KIO

  • Apr- 2026 -
    23 April
    သတင်း

    KIO ရဲ့ အုပ်ချုပ်ရေးယန္တရားကို နှောက်ယှက်တာမလုပ်ဖို့ ကိုးကန့်နဲ့ သဘောတူထား

    ရှမ်းမြောက်၊ နမ့်ဖတ်ကာမြို့မှာ ကိုးကန့်ရဲ့ ရုံးထားရှိမှာဖြစ်ပေမယ့် KIO ရဲ့ အုပ်ချုပ်ရေးယန္တရားတွေကို အနှောက်အယှက်ပြုတာမျိုးတွေ မလုပ်ဖို့ KIO နဲ့ MNDAA နှစ်ဖွဲ့ ဆွေးနွေး ညှိနှိုင်းထားတယ်လို့ သိရပါတယ်။ KIO အုပ်ချုပ်နေတဲ့ နမ့်ဖတ်ကာမြို့မှာ ကိုးကန့်…

    Read More »
  • Mar- 2026 -
    31 March
    သတင်း

    KIO၊ KNU၊ CNF၊ KNPP ၊ CRPH နှင့် NUG တို့ပါဝင်တဲ့ SCEF ဖွဲ့စည်း

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဖျက်သိမ်းပြီး မြန်မာစစ်တပ်၏ နိုင်ငံရေးမှာ ပါဝင်နေခြင်းကို အပြီးတိုင်အဆုံးသတ်ဖို့ နှင့် တော်လှန်ရေးကိုအရှိန်အဟုန်မြင့်တင်ဖို့ ရည်ရွယ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီ ကို ဖွဲ့စည်းလိုက်ပါတယ်။ မတ်လ ၃၀ ရက်နေ့က ထုတ်ပြန်တဲ့ ဦးဆောင်ကောင်စီ (Steering Council for the Emergence of a FederalDemocratic Union – SCEF) ကို ဖွဲ့စည်းခဲ့တဲ့ အဖွဲ့တွေကတော့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၊ကရင်အမျိုးသားအစည်းအရုံး (KNU)၊ CNF ၊ KNPP ၊ CRPH နှင့် NUG စတဲ့ အဖွဲ့တွေ ဖြစ်တယ်လို့သိရပါတယ်။ ဦးဆောင်ကောင်စီကို ‘၁။ ပြည်နယ်/ဖက်ဒရယ်ယူနစ်/ EROs ကိုယ်စားပြုမဏ္ဍိုင် ၂။ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင် နှင့် ၃။ အမျိုးသမီးကိုယ်စားပြု/ ကိုယ်စားလှယ်များ မဏ္ဍိုင်’ တို့ကို အခြေခံပြီးတရားဝင်ဖွဲ့စည်း လိုက်တယ်လို့ ဦးဆောင်ပါဝင်တဲ့ အဖွဲ့တွေက ပူးတွဲထုတ်ပြန်ထားပါတယ်။ အခုလို ဦးဆောင်အဖွဲ့မျိုးထွက်ပေါ်လာဖို့ ရည်ရွယ်ပြီး NUG ၊ KNU, CNF, KNPP နှင့် KIO တို့ အဖွဲ့ ၅ ဖွဲ့ဟာအွန်လိုင်းမှတဆင့် ဆွေးနွေးနေတယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းက ပြုလုပ်တဲ့ ကချင်တော်လှန်ရေးနေ့မိန့်ခွန်းတစ်ခုမှာ ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွန်မော်က ပြောကြားခဲ့ဖူးပါတယ်။ ဦးဆောင်ကော်မတီအကြောင်းကို ထုတ်ပြန်တဲ့ မနေ့က ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)ဥက္ကဋ္ဌ ခူဦးရယ်က “ကနဦးအနေနဲ့ စတင်ဆွေးနွေးခဲ့ကြတဲ့ ကျနော်တို့ အဖွဲ့ ၅ ဖွဲ့ နဲ့အတူ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) – အားလုံးပေါင်း ၆ ဖွဲ့ နဲ့အစပျိုးတာထွက်ဖို့ ဖြစ်လာခဲ့ပါတယ်။ မဏ္ဍိုင် ၃ ခုစုံစုံလင်လင် မပါနိုင်သေးတာနဲ့ မဏ္ဍိုင်တစ်ခုစီမှာလည်း ပါသင့်ပါထိုင်သူအားလုံး ပါမနေသေးတာဟာအချိန်ရဲ့စိန်ခေါ်မှုနဲ့ဖိအားကို မကျော်လွှားနိုင်တဲ့ ကျနော်တို့ရဲ့ အားနည်းချက်တခုတော့ ဖြစ်ခဲ့ပါတယ်” လို့ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် မဏ္ဍိုင် ၃ ခုတိုင်းမှာ လိုအပ်တဲ့အဖွဲ့တွေကို လာမယ့် ရက် ၆၀ အတွင်းအမြန်ဆုံးပြင်ဆင်ဖြည့်စွက်နိင်ဖို့ ကြိုစားသွားမယ်လို့ ခူဦးရယ်က ပြောဆိုခဲ့ပါတယ်။…

    Read More »
  • 17 March
    သတင်း

    ရွှေကူနယ်အတွင်း  KIO တားမြစ်ထားတဲ့နေရာမှာရွှေတူးဖော်မှုဆက်ရှိနေ

    ကချင်ပြည်နယ် ရွှေကူမြို့နယ်ထဲမှာ ရွှေတူးဖော်မှုတွေကိုတားမြစ်ကြောင်း KIO အမိန့်စာထုတ်ထားပေမယ့် မြို့ပေါ်ရပ်ကွက်ဧရိယာထဲမှာ ရွှေတူးဖော်မှုတွေဆက်ရှိနေတယ်လို့ ဒေသခံတွေပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ KIO က ရွှေကူနယ်တွင်းရွှေတူးဖော်မှုနဲ့ပတ်သက်ပြီး အမိန့်စာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။  အမိန့်ကြေညာချက်ထဲမှာ အဓိကဖော်ပြထားတာက ရွှေကူမြို့ပေါ် ရပ်ကွက်၁၊ ရပ်ကွက် ၂၊ရပ်ကွက် ၃၊ရပ်ကွက် ၄ စတဲ့ရပ်ကွက်တွေအပါအဝင် မြို့ကူမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာ ရွှေတူးဖော်မှုတွေကို တားမြစ်တယ်လို့ ဆိုထားပါတယ်။  ဒါပေမယ့် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်ကစပြီး စစ်ကောင်စီတပ်က ရွှေတူးဖော်မှုကို ပြန်လည်ခွင့်ပြုလိုက်တယ်လို့ ရွှေကူဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ပြန်လုပ်နေကြပြီဗျ မြို့ခံတွေထဲကတစ်ချို့စုန်းပြူးတွေနဲ့လုပ်ငန်းရှင်တွေလုပ်ကြတာဗျ ရွှေကူ ရပ်ကွက် ၁၊၂၊၃၊၄ ပါအခုလုပ်နေတာက”လို့အသက် ၅၀ ကျော်အရွယ် အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ လက်ရှိတူးဖော်နေတဲ့လုပ်ငန်းရှင်တွေထဲမှာ ရွှေကူမြို့ထဲက မြို့ခံလုပ်ငန်းရှင်တွေ၊စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေနဲ့ဗန်းမော်ဘက်ကလုပ်ငန်းရှင်တွေ အများဆုံးပါဝင်တယ်လို့ သိရပါတယ်။ “စကစနဲ့ပေါင်းနေတဲ့အဖွဲ့တွေပါ့ စစ်တပ်နဲ့အပေးအယူတည့်ပြီးလုပ်နေကြတာ ရွှေကူအထိုင်တပ်ကခွင့်ပြုပေးလို့လေးသူတို့ဆီအခွန်ဆောင်ပြီးတူးတာဟုတ်တယ်”လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ ဒီရွှေတူးဖော်မှုကို မြို့ပေါ် ရပ်ကွက် ၁၊၂၊၃၊၄ နယ်မြေ ဧရာဝတီမြစ်ကြောင်းလျှောက်မှာ ရွှေမော်တော်တွေ၊သံခွန်စက်လှေတွေနဲ့တူးဖော်နေပြီး ခန့်မှန်း အစီး ၃၀ ထက်မနည်းရှိတယ်လို့သိရပါတယ်။ အခုလိုမြစ်ကမ်းဘေးရွှေတူးဖော်မှုကြောင့်မြစ်ကြောင်းပျက်စီးတာ၊ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးတာတွေကြောင့် ဒေသခံတွေကန့်ကွက်မှုရှိနေပေမယ့် ထိရောက်မှုမရှိဘူးလို့ ဒေသခံတွေပြောပါတယ်။ “ရွှေတူးတော့မြစ်ရေကနှောက်တယ် တစ်ချို့ဒီကပဲသုံးရေသုံးကြတာ အခုသုံးလို့မရတော့ဘူး နောက်ပိုင်းမိုးတွင်းတွေမှာဆိုရင် မိုးရေလွှမ်းနိုင်တယ် ထိထိရောက်ရောက်တားဆီးသင့်တယ်”လို့အထက်ဖော်ပြပါအသက် ၅၀ ကျော်အရွယ်အမျိုးသားကဆက်ပြောပါတယ်။ ရွှေကူမြို့ဟာ ဧရာဝတီမြစ်ကမ်းဘေးမှာတည်ရှိတဲ့မြို့ဖြစ်တာကြောင့် မြစ်ကမ်းဘေးမှာရှိတဲ့ ဒေသခံတစ်ချို့ကတော့ မြစ်ရေအသုံးပြုသူတွေရှိတယ်လို့ သိရပါတယ်။  ဒါပေမယ့် ရွှေတူးဖော်မှုစတင်လာနေ့ကစပြီး ရေတွေနှောက်နေပြီး သုံးဖို့အဆင်မပြေတာတွေကြုံတွေ့နေရတယ်လို့ ဒေသခံတွေပြောပါတယ်။ အဲ့ဒီရွှေတူးဖော်မှုတွေကို ၂၀၂၅ ခုနှစ်ကတည်းကလုပ်ဆောင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက KIOရဲ့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရွှေတူးဖော်မှုတားမြစ်လိုက်ကြောင်း အမိန့်စာကြောင့် ရက်ပိုင်းနားခဲ့ပေမယ့် ဖေဖော်ဝါရီ လကုန်းပိုင်းလောက်မှာပဲ ပြန်လည်တူးဖော်နေတာလို့သိရပါတယ်။ အခုလိုမြို့ပေါ်ရွက်ကွက်ဧရိယာမှာရွှေတူးဖော်မှုကြောင့်မြို့ခံတွေသုံးရေခက်ခဲတဲ့အပြင်  ဆက်လက်ဆက်တူးဖော်နေမယ်ဆိုရင် မြစ်ကမ်းဘေးအနီးရှိ…

    Read More »
  • Feb- 2026 -
    23 February
    သတင်း

    KIO ထိန်းချုပ်နယ်မြေ လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ကြုံနေရ

    ကချင်လွတ်လပ်ရေးအဖွဲ့  KIO ထိန်းချူပ်ထားတဲ့ နေရာတစ်ချို့မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုအရှိန်မြင့်လုပ်ဆောင်လာတယ်လို့ ဒေသခံပြည်သူတွေ ပြောပါတယ်။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မြစ်ကြီးနားလေဆိပ်ပေါက်ကွဲမှုကို  KIA နဲ့ PDF ပူးပေါင်းတပ်က ဒရုန်းနဲ့တိုက်ခိုက်တာဖြစ်တယ်လို့ စစ်တပ်ကထုတ်ပြန်လာပြီး ပြင်းထန်တဲ့ တုန့်ပြန်မှုတွေလုပ်ဆောင်သွားမယ်လို့ ပြောဆိုလာပါတယ်။ အဲဒီနောက် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနက် ၂ နာရီဝန်းကျင် စစ်တပ်က ဆဒုံးမြို့ကို လေယာဉ်ဗုံး ၃ ကြိမ်လာကြဲသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဆဒုံးဗုံးကြဲခံရမှုမှာ လူထိခိုက်တာမရှိပေမဲ့ အရင်ဗုံးကြဲခံရတဲ့ စျေးတန်းနေရာတွေမှာ ထပ်ကြဲချခံရတာကြောင့် စျေးတန်းတွေနဲ့ နေအိမ်တချို့ထပ်မံပျက်စီးသွားတဲ့အပြင် အဲဒီနားမှာရှိတဲ့ဟိုတယ်တစ်ခုလုံးလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။ ဗုံးကြဲခံရတာကြောင့် ပျက်စီးသွားတဲ့ အဲဒီဟိုတယ်ဟောင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ အဖွဲ့သားတွေ အဝင်အထွက်ရှိတာကို စစ်တပ်က သိရှိတာကြောင့် ရည်ရွယ်ချက်ရှိရှိ ဗုံးလာကြဲတာဖြစ်တယ်လို့ဒေသခံတွေက ပြောပါတယ်။ အလားတူ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ဖားကန့် KIA တပ်မဟာ ၉ နယ်မြေဖက်ကို ဂျက်လေယာဉ်နဲ့ ဗုံး ၄ လုံးထက်မနည်းဗုံးကြဲခဲ့တဲ့အပြင် KIO ဌာနချူပ်လိုင်ဇာမြို့ပေါ် လေယာဉ်ပျံဝဲတာတွေလုပ်ခဲ့ပြီး အင်ပါပါကျေးရွာဘက်ကို လေယာဉ်ဗုံးကြဲချခဲ့တယ်လို့ ဆက်လက်သိရပါတယ်။ “ဒီရက်ပိုင်းက အရမ်းသတိထားရမယ့်အခြေအနေဖြစ်နေတယ်။ ဗိုလ်ချူပ်ဂွမ်မော်ကလည်း စကားနည်းနည်းပြောထွက်ထားတယ်ဆိုတော့ စစ်ကော်မရှင်တွေဘက်က နည်းနည်းတော့ ကြက်သည်းထပုံပဲ။တမင်တကာလိုက်ပြီး ဗုံးကြဲပြနေတယ်။ အခု တရုတ်နယ်စပ်တစ်ဝိုက်ကိုလည်း တရုတ်ဘက်က ဗုံးကြဲခွင့်မပေးထားတော့ စစ်တပ်တွေ ဗုံးလိုက်ကြဲနေတဲ့ နေရာတွေကို ကြည့်လိုက်ရင် အင်ခေါင်းပါလို၊မံစီ – အင်ပါပါလို နေရာတွေကို လိုက်ကြဲနေတာ။ဘာမှမဆိုင်တဲ့နေရာတွေကိုပဲ လိုက်ကြဲနေတာ”လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။ ဒါ့အပြင် ဇန်နဝါရီလ ၂၂ ရက်နေ့ မနေ့ည ၁၁ နာရီခွဲဝန်းကျင်မှာလည်း စိန်လုံဘွမ်နှင့် မိုင်ဂျာယန်ကြား အင်ခေါင်းပါကျေးရွာအနီး ဘွမ်ကထောင်ရွာမှာ စစ်တပ်လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ နေအိမ်တစ်ခုလုံးပျက်စီးသွားကာအဖိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ အင်ခေါင်းပါကနေ ၄ မိုင်လောက်အကွာမှာရှိတဲ့ ဘွမ်ကတောင်ကျေးရွာ လေကြောင်းဗုံးကြဲခံရမှုမှာ အသက် ၇၈ နှစ်အရွယ် အဘိုးတစ်ဦး အသက်သေဆုံးပြီး…

    Read More »
  • 23 February
    သတင်း

    KIO ထိန်းချုပ်နယ်မြေ လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ကြုံနေရ

    ကချင်လွတ်လပ်ရေးအဖွဲ့  KIO ထိန်းချူပ်ထားတဲ့ နေရာတစ်ချို့မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုအရှိန်မြင့်လုပ်ဆောင်လာတယ်လို့ ဒေသခံပြည်သူတွေ ပြောပါတယ်။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မြစ်ကြီးနားလေဆိပ်ပေါက်ကွဲမှုကို  KIA နဲ့ PDF ပူးပေါင်းတပ်က ဒရုန်းနဲ့တိုက်ခိုက်တာဖြစ်တယ်လို့ စစ်တပ်ကထုတ်ပြန်လာပြီး ပြင်းထန်တဲ့ တုန့်ပြန်မှုတွေလုပ်ဆောင်သွားမယ်လို့ ပြောဆိုလာပါတယ်။ အဲဒီနောက် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနက် ၂ နာရီဝန်းကျင် စစ်တပ်က ဆဒုံးမြို့ကို လေယာဉ်ဗုံး ၃ ကြိမ်လာကြဲသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဆဒုံးဗုံးကြဲခံရမှုမှာ လူထိခိုက်တာမရှိပေမဲ့ အရင်ဗုံးကြဲခံရတဲ့ စျေးတန်းနေရာတွေမှာ ထပ်ကြဲချခံရတာကြောင့် စျေးတန်းတွေနဲ့ နေအိမ်တချို့ထပ်မံပျက်စီးသွားတဲ့အပြင် အဲဒီနားမှာရှိတဲ့ဟိုတယ်တစ်ခုလုံးလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။ ဗုံးကြဲခံရတာကြောင့် ပျက်စီးသွားတဲ့ အဲဒီဟိုတယ်ဟောင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ အဖွဲ့သားတွေ အဝင်အထွက်ရှိတာကို စစ်တပ်က သိရှိတာကြောင့် ရည်ရွယ်ချက်ရှိရှိ ဗုံးလာကြဲတာဖြစ်တယ်လို့ဒေသခံတွေက ပြောပါတယ်။ အလားတူ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ဖားကန့် KIA တပ်မဟာ ၉ နယ်မြေဖက်ကို ဂျက်လေယာဉ်နဲ့ ဗုံး ၄ လုံးထက်မနည်းဗုံးကြဲခဲ့တဲ့အပြင် KIO ဌာနချူပ်လိုင်ဇာမြို့ပေါ် လေယာဉ်ပျံဝဲတာတွေလုပ်ခဲ့ပြီး အင်ပါပါကျေးရွာဘက်ကို လေယာဉ်ဗုံးကြဲချခဲ့တယ်လို့ ဆက်လက်သိရပါတယ်။ “ဒီရက်ပိုင်းက အရမ်းသတိထားရမယ့်အခြေအနေဖြစ်နေတယ်။ ဗိုလ်ချူပ်ဂွမ်မော်ကလည်း စကားနည်းနည်းပြောထွက်ထားတယ်ဆိုတော့ စစ်ကော်မရှင်တွေဘက်က နည်းနည်းတော့ ကြက်သည်းထပုံပဲ။တမင်တကာလိုက်ပြီး ဗုံးကြဲပြနေတယ်။ အခု တရုတ်နယ်စပ်တစ်ဝိုက်ကိုလည်း တရုတ်ဘက်က ဗုံးကြဲခွင့်မပေးထားတော့ စစ်တပ်တွေ ဗုံးလိုက်ကြဲနေတဲ့ နေရာတွေကို ကြည့်လိုက်ရင် အင်ခေါင်းပါလို၊မံစီ – အင်ပါပါလို နေရာတွေကို လိုက်ကြဲနေတာ။ဘာမှမဆိုင်တဲ့နေရာတွေကိုပဲ လိုက်ကြဲနေတာ”လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။ ဒါ့အပြင် ဇန်နဝါရီလ ၂၂ ရက်နေ့ မနေ့ည ၁၁ နာရီခွဲဝန်းကျင်မှာလည်း စိန်လုံဘွမ်နှင့် မိုင်ဂျာယန်ကြား အင်ခေါင်းပါကျေးရွာအနီး ဘွမ်ကထောင်ရွာမှာ စစ်တပ်လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ နေအိမ်တစ်ခုလုံးပျက်စီးသွားကာအဖိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ အင်ခေါင်းပါကနေ ၄ မိုင်လောက်အကွာမှာရှိတဲ့ ဘွမ်ကတောင်ကျေးရွာ လေကြောင်းဗုံးကြဲခံရမှုမှာ အသက် ၇၈ နှစ်အရွယ် အဘိုးတစ်ဦး အသက်သေဆုံးပြီး…

    Read More »
  • 16 February
    သတင်းphoto- ရွှေကူမြို့ရဲ့ မြို့တွင်းတစ်နရာ

    ရွှေကူအရှေ့ခြမ်း ကျေးရွာတွေမှာ အခွန်လျော့ပေါ့ပေးဖို့ပြည်သူတွေတောင်းဆို

    ကချင်ပြည်နယ် ရွှေကူမြို့နယ်အရှေ့ခြမ်းဘက်ကျေးရွာတွေမှာ  KIA/KIO အနေနဲ့ အခွန်လျော့ပေါ့ကောက်ခံပေးဖို့ ဒေသခံတွေတောင်းဆိုနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဧပြီလမှာ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာပြီး ရွှေကူအရှေ့ဘက်ခြမ်းရှိ  စီသာ၊ စီသောင်း၊ မံဝင်း၊ မံနား၊ စီမူလေး၊ စီမူကြီး၊ နန့်လတ်နှင့် နောင်လတ်ကြီးအပါအဝင် အနီးဝန်းကျင်က ရွာပေါင်း ၁၀ ကျော်က နေအိမ်ရာနဲ့ချီမီးရှို့ဖျက်ဆီးခံလိုက်တာဖြစ်ပါတယ်။ အဲဒီနောက် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်း ဒေသခံပြည်သူတွေ နေရပ်ပြန်လည်နေထိုင်နိုင်ရေးကိုယ်ထူကိုယ်ထ ရုန်းကနေရဆဲဖြစ်တာကြောင့် အခွန်လျော့ပေ့ါ့ကောက်ပေးဖို့ စီသောင်းရွာအမျိုးသားတစ်ဦး ပြောပါတယ်။ “မီးလောင်ပြာကျလို့ခုချိန်ထိမိမိနေအိမ်ဆောက်ဖို့ ရုန်းကန်နေရတဲ့ အချိန်ဖြစ်လို့ KIAအနေနဲ့ကအခွန်တွေပါ့ပေးရင်ကောင်းမယ်။ အခုအခွန်ကတော်တော်လေးကိုများနေပါတယ်”အထက်ဖော်ပြပါ အမျိုးသားကပြောပါတယ်။ လက်ရှိ ဒီကျေးရွာနေပြည်သူတွေဟာ KIA/KIO ဆီ တစ်အိမ်ထောင် ဆန်တစ်တင်း၊ဆားတပိဿနဲ့ စစ်ထောက်ပံ့ကြေးအဖြစ် လူတစ်ဦးကို ကျပ် ငါးထောင်အဖြစ် လစဥ်ထောက်ပံ့ပေးနရတယ်လိို့ သိရပါတယ်။ ဒါပေမယ့် တစ်ဖက်မှာ ဒေသခံပြည်သူတွေဟာ ဆုံးရှံးပျက်စီးသွားတဲ့နေအိမ်တွေပြန်လည်ဆောက်လုပ်တာ၊လုပ်က်ိုင်စားသောက်ဖို့ အစပျိုးနေရတဲ့အချိန်ဖြစ်တာကြောင့် အခွန်လျော့ပေါ့ပေးစေလိုကြောင်းဒေသခံတွေကဆိုပါတယ်။ “ဘယ်လောက်အတိုင်းအတာအထိလျှော့ပေါ့ပေးပါဆိုတဲ့မျိုးတော့မရှိဘူး။ လျှော့ပေါ့ပေးလေလေပိုကောင်းလေလေပါ့အခုကအများစုကမိမိအိမ်ရာပြန်ဆောက်နေကြတုံးဆိုတော့လေ လူတစ်ဦးကိုငါးထောင်ထောက်ပံ့တဲ့ဟာက အသက် ၁၈ နှစ်အထက်ဆိုရင်လူတိုင်း ငါးထောင်ငါးထောင်ထည့်ရတယ်။ ဝန်ထမ်းတွေတော့မပါဘူးကျန်တဲ့လူတွေအကုန်ထည့်ရတယ်”လို့ နောက်ထပ်အမျိုးသားတစ်ဦး ကဆက်ပြောပါတယ်။ ဒီကျေးရွာနေပြည်သူတွေဟာ လတ်တလော ပြန်လည်ထူထောင်ရေးလုပ်နေဆဲကျေးရွာတွေဖြစ်တာကြောင့် နေရာထိုင်ခင်း၊စားဝတ်နေရေးကအစအများစုကခက်ခဲကြပ်သည်းနေဆဲပဲဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် စားသောက်ကုန်၊ဆေးဝါးနဲ့အခြားလိုအပ်တဲ့လူသုံးကုန်တွေအတွက်ကိုလည်း ရွှေကူမြို့တွင်းဘက်ကနေလွတ်လွတ်လပ်လပ်သယ်ယူလို့မရတာကြောင့် ရှမ်းပြည်နယ် မဘိမ်းမြို့နယ်ဘက်နဲ့ တရုတ်ပြည်နယ်စပ်ဘက်က ကုန်အဝင်ကိုသာအဓိက အားထားနေရတာကြောင့်ကုန်စျေးနှုန်းကြီးတဲ့ ပြဿနာတွေကိုလည်းရင်ဆိုင်နေရတဲ့အတွက်အခုလိုအခွန်တွေလျှော့ပေါ့ပေးဖို့လိုအပ်ကြောင်းဒေသခံတွေကဆိုပါတယ်။ ရွှေကူမြို့နယ်အရှေ့ဘက်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရတဲ့ထဲမှာ မံဝိန်းကျေးရွာကအိမ်ခြေ ၁၂၉ လုံး၊ စီသာကျေးရွာက အိမ်ခြေ ၁၀၀ လုံး၊ မံနာကျေးရွာက အိမ်ခြေ ၅၇ လုံး၊ တုံးကောက် ကျေးရွာကအိမ်ခခြေ ၄၁ လုံး၊ စီသောင်းရွာက အိမ်ခြေ ၂၁၁ လုံး၊ မံခါးကျေးရွာကအိမ်ခြေ ၃၅ လုံး၊ စီမော်ကျေးရွာကအိမ်ခြေ ၁၁၁ လုံး၊ စီမူကြီးကျေးရွာက အိမ်ခြေ ၂၈ လုံး၊ စီမူလေးကျေးရွာက အိမ်ခြေ ၆၀ လုံး၊ နန့်လန် ကျေးရွာက အိမ်ခြေ ၁၃၀ လုံးနှင့် နောင်လတ်ကြီး ကျေးရွာကအိမ်ခြေ ၃၇ လုံးအထိ မီးလောင်ပျက်စီးခဲ့ကြောင်းသိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီနေ့ချိန်ထိ ဗန်းမော်ခရိုင်ထဲမှာရှိတဲ့ ရွှေကူမြို့နယ်ဟာ မြို့ပေါ်ရပ်ကွက်တွေကိုသာ စစ်တပ်ကထိန်းချုပ်ထားပြီး ကျန်တဲ့ကျေးရွာအားလုံး KIO အစိုးရထိန်းချုပ်မှုအောက်ရှိတာလည်းဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • 5 February
    သတင်း

    ရှမ်းနဲ့ ကချင်ကြား လှပတဲ့သမိုင်းတွေကို မဖျက်ဆီးလိုက်ဖို့ KIO/KIA ဥက္ကဋ္ဌပြော

    ရှမ်းနဲ့ ကချင်လူမျိုးတွေဟာ ဘိုးဘေးစဉ် ခေတ်အဆက်ဆက် အတူတကွယှဉ်တွဲနေထိုင်လာကြတာဖြစ်ပြီး စစ်အုပ်စုရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် လှပတဲ့သမိုင်းတွေကို မဖျက်ဆီးလိုက်ကြဖို့ ဒီကနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ ကျရောက်တဲ့ (၆၅) နှစ်ပြည့် ကချင်တော်လှန်ရေးနေ့မှာ KIO၊KIA ဥက္ကဋ္ဌ ပြောဆိုလိုက်ပါတယ်။…

    Read More »
  • 5 February
    သတင်း

    ကချင်တော်လှန်ရေးနေ့မှာ KIA ထိန်ချုပ်နယ်မြေတွေကို လေကြောင်းအပြင် ဆူဆိုက်ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်

    ကချင်တော်လှန်ရေးနေ့ (၆၅) နှစ်ပြည့်တဲ့ ဒီကနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ စစ်ကောင်စီတပ်က KIO လိုင်ဇာဌာနချုပ်အနီးတဝိုက်နဲ့ KIA တပ်မဟာနေရာတစ်ချို့ကို လေကြောင်းအပြင် ဆူဆိုက်ဒရုန်း(အသေခံ)ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ KIA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဂျန်မိုင်၊ နမ်ဆန်ယန်ရဲ့ နောက်ဘက်ခြမ်း၊ လဇိန်ကုန်း(Lazing…

    Read More »
  • Jan- 2026 -
    28 January
    သတင်း

    ကောင်ဂျာလေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ် ကူညီနိုင်ဖို့ ကော်မတီဖွဲ့စည်းပြီး ဆောင်ရွက်နေတယ်လို့ KIO ပြော

    ကချင်ပြည်နယ် ဗန်းမော်၊ ကောင်ဂျာရွာမှာ လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသွားတဲ့ ပြည်သူတွေကို ကူညီပေးနိုင်ဖို့အတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းကာ တာဝန်ယူဆောင်ရွက်သွားဖို့ လုပ်ဆောင်နေပြီလို့ KIO ပြောပါတယ်။ လေကြောင်းအန္တရာယ်ကြောင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့တဲ့ ပြည်သူတွေကို ကူညီနိုင်ဖို့ တာဝန်ပေးညှိနှိုင်းဆောင်ရွက်ထားပြီလို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ KNG ကိုပြောပါတယ်။ “ဆေးရုံတက် ကုသပေးနေတဲ့ တစ်ချို့က ဒဏ်ရာတွေသက်သာလာလို့ ဆေးရုံဆင်းခိုင်းတာတွေတော့ရှိနေပါပြီ။ ကလေးငယ် နှစ်ယောက်နဲ့ လူကြီးပိုင်း ၆ ယောက်ခန့်က ဒဏ်ရာပြင်းထန်တော့ အချိန်ယူပြီး ကုသရအုံးမှာပါ။ နောက်နေအိမ်ပျက်စီးသွားတာတွေ၊ ထိခိုက်သွားတဲ့ သူတွေကို ကူညီစောင့်ရှောက်နိုင်ဖို့ ကော်မတီဖွဲ့ပြီး လုပ်ဆောင်ပေးဖို့ ပြင်ဆင်ထားပါပြီ”လို့ပြောပါတယ်။ လက်ရှိမှာ ကလေးငယ် သုံးဦးအပါ ပြည်သူ ၆ ဦးခန့်က ပြင်းထန်ဒဏ်ရာကြောင့် အချိန်ယူကုသရအုံးမှာဖြစ်တယ်လို့ KIO ပြောပါတယ်။ ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့်  အရပ်သားပြည်သူ ထိခိုက်၊ သေဆုံးသူ စုစုပေါင်း ၅၀ ဝန်းကျင်ခန့်ရှိခဲ့ပြီး ၂၂ ယောက်က ပွဲချင်းပြီးသေဆုံးမှုရှိခဲ့ပါတယ်။ အသက်လွတ်မြောက်လာတဲ့ ပြည်သူ ၂၈ ယောက်ထဲမှာ အယောက် ၂၀ ကျော်က ဆေးရုံတင်ကုသခံယူခဲ့ရပြီး အဲဒီထဲမှာ လသားအရွယ်ကလေးငယ် တစ်ဦးနဲ့ ၇ နှစ်အရွယ် ကလေးငယ် နှစ်ဦးပါဝင်တယ်လို့သိရပါတယ်။ လသားအရွယ်ကလေးငယ်က မျက်နှာပေါ် ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး မျက်လုံးနှစ်ဖက်စလုံးလည်း ပြန်လည်ကောင်းမွန်လာပြီဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူဆက်ဆိုပါတယ်။ “လသားအရွယ်ရှိတဲ့ ကလေးငယ်ကလည်း တော်တော်လေးကောင်းမွန်လာပြီ။ မျက်နှာပေါ်ထိသွားတယ်ဆိုတော့ မျက်လုံးတွေလည်း အခုကပွင့်လာပြီ။ နောက် ၇ နှစ်အရွယ် ကလေးငယ် ၂ ယောက်လည်း ကျန်မာစွာရှိနေပါတယ်”လို့ပြောပါတယ်။ အဆိုပါ လသားကလေးငယ်တစ်ဦးနဲ့ ၇ နှစ်အရွယ် ကလေးငယ် ၂ ဦးတို့ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်အတွင်း ပြင်းထန်ဒဏ်ရာရရှိခဲ့တာကြောင့် ဝိုင်းဝန်းကူညီပေးကြဖို့ နီးစပ်တဲ့ပြည်သူတွေက အကူအညီတောင်းခံနေတာလည်းတွေ့ရပါတယ်။ စစ်ကောင်စီတပ်ဟာ တိုက်ပွဲနေရာမဟုတ်တဲ့ ထီးလင်း၊ ကောင်ဂျာရွာတဝိုက်ကို ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်အချိန် ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့နေရာဟာ နာရေးဆုတောင်းပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့ နေအိမ်မှာ ကျမှန်ခဲ့တာကြောင့် အရပ်သားပြည်သူ အများစွာထိခိုက်သေဆုံးမှုရှိခဲ့တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • Dec- 2025 -
    25 December
    သတင်း

    ဗန်းမော်တိုက်ပွဲ ပြန်လည်ပြင်းထန်နေပြီး စစ်တပ်က KIO ဌာနချုပ်နဲ့ တပ်ရင်း ၁၁ တွေကို လေကြောင်းဖြင့် တိုက်ခိုက်

    ဗန်းမော်မြို့မှာ ဒီကနေ့ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာချိန် စစ်တပ်ဘက်ကလည်း KIA တပ်ရင်း (၁၁) နဲ့ လိုင်ဇာဌာနချုပ် နေရာတွေကို လေကြောင်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ “ညနေ ၄ နာရီဝန်းကျင်လောက်မှာ မြစ်ကြီးနားမြို့နယ် KIA တပ်ရင်း (၁၁) ထဲမှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်။…

    Read More »
Back to top button