EPC
-
Nov- 2024 -14 Novemberသတင်း
ပူတာအိုမှာ ငွေကြေးတတ်နိုင်သူတွေကို လျှပ်စစ်မီးပုံမှန်ပေးမယ်လို့ဆိုကာ EPC တစ်နှစ်စာငွေယူပြီး မီးလိုင်းဖြတ်
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် EPC ရုံးက ငွေကြေးတတ်နိုင်သူတွေကို လျှပ်စစ်မီးပုံမှန်ပေးမယ်လို့ဆိုကာ တစ်နှစ်စာငွေယူထားပြီး မီးလိုင်းဖြတ်ထားတယ်လို့ ပူတာအိုဒေသခံတွေဆီကနေ သိရပါတယ်။ ပူတာအိုမြို့ပေါ် ငွေကြေးတတ်နိုင်တဲ့ လူနေအိမ်၊ စားသောက်ဆိုင်၊ ဘာသာရေးအဆောင်နဲ့ စီးပွားရေးလုပ်ကိုင်တဲ့ လုပ်ငန်းရှင်တစ်ချို့ကို EPC ကနေ ၂၄ နာရီလျှပ်စစ်မီးပေးမယ်လို့ဆိုပြီး ပြီးခဲ့တဲ့ ဩဂုတ်ကလစ တစ်နှစ်စာမီတာခကြိုယူထားပေမယ့် မီးမပေးတော့ပဲ မီးလိုင်းတွေပြန်ဖြတ်လိုက်တယ်လို့ တစ်နှစ်စာလျှပ်စစ်မီးယူထားတဲ့ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦး KNG ကိုပြောပါတယ်။ “ကြည့်ရတာအထက်က မသိဘူးထင်တယ် အောက်ခြေကဝန်ထမ်းတွေလုပ်စားတာဖြစ်မယ်။ ပိုက်ဆံ ရှိတဲ့လူကအချိန်ပြည့်မီးရပြီး ပိုက်ဆံမတတ်နိုင်တဲ့လူက မီးမလာတချက်လာတချက်ဆိုတော့တိုင်ကြတာပေါ့ အတိုင်ခံရပြီးနောက်ပိုင်း မီးကိုမလာတော့ဘူး။ အခုထိပိုက်ဆံပေးထားတာအလကားဖြစ်ပြီလေး”လို့ အသက် ၅၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသမီးတစ်ဦးကပြောပါတယ်။ ပူတာအို EPC ကနေ တစ်နှစ်စာ မီတာခကြိုရှင်းခိုင်းရာမှာ လူနေအိမ် တစ်အိမ်လျှင် တစ်နှစ်စာ ကျပ် ၆၀၀၀၀၀ (ခြောက်သိန်း) ၊ စားသောက်ဆိုင်နဲ့ကုန်စုံဆိုင် တစ်နှစ်စာကျပ် သိန်း ၂၀၊ ဘာသာရေးအဆောက်အအုံ ကျပ်သိန်း ၅၀ စသဖြင့် ငွေယူထားပြီး မီးမရတော့တဲ့အပြင် ယူထားတဲ့ငွေလည်းပြန်မအမ်းဘူးလို့ ကုန်စုံဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “ကျွန်မတို့ကတစ်နှစ်စာဆိုပြီး သိန်း ၂၀ ပေးထားတာ အခုထိငွေပြန်မအမ်းဘူး မီးလည်းမပေးတော့ဘူး အထက်ကပဲသိသွားတာလား။ ဘာလို့လဲအသေအချာကိုမသိရသေးဘူးအဟုတ်မှတ်ပြီးတပ်ထားတာ”လို့ သူကပြောပါတယ်။ တစ်နှစ်စာ မီးယူမယ့်သူတွေကို ပူတာအိုမြို့နယ် EPC ရုံးက ဝန်ထမ်းတစ်ချို့ဟာ စားသောက်ဆိုင်၊ငွေကြေးတတ်နိုင်တဲ့နေအိမ်တွေကို နီးစပ်ရာထရန်န်စဖော်မာကနေ မီးကြိုးသီးသန့်ဆွဲပြီး မီးထပ်ပြီးတပ်ဆင်ထားပေးတာလို့ ဆိုပါတယ်။ မီးတပ်ဆင်ရာမှာလည်း မီးတပ်ဆင်ခအဖြစ် တစ်အိမ်လျှင် ငွေကျပ် ၆၀၀၀၀ (ခြောက်သောင်း) သီးသန့်ပေးဆောင်ခိုင်းတယ်လို့ သိရပါတယ်။ တစ်နှစ်စာငွေကြိုပေးပြီး မီးလိုင်းယူထားတဲ့ နေအိမ်၊ ဘာသာရေးအဆောက်အအုံနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို စက်တင်ဘာနဲ့အောက်တိုဘာလ ၂ လအတွင်း ၂၄ နာရီမီးပေးခဲ့ချိန် တစ်နှစ်စာမီးလိုင်းမယူနိုင်တဲ့ နေအိမ် ကုန်စုံဆိုင်၊စားသောက်ဆိုင်တွေကို နှစ်ညခြား သုံးရက်တစ်ကြိမ် မီးပေးလေ့ရှိတယ်လို့ လေယာဥ်ရပ်ကွက်နေအမျိူးသားတစ်ဦးက KNGကိုပြောပါတယ်။ “ပူတာအိုEPC ကအရမ်းလုပ်စားတယ်။ အခုလည်းဒီကောင်တွေအခုလည်း လုပ်စားနေတာပဲ အခုနည်းနည်းတော်သေးတယ်။ အရင်ခုနှစ်လ ရှစ်လပိုင်းကဆိုမီးကိုမလာတာတစ်ပတ်နှစ်ကြိမ်လောက်ပဲလာတာ ရေမရှိဘူးပြောရအောင် အဲ့ချိန်က မိုးတွင်းကြီးလေ”လို့အထက်ဖော်ပြပါအသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးကပြောပါတယ်။ လက်ရှိ ပူတာအိုမြို့ပေါ်နဲ့မြို့နယ်အတွင်းက ကျေးရွာပေါင်း ၄၀ ဝန်းကျင်က အထက်နန့်ထွမ်ရေအားလျှပ်စစ်စ်ကရုံကနေ လျှစစ်မီးဖြန့်ဖြူးပေးနေတာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ပူတာအို EPC ရုံးကို KNG သတင်းဌာနက ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။ ပူတာအို EPC အနေနဲ့ မီလိုင်းတွေကို ဒီနှစ် ဇွန်လကုန်ပိုင်း တပ်ဆင်ပေးခဲ့တာဖြစ်ပြီး သြဂုတ်လဆန်းပိုင်းအထိ ပုံမှန် ၂၄ နာရီမီးပေးခဲ့ပေမယ့် အဲ့ဒီနောက်ပိုင်း ဒီနေ့အထိ နှစ်လကျော်ကြာ မီးမပေးတော့ပဲ ပုံမှန်အလေ့အကျစနစ်နဲ့သာပေးတော့တယ်လို့ သိရပါတယ်။ By – Hope
Read More » -
Sep- 2022 -23 Septemberသတင်း
ဗန်းမော်တွင် မီတာကြေးမဆောင်သည့် နေအိမ်များမှ မီတာဘောက်များ စစ်ကောင်စီအဖွဲ့ လိုက်လံဖြုတ်သိမ်းနေ
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် မီတာခမဆောင်နိုင်သည့် အိမ်ခြေများကို စစ်ကောင်စီလက်ခံ EPC ၊ စစ်သားနှင့်ရဲများပူးပေါင်းကာ မီတာဘောက်များလိုက်လံဖြုတ်သိမ်းနေကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်မှသိရသည်။ စစ်တင်ဘာလ ၂၂ရက်နေ့ မှစတင်ပြီး စစ်ကောင်စီအဖွဲ့ လူအင်အား ၃၀ ကျော်ခန့်ပါ စစ်ကား ၂စီး၊…
Read More » -
May- 2022 -21 Mayသတင်း
ဗန်းမော်မြို့ မီတာဘောက် အလုံး ၇၀ ကျော်ဖြုတ်သိမ်းခံရ၊ ငွေကြေးပေးဆောင်မှ ပြန်တပ်ဆင်ပေးမည်ဟု စစ်ကောင်စီဘက်ကပြောဆို
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် နေအိမ်သုံး မီတာဘောက် အလုံး ၇၀ ကျော် ဖြုတ်သိမ်းခံလိုက်ရပြီး မီတာခ ပေးဆောင်မှ ပြန်လည် တပ်ဆင်ပေးမည်ဟု ဗန်းမော် EPC ၊ ရဲ နှင့် စစ်သားများက ပြောဆိုနေကြောင်း စုံစမ်းသိရှိရသည်။…
Read More »