KIA တပ်မဟာ ၈ ဗုံးကျဲတိုက်ခိုက်ခံရပြီး KIA နှင့် PDF သေဆုံးမှု များပြားဟူသော သတင်းအမှားတစ်ပုဒ် ထပ်ပြန့်နေ

မိုးညှင်းမြို့နယ် KIA တပ်မဟာ ၈ ဌာနချုပ်ကို စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်နေ့ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့် KIA ၏ လက်နက်တိုက်များ ပေါက်ကွဲဖျက်ဆီးခဲ့ပြီး KIA နှင့် PDF တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု များပြားခဲ့သည်ဟူသော သတင်းအမှားတစ်ပုဒ်ကို ထပ်မံ ပြန့်နှံနေသည်ကို တွေ့ရသည်။ အဆိုပါအကြောင်းအရာကို Manaw Myay ဖေ့စ်ဘုတ် စာမျက်နှာတွင် ဩဂုတ်လ ၂၆ ရက်နေ့က ရေးသားဖော်ပြထားပြီး လက်ရှိအချိန်တွင် ပြန်လည် မျှဝေသူ ၂၁၁ ခု ရှိနေပြီ ဖြစ်သည်။ ဖော်ပြထားသော အကြောင်းအရာတွင် “ဗုံးကြဲတိုက်ခိုက်မှုအတွင်း KIA ဘက်မှ လက်နက်ခဲယမ်းတိုက် တလုံး၊