သတင်း

ဗန်းမော်တွင် မီတာကြေးမဆောင်သည့် နေအိမ်များမှ မီတာဘောက်များ စစ်ကောင်စီအဖွဲ့ လိုက်လံဖြုတ်သိမ်းနေ

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် မီတာခမဆောင်နိုင်သည့် အိမ်ခြေများကို  စစ်ကောင်စီလက်ခံ EPC ၊ စစ်သားနှင့်ရဲများပူးပေါင်းကာ မီတာဘောက်များလိုက်လံဖြုတ်သိမ်းနေကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်မှသိရသည်။

စစ်တင်ဘာလ ၂၂ရက်နေ့ မှစတင်ပြီး စစ်ကောင်စီအဖွဲ့  လူအင်အား ၃၀ ကျော်ခန့်ပါ စစ်ကား ၂စီး၊ ရဲကားတစ်စီး ဖြင့် ဗန်းမော်မြို့ပေါ်ရပ်ကွက်အတွင်း လှည့်ပတ်ကာ တစ်အိမ်ဝင်တစ်အိမ်ထွက် မီတာခများအတင်း ပေးဆောင်ခိုက်ပြီး မီတာခမဆောင်နိုင်သည့် နေအိမ်မှ မီတာဘောက်များကို ဖြုတ်သိမ်းသွားသည့်အထိ လုပ်ဆောင်နေသည်ဟု ဒေသခံတစ်ဦး KNG ကိုပြောသည်။

သူတို့က မီတာစာရွက်တွေပေါင်းပြီး အရင် ၂၀၂၁ တုန်းကလည်း တစ်ခါတည်းပေးခိုင်းတယ်။ တစ်ချို့က အရမ်းများသွားတော့ မပေးနိုင်ဘူးလေ ငါးလ ခြောက်လ စာဆိုတော့ တတ်နိုင်တဲ့သူတွေက သိမ်မရှိကြဘူး။ အဲ့ကြောင့် မီတာမဆောင်နိုင်တဲ့ အိမ်တွေကို မီတာဘောက် တစ်ခါတည်း ဖြုတ်သိမ်းသွားကြတယ်ဟုပြောသည်။

စစ်ကောင်စီိအဖွဲ့ မီတာကြေး လိုက်လံကောက်ခံမှုတွင် ယခင် ၂၀၂၁ခုနှစ် ကိုဗစ်ကာလာအတွင်း မီတာကင်းလွတ်ခွင့် ပေးထားသည့် လပေါင်းအပါ ပြန်လည်ကောက်ခံနေပြီး ကောက်ခံရာတွင်လည်း မီတာဖတ်ခြင်းမရှိဘဲ ခန့်မှန်းခြေနှုန်းဖြင့် အတင်းပေးဆောင်ခိုက်သည့် လုပ်ရပ်မျိုးဖြင့် ကောက်ခံခဲ့ကြောင်းသိရသည်။

ယမန်နေ့တွင် အောင်သာရပ်ကွက် ၊ ဟန်တဲရပ်ကွက်၊ ရွှေပြည်သာ၊ မြို့သစ်ရပ်ကွက် ၊ နောင်ခိုရပ်ကွက်၊ များတွင် လိုက်လံကောက်ခံခဲ့ပြီး နေအိမ်တစ်ခုတွင် ခန့်မှန်းခြေ ငွေတစ်သောင်းကျပ်မှ ၅သိန်းဝန်းကျင်အထိ ပြည်သူများ မီတာခပေးဆောင်ခဲ့ရသည်ဟု ဆက်ဆိုသည်။

“တစ်ချို့က အရင်ကတည်းက ပုံမှန်ဆောင်နေတဲ့သူတွေရှိကြတယ်။ တစ်ချို့က ကိုဗစ်ဖြစ်ကတည်းက လုံးဝ မဆောင်ရသေးတဲ့သူတွေရှိကြတယ်။ ပုံမှန်ဆောင်တဲ့သူတွေက သောင်းဂဏန်း လောက်ပဲကျတယ်။ ဒီမှာက မဆောင်ကြတာပိုများတယ်။ ခန့်မှန်းရသလောက်ဆို ၃၀ နဲ့ ၄၀ ကြားမှာလောက်တော့ ဖြုတ်သိမ်းခံရတယ်လို့ကြားတယ်။ ကျန်တဲ့ အကြွေးတွေ ပြန်ဆောင်ပြီးမှသာ မီတာပြန်လာတပ်ပေးမယ်လို့ပြောတယ်ဟုဆိုသည်။

EPC အနေဖြင့်လည်း ယခု ၂၅ရက်နေ့ နောက်ဆုံးထား၍ မီတာလာဆောင်ပေးကြန်ရန် လာမဆောင်ခဲ့ပါက မီတာဘောက်များဖြုတ်သိမ်းမည်ဖြစ်သည်ဟု သတိပေးစာများ ဖြန့်ဝေထားပြီး ၂၅ရက်နေ့မတိုင်မှီအတွင်း မီတာဘောက်များ လာဖြုတ်သိမ်းနေကြကြောင်း ဆက်သိရသည်။

ဗန်းမော်မြို့တွင် မေလတွင် တစ်ကြိမ် ယခုကဲ့သို့ မီတာမဆောင်နိုင်သည့် နေအိမ်များကို မီတာဘေက်များလိုက်လံဖြုတ်သိမ်းမှုများရှိခဲ့ပြီး ဗန်းမော် ပြည်သူ့ကာကွယ်ရေးတပ် မြို့တွင်း ပြောက်ကျားတပ်ဖွဲ့မှ EPC ဝန်ထမ်းများအား သတိပေးခြိမ်းခြောက်မှုရှိခဲ့သည်။

ထို့နောက် မေလ ၁၉ရက်နေ့တွင်လည်း EPC ရုံးအား ဗုံး ၂လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးသည့်နောက်ပိုင်း ယခုလုပ်ရပ်များရပ်နားခဲ့ရာမှ ယခုပြန်လည် လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

Show More

Related Articles

Back to top button