ဗန်းမောက်
-
Sep- 2025 -26 Septemberသတင်း
ဗန်းမောက်မှာတိုက်ပွဲဆက်ဖြစ်နေပြီး ကာကွယ်ရေးပူးပေါင်းတပ်တွေ SNA တပ်ဖွဲ့ဝင်နှစ်ဦးကိုအရှင်ဖမ်းမိ
စစ်ကိုင်းနဲ့ကချင်အစပ် ဗန်းမောက်မြို့ကို တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ပြီးတဲ့နောက် မြို့ရဲ့အနောက်ဘက်ခြမ်းမှာ နှစ်ဖက်တပ်တွေတိုက်ပွဲဆက်ဖြစ်နေပြီး SNA တပ်ဖွဲ့ဝင်နှစ်ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ ရှမ်းနီအမျိုးသားတပ်မတော် SNA ၊စစ်ကောင်စီပူးပေါင်းတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေအကြား ဗန်းမောက်မြို့ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ ခမိုးရွာ၊ အနောက်ဘက်ခြမ်းက ပင်ဟင်းခါး၊ ကြောင်လည် စတဲ့ကျေးရွာတွေတစ်ဝှိုက်မှာ…
Read More » -
23 Septemberသတင်း
ထောင်ဒဏ်တစ်သက်တစ်ကျွန်းချခံထားရတဲ့ နိုင်ကျဥ်း ၃ ဦးထွက်ပြေးလွတ်မြောက်
စစ်ကိုင်း နဲ့ ကချင်အစပ် ဗန်းမောက်မြို့ပေါ်ကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်လိုက်ပြီးနောက် အချုပ်ထောင်မှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချခံထားရတဲ့ နိုင်ကျဥ်း ၃ဦး ထွက်ပြေးလွတ်မြောက်လာတယ်လို့ နီးစပ်သူတွေဆီကသိရပါတယ်။ လွတ်မြောက်လာသူနိုင်ငံရေးအကျဥ်းသား ၃ ဦးဟာ ဗန်းမောက်မြို့မှာဘဲ ဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပြီး ထောက်ပို့အမျိုးသားတစ်ဦး၊ CDM ပညာရေးဝန်ထမ်းအမျိုးသမီးတစ်ဦး…
Read More » -
18 Septemberသတင်း
ဗန်းမောက်မြို့တိုက်ပွဲ ကာကင်းစခန်း ၆ခုကို ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်
စစ်ကိုင်းနဲ့ကချင်အစပ် ဗန်းမောက်မြို့တိုက်ပွဲ ၄ ရက်အတွင်း ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က စစ်ကောင်စီပူးပေါင်းတပ်တွေရဲ့ ကာကင်းစခန်း ၆ ခုကိုသိမ်းပိုက်ထားတယ်လို့ သိရပါတယ်။ ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေထိန်းချုပ်နေရာယူထားတဲ့ ဗန်းမောက်မြို့အနီးဝန်းကျင်ကိုပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့ကစလို့ KIA နဲ့ကာကွယ်ရေးတပ်တွေပူးပေါင်းပြီးတိုက်ခိုက်နေတာဖြစ်ပါတယ်။…
Read More » -
16 Septemberသတင်း
ဗန်းမောက်မှာ တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုရှိနေ
စစ်ကိုင်းနဲ့ကချင်အစပ် ဗန်းမောက်မြို့အနီး တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်တာတွေလည်းရှိနေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့ မနေ့ကစပြီး ဗန်းမောက်မြို့ပေါ်အနီးဝန်းကျင်မှာ ရှမ်းနီအမျိုးသားတပ်မတော် SNA၊ စစ်ကောင်စီပူးပေါင်းတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား နှစ်ဖက်တပ်တွေတိုက်ပွဲဖြစ်ပွားနေကြတာ ဖြစ်တယ် လို့သိရပါတယ်။ “SNA ကအင်အားတအားများတယ်။ သူတို့နယ်မြေလေ…
Read More » -
16 Septemberသတင်း
အင်းတော် – ဗန်းမောက်ကို ဆက်သွယ်ထားတဲ့လမ်းအားလုံး အကန့် အသတ်မရှိပိတ်
စစ်ကိုင်းတိုင်း ကချင်အစပ်မှာရှိတဲ့ အင်းတော်–ဗန်းမောက်မြို့ကိုဆက်သွယ်ထားတဲ့ ဗျူဟာလမ်းအပါအဝင် တခြားလမ်းပိုင်းအားလုံးကို စက်တင်ဘာလ ၁၅ ရက်နေ့ကစပြီး အကန့်အသတ်မရှိပိတ်ပင်လိုက်ကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ အဲ့ဒီလိုထုတ်ပြန်ချက်ထုတ်ပြီးနောက်ပိုင်းမှာလည်း အင်းတော်–ဗန်းမော်မြို့ဆက်သွယ်ထားတဲ့လမ်းပိုင်းအသုံးပြုသူတွေကို ဖြတ်သန်းသွားလာခွင့်မပေးဘဲ ပြန်လှည့်ခိုင်းနေတဲ့အကြောင်းဒေသခံတွေကအတည်ပြုပါတယ်။ “ဗန်းမောက်–အင်းတော်လမ်းပိုင်းကို စစ်ရေးအခြေနေအရသူတို့ကအကန့်အသတ်မရှိပိတ်လိုက်တာဟုတ်တယ်။ ဒီနေ့တောင်ကားတွေဆိုင်ကယ်တွေ ဗန်းမောက်ဘက်ကနေ အင်းတော်ဘက်ကိုသွားတာဖြစ်ဖြစ်၊…
Read More » -
Feb- 2025 -18 Februaryသတင်း
ဗန်းမောက်မြို့နယ်ထဲက စခန်းကုန်းတစ်ခုကို စစ်ကောင်စီ နဲ့ SNA ပူးပေါင်းတပ်က ပြန်သိမ်းပိုက်
စစ်ကိုင်း–ကချင်အစပ်၊ ဗန်းမောက်မြို့နယ်၊ ၅၇၁ ပွိုင့်အမည်ရှိတဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ နှစ်နှစ်ကျော် အထိုင်ချထားတဲ့ စခန်းကုန်းတစ်ခုကို စစ်ကောင်စီ နဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA တို့က ပြန်လည်သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံ စစ်ရေးသတင်း ရင်းမြစ်တွေက ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က နှစ်ဖက်တပ်တိုက်ပွဲပြင်းထန်ခဲ့ကြပြီး စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်ဘက်က လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေပါ ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ ကာကွယ်ရေးတပ်…
Read More » -
4 Februaryသတင်း
ဗန်းမောက်မြို့ ဒေသခံတွေကို ကာကွယ်ရေး ပူးပေါင်းတပ်တွေက နေရာ ရွှေ့ပြောင်းပေးထားဟုဆို
စစ်ကိုင်းတိုင်း နဲ့ ကချင်အစပ် ဗန်းမောက်မြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး ကျေးရွာတစ်ချို့က ဒေသခံတွေကို KIA၊ PDF ပူးပေါင်းတပ်တွေက ဘေးလွှတ်ရာကို ရွှေ့ပြောင်းပေးထားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့ကစလို့ ဗန်းမောက်မြို့နယ် ကြောင်လည်၊ ပင်းခါးစတဲ့ကျေးရွာတွေတစ်ဝှိုက်မှာအထိုင်ချထားတဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA ကို KIA၊PDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ သိရပါတယ်။…
Read More » -
Dec- 2023 -21 Decemberသတင်း
ဗန်းမောက်မှာ စစ်ကောင်စီရဲ့အထိုင်တပ်စခန်းတစ်ခုတိုက်ပွဲမဖြစ်ဘဲ စခန်းစွန့်ခွာ
စစ်ကိုင်းဒေသကြီးဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်ထဲမှာ စစ်ကောင်စီစစ်သားတွေက အထိုင်တပ်စခန်းတစ်ခုကို တိုက်ပွဲမဖြစ်ပဲ စွန့်ခွာသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဗန်းမောက်မြို့အနောက်ဘက်ခြမ်းမှာရှိတဲ့ မြို့နဲ့ တစ်မိုင်ကျော်အကွာက စက်တောရွာမှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်မ ၇၇ တပ် နဲ့ ပျူစောထီးတွေပူးပေါင်းတပ်ထိုင်တဲ့ ဒေသအခေါ်…
Read More » -
8 Decemberသတင်း
ဗန်းမောက်မှာ စစ်ကောင်စီ နဲ့ SNA ပူးပေါင်းတပ်စခန်းတစ်ခု ကာကွယ်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်
စစ်ကိုင်း – ကချင်အစပ် ဗန်းမောက်မြို့နယ်ထဲက ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့ စစ်ကောင်စီတပ်ဖွဲ့ တွေ အထိုင်ချတပ်စွဲထားတဲ့တပ်စခန်းတစ်ခုကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကသိမ်းပိုက်ရရှိခဲ့တယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။ ဗန်းမောက်မြို့နယ် နဲ့ ပင်လည်ဘူးမြို့နယ်အစပ်မှာရှိတဲ့ အဲ့ဒီတပ်စခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာပထမအပတ်ကပဲ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ တွေပူးပေါင်းပြီးတိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။…
Read More » -
Oct- 2023 -11 Octoberသတင်း
အင်းတော်-ဗန်းမောက်ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲဖြစ်ပွား
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် အင်းတော်–ဗန်းမောက်ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကြား ၂ ရက်ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ စစ်အင်အား ၁၀၀ နီးပါးလောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကျောင်းသားတပ်မတော်(ABSDF)၊ အင်းတော် PDF ပူးပေါင်းတပ်တို့ဟာ အောက်တိုဘာ ၈ရက်နေ့ မနက်ပိုင်းကနေစပြီး မနေ့က အောက်တိုဘာ…
Read More »







