ဗိုလ်မှူးကြီးနော်ဘူ

  • Jun- 2026 -
    2 June
    အင်တာဗျူး

    စစ်ကိုင်း-ကချင်အစပ် တင်းမာမှုနှင့် စစ်ယာဉ်တန်းဝင်ရောက်မှုအပေါ် KIA အမြင်ဘယ်လိုရှိလဲ

    စစ်ကိုင်းနဲ့ ကချင်အစပ်ဒေသတွေမှာ နှစ်ဖက်တပ်တွေစစ်ရေးတင်းမာနေချိန် စစ်တပ်ဘက်က ကချင်ပြည်နယ်ကို စစ်အင်အားနဲ့ ထောက်ပို့ပစ္စည်းတွေ အဆက်မပြတ် ဖြည့်တင်းနေတယ်လို့ စစ်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    Read More »
  • Jan- 2026 -
    28 January
    သတင်း

    ကောင်ဂျာလေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ် ကူညီနိုင်ဖို့ ကော်မတီဖွဲ့စည်းပြီး ဆောင်ရွက်နေတယ်လို့ KIO ပြော

    ကချင်ပြည်နယ် ဗန်းမော်၊ ကောင်ဂျာရွာမှာ လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသွားတဲ့ ပြည်သူတွေကို ကူညီပေးနိုင်ဖို့အတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းကာ တာဝန်ယူဆောင်ရွက်သွားဖို့ လုပ်ဆောင်နေပြီလို့ KIO ပြောပါတယ်။ လေကြောင်းအန္တရာယ်ကြောင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့တဲ့ ပြည်သူတွေကို ကူညီနိုင်ဖို့ တာဝန်ပေးညှိနှိုင်းဆောင်ရွက်ထားပြီလို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ KNG ကိုပြောပါတယ်။ “ဆေးရုံတက် ကုသပေးနေတဲ့ တစ်ချို့က ဒဏ်ရာတွေသက်သာလာလို့ ဆေးရုံဆင်းခိုင်းတာတွေတော့ရှိနေပါပြီ။ ကလေးငယ် နှစ်ယောက်နဲ့ လူကြီးပိုင်း ၆ ယောက်ခန့်က ဒဏ်ရာပြင်းထန်တော့ အချိန်ယူပြီး ကုသရအုံးမှာပါ။ နောက်နေအိမ်ပျက်စီးသွားတာတွေ၊ ထိခိုက်သွားတဲ့ သူတွေကို ကူညီစောင့်ရှောက်နိုင်ဖို့ ကော်မတီဖွဲ့ပြီး လုပ်ဆောင်ပေးဖို့ ပြင်ဆင်ထားပါပြီ”လို့ပြောပါတယ်။ လက်ရှိမှာ ကလေးငယ် သုံးဦးအပါ ပြည်သူ ၆ ဦးခန့်က ပြင်းထန်ဒဏ်ရာကြောင့် အချိန်ယူကုသရအုံးမှာဖြစ်တယ်လို့ KIO ပြောပါတယ်။ ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့်  အရပ်သားပြည်သူ ထိခိုက်၊ သေဆုံးသူ စုစုပေါင်း ၅၀ ဝန်းကျင်ခန့်ရှိခဲ့ပြီး ၂၂ ယောက်က ပွဲချင်းပြီးသေဆုံးမှုရှိခဲ့ပါတယ်။ အသက်လွတ်မြောက်လာတဲ့ ပြည်သူ ၂၈ ယောက်ထဲမှာ အယောက် ၂၀ ကျော်က ဆေးရုံတင်ကုသခံယူခဲ့ရပြီး အဲဒီထဲမှာ လသားအရွယ်ကလေးငယ် တစ်ဦးနဲ့ ၇ နှစ်အရွယ် ကလေးငယ် နှစ်ဦးပါဝင်တယ်လို့သိရပါတယ်။ လသားအရွယ်ကလေးငယ်က မျက်နှာပေါ် ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး မျက်လုံးနှစ်ဖက်စလုံးလည်း ပြန်လည်ကောင်းမွန်လာပြီဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူဆက်ဆိုပါတယ်။ “လသားအရွယ်ရှိတဲ့ ကလေးငယ်ကလည်း တော်တော်လေးကောင်းမွန်လာပြီ။ မျက်နှာပေါ်ထိသွားတယ်ဆိုတော့ မျက်လုံးတွေလည်း အခုကပွင့်လာပြီ။ နောက် ၇ နှစ်အရွယ် ကလေးငယ် ၂ ယောက်လည်း ကျန်မာစွာရှိနေပါတယ်”လို့ပြောပါတယ်။ အဆိုပါ လသားကလေးငယ်တစ်ဦးနဲ့ ၇ နှစ်အရွယ် ကလေးငယ် ၂ ဦးတို့ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်အတွင်း ပြင်းထန်ဒဏ်ရာရရှိခဲ့တာကြောင့် ဝိုင်းဝန်းကူညီပေးကြဖို့ နီးစပ်တဲ့ပြည်သူတွေက အကူအညီတောင်းခံနေတာလည်းတွေ့ရပါတယ်။ စစ်ကောင်စီတပ်ဟာ တိုက်ပွဲနေရာမဟုတ်တဲ့ ထီးလင်း၊ ကောင်ဂျာရွာတဝိုက်ကို ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်အချိန် ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့နေရာဟာ နာရေးဆုတောင်းပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့ နေအိမ်မှာ ကျမှန်ခဲ့တာကြောင့် အရပ်သားပြည်သူ အများစွာထိခိုက်သေဆုံးမှုရှိခဲ့တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 15 January
    တိုက်ပွဲ

    ဗန်းမော် စကခ (၂၁)၊ ခလရ ၄၇ တပ်ရင်း နဲ့ ထောက်ပို့ ၉၃၃ တပ်ရင်းနေရာတွေမှာ တိုက်ပွဲပြင်းထန်နေဆဲ

    ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကစစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့  စကခ ၂၁ ၊ ခလရ ၄၇တပ်ရင်း၊ ထောက်ပို့တပ် ၉၃၃ စတဲ့အရေးပါတဲ့ တပ်ရင်းနေရာတွေမှာ တပြိုင်နက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO ပြောပါတယ်။ ၂၀၂၅ ဒီဇင်ဘာလ…

    Read More »
  • Dec- 2025 -
    6 December
    တိုက်ပွဲ

    ဗန်းမော်မြို့သိမ်းတိုက်ပွဲ စစ်ရေး အောင်မြင်တဲ့အထိ တိုက်ခိုက်သွားမယ်လို့ KIO ပြော

    “၂၀၂၅ နှစ်ထဲမှာ သိမ်းပိုက်ရရှိတဲ့ စစ်တပ်နေရာတွေရှိပါတယ်။ စစ်တပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေပေမယ့် ကျနော်တို့ဘက်က ပြန်ပြီးခုခံတိုက်ခိုက်နိုင်နေတာဖြစ်တယ်။ ဆက်ပြီးတော့လည်း ဗန်းမော်တိုက်ပွဲပြီးစီး အောင်မြင်သွားတဲ့အထိ တိုက်ခိုက်သွားဖို့ပဲရှိတယ်”လို့ပြောပါတယ်။

    Read More »
  • Nov- 2025 -
    14 November
    သတင်း

    တရုတ်ငွေစက္ကူအတု ကိစ္စ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်နေတယ်လို့ KIO ပြော

    တရုတ်နယ်စပ်တစ်လျှောက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ တချို့မှာ တရုတ်ငွေ စက္ကူအတု တွေ့ရှိလာပြီးနောက် ကြပ်မတ် စစ်ဆေး အရေးယူဆောင်ရွက်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ နိုဝင်ဘာလဆန်းပိုင်းကနေ KIO လိုင်ဇာ နဲ့ မိုင်ဂျာယန် စတဲ့မြို့တွေမှာ တရုတ်ငွေအတုတွေ ပျံ့နှံ့နေတဲ့ ဖြစ်စဉ်တွေအကြောင်း KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က အခုလို ပြောပါတယ်။ “တရုတ်ငွေအတု တွေ့ရှိတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေး မေးမြန်းတာတွေ လုပ်နေပါတယ်။ ဘယ်ကနေ ဘယ်လို ရောက်လာတယ် ဆိုတာကို တိတိကျကျဆုံးဖြတ်ပြောဆိုတာတွေ မလုပ်သေးပါဘူး။ လုပ်ဆောင်နေတာ လုပ်ငန်း မပြီးစီး သေးတော့ ပြောဖို့ခက်ခဲနေသေးတယ်”လို့ ပြောပါတယ်။ နိုဝင်ဘာလဆန်းပိုင်းကပဲ လိုင်ဇာမှာ အမျိုးသမီးတစ်ဦးဆီကနေ တရုတ်ငွေအတု သိန်းချီ ဖမ်းမိတယ်ဆိုပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီဖြစ်စဉ်ဟာ အမျိုးသမီးဆီကနေ ဖမ်းဆီးရမိခဲ့တာမဟုတ်ပဲ အမျိုးသမီးကိုယ်တိုင်က တာဝန်သိစိတ်ဖြင့် တရုတ်အမျိုးသားတစ်ဦးဆီကနေ ရရှိထားတဲ့ ငွေကို မသင်္ကာတဲ့အတွက် သက်ဆိုင်ရာ KIO ရဲဌာနဆီ သွားရောက်ပို့ဆောင် စစ်ဆေးခံခဲ့ရာမှ ငွေအတုဖြစ်ကြောင်း…

    Read More »
  • Aug- 2025 -
    18 August
    တိုက်ပွဲ

    ဗန်းမော်တိုက်ပွဲ အရေးပါတဲ့နေရာ ၅ ခုမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ KIO ပြော

    ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ တပ်စခန်းနေရာတွေကို ပြန်လည် သိမ်းပိုက်နိုင်ခြင်းမရှိသေးပေမယ့် အရေးပါတဲ့ နေရာ ၅ ခုမှာ နှစ်ဖက်တပ်တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO ပြောပါတယ်။ “ဗန်းမော်မှာ သီးခြားတပ်နေရာ သိမ်းပိုက်နိုင်တာမျိုးတော့မရှိသေးဘူး။ ဒါပေမယ့် တိုက်ပွဲက မြို့မရပ်ကွက်ဖြစ်တဲ့ မြစ်ဆုံဟိုတယ်၊ ဝင်းလိုက် ဟိုတယ်…

    Read More »
  • Jun- 2025 -
    9 June
    မြေယာနှင့် သဘာဝပတ်ဝန်းကျင်

    ဒေသခံများ သဘောတူညီမှုရှိမှသာ ရွှေတူးဖော်ခွင့်ပေးတယ်လို့ KIO ပြောဆို

    ဒေသခံပြည်သူတွေရဲ့ သဘောထားဆန္ဒ မရရှိဘဲ သယံဇာတ မတူးဖော်ဖို့ဆိုတဲ့ KIO ရဲ့ မူဝါဒအတိုင်း အဆိုပါလုပ်ငန်းတွေကို KIO က ပုံမှန် စောင့်ကြည့်စစ်ဆေးနေတယ်လို့ ပြောပါတယ်။ လက်ရှိ ကချင်ပြည်နယ်အတွင်း KIO ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ သယံဇာတ…

    Read More »
  • Mar- 2025 -
    7 March
    သတင်းဆောင်းပါး

    တအောင်း(ပလောင်) နဲ့ အတူတကွ ယှဉ်တွဲနေထိုင်ရေးအတွက် သည်းခံဖို့လိုတယ်လို့ KIO ပြော

    တအာင်း (ပလောင်) နဲ့ ကချင်မျိုးနွယ်စုဆိုတာ ရှေးယခင်က အတူယှဉ်တွဲနေထိုင်လာပြီးတော့ တော်လှန်ရေးခရီးကို အတူလက်တွဲ လုပ်ဆောင်ခဲ့ကြတာကြောင့် မျိုးနွယ်စုအချင်းချင်း ပဋိပက္ခတွေ ဒီထက် မကြီးထွားလာစေဖို့ သည်းခံခြင်းနဲ့ သွားရမယ်လို့ KIO ဘက်က ပြောဆိုပါတယ်။ ရှမ်းမြောက်၊ ကချင်ဆပ်စတိတ် ( Kachin Substate) မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့…

    Read More »
  • Sep- 2024 -
    20 September
    စစ်ရေး

    ရန်နိုင်မင်း စစ်ဆင်ရေးစတင်လာတဲ့အတွက် ပြည်သူတွေစစ်ရေးအထူးသတိရှိကြဖို့  KIO ပြော

    ဆုံးရှုံးထားတဲ့နယ်မြေတွေ ပြန်သိမ်းပိုက်မယ့် စစ်ကောင်စီတပ်ရဲ့ ရန်နိုင်မင်းစစ်ဆင်ရေးဟာ တစ်ပြည်နယ်လုံးအတိုင်းတာနဲ့ စက်တင်ဘာလ ၁ ရက်နေ့ကနေ စတင်နေပြီ ဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးက နိုင်ငံအဆင့် စစ်ဆင်ရေးဖြစ်သလို စစ်ဆင်ရေးအတွင်း ခေတ်အဆက်ဆက်အသုံးပြုလာတဲ့ ဖြတ်လေးဖြတ်စစ်ရေးဗျူဟာကို ကျင့်သုံးနေတာကြောင့် အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်လာနိုင်တဲ့အတွက် ကချင်ပြည်နယ်အတွင်း နေထိုင်တဲ့ပြည်သူတွေ စစ်ရေးအထူးသတိရှိကြဖို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ…

    Read More »
  • Jun- 2024 -
    13 June
    စစ်ရေး

    ဝိုင်းမော်မြို့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေ လုံခြုံတဲ့နေရာပြင်ဆင်ထားဖို့လိုတယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြော

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နဲ့ပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေအနေနဲ့ လုံခြုံတဲ့နေရာတွေပြင်ဆင်ထားဖို့လိုတယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့လောက်ကစပြီး မြစ်ကြီးနားဘက်ကနေပစ်ခတ်လိုက်တဲ့လက်နက်ကြီးတွေဟာ ဝိုင်းမော်မြို့နယ်ထဲက အရပ်သားတွေနေတဲ့နေရာတွေမှာကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားသေဆုံးမှုမြင့်တက်လာတာကြောင့် ပြည်သူတွေအနေနဲ့ ဘေးလွတ်ပြီးလုံခြုံတဲ့နေပြင်ဆင်ထားဖို့ လိုတယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ခုလိုပြောပါတယ်။ “အဓိကကတော့ စကစဘက်က ရန်သူရှိမရှိဘာမှနားမလည်ဘူး ပြည်သူလူထုရှိတဲ့ဘက်မှာပဲ ရမ်းပစ်နေတာ အဲ့တာကိုတော့ကျနော်တို့ဂရုစိုက်ဖို့လိုပါတယ်။ တိုက်ပွဲမရှိဘူး KIA တွေမရှိဘူးဆိုပြီးမှ ကိုယ့်ရဲ့ နေရာတွေ ရပ်ကွက်တွေကလုံခြုံတာမဟုတ်ဘူးအဲ့တာကိုကျနော်ပြောလိုပါတယ်။ ဒါ့ကြောင့် လုံခြုံတဲ့နေရာတွေတော့ ပြင်ဆင်ထားဖို့ကတော့ လိုတယ်လို့ပြောလိုပါတယ်။”လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေအတွင်း ကျေးရွာရပ်ကွက်တွေမှာရှိတဲ့ ဘာသာရေးအဆောက်အဦးနဲ့စာသင်ကျောင်းတွေမှာ စစ်ရှောင်တွေအနေနဲ့တိမ်းရှောင်နေကြပေမယ့် ဒီနေရာတွေကိုလည်း စစ်တပ်ကပစ်မှတ်ထားတိုက်ခိုက်လာတာကြောင့် လုံခြုံမှုမရှိတော့ဘူးလို့ သူက ဆက်ပြောပါတယ်။ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ခတ်ချိုရွာနဲ့ သိမ်ကြီးစုရွာမှာ ဇွန်လ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့ နှစ်ရက်ဆက်တိုက်အရပ်သားသေဆုံးမှုတွေရှိခဲ့ပြီး လက်နက်ကြီးကျခဲ့တဲ့နေရာတွေနဲ့ ဝိုင်းမော်မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲကြီးကြီးမားမားဖြစ်တာမရှိဘူးလို့ ဗိုလ်မှူးကြီးနော်ဘူကဆက် ပြောပါ တယ်။ “ဝိုင်းမော်မြို့ရဲ့ပတ်ဝန်းကျင်မှာကတော့တိုက်ပွဲတွေကမရှိပါဘူး ဒါပေမဲ့ စကစဘက်ကတော့ သူတို့ လုံခြုံ ရေး မြှင့်ပြီးမှတစ်ခါတစ်ရံ ထိတွေ့ရင်ဆိုင်တိုက်ပွဲတွေတော့ရှိပါတယ်။ နောက်တစ်ခုက သူတို့ မပခ ဘက်က နေ လက်နက်ကြီးနဲ့ပစ်တာတွေရှိတယ်။ ပြီးတော့ဒရုန်းနဲ့လေကြောင်းတွေရောပေါ့။ မြေပြင်တိုက်ပွဲကြီးကြီး ကျယ်ကျယ်ကတော့မရှိပါဘူး”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကစလို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာ ဝိုင်းမော်မြို့နယ်ထဲက ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းကိုပါသိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့် ခတ်ချိုရွာက အရပ်သား ၁၀  ဦး၊  ဝိုင်းမော်မြို့ သိမ်ကြီးစုက တစ်ဦး၊ လမြန်ရွာက ဒေသခံတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ တစ်လအတွင်း လက်နက်ကြီးကျည်ကြောင့် သေဆုံးသူ ၁၂ ဦးနဲ့ ကျည်ထိမှန်သေဆုံးတဲ့အရပ်သား ၂၀ ကျော်အထိရှိလာပြီဖြစ်ပါတယ်။ အဲ့ဒီတိုက်ပွဲကြောင့်ပဲ ဝိုင်းမော်မြို့နယ်ထဲက အရပ်သားသောင်းနဲ့ချီ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်ထဲက ဘေးလွှတ်ရာနေရာတွေမှာတိမ်းရှောင်နေကြရတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း ဝိုင်းမော်မြို့အထိ KIA ပူးပေါင်းတပ်ဘက်က စစ်ရေးခြိမ်းခြောက်လာလို့ စစ်ရေးပြင်ဆင်မှုတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ By – အမိုး

    Read More »
Back to top button