KIO

  • Sep- 2024 -
    11 September
    သတင်း

    KIO ထိန်းချုပ်ထားတဲ့ ဆင်ဘိုမြို့ မှာ ကိုယ်ထူကိုယ်ထကျောင်း ၇ ကျောင်းဖွင့်လှစ်ထား

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ထားတဲ့ ဆင်ဘိုမြို့ မှာ ကိုယ်ထူကိုယ်ထကျောင်းတွေကို ဖွင့်လှစ်သင်ကြားနေပြီဖြစ်တယ်လို့ ဆင်ဘိုဒေသခံပြည်သူတွေက KNG ကို ပြောပါတယ်။ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေကအထက်တန်းကျောင်းတစ်ကျောင်းအပါအဝင် မူလတန်းနဲ့အလယ်တန်းစုစုပေါင်း  ၇ ကျောင်းထိရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နိုင်ငံရေး အခြေအနေတွေကြောင့် စာသင်ကြားပေးနေတဲ့ ဆရာ/မတွေ ပြောင်းရွေ့သွားကြတဲ့အတွက် KIO ပညာ‌ရေးဌာနအောက်က ဆရာ/မအချို့နဲ့ ဒေသခံစေတနာ့ဝန်ထမ်း ဆရာ/မတွေက  ဆက်လက်သင်ကြားပေးနေတယ်လို့ ဆရာမတစ်ဦးက ပြောပါတယ်ဆိုပါတယ်။ “များသောအားဖြင့်လူငယ်တွေပိုများတာပေါ့ ဒီဒေသထဲက ဆယ်တန်းအောင်ထားတဲ့သူတွေ တက္ကသိုလ်တက်နေတဲ့သူတွေ ပြီးတော့လောလောဆယ်သူတို့ကို သင်တန်းတွေပေးဖို့လဲ အဆင်မပြေသေးတော့ သူတို့အနေနဲ့ အွန်လိုင်းပလက်ဖောင်းတွေကနေလေ့လာပြီး သင်ပေးနေတာပေါ့”လို့ ပြောပါတယ်။ အထက်တန်းကျောင်းအပါအဝင် ကျောင်းပေါင်း ၇ ကျောင်းရှိတဲ့ထဲမှာ အထက်တန်းကျောင်းမှာတက်ရောက်နေတဲ့ကျောင်းသား၊သူ ၃၀၀ ကျော်ရှိပြီး၊ စာသင်ကြားပေးနေတဲ့ ဆရာ၊မ ၁၀ ဦးကျော်ရှိတယ်လို့ သိရပါတယ်။ ကိုယ်ထူကိုယ်ထကျောင်းတွေအားလုံးမှာ သင်ရိုးဟောင်းအတိုင်းသင်နေတာဖြစ်ပြီး KIO ပညာရေးဌာနက ရေးဆွဲထားတဲ့ သင်ရိုးအသစ်ကိုတော့မသင်ကြားနိုင်သေးဘူးလို့ ပြောပါတယ်။ ဒါ့အပြင် တစ်ဖက်မှာ ဒေသခံတွေက ကိုယ်ထူကိုယ်ထဖွင့်လှစ်ထားတဲ့ကျောင်းဖြစ်တဲ့အတွက် လိုအပ်ချက်တစ်ချို့တော့ ရှိနေသေးတယ်လို့ ဆက်ပြောပါတယ်။ “အဓိကတော့ ကျွန်မတို့က ငွေရေးကြေးရေးလိုအပ်နေတာပေါ့ အခုလောလောဆယ်က ဒီမှာ လိုအပ်တဲ့ကျောင်းသုံးပစ္စည်းတွေက မရှိနေတော့ သင်ကြားတဲ့နေရာမှာ အခက်အခဲတွေဖြစ်နေတာ‌ပေါ့” လို့ ဆိုပါတယ်။ KIO ပညာရေးဌာနဘက်ကနေပြီးတော့ လိုအပ်တဲ့အရာတွေကို လာရောက်စစ်ဆေးသွားပြီး မကြာခင်ကူညီပေးဖို့ ပြင်ဆင်နေတယ်လို့လည်း ဆိုပါတယ်။ ဆင်ဘိုမြို့ ဒေသခံပြည်သူတွေဟာ လယ်ယာလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်နေကြပြီဖြစ်ပေမယ့်လည်း  တစ်ဖက်မှာတော့ စစ်ကောင်စီရဲ့လေကြောင်းရန်ကိုတော့ စိုးရိမ်နေရသေးတယ်လို့ ဆင်ဘိုမြို့ ရွာလူကြီးတစ်ဦးက ခုလိုပြောပါတယ်။ “အခုဒီမှာတော့ တခြားတော့ မစိုးရိမ်ရပေမယ့် ပြည်သူတွေက လေယာဉ်ဘဲကြောက်နေရတယ် အမြဲတမ်းနေ့ရောညရော ပျံသန်းနေတာဆိုတော့“လို့ ပြောပါတယ်။ ဆင်ဘိုမြို့ကို ကေအိုင်အေနဲ့PDFပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် ‌ဧပြီ ၂၉ ရက်နေ့မှာ တိုက်ခိုက်သိမ်းယူထားတာဖြစ်ပြီး အုပ်ချုပ်ရေးယန္တယားတွေလည်း စတင်လည်ပတ်နေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆင်ဘိုမြို့မှာ ရွာပေါင်း ၁၃ ရွာနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး အိမ်ခြေတစ်ထောင်ကျော်ရှိတဲ့ မြို့တစ်မြို့ဖြစ်သလို ကချင်၊ ဗမာ၊ရှမ်း စတဲ့ တိုင်းရင်းသားတွေနေထိုင်ကြပြီး ရှမ်းနီတိုင်းရင်းသားတွေကတော့ အများစုဖြစ်ပါတယ်။ By –…

    Read More »
  • 4 September
    သတင်း

    KIO  ထိန်းချုပ်နယ်မြေတစ်ချို့မှာ ဘတ်စ်ကားလိုင်း စတင်ပြေးဆွဲနေ

    မြစ်ကြီးနား–ဗန်းမော်ကားလမ်းတစ်လျှောက် KIO ထိန်းချုပ်နယ်မြေမှာ ဘတ်စ်ကားလိုင်း စပြေးဆွဲနေပြီဖြစ်တယ်လို့  KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ ခုလိုဘတ်စ်ကားပြေးဆွဲရတာဟာ KIO အစိုးရကနေပြီးတော့ သွားရေး၊လာရေး အခက်ကြုံနေကြတဲ့ အရပ်သားပြည်သူတွေ၊စစ်ရှောင်ပြည်သူတွေအတွက် ရည်ရွယ်တာဖြစ်တယ်လို့ ကေအိုင်အိုသတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ခုလိုပြောပါတယ်။ “ပြည်သူတွေအနေနဲ့ ကိုယ်ရဲ့နေရာဒေသတွေဆီ မပြန်နိုင်သေးဘူးပေါ့ ဒါပေမယ့်လည်း လယ်ယာစိုက်ခင်းတွေကိုတော့ ကိုယ့်ဒေသမှာဘဲလုပ်ကြနေကြတာဆိုတော့ သွားလာရေးအတွက် ကျွန်တော်တို့ KIO အစိုးရကနေပြီးတော့ တက်နိုင်သလောက်ထောက်ပံ့ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်လုပ် ဘတ်စ်ကားတွေကို စီစဉ်ပေးတာပါ”လို့ ပြောပါတယ်။ ဘတ်စ်ကားလိုင်းပြေးဆွဲတာကိုတော့ မနေ့က(စက်တင်ဘာ၂ရက်နေ့)ကနေ စတင်လုပ်ဆောင်နေတာဖြစ်ပြီး  လိုင်ဇာ– မြစ်ကြီးနားသွားလမ်းတစ်လျှောက်မှာရှိတဲ့ ဂန်ဒေါင်ယန်ထိ နှစ်ထောင့်ငါးကျပ် (၂၅၀၀) နဲ့ ဂါးရာယန်ထိ ကျပ် ငါးထောင်ကျပ်(၅၀၀၀)အပြင် လိုင်ဇာကနေ ဗန်းမော်သွားလမ်းတစ်လျှောက်မှာရှိတဲ့ ဒေါ့ဖုန်းယန်ထိ ကျပ် နှစ်ထောင့်ငါးရာ(၂၅၀၀)နဲ့ မြို့သစ်ကုန်းလောထိ ကျပ် ငါးထောင်(၅၀၀၀)ထိအသီးသီးကျသင့်မှာဖြစ်တယ်လို့ ဩဂုတ်လ ၃၀ ရက်နေ့ ထုတ်ပြန်ချက်မှာ‌ဖော်ပြထားပါတယ်။ ဒါ့အပြင် ဘတ်စ်ကားခက ဈေးသက်သာတဲ့အတွက် အရပ်သားပြည်သူတွေသာမက KIO အစိုးရအောက်က ဝန်ထမ်းတွေအားလုံးလည်း ကားခပေးဆောင်ရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အလားတူဘဲ ဆန်၊စပါး၊ပဲအမျိုးမျိုး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊နန်း၊ ဂျင်း၊ အားလူးစတဲ့ ပစ္စည်းတစ်အိတ်ကို ကျပ် နှစ်ထောင် (၂၀၀၀) ကျသင့်မှာ ဖြစ်ပြီး စားဆီ၂၅လီတာတစ်ဗူးကို တစ်ထောင်ကျပ်နဲ့ ဟင်းသီးဟင်းရွက်တစ်အိတ်ကို ၅၀၀ ထိကျသင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ခုလိုဈေးနှုန်းချိုသာစွာနဲ့ ဘတ်စ်ကားပြေးဆွဲပေးတာကြောင့် ပြည်သူတွေရဲ့ သွားလာရေးအတွက် အကုန်အကျသက်သာပြီး ပိုမိုအဆင်ပြေလာတယ်လို့ လိုင်ဇာဒေသခံအမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။ “လမ်းစရိတ်တွေလည်း အရမ်းဈေးကြီးနေတယ် အခုအချိန်က ကိုယ်က ဆိုင်ကယ်မရှိ ကားမရှိဆိုတော့ သွားလာလို့မရ ငှားရအောင်လည်း မလွယ်တော့ အခုလို ဘတ်စ်ကားတွေ စီစဉ်လုပ်ပေးတော့ အကုန်လုံးက အရမ်းဝမ်းသာနေကြတယ်”လို့ ဆိုပါတယ်။ ပုံမှန်အားဖြင့် လိုင်ဇာမြို့ကနေ မြစ်ကြီးနားအသွားအပြန်ကို ၆ သိန်းဝန်းကျင်လောက် ကုန်ကျတာဖြစ်ပေမယ့်လည်း ခုလို လိုင်ဇာ–မြစ်ကြီးနားသွားလမ်းတစ်လျှောက် ဘတ်စ်ကားပြေးဆွဲပေးတဲ့အတွက် အရပ်သားပြည်သူတွေအတွက် သွားလာရေးစရိတ်ပိုမို ချွေတာလာနိုင်တာဘဲ ဖြစ်ပါတယ်။  လက်ရှိကားလမ်းပြေးဆွဲတဲ့ အချိန်တွေကိုတော့ မနက် ၇ နာရီခွဲအချိန် ဂါးရာယန်၊ ညနေပိုင်း ၁ နာရီမှာတော့ မြို့သစ်ကုန်းလော သတ်မှတ်ထားတာဖြစ်ပြီး လုံခြုံမှုရှိတဲ့နေရာတွေမှာသာ ပြေးဆွဲနေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIA ပူးပေါင်းတပ်တွေဟာ အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း  နယ်စပ်ကုန်သွယ်မြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့အပြင် မြို့ ၉ မြို့ကို သိမ်းပိုက်ထားပြီး စစ်တပ်စခန်း ၂၀၀ ကျော်သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။ ဒါ့အပြင် သိမ်းပိုက်ထားတဲ့ မြို့ရွာတွေမှာလည်း အုပ်ချုပ်ရေးယန္တရားစပြီးလည်ပတ်နေပြီဖြစ်ပါတယ်။ By – Hope

    Read More »
  • 4 September
    သတင်း

    KIO ထိန်းချုပ်ထားတဲ့ မြစ်ဆုံအထက် အင်ဂျန်းယန်ဒေသမှာ ရွှေအလွန်အကျွံတူးဖော်လာ

    ၂၀၂၃ ခုနှစ် နိုဝင်ဘာလ စစ်ကောင်စီထွက်သွားပြီးနောက် အင်ဂျန်းယန်ဒေသအလုံးစုံကို KIA ထိန်းချူပ်လိုက်တဲ့ ၉ လအတွင်း အင်ဂျန်ယန်မြို့တွင်းထိ ရွှေတူးတာတွေလုပ်နေကြတယ်လို့ ဒေသခံတွေပြောပါတယ်။

    Read More »
  • Aug- 2024 -
    8 August
    သတင်း

    KIO ထိန်းချုပ်နယ်မြေ နေရာ ၄ ခုမှာ  စစ်တပ်က ဗုံးကြဲတိုက်ခိုက်

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့အနီးတဝိုက် နေရာ ၄ ခုမှာ စစ်တပ်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်နဲ့ ဘုရားကျောင်းဆောင် ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ KIO ပြောပါတယ်။ စစ်ကောင်စီဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ နေရာတွေဟာ မိုင်ဆပ်ပါ(Mai sak Pa)၊ မုန်လိုင်ခက်(Munglai Hkyet) ၊ မြို့သစ်(Myo Thit) နဲ့ ကုန်းလော(Kunglaw) နေရာတွေဖြစ်ပြီး  ဩဂုတ်လ ၇ ရက်ည ၁၂ နာရီဝန်းကျင်မှာ တစ်ပြိုင်နက်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “မနေ့ည ၁၂ နာရီနဲ့ ၁ နာရီကြားမှာပဲ လေယာဉ်က Y – 12 အမျိုးအစားလို့ထင်ရတယ်။ လိုင်ဇာမြို့အနီး ပတ်ပတ်လည်ကို ဗုံးကြဲတိုက်ခိုက်သွားတယ်။ မိုင်ဆပ်ပါမှာက ကချင် KBC ဘုရားကျောင်းဝင်းမှာလည်း ဗုံးကြဲပေးတယ်။ ဘုရားကျောင်းဝင်းအတွင်း ထိခိုက်ပျက်စီးမှုရှိတယ်။ ပြီးရင် အဲ့ဒီအနီးတဝိုက်က ပြည်သူနေအိမ်တစ်လုံးမှာလည်း ဗုံးကျလို့ အိမ်ပျက်စီးသွားတယ်။ အဲထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက် ထိခိုက်မှုရှိခဲ့တယ်”လို့ပြောပါတယ်။ မိုင်ဆပ်ပါကျေးရွာထဲ ပစ်ခတ်ခံရမှုမှာ ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်းဝင်းထဲ လေယာဉ် ဗုံး ၃ လုံးကျမှန်ပေါက်ကွဲခဲ့တာကြောင့် ဘုရားကျောင်းဆောင်ထိခိုက်ပျက်စီးမှုရှိခဲ့သလို ဘုရားကျောင်းအနီးမှာရှိတဲ့ နေအိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးသွားတယ်လို့ပြောပါတယ်။ KBC ဘုရားကျောင်းအနီး နေအိမ်တစ်လုံး ထိခိုက်ပျက်စီးမှုရှိခဲ့တဲ့ထဲမှာ အသက် ၂၀ ခန့်ရှိတဲ့ မလန့်ခေါန်နန်(Malan Hkawn Nan) ဆိုတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ ညာဘက်ခြမ်း ခြေထောက်တစ်ဖက် ဗုံးစထိမှန်ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ မိုင်ဆပ်ပါကျေးရွာ KBC ဘုရားကျောင်းနေရာကို ပစ်မှတ်ထား ပစ်ခတ်သွားတာဖြစ်တယ်လို့သိရပြီး လေယာဉ်ဗုံး ၁၀ လုံးထက်မနည်း ကျမှန်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် မိုင်ဆပ်ပါကျေးရွာကို ပစ်ခတ်မှုအပြီး နာရီပိုင်းအတွင်းမှာ လိုင်ဇာမြို့ပေါ်ဘက်ကို လှည့်ပတ်ပျံသွားပြီး မုန်လိုင်ခက်ကျေးရွာကိုလည်း ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။ တစ်ဆက်တည်း မိုင်ဆပ်ပါနဲ့ မုန်လိုင်ခက် ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်သွားပြီး နာရီဝက်အကြာ ဩဂုတ်လ ၈ ရက်နေ့ မနက်ပိုင်း ၁ နာရီဝန်းကျင် မြို့သစ်၊ ကုန်းလောဘက်ကိုလည်း ထပ်ပြီးဗုံးကြဲတိုက်ခိုက်သွားတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက ထပ်မံပြောဆိုပါတယ်။…

    Read More »
  • Jul- 2024 -
    19 July
    ပညာရေး

    KIO ထိန်းချုပ်ထားတဲ့ ဖားကန့် ဟောင်ပါးအုပ်စုမှာ အခြေခံပညာစာသင်ကျောင်းပေါင်း ၂၀ ကျော်ဖွင့်ထား

    ကချင်ပြည်နယ် ဖားကန့်မြိို့နယ်  KIO ထိန်းချုပ်ထားတဲ့ ဟောင်ပါးကျေးရွာအုပ်စုမှာ အခြေခံပညာရေးစာသင်ကျောင်းပေါင်း ၂၀ ကျော်ဖွင့်ထားတယ်လို့ ရပ်ကျေးတာဝန်ခံတွေဆီကနေ သိရပါတယ်။ KIA|KPDF သိမ်းပိုက်ထားတဲ့ ဟောင်ပါးကျေးရွာအုပ်စုထဲက တာမခံ၊ခိုမ၊ဟွေဆိုင်း၊ နတ်ရေတောင်၊ရွှေတောင်ကျော်၊နန့်ပါဟုတ်၊ နန့်စပိန်း စတဲ့ကျေးရွာတွေမှာ ကျောင်းပေါင်း ၂၀ ကျော်အထိဖွင့်လှစ်ထားနိုင်ပြီလို့ တာမခန်ကျေးရွာ အရပ်ဘက်အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။  “ဖွင့်တယ်ကျောင်းတွေအားလုံး ဇွန်လ ၅ရက်နေ့ကနေစပြီးအားလုံးဖွင့်တယ် စုစုပေါင်းဆိုရင်ကျောင်းပေါင်း ၂၃ ကျောင်းလောက်ရှိမယ် အုပ်စုထဲမှာပေါ့။ ဒီတာမခံအထက်တန်းကျောင်းကတော့ ဒေသကျောင်းကော်မတီနဲ့ ရပ်မိရပ်ဖတွေနဲ့ကျောင်းသားမိဘတွေပေါင်းပြီးဖွင့်တာ ကော်မတီကျောင်း”လို့ သူကပြောပါတယ်။ လက်ရှိဖွင့်ထားတဲ့ကျောင်းတွေအားလုံး KIO ရဲ့ထိန်းချုပ်မှုအောက်မှာရှိပြီး NUG နဲ့ချိတ်ဆက်တဲ့ကျောင်း၊ ရပ်ကျေးနဲ့ကျောင်းသားမိဘတွေပေါင်းပြီးဖွင့်ထားတဲ့ကျောင်း၊ KIO တိုက်ရိုက် သင်ကြားတဲ့ကျောင်းဆိုပြီး ကျောင်းအမျိုးအစားသုံးမျိုးရှိတယ်လို့ အထက်ဖော်ပြပါတာဝန်ရှိသူက ဆက်ပြောပါတယ်။  “ကျောင်းကပုံစံက သုံးမျိုးကွဲနေတာ  NUG ကျောင်းရှိတယ် KIO ပညာရေးကျောင်းရှိတယ် ပြီးတော့ ခုနပြောတဲ့ ဒေသကော်မတီတွေကဦီးဆောင်ဖွင့်တဲ့ဒေသပညာရေးကော်မတီကျောင်းတွေရှိတယ် ဒါပေမယ့်သင်ရိုးအားလုံးက နဂိုသင်းရိုးတွေပဲ”လို့သူကဆက်ပြောပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ NUG အစိုးရနဲ့တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်တဲ့ NUG ကျောင်း၊ ဒေသကော်မတီကတိုက်ခိုက်စီမံခန့်ခွဲတဲ့ ဒေသပညာရေးကော်မတီကျောင်းနဲ့ KIO ကတိုက်ရိုက်စီမံတဲ့ KIO ပညာရေးကျောင်းသုံးမျိုးထဲမှာ အများပိုင်းက ဒေသပညာရေးကော်မတီကျောင်းတွေဖြစ်ပြီး ကျောင်းအားလုံး KIO ရဲ့ ထောက်ပံ့မှုအောက်မှာရှိတယ်လို့ သိရပါတယ်။ လက်ရှိဖွင့်လှစ်နေတဲ့ကျောင်းပေါင်း ၂၃ ကျောင်းထဲမှာ တက်ရောက်နေတဲ့ကျောင်းသားကျောင်းသူပေါင်း ၅၀၀၀ ကျော်၊သင်ကြားရေးဆရာ ဆရာမပေါင်း ၂၀၀ ဝန်းကျင်ရှိပြီး မူလတန်း နဲ့အလယ်တန်းအဆင့်အတွက်သင်ကြားရေးပိုင်းမှာ အဆင်ပြေပေမယ့်် grade 11 နဲ့ Grade 12  အတွက် သင်ကြားရေးပိုင်းမှာ အတိုင်းတာတစ်ခုထိရောက်ဖို့ လိုအပ်ချက်တွေရှိနေတယ်လို့ ဟောင်ပါးကျေးရွာနေအထက်တန်းကျောင်းသားမိဘတစ်ဦးက KNG ကိုပြောပါတယ်။  “ကျွန်မတို့ဟောင်ပါးမှာက NUG ကျောင်းနဲ့ ဒေသကော်မတီကျောင်းရှိတယ် ကျွန်မကလေးကိုက ဒေသကော်မတီကျောင်းမှာထားတယ်။ သင်ကြားရေးပိုင်းတော့သိပ်အားမရဘူး အထက်တန်းပိုင်းမှာပေါ့လေ အခု Grade 12 ကသင်ကြားရေးမှာက ကျောင်းမပီးသေးတဲ့ဘွဲ့မရသေးတဲ့နှစ်ယောက်ပါတော့ လိုအပ်ချက်တွေရှိနေတယ်”လို့ ပြောပါတယ်။  လက်ရှိ သင်ကြားပေးနေတဲ့ကျောင်းတွေမှာ CDM ကျောင်းဆရာ/မ တွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ KIO ကတိုက်ရိုက်ချပေးတဲ့သင်ကြားရေးဆရာ ဆရာမတွေနဲ့ သင်ကြားပေးနေပြီး တစ်ချို့ကျောင်းတွေမှာဆရာ/မ မလုံလောက်မှုတွေရှိနေတယ်လို့သိရပါတယ်။  ဖားကန့်မြို့နယ်ထဲက အထက်ဖော်ပြပါကျေးရွာတွေအပါအဝင်ဖားကန့် ကာမိုင်းလမ်းပိုင်းထဲက နန့်ယား၊ နန့်တိန်းကျေးရွာတွေမှာ ဒီနှစ်ဖေဖော်ဝါရီလနောက်ပိုင်းကစလို့ KIA/KIO ထိန်းချုပ်မှုအောက်ရောက်သွားခဲ့တာ ဖြစ်ပြီး နန့်ယား နန့်တိန်းအုပ်စုတွေမှာလည်း KIO ကျောင်းတွေ အများအပြားဖွင့်လှစ်နေပြီဖြစ်ပါတယ်။  ဒါ့အပြင် ဖားကန့်မြို့နယ်ထဲမှာ ၂၀၂၂ –၂၀၂၃ ခုနှစ် ပညာ သင်နှစ်မှာ NUG စာသင်ကျောင်းတွင်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသားကျောင်းသူ ၆၀၀၀ ဝန်းကျင်ရှိခဲ့တယ်လို့သိရပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့  KIO ထိန်းချုပ်နယ်မြေအသစ်တွေမှာ ၂၀၂၄– ၂၀၂၅ ခုနှစ်…

    Read More »
  • Jun- 2024 -
    19 June
    သတင်း

    ဖားကန့်ဒေသ KIO ဖွင့်လှစ်ထားတဲ့ ကျောင်းတွေမှာ ကျောင်းဆရာ၊ ဆရာမ လုံလောက်မှုမရှိဖြစ်နေ

    ဖားကန့်မြို့နယ်ထဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ် သိမ်းပိုက်ထားပြီဖြစ်တဲ့ ကျေးရွာနေရာတွေမှာ စာသင်ကျောင်းတွေဖွင့်လှစ်ထားပေမယ့် စာသင်ကြားပေးမယ့် ဆရာ/ဆရာမ လုံလောက်မှုမရှိတဲ့ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီကနေ ဖားကန့်သွားလမ်း နန့်ယား၊ နမ်တိန့်နဲ့ ဟောင်ပါးအုပ်စု တာမခံကျေးရွာတွေကို KIA…

    Read More »
  • 7 June
    သတင်း

    KIO ထိန်းချုပ်နယ်မြေမှာ အခြေခံစာသင်ကျောင်း ၂၀၀ ကျော်ထပ်မံတိုးချဲ့

    ကချင်လွတ်လပ်ရေးအဖွဲ့  KIO ထိန်းချုပ်နယ်မြေအသစ်တွေမှာ အခြေခံပညာစာသင်ကျောင်းပေါင်း ၂၀၀ ကျော်ကို ယခုနှစ် ထပ်မံတိုးချဲ့ဖွင့်လှစ် ထားတယ်လို့ KIO  ပညာရေးဌာနကနေ သိရပါတယ်။ KIO အစိုးရ သိမ်းပိုက်ရရှိထားတဲ့နေရာဒေသတွေမှာ စာသင်ကျောင်း ပေါင်း ၁၀၀၀ ဝန်းကျင်လောက်ရှိနေပေမယ့်လည်း လုံခြုံရေးအရ ကျောင်းပေါင်း ၂၀၀ ကျော်သာ ဖွင့်လှစ်နိုင်သေးတာဖြစ်ပြီး ကျောင်းတွေတိုးချဲ့ဖွင့်လှစ်ရတာလို့ KIO ပညာရေးဌာန ဒုတာဝန်ခံ ဆရာကြီး မလန်ဘရန်တောင်( Malang Brang Tawng) က KNG ကို ပြောပါတယ်။ “ကျွန်တော်တို့တိုင်းပြည်မှာရှိတဲ့ ကလေးတွေအနေနဲ့ ပညာသင်ယူရမယ့်အချိန်တွေမှာ ပညာသင်ယူနိုင်ဖို့ ကျွန်တော်တို့က ရည်ရွယ်ပါတယ်။ ပြီးတော့ KIO ပညာရေးဌာဘက်ကလည်း ငွေကြေးအခက်အခဲတွေရှိပေမယ့်လည်း ကလေးတွေအားလုံး ပညာ မတတ်တဲ့သူမရှိအောင်ဆိုပြီး ကြိုးစားလုပ်ဆောင်နေတဲ့အတွက် မိဘပြည်သူတွေအနေနဲ့လည်း အားလုံးဝိုင်းဝန်းကူညီကြဖို့ တောင်းဆိုချင်ပါတယ်”လို့ ဆိုပါတယ်။ KIO ထပ်မံတိုးချဲ့ဖွင့်လှစ်ထားနိုင်တဲ့ ကျောင်းတွေဟာ အထက်တန်းကျောင်း ၂၅ ကျောင်း၊ အလယ်တန်းကျောင်း ၄၅ ကျောင်း၊ မူလတန်းကျောင်း ၁၇၁ ကျောင်းတိုးလာတယ်လို့ သူကဆိုပါတယ်။ ဒီစာသင်ကျောင်းတွေကို KIO မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပူတာအိုဘက်မှာ အထက်တန်းကျောင်း ၂ ကျောင်း၊ အလယ်တန်းကျောင်း ၂ ကျောင်းနဲ့ မူတန်းတန်းကျောင်း ၁၈ ကျောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရှမ်းပြည်နယ်ဘက်မှာ  အထက်တန်းကျောင်း ၃ ကျောင်း၊ အလယ်တန်းကျောင်း ၁၀ ကျောင်းနဲ့ မူလတန်းကျောင်း ၁၇ ကျောင်း ထပ်မံဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ အလားတူ အရှေ့တိုင်းစစ်ဌာနချုပ်ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်ဘက်မှာတော့ အထက်တန်းကျောင်း ၃ ကျောင်း၊ အလယ်တန်းကျောင်း ၂ ကျောင်းနဲ့ မူလတန်းကျောင်း ၃၂ ကျောင်း၊ KIO ဗဟိုဌာနချုပ်အတွင်းမှာတော့ အထက်တန်းကျောင်း ၁၀ ကျောင်း၊ အလယ်တန်းကျောင်း ၁၇ ကျောင်းနဲ့ မူလတန်းကျောင်း ၅၃ ကျောင်း၊ အနောက်တိုင်းစစ်ဌာနချုပ်ထိန်းချုပ်နယ်မြေဖြစ်တဲ့ တနိုင်းဘက်မှာတော့ အထက်တန်းကျောင်းဖွင့်လှစ်ထားခြင်းမရှိပေမယ့် အလယ်တန်းကျောင်း ၃ ကျောင်းနဲ့ မူလတန်း ၅ ကျောင်းထပ်မံဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖားကန့်ဒေသထိန်းချုပ်နယ်မြေထဲမှာတော့ အထက်တန်းကျောင်း ၆ ကျောင်း၊ အလယ်တန်းကျောင်း ၇ ကျောင်းနဲ့ မူလတန်းကျောင်း ၁၇ ကျောင်း၊ အရှေ့မြောက်တိုင်းထိန်းချုပ်နယ်မြေ ဖရဲဘက်မှာတော့ အလယ်တန်းကျောင်း ၁ ကျောင်းနဲ့ မူလတန်းကျောင်း ၂ ကျောင်းတိုးလာပြီး အနောက်တောင်ဘက်တိုင်းထိန်းချုပ်နယ်မြေ မိုးညှင်းဘက်မှာတော့ အထက်တန်းကျောင်း ၁ ကျောင်း၊ အလယ်တန်းကျောင်း ၃ကျောင်းနဲ့ မူလတန်းကျောင်း ၂၇ ကျောင်းထပ်မံဖွင့်လှစ်ထားတာဘဲ စုစုပေါင်း ၂၄၁ ကျောင်းဖြစ်ပါတယ်။ အာဏာမသိမ်းခင် KIO ပညာရေးဌာနအောက်ကနေ…

    Read More »
  • May- 2024 -
    27 May
    ပညာရေး

    KIO ထိန်းချုပ်ထားတဲ့နယ်မြေမှာ NON-CDM ပညာရေးဝန်ထမ်းတွေကို အသုံးပြုမယ့်အပေါ် ကန့်ကွက်မှုတစ်ချို့ရှိနေ

    ကချင်လွတ်လပ်ရေး အဖွဲ့ KIO သိမ်းပိုက်ထိန်းချုပ်နယ်မြေတွေမှာ NON-CDM ဆရာ/မ ပညာရေးဝန်ထမ်းတွေကို အသုံးပြုဖို့ ပြင်ဆင်နေတဲ့အပေါ်  CDM ဆရာ/မတွေ ကန့်ကွက်နေကြပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော်KIA  သိမ်းပိုက်ရရှိထားတဲ့ နေရာဒေသတွေဖြစ်တဲ့ လွယ်ဂျယ်၊ မိုးမောက်နဲ့ မန်ဝင်းကြီး တွေမှာ ရှိတဲ့ စာသင်ကျောင်းတွေမှာ NON- CDM  ဆရာ/မတွေကို ပြန်လည် အသုံးပြုဖို့ ပြင်ဆင်နေတယ်လို့ ပညာရေးဘုတ်အဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေက ဆီကနေ   CDM ဆရာ/မ တွေက သိကြရတာလို့ ဆိုပါတယ်။ အခုလို တာဝန်ရှိပညာရေးဌာနက လူကြီးတွေ အနေနဲ့ non-cdm ဆရာ/မတွေကို ပြန်လည် အသုံးပြုဖို့ ပြင်ဆင်နေမှု အပေါ် cdm ဆရာမ တစ်ဦးကခုလိုပြောပါတယ်။ “CDMတွေကိုဘာပစ်မှုပစ်ဒဏ်မှမပေးဘဲလက်တွဲလက်ဆောင်တာကတော့အချိန်မတန်သေးဘူးထင်ပါတယ်ဖြစ်လဲမဖြစ်သင့်ဘူပေါ့တော်လှန်ရေးအတွက်ပေးဆပ်ခဲ့သူတွေအတွက်တရားမျှတမှုပုံဖော်ပေးကြဖို့လိုပါတယ်။ဒီလိုNON CDMတွေကို ခုလိုခုချိန်မှာသင်ကြားရေးတွေမှာ အသုံးပြုခြင်းက CDMတွေရဲ့ပေးဆပ်မှုတွေ၊တော်လှန်ရေးမှာအနစ်နာခံမှုတွေတိုင်းပြည်အတွက်ထားတဲ့‌စေတနာ‌တွေကိုမျက်ကွယ်ပြုလိုက်ခြင်းဖြစ်တဲ့အတွက်ပြည်နယ်တွင်းမှာရှိကြတဲ့CDMများက များစွာစိတ်မကောင်းဖြစ်ရပါတယ်” အာဏာသိမ်းတဲ့ အချိန်တွေကနေ စပြီး လွတ်မြောက်နယ်မြေတွေထဲက စာသင်ကျောင်းတွေမှာ CDM  ဆရာ/မတွေကဘဲ အခက်အခဲအမျိုးမျိုးကြားက သင်ကြားပေးနေတာဘဲ ဖြစ်ပါတယ်။  အခုလို KIO  ပညာရေးဌာနဘက်ကနေ NON- CDM ဆရာ/မတွေကို ပြန်လည်အသုံးပြုဖို့ ပြင်ဆင်နေတာနဲ့ ပက်သက်ပြီး KIO ပြန်ကြားရေး တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကို မေးမြန်းကြည့်ရာ အခုလိုပြောပါတယ်။ “စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ ကိစ္စကတော့ ပညာရေးဌာနကနေ စီစဉ်ပြီးမှ ဖွင့်ဖို့ ကျွန်တော်တို့ အစီအစဉ်ရှိပါတယ် ကျောင်းဆရာတွေကို ဘယ်လိုသုံးမယ် ဘယ်လို အဖွဲ့အစည်းတွေကို အကူအညီတောင်းမယ်ဆိုတာကိုတော့ ကျွန်တော်တို့သတင်းဌာနကနေပြီးတော့ မကြားသိရပါဘူး ဒါကတော့ ပညာရေးဌာနကနေပြီးတော့မှ စီစဉ်တာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။ စစ်ကောင်စီ အာဏာသိမ်းစဉ်ကတည်းကနေ CDM  ဆရာ/မတွေ အပေါ် စစ်ကောင်စီအနေနဲ့ ပြည်ပထွက်ခွင့် ပိတ်ပင်မှုတွေအပြင် မတရားသဖြင့်လိုက်လံဖမ်းဆီး ထောင်ချတာတွေစတဲ့ လူအခွင့်အရေး ချိုးဖောက်တာတွေကို များစွာလုပ်ခဲ့တာဘဲ ဖြစ်ပါတယ်။ CDM  ဆရာ/မတွေဟာ မိမိရဲ့ ဘဝအလုပ်အကိုင်တွေကို စွန့်ပြီးရောက်ရာအရပ်ကနေ လက်မလျှော့ဘဲ CDM လုပ်ပြီး စစ်ကောင်စီရဲH ယန္တယားတွေကို ရပ်တန့်စေဖို့ လုပ်ဆောင်ခဲ့ကြတဲ့အပြင် CDM  ကျောင်းဆရာတွေထဲမှာ တချို့ကတော့ လက်နက်ကိုင်တော်လှန်တဲ့သူတွေရှိသလို တချို့ကြတော့လည်း လွတ်မြောက်နယ်မြေတွေထဲမှာ စစ်ရှောင်ပြည်သူတွေကို စာသင်ကြားပေးရင်းနဲ့ ပါဝင်နေကြတာဘဲ ဖြစ်ပါတယ်။ လက်ရှိချိန်ထိ ဖမ်းဆီးခံရတဲ့ CDM  ဆရာ/မဟာ ၂၉၉ဦးထိရှိနေပြီ ဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကရဲ့ မတ်လ ၂၈ရက်နေ့အထိ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ By…

    Read More »
  • 2 May
    သတင်း

    KIO ထိန်းချုပ်ရာနယ်မြေမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျရှုံးသူတွေကို ပြန်ဖြေဆိုခွင့်ပြုမည်

    ကချင်လွတ်လပ်ရေးအစိုးရ KIO ထိန်းချုပ်နယ်မြေ အထက်တန်းကျောင်းတွေမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုအောင်မြင်သူ ၆၀ရာခိုင်နှုန်းကျော်ထိရှိတယ်လို့ KIO ပညာရေးဌာနကနေ ထုတ်ပြန်ထားပါတယ်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကိုတော့  မေလ ၁ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့ပြီး ဆယ်တန်းဖြေဆိုသူ စုစုပေါင်း ၃၁၂၆ ဦးထဲက ၁၈၉၃ ဦးဖြေဆိုအောင်မြင်ကာ ၁၂၃၃ ဦး ဖြေဆိုမှုကျရှုံးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဆယ်တန်းဖြေဆိုမှုကျရှုံးထားတဲ့သူတွေကို ဇွန်လ…

    Read More »
  • Mar- 2024 -
    13 March
    သတင်း

    ဝိုင်းမော်မှာ KIA တပ်ဆုတ်ထားပေမယ့် စစ်တပ်က ဗုံးကြဲတိုက်ခိုက်နေဆဲ

    ဝိုင်းမော်မြို့နယ် အောင်မြေ(၁)၊ အောင်မြေ(၂) ကျေးရွာတွေမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ် တွေက ထိုးစစ်ဆင်တိုက်ခိုက်တာမရှိတော့ပေမယ့် စစ်တပ်ဘက်ကနေ လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်နေသလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ မတ်လ ၁၃ ရက်နေ့ ဒီကနေ့ မနက်ပိုင်း…

    Read More »
Back to top button