ဘိန်းဖြူ

  • Apr- 2026 -
    30 April
    သတင်း

    မက်သာဒုန်းရောင်းချသူတွေကို စည်းကမ်းကြပ်မတ်ပေးဖို့တောင်းဆို

    မြစ်ကြီးနားမြို့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆေးရုံရှေ့မှာ မက်သာဒုန်းသောက်သုံးသူတွေက တစ်ဆင့်ပြန်ရောင်းတာတွေလုပ်နေတဲ့အတွက် စည်းကမ်းကြပ်မတ်ပေးဖို့ မက်သာဒုန်းသောက်သူတစ်ချို့တောင်းဆိုနေပါတယ်။ “မူးယစ်ဆေးဝါးသုံးစွဲသူအပေါ် မူတည်ပြီး မက်သာဒုန်းကို ၃၀၀ အားကနေပြီး စတိုက်ပေးတာဟုတ်တယ်။ အဲ့ဒါကို အကုန် မသောက်ဘဲ ဘယ်လို ခိုးသယ်လည်းတော့ မသိဘူး။ အပြင်မှာ ပြန်ရောင်းကြတယ်”လို့ မက်သာဒုန်းသောက်သူတစ်ဦး KNG ကိုပြောပါတယ်။ မက်သာဒုန်းဆေးရည်သောက်သူတစ်ချို့ဟာ ရောင်းလို့ရတဲ့ ငွေနဲ့ ဘိန်းဖြူ၊ရာမအစရှိတဲ့ မူးယစ်ဆေးပြန်ဝယ်ပြီး သုံးစွဲနေကြတယ်လို့ သူကဆက်ပြောပါတယ်။ မြစ်ကြီးနား မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆေးရုံကနေ မူးယစ်ဆေးစွဲနေသူတွေကို ဆေးစွဲလမ်းမှုမှ လျှော့ချရန် (သို့မဟုတ်) ဖြတ်ဖို့အတွက် မက်သာဒုံးဆေးရည်ကို ဆရာဝန်တွေရဲ့ ညွှန်ကြားချက်အတိုင်း နေ့စဉ် မနက်  ၉နာရီကနေ ၁၂ နာရီအထိ မြစ်ကြီးနားမြို့ ဂေါက်ကွင်းမျက်နှာချင်းဆိုင်မှာရှိတဲ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆေးရုံမှာ တိုက်ပေးနေတာဖြစ်ပါတယ်။ KNG ကနေစုံစမ်းရရှိထားချက်အရ မက်သာဒုန်းသောက်သူတွေဟာ သတ်မှတ်ထားတဲ့ ဆေးရုံဝန်းအတွင်း‌အပြီးသတ် သောက်သုံးစေခိုင်းတာတွေရှိပေမယ့် မက်သာဒုန်းဆေးရည်အကုန်မသောက်ပဲ  အပြင်ဘက် ခိုးဝှက်သယ်ယူပြီး တစ်သောင်းမှ သုံးသောင်းအထိ ဈေးအမျိုးမျိုးပြန်ရောင်းချလျက်ရှိနေတယ်လို့လည်းသိရပါတယ်။ “ကျနော်တို့ရွာဘက်ကဆိုရင်တော့ ကျန်းမာရေးစောင့်ရှောက်မှုခေါင်းစဉ်အောက်မှာရပ်ကျေးအဖွဲ့ကပါဝင်ပြီး လုပ်နေတာတွေရှိတယ် အဲဒါကြောင့် ကျနော်တို့အားရင်တော့  အမည်စာရင်းနဲ့တကွသွားထုတ်ပေးတာမျိုးတော့ရှိတယ်။ဒါပေမယ့် တစ်ခါတစ်လေတော့ သူတို့ကိုယ်တိုင်ထုတ်ခိုင်းတာတွေရှိတယ်။ ဘယ်လိုဖြစ်လို့ခုလိုလုပ်လာကြတာလဲမသိဘူး ဒီလိုဖြစ်စဉ်မျိုးက ခုနောက်ပိုင်းပိုကြားလာရတယ်”လို့ မိုင်းနားကျေးရွာအုပ်စုထဲက အမျိုးသားတစ်ဦးပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြစ်ကြီးနားမြို့ရဲ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆေးရုံကို ဖုန်းနဲ့ဆက်သွယ်ပေမယ့် ဖုန်းလိုင်းအခက်ခဲကြောင့်  ဆက်သွယ်လို့မရသေးတာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံတစ်ဝန်း ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်ကစပြီး မက်သာဒုန်းစတင်တိုက်ကျွေးခဲ့ရာ ၂၀၁၈ ခုနှစ်မှာတော့ မက်သာဒုန်းစင်တာ ၅၀ ကျော်အထိတိုးချဲ့လာနိုင်ခဲ့တယ်လို့ ယခင်အစိုးရလက်ထက်ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။ By – Zami

    Read More »
  • Nov- 2025 -
    13 November
    မူးယစ်ဆေးဝါး

    မိုး‌ကောင်းမြို့ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ‌တွေထဲမှာ အထက်တန်းကျောင်းသားများလည်းပါဝင်လာ

    ကချင်ပြည်နယ် မိုးကောင်းမြို့မှာ မူးယစ်ဆေးဝါး‌ရောင်းဝယ်သုံးစွဲမှု အရင်နှစ်တွေထက် ပိုများလာတဲ့အပြင် အထက်တန်းကျောင်းသားတွေကိုလည်း တွေ့လာရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ လက်ရှိ မိုးကောင်းမြို့ထဲ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုအဆိုးဆုံးရပ်ကွက်က ရွာသစ်ရပ်ကွက်မှာဖြစ်တယ်လို့သိရပြီး ရာမတစ်လုံးကို ကျပ် ၂၅၀၀ ကျပ်၊ ဘိန်းဖြူ တစ်ထောင်ကျပ်က‌နေ စဝယ်ယူနိုင်‌ကြောင်း…

    Read More »
  • Sep- 2025 -
    25 September
    ဆောင်းပါး

    မြစ်ကြီးနားမြို့ရဲ့ မူးယစ်ဆေးဝါးဈေးတန်းအကြောင်း တစ်စေ့တစောင်း

    “‌‌ရောင်းတဲ့သူတွေမှာ ဖြေဆေးရှိပြီးသား ရှော့ဖြစ်ပြီဆိုတာနဲ့ သူတို့ဆီကပါတဲ့ဆေးထိုးပေးလိုက်တာ” ဒါကတော့ ဘိန်းဖြူထိုးလို့ ရှော့ဖြစ်ရင်‌တောင် ဖြေဆေးကို အထူးဝန်ဆောင်မှုအ‌နေနဲ့‌ထိုးပေး နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်နဲ့ခေမာသီရိရပ်ကွက်က အခြေနေကို ရပ်ကွက်နေ ပြည်သူတစ်ဦး ပြောတာပါ။ အာဏာသိမ်းပြီး ၄ နှစ်နဲ့မှ…

    Read More »
  • Jul- 2023 -
    27 July
    ဆောင်းပါး

    အပျော်ကနေ ဘဝပျက်ခဲ့ရသူ

    လူတစ်ကိုယ်စာလောက်ရှိတဲ့ ဝါးထရံကာအခန်းကျဉ်းလေးထဲမှာ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ယောက်ဟာ ဒူးတစ်ဖက်ထောင်ပြီး ဖယောင်းတိုင်ထွန်းထားတဲ့စားပွဲရှေ့မှာ ခါးကုံးကုံးနဲ့ ထိုင်နေပါတယ်။ ရှုပ်ပွနေတဲ့ အဲဒီအခန်းကျဉ်းလေးမှာ သူနေထိုင်တာဟာ ဆယ်စုနှစ်တစ်စုရှိလာပြီလို့ ပြောပါတယ်။  ပိန်ချုံးလှတဲ့ ခန္ဓာကိုယ်မှာ အင်္ကျီမကပ်တဲ့အပြင် စားပွဲပေါ်မှာတင်ထားတဲ့ခဲပြားပေါ်က အဖြူရောင်အမှုန့်တွေကို…

    Read More »
  • Feb- 2023 -
    21 February
    သတင်း

    ပူတာအိုတွင် မူးယစ်ဆေးဝါး လက်သည်များ ရဲကို ငွေကြေးပေးဆောင်ကာ ရောင်းချမှုများ ဆက်လက်ပြုလုပ်နေ

    ကချင်ပြည်နယ် ပူတာအိုမြို့တွင် ဘိန်းဖြူ၊ ရာမ နှင့် စိတ်ကြွဆေးပြား ရောင်းသည့် လက်သည်များကို ရဲကဖမ်းမိသော်လည်း ငွေကြေးပေးပါက ပြန်လွတ်ပေးနေသည်ဟု ဒေသခံများ ပြောသည်။ ပူတာအိုမြို့ပေါ်ရှိ ၊ လုံးစွတ်၊ မြို့မ၊ လေယာဥ်ကွင်းရပ်ကွက်များတွင် မူးယစ်ဆေးဝါးရောင်းသည့် လက်သည်များကို ပူတာအိုရဲ၊ နယ်ထိန်းများက…

    Read More »
Back to top button