,
ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၃ တပ်ရင်း ၂၇ ထိန်းချုပ် နယ်မြေ မန်ဝင်းကြီးဒေသဘက် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA မှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးခေါင်းစဉ်ဖြင့် အင်အားအလုံးရင်း ဝင်ရောက်လာပြီးနောက် နှစ်ဖက်အခြေအနေ တင်းမားမှုများဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ TNLA တပ်တွေကို ရွှေလီမြစ်အရှေ့ဘက်ခြမ်း နမ့်ခမ်းမြို့နယ်ဘက်ကို ပြန်လည်ဆုတ်ခွာဖို့ KIA ဘက်က ပြောဆိုနေသလို၊ TNLA ဘက်ကလည်း ၎င်းတို့လုပ်ဆောင်ရမယ့်တာဝန်ကို KIA က နားလည်မှု၊ အသိအမှတ်ပြုမှုဖြင့်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲ၊ မုံးပေါ်ဒေသ၊ နမ့်ခေါင်တောင်ကြောအနီးတွင် စစ်ကောင်စီတပ်နဲ့ KIA, MNDAA ပူးပေါင်းအဖွဲ့ တို့အကြား ဇွန်လ ၁ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်ခန့်မှစကာ လက်ရှိချိန်ထိတိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိပါသည်။ "ကိုးကန့်နဲ့ KIA တပ်မဟာ ၆၊ တပ်ရင်း ၃၆ ပေါင်းတယ်။ နမ့်ခေါင်ဘက်က ရွာတွေဘက်ပဲ။ စစ်တပ်ဘက်က တပ်မ ၉၉ အင်အား ၁၅၀ ခန့်
ကချင်ပြည်နယ် တနိုင်းမြို့နယ် တခက်ကျေးရွာတွင် ကန့်သတ်အချိန် ကျော်လွန်ပြီး မောင်းနင်းလာသော သုံးဘီးကား ၃ စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့က ယမန်နေ့ည ၈ နာရီဝန်းကျင်ခန့်တွင် မီးရှို့ ဖျက်ဆီးပေးလိုက်ကြောင်း သတင်းရရှိပါသည်။ အဆိုပါ သုံးဘီးကား ၃ စီးသည် တနိုင်းမြို့ဘက်မှ ရှင်ဗွေယန်ဘက်သို့ ည ၈ နာရီခွဲဝန်းကျင်ခန့်တွင် မောင်းနင်းလာခဲ့ရာ တခက် နှင့် ခလုန်းကျေးရွာ ၂ခုကြားတွင် မီးရှို့ဖျက်ဆီးပေးလိုက်ခြင်းဖြစ်သည်ဟု ထိုဒေသရှိ KIA
တနိုင်း လီဒိုလမ်းမပေါ် ရှဒူးဇွပ် KBC စစ်ရှောင်စခန်းပြည်သူများသည် လက်ရှိစခန်းတွင် နေထိုင်ရန်ခက်ခဲလာသောကြောင့် နေရာအသစ်တွင် ပြောင်းရွေ့နေထိုင်ရန်အတွက် ဆောက်လုပ်ရေး လုပ်ငန်းများ စတင်နေပြီဟု သိရသည်။ ဧပြီလ ၂၉ ရက်နေ့မှစတင်ပြီး ပြန်လည်ရွေ့ပြောင်းနေထိုင်မည့် မြေနေရာတွင် ပန္နက်ရိုက် ဆုတောင်းပွဲပြုလုပ်ကာ အဆောက်အဦးများ စတင်ဆောက်လုပ်နေပြီဖြစ်သည်ဟု စစ်ရှောင်တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။ “၂၉ ရက်နေ့ နံနက်ပိုင်းမှာဘဲ ဆုတောင်းပြီး လုပ်ငန်း စတင်နေပြီ။ ရရှိထားတဲ့ငွေပမာဏနဲ့ ရသလောက်အရင်ဆောင်သွားဖို့ စီစဉ်ထားတယ်။
KIO ဗဟိုဌာနချုပ်နဲ့ နီးတဲ့ ဖလပ်ဘွမ်ဘက်ကို စစ်ကောင်စီတပ်တွေဟာ လမ်းဖောက်စက် ယန္တရားတွေနဲ့အတူ တက်လာတာကြောင့် မတ်လ ၁၂ ရက်နေ့ ညနေပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားလာတာ ဖြစ်ပါတယ်။ (more…)
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ခိုင်တံတားနှင့် နမ့်ခမ်းတို့တွင်ရှိသည့် စစ်ကောင်စီစခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ တပြိုင်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ရှေ့တန်းသတင်းနှင့် ဒေသခံများထံမှ သိရသည်။ ယနေ့ ဖေဖော်ဝါရီ ၁ နံနက်ပိုင်း ၈ နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့ စစ်ကောင်စီတပ်၏ ဗျူဟာကုန်း၊ နမ့်ခမ်းစစ်ကောင်စီတပ်နှင့် နမ့်ခိုင်တံတားစောင့်တပ် တို့ကိုလည်း တပြိုင်ထဲ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရှေ့တန်း သတင်း ရင်းမြစ် တစ်ဦးက ပြောသည်။ "ကွတ်ခိုင် ခလရ ၂၄၁
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် စီပိန်းရွာ မှ နန့်စီးအောင်ဘက်သို့ တက်လာသော စစ်ကောင်စီကား ၂ စီးအား ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အင်းတော် PDF (I.PDF)တို့မှ ဇန်နဝါရီလ ၂၁ ရက်နေ့ ၆နာရီဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က သုံးပွင့်ဗိုလ်တစ်ဦး အပါအဝင်စုစုပေါင်း ၁၁သုံးသေဆုံးခဲ့ကြောင်း အင်းတော် PDF မှ သိရသည်။ “စစ်ကောင်စီဘက်က အင်အားလေးဆယ်လောက်ပါလာတယ်။ မော်လူးနှင့် ပေကုန်းရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာ ဆယ့်တစ်ယောက်ကျတယ်။ ဒဏ်ရာရတာ
တနိုင်းမြို့တွင် မတရားအသင်းဆက်သွယ်မှုဖြင့် ထောင်ဒဏ် ၂ နှစ်စီချမှတ်ခံရသော အသက် ၂၀ ဝန်းကျင်အရွယ်လူငယ်များကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် မြစ်ကြီးနားထောင်သို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။ အဆိုပါ ကချင်လူငယ် ၂၁ဦးကို တနိုင်းမှ မြစ်ကြီးနားအကျဉ်းထောင်သို့ ကားလမ်းဖြင့်ပို့ဆောင်ရန် လုံခြုံမှုမရှိသောကြောင့် ဇန်နဝါရီလ ၂၂ ရက်နေ့က ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း လူငယ်တစ်ဦး၏ မိသားစုဝင်တစ်ဦးက KNG ကို ယခုလိုပြောသည်။ “မနေ့က ရဟတ်ယာဉ်နဲ့ ၁၂ယောက်ကို မြစ်ကြီးနားအကျဉ်းထောင်ကိုပို့လိုက်တယ်လို့ သိရတယ်။
KIA တပ်မဟာ ၂ နယ်မြေမှ ထွက်လာချိန် တနိုင်းမြို့တွင် ဖမ်းဆီးခံလိုက်ရသည့် ကချင်လူငယ် ၂၉ ဦးအနက် အသက်မပြည့်သူများကို ပြန်လွတ်ပေးခဲ့ပြီး အသက်ပြည့်သူများကို ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ လူငယ် ၂၉ ဦးမှာ ပြီးခဲ့သောနှစ် ၂၀၂၁ မေလ ၁၅ ရက်နေ့ တနိုင်းမြို့ဝင် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီးနောက် တရားရင်ဆိုင်ခဲ့ကြရာ ၇ လကြာပြီးနောက် ဒီဇင်ဘာလ ၉ရက်နေ့တွင်
တနိုင်း လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာအနီးရှိ ပြည်သူ့စစ်အဖွဲ့ စိုးမိုးကာ အကျိုးအမြတ်ရနေသော ရွှေတူးဖော်ရေးလုပ်ငန်းအားလုံးကို အောက်တိုဘာ ၁၅ ရက်နေ့မှစတင်ကာ ရပ်ဆိုင်းလိုက်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA က ညွန်ကြားထားသည်ဟု သိရသည်။ (more…)