လေကြောင်းတိုက်ခိုက်
-
Feb- 2026 -4 Februaryတိုက်ပွဲ
ဖားကန့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပိုပြီးလုပ်ဆောင်နေ
တစ်ပတ်ခန့် တိုက်ပွဲပြန်လည်ပြင်းထန်နေတဲ့ ဖားကန့် တိုက်ပွဲနေရာကို စစ်တပ်က ဒီကနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ လေကြောင်း ၂ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တပ်တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ ဖားကန့် မရှီကထောင်အနောက်ဘက်ခြမ်း ထုံးဘိုကျေးရွာ ဆုတောင်းကုန်းအနီးတဝိုက်ကို…
Read More » -
2 Februaryလူ့အခွင့်အရေးချိုးဖောက်မှု
မော်လူးမြို့မှာ တစ်လအတွင်း ၃ ကြိမ်လေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သား ၉ ဦးအပါအဝင် ၁၄ ဦးသေဆုံး
စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်၊ မော်လူးမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလတစ်လအတွင်း ကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၉ ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ရတယ်လို့ တော်လှန်ရေး အင်အားစုတွေနဲ့နီးစပ်သူတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ လေဘိုရွာလေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၈ ဦးသေဆုံး၊ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ မာန်ဟဲရွာ ပကဖရုံးလေကြောင်းတိုက်ခိုက်ခံရလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးနဲ့ KIAတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ရပြီး ဇန်နဝါရီလ ၂ ရက်နေ့ ပဲခူးရွာက ပလဖရုံးလေကြောင်းတိုက်ခိုက်ခံရချိန်မှာတော့ ၁၂တန်းကျောင်းသူတစ်ဦးသေဆုံးခဲ့ရတာဖြစ်ပါတယ်။ “တစ်လအတွင်းမှာကို ၃ ကြိမ် ပထမအကြိမ်က ပလဖစခန်းကိုပစ်တာ။ ဒါပေမဲ့ ပလဖစခန်းကို မထိဘဲ အရပ်သားကိုထိတာ။ ဒုတိယအကြိမ်ကလည်း မာန်ဟဲက ပကဖရုံးကိုကြဲတာ။ တတိယတစ်ကြိမ်ကတော့ လေဘိုရွာကိုကြဲတာ။ သူတို့က သတင်းတွေ အတိအကျထောက်လှမ်းလာတာ။ လေဘိုရွာဆိုရင်လည်း အရပ်သားရွာထဲကိုကြဲပေမဲ့ အဲ့နားတစ်ဝှိုက်ကတောတွေမှာက ကေအိုင်အေတွေလည်းရှိတယ်။ အဲ့လိုမျိုးပေါ့။”လို့ တော်လှန်ရေးအင်အားစုနဲ့နီးစပ်တဲ့ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ ဒါ့အပြင် ဇန်နဝါရီလ ၂၉ ရက်နေ့ လေဘိုရွာတိုက်ခိုက်ခံရမှုမှာ သေဆုံးခဲ့ရတဲ့အရပ်သား ၈ ဦးထဲ ၇ ဦးကမိသားစုဝင်တွေဖြစ်ပြီးလေကြောင်းတိုက်ခိုက်ခံရမှု ၃ကြိမ်မှာတော့ အရပ်သား ၅ ဦးထက်မနည်းထိခိုက်ဒဏ်ရာတွေရရှိခဲ့သလို အရပ်သားနေအိမ်တွေ ထိခိုက်ပျက်ဆီးခဲ့ရတာဖြစ်ပါတယ်။ မော်လူးမြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာလကတည်းက တော်လှန်ရေးအင်အားစုတွေကသိမ်းပိုက်ထားတာဖြစ်ပြီး အမျိုးသား ညီညွှတ်ရေး အစိုးရ NUG ရဲ့အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတဲ့ဒေသဖြစ်ပါတယ်။ လက်တလောမှာလည်း စစ်ကော်မရှင်နဲ့တော်လှန်ရေးအင်အားစုတွေအကြား မော်လူးမြို့မှာ တစ်စုံတစ်ရာတိုက်ပွဲဖြစ်ပွားတာ မရှိသလို အကြောင်းမဲ့တည်နေရာကိုသိလို့ တိုက်ခိုက်တာလို့ အထက်ဖော်ပြပါမော်လူးဒေသခံအမျိုးသားတစ်ဦးကဆိုကြပါတယ်။ “လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာတွေမှာက တိုက်ပွဲလည်းမရှိပါဘူး။ လေဘိုရွာဆိုရင် အရင်တုန်းကလည်းလေကြောင်း တိုက်ခိုက်ခံရတာမရှိခဲ့ဘူး။ အခုမှဘဲဖြစ်တာ။ ဘာကြောင့်ကြဲမှန်းတော့မသိပါဘူး။”လို့ ဆက်ပြောပါတယ်။ လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာတွေဖြစ်တဲ့ မာန်ဟဲနဲ့ပဲခူးကျေးရွာတို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ရုံးတွေအခြေစိုက်ထားတာ ကြောင့် အဲ့ဒီနေရာတွေကိုပစ်ခတ်ရင်း အရပ်သားတွေသေဆုံးခဲ့ရတာဖြစ်ပြီး လေဘိုကျေးရွာကတော့ တော်လှန်ရေးအင်အားစုတွေ အထိုင်ချတာမရှိပေမဲ့လည်း လေကြောင်းတိုက်ခိုက်ခံရတာလို့ ပြောပါတယ်။ တစ်ဖက်မှာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အရပ်သားတွေနေထိုင်ရာ ကျေးရွာနဲ့ ၃ မိုင်အကွာမှာသာ ဂိတ်စခန်းတွေအထိုင်ချ ခွင့်ရမယ်ဆိုတဲ့ စစ်ရေးအရသတ်မှတ်ချက်တွေရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီအချက်ကို လိုက်နာခြင်းမရှိတာကြောင့် လေကြောင်းတိုက်ခိုက်ခံရချိန်အရပ်သားတွေသေဆုံးခဲ့ရပြီး ဒေသခံတွေ အကြား ဝေဖန်မှုတွေရှိခဲ့သလို ပဲခူးကျေးရွာက အရပ်သားတွေကတော့ ကျေးရွာတွေအနီးတစ်ဝှိုက်ဂိတ်အထိုင်ချတာကို ဆန္ဒပြကန့်ကွက်ခဲ့ကြတာကြောင့် ပဲခူးရွာက ပလဖရုံးရွှေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်။ By – အမိုး
Read More » -
Jan- 2026 -28 Januaryသတင်း
ကောင်ဂျာလေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ် ကူညီနိုင်ဖို့ ကော်မတီဖွဲ့စည်းပြီး ဆောင်ရွက်နေတယ်လို့ KIO ပြော
ကချင်ပြည်နယ် ဗန်းမော်၊ ကောင်ဂျာရွာမှာ လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသွားတဲ့ ပြည်သူတွေကို ကူညီပေးနိုင်ဖို့အတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းကာ တာဝန်ယူဆောင်ရွက်သွားဖို့ လုပ်ဆောင်နေပြီလို့ KIO ပြောပါတယ်။ လေကြောင်းအန္တရာယ်ကြောင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့တဲ့ ပြည်သူတွေကို ကူညီနိုင်ဖို့ တာဝန်ပေးညှိနှိုင်းဆောင်ရွက်ထားပြီလို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ KNG ကိုပြောပါတယ်။ “ဆေးရုံတက် ကုသပေးနေတဲ့ တစ်ချို့က ဒဏ်ရာတွေသက်သာလာလို့ ဆေးရုံဆင်းခိုင်းတာတွေတော့ရှိနေပါပြီ။ ကလေးငယ် နှစ်ယောက်နဲ့ လူကြီးပိုင်း ၆ ယောက်ခန့်က ဒဏ်ရာပြင်းထန်တော့ အချိန်ယူပြီး ကုသရအုံးမှာပါ။ နောက်နေအိမ်ပျက်စီးသွားတာတွေ၊ ထိခိုက်သွားတဲ့ သူတွေကို ကူညီစောင့်ရှောက်နိုင်ဖို့ ကော်မတီဖွဲ့ပြီး လုပ်ဆောင်ပေးဖို့ ပြင်ဆင်ထားပါပြီ”လို့ပြောပါတယ်။ လက်ရှိမှာ ကလေးငယ် သုံးဦးအပါ ပြည်သူ ၆ ဦးခန့်က ပြင်းထန်ဒဏ်ရာကြောင့် အချိန်ယူကုသရအုံးမှာဖြစ်တယ်လို့ KIO ပြောပါတယ်။ ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သားပြည်သူ ထိခိုက်၊ သေဆုံးသူ စုစုပေါင်း ၅၀ ဝန်းကျင်ခန့်ရှိခဲ့ပြီး ၂၂ ယောက်က ပွဲချင်းပြီးသေဆုံးမှုရှိခဲ့ပါတယ်။ အသက်လွတ်မြောက်လာတဲ့ ပြည်သူ ၂၈ ယောက်ထဲမှာ အယောက် ၂၀ ကျော်က ဆေးရုံတင်ကုသခံယူခဲ့ရပြီး အဲဒီထဲမှာ လသားအရွယ်ကလေးငယ် တစ်ဦးနဲ့ ၇ နှစ်အရွယ် ကလေးငယ် နှစ်ဦးပါဝင်တယ်လို့သိရပါတယ်။ လသားအရွယ်ကလေးငယ်က မျက်နှာပေါ် ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး မျက်လုံးနှစ်ဖက်စလုံးလည်း ပြန်လည်ကောင်းမွန်လာပြီဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူဆက်ဆိုပါတယ်။ “လသားအရွယ်ရှိတဲ့ ကလေးငယ်ကလည်း တော်တော်လေးကောင်းမွန်လာပြီ။ မျက်နှာပေါ်ထိသွားတယ်ဆိုတော့ မျက်လုံးတွေလည်း အခုကပွင့်လာပြီ။ နောက် ၇ နှစ်အရွယ် ကလေးငယ် ၂ ယောက်လည်း ကျန်မာစွာရှိနေပါတယ်”လို့ပြောပါတယ်။ အဆိုပါ လသားကလေးငယ်တစ်ဦးနဲ့ ၇ နှစ်အရွယ် ကလေးငယ် ၂ ဦးတို့ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်အတွင်း ပြင်းထန်ဒဏ်ရာရရှိခဲ့တာကြောင့် ဝိုင်းဝန်းကူညီပေးကြဖို့ နီးစပ်တဲ့ပြည်သူတွေက အကူအညီတောင်းခံနေတာလည်းတွေ့ရပါတယ်။ စစ်ကောင်စီတပ်ဟာ တိုက်ပွဲနေရာမဟုတ်တဲ့ ထီးလင်း၊ ကောင်ဂျာရွာတဝိုက်ကို ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်အချိန် ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့နေရာဟာ နာရေးဆုတောင်းပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့ နေအိမ်မှာ ကျမှန်ခဲ့တာကြောင့် အရပ်သားပြည်သူ အများစွာထိခိုက်သေဆုံးမှုရှိခဲ့တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
24 Januaryသတင်း
စစ်ကိုင်းနဲ့ကချင်အစပ်မှာ ၆ ရက်အတွင်း လေကြောင်းတိုက်ခိုက်ခံရလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦးသေဆုံး
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သေဆုံးခဲ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ အင်းတော်မြို့နယ် မော်လူးမြို့၊ မာန်ဟဲကျေးရွာက ပကဖရုံးကို တိုက်ပွဲဖြစ်တာမရှိပေမဲ့ မနေ့ကဇန်နဝါရီလ…
Read More » -
Dec- 2025 -28 Decemberသတင်း
ရွေးကောက်ပွဲလုပ်နေတဲ့ ကသာမြို့မှာ ပစ်ခတ်မှုတွေဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းကင်းထောက်မှုတွေလုပ်
စစ်ကိုင်း နဲ့ ကချင်အစပ် ကသာမြို့ပေါ်မှာ ဒီကနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲကျင်းပနေချိန်မှာပဲ လက်နက်ကြီးနဲ့ လက်နက်ငယ်ပစ်ခတ်သံတွေ ထွက်ပေါ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကိုင်းတိုင်းထဲမှာ ရွေကောက်ပွဲ အပိုင်း ၁ အနေနဲ့ အစောဆုံးကျင်းပနေတဲ့မြို့နယ်တွေထဲ ကသာမြို့လည်းပါဝင်ပြီး…
Read More » -
8 Decemberလူ့အခွင့်အရေးချိုးဖောက်မှု ဆောင်းပါး
ဗန်းမောက်က ရွှေလုပ်ကွက်ဗုံးကြဲခံရလို့ အရပ်သားတစ်ဦးသေဆုံး ၆ ဦးဒဏ်ရာရ
စစ်ကိုင်းနဲ့ကချင်အစပ် ဗန်းမောက်မြို့နယ်က ရွှေလုပ်ကွက်တစ်ခု မနေ့က ဒီဇင်ဘာလ ၇ ရက်နေ့က လေကြောင်းကနေဗုံးကြဲ တိုက်ခိုက်ခံရလို့ အရပ်သားတစ်ဦးသေဆုံးခဲ့ရပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မနေ့က မွန်းလွှဲ ၂ နာရီဝန်းကျင်လောက်မှာ ဗန်းမောက်မြို့နဲ့ မိုင်၂၀အကွာ တောင်ပိုင်းတစ်နေရာက ရွှေလုပ်ကွက်ကို ဂျက်ဖိုက်တာ နှစ်စီးနဲ့ ဗုံးကြဲခံခဲ့ရတာဖြစ်ပြီး အသက် ၃၃ နှစ်အရွယ် ကိုငြိမ်းဆိုသူသေဆုံးခဲ့ရတာဖြစ်တယ်လို့ အခြေနေသိရှိတဲ့ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “မနေ့ညနေမှာကြဲသွားတာ။ ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးက ၈ လုံးကြဲသွားတာလို့သိရတယ်။ ၂ လုံးတစ်ခါနဲ့ ၄ကြိမ်ကြဲသွားတာ။ ကြဲသွားတာက ရွှေလုပ်ကွက်ထဲ ဂိတ်စောင့်တဲ့အရပ်သားတစ်ယောက်သေသွားတယ်။ ၆ ယောက်ဒဏ်ရာရတယ်။ ၆ယောက်ထဲမှာ ၂ ယောက်က တရုတ်လူမျိုး ဗမာစကားလုံးဝမတတ်ဘူး”လို့ပြောပါတယ်။ ဗန်းမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရ လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာဟာ ဗန်းမောက်၊ အင်းတော် နဲ့ ဝန်းသိုမြို့နယ်၃ခုဆုံတဲ့ သုံးမြေဆုံနေရာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမောက်မြို့နဲ့ မိုင် ၂၀ အကွာမှာတည်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် တိုက်ပွဲဧရိယာမဟုတ်ဘဲ အကြောင်းမဲ့သက်သက်အရပ်သားတွေ ရွှေတူးဖော်တဲ့နေရာကို လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း ဗန်းမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုထားပါတယ်။ တစ်ဖက်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့ကစတင်ကာ တော်လှန်ရေးအင်အားစုများသိမ်းပိုက်ထားတာမကြာသေးတဲ့ ဗန်းမော်ြမို့ပေါ်ကို ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေက ဆက်တိုက်ထိုးစစ်ဆင်နေတဲ့အပြင် လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေနေ့စဥ်ရှိနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ “ဗန်းမောက်မြို့ပေါ်ကိုက နေ့တိုင်းကြဲနေတာ။ မနေ့ကအထိပေါ့ ။မြေပြင်စစ်ကြောင်းကတိုးမရလို့ လေကြောင်းနဲ့ဘဲ တောက်လျှောက်ကြဲနေတာ တစ်ပတ်လောက်ရှိပြီ”လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသားတစ်ဦးက ဗန်းမောက်လက်ရှိစစ်ရေးအခြေနေကိုပြောပြပါတယ်။ ဗန်းမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ဗန်းမောက်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီက တစ်ရက်ကို ဗုံးအလုံး ၃၀ ကျော် ကြဲချနေတာ ၆ ရက်ဆက်တိုက်ရှိပြီဖြစ်ကြောင်း ဒီဇင်ဘာလ ၆ ရက်နေ့ကပဲထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၃၀ ရက်နေ့နဲ့ ဒီဇင်ဘာ ၁ ရက်နေ့ကလည်း ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော် ဗန်းမော်မြို့ကရွှေလုပ်ကွက်တချို့ကိုလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၃ ဦးသေဆုံးခဲ့ရပါသေးတယ်။ By – အမိုး
Read More » -
2 Decemberလူ့အခွင့်အရေးချိုးဖောက်မှု
ဗန်းမော်မြို့တစ်ဖက်ကမ်း ရွှေလုပ်ကွက်နေရာ နှစ်ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်ခံရ အရပ်သား ၃ ဦးသေဆုံး
ကချင်ပြည်နယ် ဗန်းမော်မြို့ဧရာဝတီမြစ်ရဲ့တစ်ဖက်ကမ်းရှိ မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာတွေနားက ရွှေလုပ်ကွက်နေရာတစ်ချို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ နှစ်ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Banmaw Scout Team ကသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ နိုဝင်ဘာလ ၃၀ ရက်နေ့နဲ့ မနေ့က ဒီဇင်ဘာလ ၁ ရက်နေ့ နှစ်ရက်ဆက်တိုက် ဗန်းမော်မြို့ရဲ့တစ်ဖက်ကမ်းမှာ ရှိတဲ့ ရွှေလုပ်ကွက်နေရာတွေကိုလေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ နိုဝင်ဘာလ ၃၀ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၃ ဦးအထိရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူက လူဦးရေ ၃၀ ခန့်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် စက်လှေနဲ့စက်ပစ္စည်းတစ်ချို့လည်းပျက်ဆီးခဲ့ရတယ်လို့ Banmaw Scout Team အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက အတည်ပြုပါတယ်။ “တစ်နေ့ကတော့ကြဲသွားတာကနှစ်စီးပေါ့ အဲ့နှစ်စီးက ဗုံးချတယ် လေယာဥ်မှာပါတဲ့သေနတ်နဲ့ပစ်တယ်။ အဲ့မှာ လူသုံးယောက် သေဆုံးသွားတယ်။ ပြီးသွားရင် စက်ပစ္စည်းတွေပျက်ဆီးသွားတယ်။ ဒဏ်ရာရတဲ့သူကလည်း ၃၀ ဝန်းကျင်လောက်တော့ရှိတယ်”လို့ Banmaw Scout Team တာဝန်ခံအမျိုးသားတစ်ဦးကပြောပါတယ်။ ဒါ့အပြင် မနေ့ကနေ့လည်ပိုင်း ၁ နာရီဝန်းကျင်လောက်မှာလည်း အဆိုပါ မိုးစိမ်းကျွန်းအနီးက ရွှေလုပ်ကွက်တစ်ဝှိုက်ကို လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ထပ်မှန်ပြုလုပ်ခဲ့တယ်လို့ပြောပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်လေကြောင်းတိုက်ခိုက်မှုမှာတော့ လူထိခိုက်သေဆုံးမှုတစ်စုံတစ်ရာမရှိခဲ့ဘဲ ရွှေဖောင်နှစ်စီးတော့ထိခိုက် ပျက်ဆီးခဲ့ရတယ်လို့ Banmaw Scout Team အဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ “မနေ့ကတိုက်ခိုက်မှုလည်းဒီပုံစံပါပဲဗျ။ ဒီရွှေလုပ်ကွက်တစ်ကွက်ကိုပဲတိုက်ခိုက်တာ။ တစ်နေ့ကကြဲခံရတဲ့အနားဝန်းကျင်ပါပဲ။ ဗုံးချတယ်။ သေနတ်နဲ့ပစ်သွားတယ်အဲ့ပုံစံပါပဲ”လို့အထက်ပါ Banmaw Scout Team အဖွဲ့ရဲ့တာဝန်ခံကဆက်ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ကချင်လွပ်လပ်ရေးတပ်မတော် တို့အကြားကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော် ဗန်းမော်အပါအဝင်၊ ကျောက်စိမ်းမြို့တော် ဖားကန့် နဲ့ အချက်အချာကျတဲ့ ဝိုင်းမော်မြို့တွေမှာ ၂၀၂၅ ခုနှစ်နှောင်းပိုင်းကာလတွေမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားနေပါတယ်။…
Read More » -
1 Decemberသတင်း
ဗန်းမောက်တိုက်ပွဲအတွင်း စစ်တပ်က လေယာဥ်နဲ့နှစ်ရက်ဆက်တိုက်ဗုံးကြဲ
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက် နှစ်ဖက်တပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီကလေယာဥ်နဲ့နှစ်ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ နိုဝင်ဘာလ ၂၉ ၊ ၃၀ ရက် မနေ့ကနဲ့ ဒီနေ့မနက်ခင်းတွေမှာ တစ်မနက်လုံးနီးပါး ဂျက်ဖိုက်တာ၊ Y12 အမျိုးစားလေယာဥ်တွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေလုပ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။…
Read More » -
Nov- 2025 -18 Novemberသတင်း
ဆဒုံးမြို့တစ်နေရာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးလမ်းပေါ်ရှိ ဆဒုံးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်း ၁၀နာရီဝန်းကျင်လောက်မှာ Y 12 အမျိုးစားရဟတ်ယာဥ်နဲ့ ဗုံးသီး ၂ လုံးကြဲချခဲ့တာ ဖြစ်ပါတယ်။…
Read More » -
Oct- 2025 -23 Octoberသတင်းဆောင်းပါး
ကချင်ဒေသတွင်း စစ်တပ်က လူသတ်ပွဲကျင်းပခဲ့တဲ့ အောက်တိုဘာလ
အောက်တိုဘာလဟာ ရက်စက်မှုအပေါင်းသရဖူဆောင်းထားတဲ့ စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် ကချင်ဒေသမှာ အပြစ်မဲ့ပြည်သူရာချီ အစုလိုက်အပြုံလိုက် သွေးမြေကျပြီး သေဆုံးခဲ့ရတဲ့လဖြစ်ပါတယ်။ အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာ ၂၀၂၂ ခုနှစ်အောက်တိုဘာလ ၂၃ ရက်ည ထင်မှတ်မထားတဲ့ လေကြောင်းပစ်ခတ်မှုဟာ ဖားကန့်ဒေသ အနန့်ပါနေရာဦးတည်တိုက်ခိုက်ခဲ့ပါတယ်။ ဒီလေကြောင်းပစ်ခတ်မှုကြောင့် ကချင်အနုပညာရှင်တစ်ချို့…
Read More »