ဆယ်ဇင်းဘက် ပြန်သည့် PDF ၄ ဦး ဟိုပင်တွင် ဖမ်းခံရပြီး လက်နက်ခဲယမ်းအချို့ ပါသွား
,
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC စေတနာ့ဝန်ထမ်း ဆရာမ ၂ ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရသည့်အမှု ၅နှစ်ကြာသော်လည်း မျက်မြင်သက်သေများ၏ ထွက်ဆိုရန် စိုးရိမ်ကြောက်စိတ်များရှိနေသဖြင့် ယနေ့ချိန်ထိ အမှုမှန်မပေါ်ဘဲ ကြန့်ကြာနေခြင်းဟု KBC ဥက္ကဌ ပြောပါသည်။ ဇန်နဝါရီလ ၁၉ရက်နေ့ မြစ်ကြီးနား ဂျော်ဘွမ်ဆုတောင်းတောင်တွင် ပြုလုပ်ခဲ့သည့် ဆရာမ တန်ဘောင်ခေါင်နန်စင် နှင့် ဆရာမ မရန်လုရာတို့ ၂ ဦး၏ (၅)နှစ်ပြည့် အောက်မေ့ လွမ်းဆွတ်ဖွယ် ဆုတောင်းပွဲ အခမ်းအနားတွင်
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ စေတနာ့ဝန်ထမ်း ကျောင်းဆရာမ နှစ်ဦးအတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ကချင်ပြည်သူ လူထုများကလည်း ဝမ်းနည်းခြင်း ဆုတောင်းပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၅ ရက်တွင် ကျင်းပကာ အမှုမှန်ဖော်ထုတ်ရန် တောင်းဆိုလိုက်သည်။ (more…)
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)၏ ပညာရေးဌာနမှ သာသနာပြုနေသည့် ကချင်ကျောင်းဆရာမ နှစ်ဦး အဓမ္မပြုကျင့်ခံရ၍ သတ်ဖြတ်ခံရမှုကို တရားမျှတမှုနှင့် အမှုမှန်ပေါ်လွင်၍ ထိရောက်စွာ အရေးယူပေးရန်နှင့် ယခု ဖြစ်ပွားမှုအပေါ် အစိုးရအပေါ် တာဝန်ရှိသည်ဟု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမြအေးက ပြောဆိုခဲ့သည်။ (more…)
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် နမ့်တောင်းကျေးရွာအုပ်စု ကောင်းခါးကျေးရွာတွင် ကချင်ကျောင်းဆရာမနှစ်ဦး အဓမ္မပြုကျင့်ခံရ၍ သေဆုံးခဲ့မှုနှင့် ပတ်သက်၍ ဆေးစစ်ချက်များထုတ်ပြန်ခြင်းမရှိသေးဘဲ အစိုးရ ရဲတပ်ဖွဲ့က စစ်ဆေးမှုများ စတင်နေပြီ ဖြစ်ကြောင်း သိရသည်။ (more…)
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆန်းမြို့နယ် နမ်တောင်းကျေးရွာအုပ်စု ကောင်းခါးကျေးရွာတွင် အသက် ၂၀ နှစ်အရွယ် နှင့် အသက် ၂၁ နှစ်အရွယ်ရှိ စေတနာ့ဝန်ထမ်း ကျောင်းဆရာမ ၂ ဦးတို့ကို ဇန်နဝါရီလ ၁၉ ရက်ညက အစိုးရ စစ်တပ်မှ အဓမ္မပြုကျင့် သတ်ခံခဲ့သည်ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) နှင့် ကောင်ခါးကျေးရွာ အုပ်ချုပ်ရေးမှူးတို့က ပြောသည်။ (more…)