mayသတင်း
လူနာသေဆုံးမှုကြောင့် ‘ဂုဏ်ထူးဆောင်’ ဆေးခန်းက ဆရာဝန် ကို ဖမ်းဆီးထား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လူသေဆုံးမှုကြောင့် ‘ဂုဏ်ထူးဆောင်‘ ဆေးခန်းက ဆရာဝန်မ ဆိုသူကို တာဝန်ရှိသူတွေက ဖမ်းဆီး ထားတယ်လို့ ရပ်ကွက်နေ ပြည်သူတွေ ဆီကနေ သိရပါတယ်။ ဂုဏ်ထူးဆောင် ဆေးခန်းက ပါမောက္ခ ဒေါက်တာ မြသီတာဆိုတဲ့ အမျိုးသမီး…
Read More » -
Apr- 2026 -28 Aprilဖမ်းဆီးခံရမှု
ဆရာဝန်အပါဖမ်းဆီးခံထားရသူ အများပိုင်းလွှတ်မြောက်ခြင်းမရှိသေး
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်းတစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက ဖမ်းဆီးခံရသူတွေ အများပိုင်းလွတ်မြောက်လာခြင်းမရှိသေးဘူးလို့သိရပါတယ်။
Read More » -
26 Aprilဖမ်းဆီးခံရမှု
ဖားကန့်မှာ ဦးဇော်မိုးကို စစ်တပ်ကဖမ်းဆီး
ဖားကန့်မှာ စစ်ကောင်စီတပ်ဖွဲ့က ဦးဇော်မိုးဆိုသူကိုဖမ်းဆီးထားပြီး ဒီကနေ့ထိလွှတ်ပေးခြင်းမရှိသေးသလို မိသားစုဝင်တွေနဲ့လည်းတွေ့ခွင့်မပေးဘူးလို့ ဖားကန့်မှာနေထိုင်သူတွေပြောပါတယ်။
Read More »