မြစ်ကြီးနားလေဆိပ်

  • Apr- 2026 -
    1 April
    သတင်း

    တစ်လကျော်ရပ်နားထားတဲ့ မြစ်ကြီးနားလေကြောင်းလိုင်းခရီးစဉ်အားလုံးပြေးဆွဲတော့မည်

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တစ်လကျော်ရပ်နားထားတဲ့ လေကြောင်းခရီးစဉ်တွေအားလုံး ပြန်လည်ပြေးဆွဲတော့မယ်လို့ လေကြောင်းလိုင်း ဝန်ထမ်းတွေဆီကနေ သိရပါတယ်။ လေကြောင်းခရီးစဉ်တွေအနေနဲ့ကတော့ ဒီလ ဧပြီလ ၅ရက်နေ့နဲ့ ၈ရက်နေ့ကစပြီး စတင်ပြေးဆွဲတော့မှာဖြစ်သလို လတ်တလော လေယာဉ်လက်မှတ်အားလုံးပြည့်နေပြီဖြစ်တယ်လို့ မြန့်မာအမျိုးသား လေကြောင်းလှိုင်း(Myanmar National Airline)က ဝန်ထမ်းတစ်ဦးက ခုလိုပြောပါတယ်။ “ပြည့်နေပါပြီ နေရာတော့ မရှိတော့ပါဘူး။ ၅ရက်နဲ့ ၈ရက်နေ့ဟာတော့ လောလောဆယ်တင်ထားပေမယ့် ပြည့်နေပါပြီ။ နောက်ရက်တွေအတွက်ကတော့ မသိရသေးပါဘူး”လို့ ဆိုပါတယ်။ လက်ရှိချိန်ထိတော့ ထိုင်ခုံတွေပြည့်နေပြီလို့ သိရပြီး ဧပြီလ ၅ ရက်နေ့နဲ့ ၈ရက်နေ့ ပြေးဆွဲပြီးနောက် ဘယ်ရက်တွေမှာမှ ပြန်လည်ပြေးဆွဲမယ်ဆိုတာကိုတော့ သေချာ မသိရှိရသေးဘူးလို့ သူကဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ဒုတိယအပတ်ထိ မြစ်ကြီးနား– ရန်ကုန် လေယာဉ်လက်မှတ်ဈေးနှုန်း ကျပ်၉ ၈၅,၀၀၀ ဝန်းကျင်၊ လက်ရှိ ကျပ်၁,၀၃၀,၀၀၀ ဝန်းကျင်ထိ ရှိတယ်လို့ သိရပါတယ်။ အလားတူ မြစ်ကြီးနား– မန္တလေးမြို့ဆိုရင်  ယခင် ကျပ် ၇၈၀,၀၀၀ ကျပ်၊လက်ရှိ ကျပ် ၇၉၀,၀၀၀ ဝန်းကျင်ရှိတယ်လို့သိရပြီး စျေးနှုန်းအနည်းငယ်မြင့်တက်သွားတာလည်းဖြစ်ပါတယ်။ ဒါအပြင် လေကြောင်းလိုင်းအနေဖြင့် ယခင်ကတော့  Myanmar National Airlineအပြင် Air KBZ (KBZ Airlines)၊Mann Yadanarpon ၊AirlinesAsian၊ Wings Airways (ceased operations 2019) ၊Air Bagan…

    Read More »
  • Mar- 2026 -
    2 March
    သတင်း

    မြစ်ကြီးနားလေကြောင်းလိုင်းရပ်ထားတဲ့အပေါ် ပြည်သူတွေရဲ့အမြင်ဘယ်လိုရှိလဲ

    မြစ်ကြီးနားမြို့ရဲ့ လေကြောင်းခရီးစဉ်အားလုံး ယာယီရပ်နားလိုက်တာ ခုဆို  ၁၀ ရက်တိတိရှိလာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်ည ၈ နာရီခွဲဝန်းကျင် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ရဲ့ ATR-72-600 ခရီးသည်တင်လေယာဉ်တစ်စင်း မြစ်ကြီးနားလေဆိပ်ကနေ မန္တလေးကို ထွက်ခွာဖို့ ပြင်ဆင်နေချိန် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လေယာဉ်အမြီးပိုင်းအနည်းငယ်ထိမှန်ပျက်စီးခဲ့ပါတယ်။ စစ်တပ်ဘက်ကတော့ ဒီပေါက်ကွဲမှုအပေါ်  KIA/PDF ရဲအကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်းထုတ်ပြန်လာပြီး ပြင်းထန်တဲ့တုံးပြန်မှုလုပ်ဆောင်သွားမယ်လို့ဆိုကာ လေကြောင်းခရီးစဉ်အားလုံးရပ်နားထားတာဖြစ်ပါတယ်။ မြန်မာပြည်အထက်ပိုင်းမှာရှိတဲ့ ကချင်ဒေသဟာ အာဏာသိမ်းပြီးနောက် ကုန်းလမ်းဖြစ်တဲ့ ရန်ကုန်–မန်းလေး–မြစ်ကြီးနားဗျူဟာလမ်းမကြီးရှိပေမယ့ စစ်ရေးအခြေနေကြောင့် လမ်းပိုင်းကြန့်ကြာမှုတွေရှိနေတဲ့အတွက် လေကြောင်းလိုင်းကိုအဓိက အသုံးပြုနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် ခုလို လေယာဉ်ခရီးစဉ်အားလုံးရပ်နားလိုက်တဲ့ မြစ်ကြီးနားကနေ မန်းလေး–ရန်ကုန်ဆင်းမယ့် ခရီးသည်တွေ၊ ဆေးကုရက်ချိန်းထားသူ၊အရေးပေါ် ဆေးကုသဖို့ သွားရမယ့် လူနာတွေ၊ ပြည်ပကနေ ပြန်လာရမယ့်သူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကျောင်းသား၊သူတွေ အဖက်ဖက်ကနေ ပိုပြီးခက်ခဲကြပ်တည်းလာနေကြတာလည်းဖြစ်ပါတယ်။ ခုလိုလေကြောင်းခရီးစဉ်အားလုံး ရပ်နားထားတဲ့အပေါ်  ခရီးသွားရေးတင်မကဘဲ စီးပွားရေး၊ ကျန်းမာရေးနဲ့ လူမှုဘဝအပေါ် ထိခိုက်မှုများစွာ ရှိနေပြီး အချိန်ကြာမြင့်စွာ ဆက်ပိတ်ပင်ထားမယ်ဆိုရင် ဒေသစီးပွားရေး ကျဆင်းနိုင်သလို လူထုရဲ့ နေ့စဉ်ဘဝလည်း ပိုမို ခက်ခဲလာနိုင်ပါတယ်။ ဒီအခြေအနေအပေါ် မြို့ခံတွေ ဘယ်လိုမြင်ကြလဲ၊ ဘယ်လို အခက်အခဲတွေ ကြုံတွေ့နေရလဲဆိုတာကို  KNG ကို မေးမြန်းထားပါတယ်။ မြစ်ကြီးနားမြို့နေ အမျိုးသားလူငယ်တစ်ဦး “လေကြောင်းလိုင်းတွေ အကုန်ပြန်ပိတ်သွားတော့ အကုန်လုံးက ညီးနေကြတယ်။ ဘာမှ မလုပ်တတ်သလို ဖြစ်သွားတယ်။ အကုန်လုံးက လေယာဉ်တစ်မျိုးနဲ့ဘဲ သွားနေတာကို လေယာဉ်ပြန် ပိတ်သွားတော့ ဘယ်မှမသွားတတ် မလုပ်တတ်နဲ့ အကုန်လုံးက။ ဘယ်လိုပြောရမလဲ ဟိုးအောက်ကို ပြန်ရောက်သွားသလို။ လေယာဉ်က ဘယ်အချိန်ပြန်ဖွင့်မလဲမသိတော့ အကုန်လုံးက အာရုံနှောက်ကုန်တာ။ ပြီးတော့ လောလောဆယ် မြစ်ကြီးနားမှာ ဖြစ်နေတာက အကုန်ကြောက်ပြီး စိုးရိမ်နေတယ်။ မြစ်ကြီးနားမှာ ဘယ်အချိန်တိုက်ပွဲ ဖြစ်မလဲဆိုတဲ့စိတ်နဲ့ အကုန်လုံးက ကြောက်ပြီး နေနေရတယ်” ကိုးရီးယားသွားဖို့ ပြင်ဆင်နေတဲ့ လူငယ် အမျိုးသမီးတစ်ဦး “ကားနဲ့ သွားမယ်ဆိုရင် မလုံခြုံဘူးလေ။ လေယာဉ်နဲ့ဘဲ သွားရမှာ ။ အခုကျွန်မတို့ဆို ကိုးရီးယားသွားရတော့မှာ ရန်ကုန်တက်ရတော့မှာကွာ ခုလို လေယာဉ်တွေ ပိတ်သွားတော့ ကျွန်မတို့က ဘယ်လိုမှ လုပ်လို့မရနေဘူးကွာ။ ဘယ်လိုမှ လုပ်လို့မရတဲ့အတွက် ကားနဲ့ သွားမယ်ဆိုရင်လည်း မလုံခြုံဘူး အရမ်းခက်ခဲတယ်။ သွားလာရေးလည်း ပိုခက်လာတယ်။ လေယာဉ်ကဆို ပစ္စည်းတွေ ပိုရင်လည်း အမြန်ရောက်တယ်။ ကားနဲ့ဆိုရင် အရမ်းကြာတယ်လေ နှစ်ပတ်သုံးပတ်ကြာတယ်။ အရမ်းမကောင်းဘူး လုံးဝမကောင်းဘူး။ လေယာဉ်က အမြန်ဖွင့်ရင်ကောင်းမယ်” မြစ်ကြီးနားမြို့ခံ လူငယ်တစ်ဦး “ကျွန်တော်ထင်တာက အဲလောက်အကြာကြီးတော့ သူတို့မပိတ်လောက်ဘူးလို့ထင်တယ်။ ဘာလို့လဲဆိုတော့ သူတို့လည်း လေယာဉ်နဲ့ဘဲ သွားလာနေတော့ အဲလောက်ကြာအောင် ပိတ်ထားလို့ မရလောက်ဘူး။ ဒါကြောင့် ကျွန်တော်က ဒီအတောအတွင်း ပြန်ဖွင့်မယ်လို့ ထင်တယ်။ သူတို့လည်း ခရီးသွားရမယ်ဆိုရင် လေယာဉ်နဲ့ဘဲ သွားရမှာပေါ့ ကားနဲ့မှ သွားလို့မရတာ။ ဒါကြောင့် ဘာဘဲ ဖြစ်ဖြစ် သူတို့ ပြန်ဖွင့်လာမယ်လို့ထင်တယ်။ မြစ်ကြီးနားမြို့ခံ အမျိုးသမီး လူငယ်တစ်ဦး “အခက်အခဲက အရမ်းများတယ်။ တကယ်လို့ ကိုယ်ပြန်ချင်တဲ့အချိန် အရေးပေါ် အခြေအနေတွေဆိုရင် ဖြစ်လာတဲ့အချိန်တွေကြလို့ရှိရင် ပြန်လို့မရတာပေါ့နော။ ကားလမ်းနဲ့ ပြန်ပြန်မယ်ဆိုရင်လည်း ကားလမ်းက သိတဲ့အတိုင်းဘဲ ရက်သတ္တပတ် ကြာတယ်။ ဒါကြောင့် အခုလောလောဆယ် သွားလာနေတာက လေယာဉ်နဲ့ပေါ့။ လေယာဉ်နဲ့ဆိုရင် မြန်ရောမြန်တယ်၊ လုံလည်းလုံခြုံတယ်။ အခုလိုမျိုး ပိတ်လိုက်တယ်ဆိုရင်က ကျွန်မတို့ ပြည်သူတွေအတွက် အရမ်းဒုက္ခရောက်တယ်။ မြစ်ကြီးနားကနေ ရန်ကုန် သွားချင်တဲ့သူတွေအတွက်လည်း သူတို့ အလုပ်ကိစ္စတွေလည်း ရှိတယ်လေနော။ အရမ်းနှောင့်နှေးတယ် အရာရာ ပြတ်တောက်သွားသလို ဖြစ်တော့ အဆင်မပြေဘူး။ မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦး “လေယာဉ်နဲ့ ခရီးသွားတာက ပိုက်ဆံသုံးနိုင်တဲ့ သူတွေဘဲဆိုတော့ ကျွန်တော်တို့ သာမန် လူလတ်တန်းစားတွေအတွက်တော့ လေဆိပ် ပိတ်တာဖြစ်ဖြစ် မပိတ်တာဖြစ်ဖြစ် ဘာမှ မပြောင်းလဲဘူး။ ဘာလို့ဆို ကျွန်တော်တို့ အများဆုံး သွားလာတာက တရုတ်ပြည်ဘက်က သွားလာတယ်။ မန္တလေးလမ်းဘက်က သွားလာတယ်။ ကုန်ဈေးနှုန်းတွေကို နှိုင်းယှဉ်ပြီး ပြောမယ်ဆိုရင်လည်း အရမ်းကြီး မပြောင်းလဲဘူး။ လေဆိပ်ပိတ်သွားတဲ့အတွက်ကြောင့် သာမန်ပြည်သူလူထုအတွက်တော့ ထိခိုက်နစ်နာတာ သိပ်မရှိဘူး။ ဒါပေမယ့် ရန်ကုန် မန္တလေးဘက်ကို သွားလာချင်တဲ့သူတွေလည်း ရှိမှာဘဲ လေယာဉ်နဲ့ဘဲ အများဆုံး သွားကြတာဆိုတော့။ ထိခိုက် နစ်နာတာက ရာခိုင်နှုန်းအဲသလောက် မရှိဘူး။  ကုန်ဈေးနှုန်းတွေလည်း ပုံမှန်ပါဘဲ။ ကုန်တွေက လေယာဉ်နဲ့လည်း အဓိက သယ်ယူတာမဟုတ်တော့“ ဝိုင်းမော်မြို့ခံလူငယ်တစ်ဦး  “ကျနော့်အမြင့်ကတော့ ရှင်းပါတယ်။ စစ်တပ်က သူအသုံးလိုလို့ ဒါမှမဟုတ် KIA/PDF ကို ပြည်သူတွေအမြင်မှားအောင်လုပ်နေတာဖြစ်တယ်။ ပြောချင်တာက လက်နက်ကိုင်အချင်းချင်းတိုက်ချင်ရင် KIA/PDF ရှိတဲ့နေရာသွားတိုက်ကြပါ။ ဒါက အရပ်သားတွေအတွက် တကယ်လိုအပ်တဲ့လေကြောင်းလိုင်းပိတ်တာ လုံးဝမဖြစ်သင့်ဘူးလေ။ ပြီးတော့ လေယာဉ်ကလည်း ဒီတစ်စင်းပဲရှိတာလား တကယ်လုပ်ပေးချင်တဲ့ဆန္ဒမရှိလို့ပဲ စစ်တပ်ကမကောင်းကြံနေတာ အသိသာကြီးပါ။ ဒါကိုပြည်သူတွေအားလုံးလည်း သိပါတယ်” ဝိုင်းမော်မြို့ခံ အမျိုးသားတစ်ဦး…

    Read More »
  • Feb- 2026 -
    23 February
    သတင်း

    KIO ထိန်းချုပ်နယ်မြေ လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ကြုံနေရ

    ကချင်လွတ်လပ်ရေးအဖွဲ့  KIO ထိန်းချူပ်ထားတဲ့ နေရာတစ်ချို့မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုအရှိန်မြင့်လုပ်ဆောင်လာတယ်လို့ ဒေသခံပြည်သူတွေ ပြောပါတယ်။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မြစ်ကြီးနားလေဆိပ်ပေါက်ကွဲမှုကို  KIA နဲ့ PDF ပူးပေါင်းတပ်က ဒရုန်းနဲ့တိုက်ခိုက်တာဖြစ်တယ်လို့ စစ်တပ်ကထုတ်ပြန်လာပြီး ပြင်းထန်တဲ့ တုန့်ပြန်မှုတွေလုပ်ဆောင်သွားမယ်လို့ ပြောဆိုလာပါတယ်။ အဲဒီနောက် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနက် ၂ နာရီဝန်းကျင် စစ်တပ်က ဆဒုံးမြို့ကို လေယာဉ်ဗုံး ၃ ကြိမ်လာကြဲသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဆဒုံးဗုံးကြဲခံရမှုမှာ လူထိခိုက်တာမရှိပေမဲ့ အရင်ဗုံးကြဲခံရတဲ့ စျေးတန်းနေရာတွေမှာ ထပ်ကြဲချခံရတာကြောင့် စျေးတန်းတွေနဲ့ နေအိမ်တချို့ထပ်မံပျက်စီးသွားတဲ့အပြင် အဲဒီနားမှာရှိတဲ့ဟိုတယ်တစ်ခုလုံးလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။ ဗုံးကြဲခံရတာကြောင့် ပျက်စီးသွားတဲ့ အဲဒီဟိုတယ်ဟောင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ အဖွဲ့သားတွေ အဝင်အထွက်ရှိတာကို စစ်တပ်က သိရှိတာကြောင့် ရည်ရွယ်ချက်ရှိရှိ ဗုံးလာကြဲတာဖြစ်တယ်လို့ဒေသခံတွေက ပြောပါတယ်။ အလားတူ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ဖားကန့် KIA တပ်မဟာ ၉ နယ်မြေဖက်ကို ဂျက်လေယာဉ်နဲ့ ဗုံး ၄ လုံးထက်မနည်းဗုံးကြဲခဲ့တဲ့အပြင် KIO ဌာနချူပ်လိုင်ဇာမြို့ပေါ် လေယာဉ်ပျံဝဲတာတွေလုပ်ခဲ့ပြီး အင်ပါပါကျေးရွာဘက်ကို လေယာဉ်ဗုံးကြဲချခဲ့တယ်လို့ ဆက်လက်သိရပါတယ်။ “ဒီရက်ပိုင်းက အရမ်းသတိထားရမယ့်အခြေအနေဖြစ်နေတယ်။ ဗိုလ်ချူပ်ဂွမ်မော်ကလည်း စကားနည်းနည်းပြောထွက်ထားတယ်ဆိုတော့ စစ်ကော်မရှင်တွေဘက်က နည်းနည်းတော့ ကြက်သည်းထပုံပဲ။တမင်တကာလိုက်ပြီး ဗုံးကြဲပြနေတယ်။ အခု တရုတ်နယ်စပ်တစ်ဝိုက်ကိုလည်း တရုတ်ဘက်က ဗုံးကြဲခွင့်မပေးထားတော့ စစ်တပ်တွေ ဗုံးလိုက်ကြဲနေတဲ့ နေရာတွေကို ကြည့်လိုက်ရင် အင်ခေါင်းပါလို၊မံစီ – အင်ပါပါလို နေရာတွေကို လိုက်ကြဲနေတာ။ဘာမှမဆိုင်တဲ့နေရာတွေကိုပဲ လိုက်ကြဲနေတာ”လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။ ဒါ့အပြင် ဇန်နဝါရီလ ၂၂ ရက်နေ့ မနေ့ည ၁၁ နာရီခွဲဝန်းကျင်မှာလည်း စိန်လုံဘွမ်နှင့် မိုင်ဂျာယန်ကြား အင်ခေါင်းပါကျေးရွာအနီး ဘွမ်ကထောင်ရွာမှာ စစ်တပ်လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ နေအိမ်တစ်ခုလုံးပျက်စီးသွားကာအဖိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ အင်ခေါင်းပါကနေ ၄ မိုင်လောက်အကွာမှာရှိတဲ့ ဘွမ်ကတောင်ကျေးရွာ လေကြောင်းဗုံးကြဲခံရမှုမှာ အသက် ၇၈ နှစ်အရွယ် အဘိုးတစ်ဦး အသက်သေဆုံးပြီး…

    Read More »
  • 21 February
    တိုက်ပွဲ

    KIA ထိန်းချုပ်နယ်မြေ နေရာ ၅ ခုကို စစ်တပ်ကတစ်ပြိုင်နက်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ KIO ပြော

    စစ်ကောင်စီတပ်တွေ ဒီကနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ တစ်တည်းမှာပဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ဒေသရှိ တပ်မဟာ၊တပ်ရင်းတွေထဲက နေရာ ၅ ခုထက်မနည်းကို ပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်သွားခဲ့တယ်လို့ KIO ပြောပါတယ်။ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ လေကြောင်းတိုက်ခိုက်ခံရတဲ့အခြေအနေနဲ့…

    Read More »
  • 16 February
    သတင်း

    မြစ်ကြီးနား လေယာဉ်ကွင်းမှာ ဒရုန်းကျရောက်မှု စစ်တပ် လက်ချက်ဟု ဗိုလ်မှူးကြီးနော်ဘူ တုံ့ပြန်

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လေယာဉ်ကွင်းထဲ အသေခံဒရုန်း ကျရောက်ခဲ့တဲ့ဖြစ်စဉ်မှာ စစ်ကောင်စီတပ်က လူထုကို အမြင်မှားအောင် လုပ်နေတာဖြစ်ပြီး၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရေးနဲ့ မသက်ဆိုင်တဲ့နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ မလုပ်ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။ KIA က စစ်ရေးနဲ့ သက်ဆိုင်တဲ့နေရာတွေကိုသာ ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပြီး အများပြည်သူ ဒုက္ခရောက်အောင် လုပ်ဆောင်တာ…

    Read More »
Back to top button